သစ်ထူးလွင် သတင်းစုစည်းမှု (၄-၉)
သစ်ထူးလွင်
|
- တောင်တွင်းကြီး ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွါးမှု ယနေ့ မြို့ ပေါ် အထိကူးစက်လာ
- တောင်တွင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူးဖလား ခိုက်ရန်ဖြစ်ပွား
- ကမ်းမဖြူကျေးရွာအနီး လှေတိမ်းမှောက် ၉ ဦး အသက်ရှင်ပြီး ကျန်လူများပျောက်ဆုံးနေ
- ရွာနေရာမပြောင်းလိုသော ကလုံထကျေးရွာ အီတာလျံထိုင်းဒုဥက္ကဋ္ဌ လာရောက်စည်းရုံး
- တောင်ပိုင်း ဝ တပ် လုံခြုံရေးတင်းကျပ် ဒေသခံများအခက်တွေ့
- ၀တပ်ဖွဲ့ ပြောခွင့်ရ ဦးအောင်မြင့်ကို မေးမြန်းချက်
- သြဂုတ် (၃၀)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ်(၃၄)
- သမ္မတကြီးကိုထောက်ခံတဲ့ ဆန္ဒပြပွဲ (ရုပ်/သံ)
- ရခိုင်အရေး သမ္မတရပ်တည်ချက် ထောက်ခံကြောင်း ဆက်လက်ဆန္ဒပြ
- ၈၈ မျိုးဆက်ကျောင်းသားများနှင့် အမေရိကန်သံအမတ်တွေ့ဆုံ
- ဟင်္သာတမြို့တွင် စုံတွဲတတွဲ အသတ်ခံရ
- မြောင်းမြ NLD ဦးဆောင် ဆန္ဒဖော်ထုတ်သူနှစ်ဦးအား အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့
- ပြည်ထောင်စု ဝန်ကြီး (၃၆) ဦးကို အတည်ပြု ခန့် အပ်
- ဘူသီးတောင်မြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦးအား ဓါးဖြင့် ခုတ်သူ အဘူကာဆိမ်းအား ရဲက ဖမ်းဆီး
- ပြည်သစ်ညွှန့်ဝေ မြန်မာပြည်ရောက်ရှိ
- စက်တင်ဘာလ ၄ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၁၄
- အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၂၀
- တိုင်ဖုန်း Bolaven ကြောင့် မြောက်ကိုရီးယား ၅၀ ခန့်သေဆုံး
- လယ်ယာမြေပေါ် ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ လယ်သမား ဓားပြမှုနဲ့ စွဲဆိုထား
- ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံး ကျောက်တော်မြို့မှာ ဖွင့်လှစ်
- ဒေါ်အောင်ဆန်းစုကြည်နှင့် Trade Minister of Canada အဖွဲ့ တွေ့ဆုံ (ရုပ်/သံ)
- KNU နဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေး
- တရုတ် မြန်မာ နယ်စပ်မှာ မြန်မာ သင်္ဘော တိမ်းမှောက်
- သမ္မတကို ထောက်ခံမှု တားမြစ်ခံရသော်လည်း ဆန္ဒဆက်ဖေါ်ထုတ်
- ငါးထောင်တန်ငွေတု ကော့သောင်းမှာ မိပြန်ပြီ
Posted: 04 Sep 2012 07:38 AM PDT
စက်တင်္ဘာလ ၃ ရက်နေ့ က မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဖလား ကျေးရွာ ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပရာမှာ ရွှေအိုး(၁)ရပ်ကွက် ဘောလုံး အသင်းနှင့် သဖန်းကုန်း ကျေးရွာ အသင်းတို့ ခိုက်ရန်ဖြစ်ပွါး ခဲ့ပါတယ်။
