Monday, January 16, 2012

IF Being Historic Culprits/Criminals or National Traitors- သမိုင်းတရားခံ (သို.) ရာဇ၀င်လူဆိုး

by Udp Myanmar on Monday, January 16, 2012 at 10:08pm

သမိုင်းမှာ တရားခံဖြစ်သွားခဲ့ပြီဆိုရင်တော့ ပေးဆပ်ရမည့် တန်ဘိုးက မနည်းပါ။ ပြောရရင် တဆွေလုံး တမျိုးလုံး လူ.ငရဲကို အရှင်လတ်လတ်ကျသလိုပါ။ ဒါကြောင့် သမိုင်းတရား ခံ မဖြစ်ဖို. အမျိုးသားသစ္စာဖေါက် ဖြစ်မသွားဖို.ကတော့ အသိတရား သတိထားပြီး ဆောင်ရွက်ရမည့်အရာတွေပါ။

မြန်မာ့သမိုင်းမှာ သမိုင်းတရားခံ သို.မဟုတ် အမျိုးသား သစ္စာဖေါက် စာရင်းမှာ ဦးစောနဲ. ဦးနေ၀င်းတို.ဟာ လူအများ သိထားတဲ့ ရွံရှာဖွယ်ရာ အော့နှလုံးနာစရာလူတွေလို. ဆိုရင် မှားမယ် မထင်ပါ။ ။ အစဉ်အလာကောင်းတဲ့ လုပ်ငန်းတွေမှာ ပါဝင်ခဲ့ သူ ခေါင်းဆောင်တွေ ဖြစ်ခဲ့ပေမည့် ဘ၀နိဂုံးမှာတော့ ဒီလို လူမျိုးတွေကို ကိုယ့်သားသမီးတွေ ဘယ်သူမှ မဖြစ်စေချင်တဲ့ သမိုင်းတရားခံတွေအဖြစ်နဲ. မှတ်တမ်းတင် ခံရသူတွေ မဟုတ်ပါလား။


သူတို.၏ လုပ်ရပ်တွေ ပစ်မှုတွေကြောင့် သူတို.ဟာ သမိုင်းတရားခံတွေ အမျိုးသားသစ္စာ ဖေါက်တွေ ဖြစ်ယုံသာမက ကျန်ရစ်တဲ့ မိသားစုတွေ သားစဉ်မြေဆက်အထိ သူတို.၏ အမဲစက် အရိပ်မဲတွေက လွတ်မြောက်ဖို. မလွယ်ပါ--- လူကြာသူကြားမှာလဲ မျက်နှာ ငယ်ရ ဂုဏ်ငယ်ရ-နောင်တ အခါခါရနေရမည့်---ဖျောက်ဖျက်လို.မရတဲ့ Criminal Record တွေက တွဲ ပါလျက်ရှိ နေတာ မြန်မာပြည်သူတွေ အသိဆုံးပါ။ သမိုင်းပြောတိုင်း ရှက်စရာ သိမ်ငယ်စရာအဖြစ်တွေနဲ. ကျန်ရစ်သူတွေ ရင်ဆိုင်တတ်ရပါသည်။

အကြောင်းတစုံတရာကြောင့် သက်ရှိထင်ရှားဘ၀မှာ ကိုယ်ပြုခဲ့သည့်ပစ်မှုတွေအတွက် ရာဇ ၀တ်မှုအရ အရေးယူ အပစ်ပေးမခံရပဲ ဘ၀နိဂုံးချုပ်သွားသော်လဲ အဲဒီပစ်ဒဏ်ထက် ဆိုးတဲ့ ကြီးလေးတဲ့ အပစ်ကတော့ သမိုင်းတရားခံဆိုတဲ့ ရာဇ၀တ်ကောင်ဘ၀ကို ရာသက်ပန် ရရှိ လိုက်ခြင်းပါ။ ဒီပစ်ဒဏ်ဟာ ထောင်နန်းစံရတဲ့ ဘ၀ထက် ဆိုးပြီး ဒီသမိုင်းဆိုးဟာ ကိုယ်သေ သွားရင်တောင် ကျန်ရစ်တဲ့ နောင်လာနောက်သား သားစဉ်မြေးဆက် နှိပ်စက်အပစ်ပေးနေ မည့် ပစ်ဒဏ်ပေးမှုတခုပါ။ ဒီစာရင်းထဲကို ဦးနေ၀င်း ပါလိမ့်မယ်လို. ဆိုနိုင်ပါသည်။