ယနေ့ စက်တင်္ဘာလ ၄ ရက်နေ့  နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်  မှာ တောင်တွင်းကြီး မြို့ မဈေးကြီး၏ အနောက်မြောက်ဘက် အပြင်တန်းတွင် သဖန်းကုန် ကျေးရွာမှ ဈေးရောင်းချနေသော ဈေးသည် များအား ရွှေအိုး(၁)ရပ်ကွက်မှ လူတစ်စုက ၀င်ရောက်လာပြီး ကုန်ပစ္စည်းများအား ဖျက်စီးသွားကြောင်း ဈေးသည်တွေက ပြောပါတယ်။ အဆိုပါလူစုမှ ဈေးသည်များအား အန္တာရယ် ပြုလာသဖြင့် ဈေးရောင်းချသူများမှာ အနီးရှိ ဈေးဆိုင်များအတွင်း ခေတ္တ၀င်ရောက် ပုန်း အောင် နေရတယ်လို့ ဆိုပါတယ်။ အဆိုပါ သတင်းအား ကြားသိပြီး သဖန်းကုန်း ကျေးရွာမှ ရွာသူရွာသား အင်အား ၁၀၀ ခန့် က ဒုတ်၊ လေးခွ၊ ခဲလုံး အစရှိတဲ့ လက်နက် ကိုယ်စီ ကိုင်ဆောင်လာပြီး တောင်တွင်းကြီးမြို့ ရခိုင်စေတီတော်မြတ်ကြီး အရှေ့ မုဒ်ကို ချီတက်လာပါတယ်။ ရွှေအိုးရပ်ကွက်မှ ဒေသခံပြည်သူများကလည်း ဒုတ် ၊ လေးခွ ၊ ခဲလုံး လက်နက်ကိုယ်စီ ကိုင်ဆောင်ပြီး အဆိုပါ ရခိုင်ဘုရားအနီးကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အငြင်းပွါးမှုကို မြို့ နယ်အုပ်ချုပ်ရေးမှူး ၊ ရဲ တပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့ ၊ ဌာနဆိုင်ရာများ နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ ၀ိုင်းဝန် ဖြေရှင်းဆောင်ရွက်ပေး ပေမယ့် လူစု မကွဲ တာကြောင့် ရဲ တပ်ဖွဲ့ တာဝန်ရှိသူများက လူစုခွဲခဲ့ကြောင်း ညနေ ၃ နာရီ ခန့် တွင် လူစု ကွဲသွားကြောင်း (အလယ်ပိုင်း သတင်းသမား) က Myanmar News Now ကို သတင်းပေးပို့ ထားပါတယ်။ | ||
Posted: 04 Sep 2012 07:15 AM PDT
မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဖလား ကျေးရွာ ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပရာ အုပ်စုဗိုလ်လုပွဲ ရှုံး/ထွက်ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရာ ၃.၉.၂၀၁၂ ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ် အချိန်တွင် ရွှေအိုး (၁)ရပ်ကွက် ဘောလုံးအသင်းနှင့် သဖန်းကုန်းကျေးရွာ ဘောလုံးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာမှ ခိုက်ရန်ဖြစ်ပွါးခဲ့ ကြောင်းသိရပါတယ်။
ဘောလုံးပွဲ ပထမပိုင်း ယှဉ်ပြိုင် ကစားကြရာ ဘောလုံးပွဲ ပထမပိုင်းစတင်ချိန် ၁၀မိနစ် ပြည့်ချိန်တွင် ရွှေအိုး (၁)ရပ်ကွက် ဘောလုံးအသင်းမှ ဦးဆောင်ဂိုးအဖြစ် ၁ ဂိုးစတင်သွင်းနိုင်ခဲ့ပြီး ပထမပိုင်းပြီးရန် ၅၆ မိနစ်အချိန်တွင် ရွှေအိုး ၁ ရပ်ကွက်အသင်းမှ သဖန်းကုန်းကျေးရွာအသင်းအား ဦးဆောင်ဂိုး ၄ ဂိုးသွင်းနိုင်ခဲ့ပြီး နှစ်သင်းလုံး အကြိုက်အနယ် ဆက်လက် ယှဉ်ပြိုင်ကစားနေရာမှ သဖန်းကုန်းကျေးရွာ အသင်းမှ အားကစားသမားတစ်ဦး ကစားသမားချင်း မတော်တဆ ထိခိုက်မိပြီး မျက်နှာပြင် နဖူးစောင်းတွင် အနည်းငယ် ဒါဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနောက် ပွဲကြည့် ပရိသတ်များ နှစ်ဘက်ကြည့်ရှုရာမှ တဘက်နှင့်တဘက် အပြိုင်အားပေးရာမှ ဆဲဆိုပြောဆိုပြီး ခဲဖြင့်ပစ်ပေါက်ခြင်း၊ လောက်လေးဖြင့် ပစ်ခြင်း၊ တုတ်များဖြင့် ရိုက်ခြင်း ပစ်ပေါက်ခြင်း စသည်ဖြင့် လူအင်အား (၄၀၀) ခန့်မှ တဘက်နှင့်တဘက် အပြန်အလှန် ရုံးရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ခိုက်ရန် ဖြစ်ပွားမှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ တာဝန်ရှိသူများ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ လုံခြုံရေး စပ်ကော်မတီများက ၀ိုင်းဝန်းထိန်းသိမ်းခဲ့ ပါတယ်။ ယင်းသို့ တာဝန် ရှိသူများမှ ထိန်းသိမ်းနေစဉ် တောင်တွင်ကြီးမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ဇော်၏ ၀မ်းဗိုက်သို့ လောက်လေးခဲ ထိမှန်ခဲ့သော်လည်း စိုးရိမ်ဖွယ်ရာ မရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ နှစ်ဖက်ဖြစ်ပွားမှုကြောင့် ကျေးရွာသား တစ်ဦးမှာ ခေါင်းသို့ ခဲမှန်ပြီး သုံးလေးဦးမှာ ခဲ၊တုတ်များ၊ ပုလင်း ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသည် ။ အဆိုပါ ဖြစ်ပွားမှုမှာ တောင်တွင်းကြီးမြို့ ရွှေကြာအင်း (၁)ရပ်ကွက် အတွင်းရှိ မြို့နယ် ရန်ပယ် အားကစားကွင်း အတွင်း အပြင်များတွင် ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ ပရိသတ်အဖြစ် လာရောက်ကြည့်ရှုသူများထဲမှ (၁၁)ရွယ် ကလေးငယ်တစ်ဦး ပုလင်းကွဲမှန် ၊ လက်တွင် အရိုးထိပေါ်နေသော ဒါဏ်ရာရရှိခဲ့ကြောင်း ဘောလုံးပွဲရပ်လိုက်ရကြောင်း သိရပါတယ်။ အလယ်ပိုင်း သတင်းသမား Myanmar News Now
| ||
Posted: 04 Sep 2012 06:29 AM PDT
ပခုက္ကူခရိုင် ပေါက်မြို့နယ် ၊ ကမ်းမဖြူကျေးရွာအနီးရှိ ကျောချောင်းတွင် ယနေ့မွန်းလွဲ ၂ နာရီခန့်က ဆိုင်ကယ် ၄ စီးနှင့် လူ ၂၀ ကျော်တင်ဆောင်လာသော လှေတစ်စီးတိမ်းမှောက်ခဲ့ရာ၊ ယခုအချိန်ထိ အသက်ရှင်ကျန်ရစ်သူ ၉ ဦး နှင့် အမျိုးသမီးတစ်ဦး၏အလောင်းကိုသာေ
The Voice Weekly | ||
Posted: 04 Sep 2012 06:10 AM PDT
ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် အထူး စီးပွားရေး ဇုန်တွင် ရေပေးဝေမည့် ကလုံထ
ဆည်စီမံ ကိန်းကြောင့် ပြောင်းရွှေ့ ရမည့် ကလုံထ ကျေးရွာကို ရွှေ့ပြောင်း ပေးရေးအတွက် အီတာလျံ ထိုင်းကုမ္ပဏီမှ ဒုဥက္ကဋ္ဌ မစ္စတာအနန့်က ကျေးရွာသားများနှင့် ရွာဦးဘုန်း တော်ကြီး ကျောင်းမှ ဆရာတော်ကို တွေ့ဆုံပြီး စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 04 Sep 2012 05:56 AM PDT
UWSA တောင်ပိုင်း ဝ တပ်ဖွဲ့ အခြေချ လှုပ်ရှားသည့် သျှမ်းပြည် တောင်ပိုင်း မိုင်းတုံမြို့နယ် အတွင်း၌ ယခင်ကထက် လုံခြုံရေး ချထားကာ လမ်းသွား လမ်းလာ ဒေသခံများ စစ်ဆေးသည့် အပြင် ဖမ်းဆီး ချုပ်နှောင်မှု လည်း ရှိနေသည်ဟု နယ်စပ်ရောက် မိုင်းဟန် ဒေသခံတဦးက ပြောပါသည်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Sep 2012 05:42 AM PDT
အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (ယူဒဗလျူ အက်စ်အေ) က ရှမ်းပြည် တောင်ပိုင်း မိုင်းတုံမြို့နယ်မှာ အရင်ကထက် လုံခြုံရေးတင်း ကျပ်ထားမှု၊ အပစ်အခတ် ရပ်စဲပြီးကာလ အခြေအနေ၊ နိုင်ငံရေး ဆွေးနွေးမှု၊ ရှမ်းတပ်သားတွေ ဖမ်းဆီးထားမှု ကိစ္စတွေနဲ့ ပတ်သက်လို့ ၀တပ်ဖွဲ့ ပြောခွင့်ရ ဦးအောင်မြင့်ကို မေးမြန်းထားပါတယ်။---
မေးမြန်းချက် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 04 Sep 2012 05:29 AM PDT
| ||
Posted: 04 Sep 2012 05:09 AM PDT
ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန် ပြောဆိုခဲ့တဲ့ စကားအပေါ် ထောက်ခံတဲ့ အနေနဲ့ စက်တင်ဘာလ ၂ ရက်နေ့ ကနေစတင်ပြီး ဆန္ဒထုတ် ဖော်ခဲ့ကြတဲ့ ဆရာတော် ဦးဝီရသူ ဦးဆောင်တဲ့ မန္တလေးမြို့ သံဃာ ထုနဲ့ ပြည်သူတွေ စက်တင်ဘာလ ၃ ရက်နေ့မှာ ဆက်လက် ဆန္ဒထုတ်ဖော်ပြသခွင့် ပိတ်ပင်ခံခဲ့ရ တယ်လို့ သိရပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ ဆန္ဒပြ သူတွေဟာ မန္တလေး တိုင်းအတွင်း တစ်နေ့ကို ၂ မြို့နယ်စီ တရားဝင် ဆန္ဒထုတ်ဖော်ခွင့် ၃ ရက်တာ ရရှိခဲ့ပေမယ့် ဒုတိယ မြောက်နေမှာပဲ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆန္ဒထုတ်ဖော် ခွင့်ကို ပြန်လည် ရုပ်သိမ်းခဲ တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သံဃာအပါး ၁၀၀ လောက်နဲ့ မန္တလေး မြို့ခံပြည်သူ အယောက် ၅၀၀ ကျော်ဟာ စက်တင်ဘာလ ၃ ရက်နေ့မှာ သမ္မတကြီး ကျန်းမာပါစေ ရိုဟင်ဂျာ အလိုမရှိလို့ ကြွေးကျော်ပြီး ပြည်ကြီးတံခွန် မြို့နယ်နဲ့ ချမ်းအေးသာဇံ မြို့နယ်တွေမှာ ဆက်လက် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ by BurmaVJMedia | ||
Posted: 04 Sep 2012 03:46 AM PDT
ဆန္ဒပြသူတွေက “ရိုဟင်ဂျာ အလိုမရှိ၊ မြန်မာပြည်က ထွက်သွားပေးပါ။ သမ္မတကြီးကို ထောက်ခံပါတယ်” အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူ ရဟန်း အပါး ၄၀၀ လောက်နဲ့ ပြည်သူ ၄၀၀ လောက် စုစုပေါင်း ၈၀၀ လောက်ရှိကြောင်း လိုက်ပါသတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။ ဆန္ဒပြရဟန်းသံဃာတွေဟာ သက်ဆိုင်ရာ ကျောင်းတိုက် အသီးသီးကနေ မြတောင်ကျောင်းတိုက်မှာ နေ့လည် ၁၂ နာရီခွဲလောက်မှာ စုဝေးပြီး လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ ဆန္ဒပြနေကြတဲ့ သူတွေကြားထဲကို လုံထိန်းတွေ ၀င်ရောက် ကာပေးနေကြပေမယ့် တားဆီးတာတော့ မလုပ်ကြဘူးလို့လည်း သိရပါတယ်။ ရိုဟင်ဂျာအရေးအပေါ် သမ္မတရဲ့ရပ်တည်ချက် ထောက်ခံဆန္ဒပြပွဲကို စက်တင်ဘာ ၂ ရက်နေ့က ရဟန်းရှင်လူ အင်အား ၁ ထောင်ကျော်လောက် ကျင်းပခဲ့ပေမယ့် စက်တင်ဘာ ၃ ရက်နေ့မှာတော့ အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့ပေမယ့် အချို့သံဃာတွေနဲ့ ပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။ မနေ့က စက်တင်ဘာ ၃ ရက် ညနေပိုင်းနဲ့ ညပိုင်းတွေမှာ မန္တလေးက ရဟန်းတွေ သီတင်းသုံးတဲ့ ကျောင်းတိုက်တွေကို အာဏာပိုင်တွေ ရောက်လာကြပြီး ဆန္ဒပြပွဲထဲ မပါကြဖို့ လာရောက် လျှောက်ထားခဲ့ကြတယ်လို့လည်း ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။ by မိုးမြင့်ဇင် (ဒီဗွီဘီ)
| ||
Posted: 04 Sep 2012 03:36 AM PDT
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချယ်တို့ ဒီနေ့ တွေ့ဆုံပြီး လက်ရှိဖြစ် ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲ အခြေအနေ တွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်က “တိုင်းပြည်ရဲ့ နိုင်ငံရေး အပြောင်း အလဲနဲ့ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 04 Sep 2012 03:37 AM PDT
ဧရာဝတီတိုင်း ဟင်္သာတမြို့ တက္ကသိုလ်အနီးမှာ အမျိုးသား၊ အမျိုးသမီး စုံတွဲ သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားခံလို့ သံသယရှိသူကို ဒီနေ့ မနက် အရုဏ်မတက်ခင်မှာ ဖမ်းမိထားပြီလို့ မြို့နယ်ရဲက အတည်ပြု ပြောဆိုပါတယ်။ သေဆုံးသူတွေမှာ ဒဏ်ရာတွေ တွေ့ရတယ်လို့ ရဲက ပြောပေမယ့် ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Sep 2012 02:35 AM PDT
မြောင်းမြမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် များ၏ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို)မှ စက်တင်ဘာလ ၃ ရက် ရက်စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။
မူရင်း ကြေညာချက် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ ယင်းကြေညာ ချက်တွင် မြောင်းမြမြို့နယ် ဆန္ဒထုတ်ဖော်ပွဲ ကိစ္စနှင့် စပ်လျဉ်းပြီး စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာအရ ဆန္ဒဖော်ထုတ်ပွဲကို အဓိက ဦးဆောင် ဆောင်ရွက်သူများမှာ ဦးမြင့်ကျော်နှင့် ဦးဝင်းရွှေတို့ဖြစ်ကြပြီး လူတစ်ဦး တစ်ယောက် မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ မဖြစ်သည်ကို အကြောင်းခံသည်ဟု သိရကြောင်း၊ ဆန္ဒဖော်ထုတ်ရန် ဦးဆောင်သူ ဦးမြင့်ကျော် ၊ ဦးဝင်းရွှေ (ခ) ရွှေမှိုင်း တို့အား ဗဟိုညီလာခံကျင်းပချိန်ထိ အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထား လိုက်ကြောင်းဖြင့် ဖော်ပြထားခဲ့သည်။ Popular Myanmar News Journal
| ||
Posted: 04 Sep 2012 02:15 AM PDT
ယနေ့ စက်တင်္ဘလ ၄ ရက်နေ့ တွင် လွှတ်တော် ကိုယ်စားလှယ် အချို့မှ ကန့်ကွက် ဆွေးနွေးခဲ့ သော်လည်း မဲခွဲ ဆုံးဖြတ်ရာတွင် အနိုင်ရ ရှိခဲ့သဖြင့် နိုင်ငံတော် သမ္မတမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့သော ၀န်ကြီးဌာန (၃၆) ခုနှင့် ၀န်ကြီး (၃၆) နေရာ အမည် စာရင်းများကို ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။ အမည်စာရင်း ထပ်မံ ထွက်ရှိလာသည့် ၀န်ကြီးများမှာ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Sep 2012 03:37 AM PDT
ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်တွင် ဟင်းသီး ဟင်းရွက် ၀ယ်၍ ပြန်လာသူ ရခိုင် အမျိုး သမီးငယ် တစ်ဦးအား ဓါးဖြင့် ခုတ်သူဟု စွပ်စွဲခံထားရသူ အဘူကာဆိမ်းဆိုသူအား ရဲက ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။
“ ဟုတ်ကဲ့။ အဲဒီအမှုနဲ့ ပတ်သတ်ပြီး အာဘူ ကာဆိမ်းကို ဖမ်းဆီး အမှုဖွင့်ထားပါတယ်။ အခု လောလောဆယ် ၅ ယောက် ဖမ်းဆီး ထားပါတယ်။---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 03 Sep 2012 09:49 PM PDT
စစ်အုပ်ချုပ်ရေး လက်ထက် ပြည်ပနိုင်ငံသို့ ထွက်ခွာခဲ့ပြီး ပြည်ပ နိုင်ငံတွင် အခြေစိုက်ကာ နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ် လျှက်ရှိသည့် ပြည်သစ် ညွှန့်ဝေသည် ယနေ့ နံနက် ၈နာရီ ၅၀ မိနစ်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်းသိရသည်။
နိုင်ငံတော် သမ္မတကြီး ဖိတ်ခေါ်မှုအရ လာရောက်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်သွား ရန်ရှိကြောင်း ၄င်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။ ယခင် စစ်အစိုးရ လက်ထက်၌ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ် အချို့နှင့် ပတ်သက်ပြီး ၄င်းအား တရားခံအဖြစ် ယခင်စစ်အစိုးရ လက်ထက် တာဝန်ရှိသူများက စွပ်စွဲထားခဲ့သလို အဝေးရောက် ပြစ်ဒဏ်များလည်း ချမှတ်ထားခဲ့သည်။ အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ရောက်ရှိစဉ် ကာလအတွင်း ဖြေရှင်းသွားမည်မဟုတ်ကြောင်း ၄င်းက ပေါ်ပြူလာနယူးစ်၏မေးမြန်းမှုကိြုေ ၄င်းသည် မြန်မာနိုင်ငံတွင် ၂၈ ရက် ကြာနေထိုင်ခွင့်ရရှိထားပြီး နိုင်ငံတော်သမ္မတကြီးအပါအ၀င် သက်ဆိုင်ရာတာဝန်ရှိသူများ၊နိုင် Popular Myanmar News Journal | ||
Posted: 03 Sep 2012 09:11 PM PDT
| ||
Posted: 03 Sep 2012 08:50 PM PDT
| ||
Posted: 03 Sep 2012 07:52 PM PDT
ပြီးခဲ့တဲ့ သတင်းပတ် အတွင်း မြောက်ကိုရီးယား အနောက်ဘက် ကမ်းခြေကို ဘိုလာဗင် တိုင်ဖုန်း မုန်တိုင်း ၀င်ရောက် တိုက်ခတ် ခဲ့ရာမှာ လူ ၅၀ နီးပါးသေဆုံးပြီး အများအပြား ပျောက်ဆုံးနေ တယ်လို့ မြောက်ကို ရီးယား အစိုးရပိုင် သတင်းဌာနက ကြေညာပါတယ်။
လူပေါင်း ၅၀ လောက်လည်း ဒဏ်ရာတွေ ပြင်းပြင်း ထန်းထန် ရရှိသွားတယ်လို့ မြောက် ကိုရီးယား ဗဟိုသတင်း အေဂျင်စီ က ကြေညာသွားပါတယ်။ မုန်တိုင်းကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရ သူဦးရေ နှစ်သောင်း တစ်ထောင် ကျော်ရှိပြီး စိုက်ပျိုး လယ်ယာမြေ ဧက (၁၂၀,၀၀၀) ကျော် ပျက်စီးသွား တယ်လို့လည်း ပြောပါတယ်။ စက်ရုံ၊ အလုပ်ရုံ ၉၀၀ နီးပါး ပျက်စီးခဲ့ရသလို ပြည်သူပိုင်အဆောက်ဦတွေ၊ ဒါဇင်နဲ့ချီတဲ့ ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေလည်း ပျက်စီးသွားတယ်လို့ သတင်းဌာနက ဆိုပါတယ်။ ဘိုလာဗင် တိုင်ဖုန်းမုန်တိုင်းဟာ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ဒေသတချို့ ကို ဖြတ်ပြီးတော့ မြောက်ကိုရီးယား ကမ်းရိုးတန်းကို ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ၀င်ရောက် တိုက်ခတ်သွားတာပါ။ သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်နေပုံတွေ၊ အဆောက်အဦ ခေါင်မိုးတွေ လန်နေတဲ့ပုံတွေ၊ လျှပ်စစ်ပါဝါလိုင်းတွေ ပြတ်တောက် နေတဲ့ ဗီဒီယိုရိုက်ကူးထားတဲ့ပုံတွေကို | ||
Posted: 03 Sep 2012 07:47 PM PDT
ရခိုင်ပြည်နယ် ပေါက်တောမြို့ရဲ့ တောင်ဘက် ၈ မိုင်အကွာ ဆင်ပိုက် ကျေးရွာက လယ်သမား ၁၄ ဦးဟာ သိမ်းယူခံ ထားရတဲ့ သူတို့ရဲ့ လယ်ယာမြေ တွေပေါ်မှာ ပြန်လည် လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ အတွက် စီးပွားရေး လုပ်ငန်းရှင် ၅ ဦးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၉၅ ဓားပြမှုနဲ့ စွဲဆိုထားပြီး အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီး နေကြောင်း RFA က စုံစမ်း သိရပါတယ်။
အဲဒီ တရားစွဲဆို ခံထားရတဲ့ လယ်သမား ၁၄ ဦးထဲက ဦးထွန်းအောင် ဆိုသူကို အာဏာပိုင်တွေက ဖမ်းဆီးရ မိသွားပြီ ဖြစ်ပြီး ကျန် ၁၃ ဦးကိုတော့ ပိုက်စိပ်တိုက် လိုက်လံရှာ ဖွေနေဆဲ ဖြစ်တယ်လို့ ထွက်ပြေး တိမ်းရှောင်နေတဲ့ လယ်သမား တစ်ဦးက ပြောပါတယ်။ ပေါက်တောမြို့နယ် ဆင်ပိုက်ကျေးရွာ ဆည်မြောင်း တာတမံထဲမှာ ရှိနေတဲ့ လယ်မြေ ဧကပေါင်း ၇၀၀ ကျော်ကို ၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ အာဏာပိုင်တွေနဲ့ စီးပွားရေးသမားတွေက အဓမ္မ သိမ်းယူသွားခဲ့ပြီး ဆားကွင်းနဲ့ ပုစွန်ကန်တွေအဖြစ် အသုံးချ လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလယ်ယာမြေတွေကို ဆင်ပိုက်ရွာနဲ့ အနီးဝန်းကျင်က လယ်သမား ၅၀ လောက်က ဘိုးဘေးစဉ်ဆက်အရ လုပ်ကိုင်လာခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က စတင်ပြီး အဲဒီလယ်သမားတွေက လယ်ယာမြေတွေ အပေါ်မှာ စပါးတွေကို ပြန်လည်ထွန်ယက် စိုက်ပျိုးခဲ့ပါတယ်။ ဒါပေမယ့် ဆားကွင်းတွေအတွက် အသုံးပြုနေတဲ့ ရေသွင်း ရေထုတ်ပြွန်တွေကြောင့် စပါးခင်းတွေ ပျက်စီးရတာနဲ့ ပတ်သက်ပြီး ဒီနှစ်အတွင်းမှာ နိုင်ငံတော် သမ္မတဆီကို ၁ ကြိမ်၊ ပြည်နယ် အစိုးရကို ၃ ကြိမ်ထိ တင်ပြခဲ့ကြပေမယ့် ဘာမှ ထူးခြားမလာတာကြောင့် ပြီးခဲ့တဲ့ မတ်လအတွင်းက အဲဒီ လယ်သမားတွေက ရေသွင်း ရေထုတ်ပြွန်တွေကို စပါးခင်းတွေ မပျက်စီးစေဖို့ လိုက်ပိတ်ခဲ့တယ်။ ဒါနဲ့ပတ်သက်လို့ လုပ်ငန်းရှင် တွေက အဲဒီလယ်သမား ၁၄ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၉၅ ဓားပြမှုနဲ့ တရားစွဲဆိုပြီး လိုက်လံဖမ်းဆီးနေတာ ဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။ အခုလို လယ်သမားတွေက လိုက်လံ ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး စက်တင်ဘာလ နောက်ဆုံးပတ်မှာ ကျင်းပမယ့် ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မေးမြန်းသွားဖို့ ရှိတယ်လို့လည်း ပေါက်တောမြို့နယ် မဲဆန္ဒနယ်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က RFA ကိုပြောပါတယ်။ RFA Burmese | ||
Posted: 03 Sep 2012 07:41 PM PDT
မကြာသေးခင်က အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ မနေ့မနက်ပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်တွေ့ဆုံစဉ်။
ရုံးဖွင့်ပွဲ အခမ်းအနားမှာ လူပေါင်းတစ်ထောင်ကျော် တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ် အတွင်းရှိ တစ်ခြားမြို့နယ်တွေမှာလည်း ဆက်လက် ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အတွင်းရေးမှူးဖြစ်သူ ဒေါ်စောမြရာဇာလင်းက RFA ကို ပြောကြားပါတယ်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဆက်ဆံရေးရုံးကို ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းက ဖွင့်လှစ်ဖို့ ကမ်းလှမ်းထားခဲ့ပေမယ့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရုံးဖွင့်လှစ်ရေးကို အစိုးရဘက်က ဆိုင်းငံ့ထားခဲ့ပြီး အခုမှ ဖွင့်လှစ်ခွင့် ရရှိတာဖြစ်တယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌလည်းဖြစ် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင် တစ်ဦးလည်းဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းဟာ ၈၈ ဒီမိုကရေစီ အရေးအခင်း ကာလတည်းက ပြည်ပမှာ ခိုလှုံခဲ့တာ ဖြစ်ပြီး ၂၄ နှစ်အကြာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က ဆက်ဆံရေးရုံး ဖွင့်ဖို့အတွက် ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ် ရောက်ရှိ လာတာလည်း ဖြစ်ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက နေပြည်တော်ကို သွားရောက်ခဲ့ပြီး ဝန်ကြီး ဦးအောင်မင်းနဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ ပါတီဆက်ဆံရေးရုံး ဖွင့်လှစ်ခွင့် ကိစ္စကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ RFA Burmese | ||
Posted: 03 Sep 2012 03:24 PM PDT
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ကနေဒါနိုင်ငံ အပြည်ပြည် ဆိုင်ရာ ကုန်သွယ် ရေးဝန်ကြီး H.E. Mr. Edward Fast ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ စက်တင်ဘာလ ၃ ရက် နေတွင် နေပြည်တော်ရှိ နေအိမ်၌ လက်ခံတွေ့ ဆုံခဲ့သည်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
|
0 comments:
Post a Comment