ဦးနေ၀င်း ဟာ သူကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် ထောင်ချ အပစ်ပေးခြင်း မခံလိုက်ရပေးမည့် သူပြုခဲ့သည့်မတရားမှုတွေကြောင့် သမိုင်းမှာ ရာဇ၀င်တွင်ရစ်သည့် လူဆိုးလူမိုက်စာရင်း ၀င်သွားရပြီ မဟုတ်လား--- ဒါကြောင့် မင်းတို.၏ သြဇာအာဏာနဲ. စည်းဇိမ်တို.ဆိုတာ လူဘ၀နဲ. ယှဉ်လိုက်ရင် ဘာမှ မတည်မြဲ အာမခံချက်မရှိတဲ့ ရေဗွက်ပမာ ခဏတာ ဆိုတဲ့ မတည်မြဲတဲ့တရားကို သိထားသူတွေအတိုက် မိုက်မဲတဲ့ အထူးသဖြင့် သမိုင်းတရားခံအဖြစ် ကျန်ရစ်စေမည့်အရာတွေကို မလုပ်မိဖို. ရှောင်ရှားဖို. သတိတရား ထားဖို.လိုပါသည်။

ဦးနေ၀င်းဟာ မြန်မာ့လွတ်လပ်ရေးကို အရယူပေးတဲ့ သမိုင်းအစဉ်အလာကောင်းတဲ့ တို.ဗမာ အစည်းအရုံးသခင်အဖွဲ.တွေ တပ်မတော်တည်ထောင်သူ ရဲဘော်သုံးကျိပ်ဝင် စတဲ့ အင်မတန် အစဉ်အလာ ကြီးမြတ်တဲ့အဖွဲ.အစည်းတွေမှာ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူ။ လှုပ်ရှားခဲ့သူပါ။

ဒါပေမယ့် သူရဲ့နောက်ပိုင်း လုပ်ဆောင်ချက်တွေကြောင့် မြန်မာပြည်ကို စစ်အာဏာရှင် စနစ်ကို စတင် ဇာတ်သွင်းခဲ့ပြီး လူပေါင်း ထောင်းပေါင်းများစွာ ဘ၀တွေ ပျက်စီး။ ပြည်သူတွေလဲ သန်း နဲ. ချီပြီး ဘ၀တွေ ထိခိုက်ကာ တိုင်းပြည် တခုလုံး ချွတ်ခြုံကျရတဲ့အထိ နိုင်ငံတော်ကို ဇောက်ထိုးကျအောင် တွန်းချခဲ့သူမို. သူဟာ မြန်မာ့သမိုင်းတရားခံအဖြစ် မှတ်တမ်းတင်ရစ်ပါသည်။

သူခင်းတဲ့ဇာတ် သူသွင်းတဲ့ စနစ်ကြိုးဟာ နောက်ဆုံး သူကိုယ်တိုင်ရော သူ.သားသမီးနဲ. မြေးတွေလဲ ပြေးမလွတ်ပဲ သမိုင်းဘီးမှာ ရစ်ပတ်ချည်နှောင်ခံရပါသည်။ ထို.အတူ သူကိုယ်တိုင် လက်သပ်မွေးထား မြောက်စားခဲ့သည့် သားတပည့် ဗိုလ်ချုပ်ကြီး ဦးခင်ညွှန်.နဲ. လက်ကိုင်တုပ် ထောက်လှမ်းရေးအဖွဲ.ကြီး တခုလုံးလဲ ဒီသံသရာ ရဟတ်ချားမှာ ဖတ်ဖတ်ခါအောင် လှည့်ပတ် ရင်းနဲ. နောက်ဆုံးတော့ သူတို.လဲ သူတို.စီးတဲ့ ဘီးလုံးကြီးနဲ.ပဲ ပြန်နှင်းခံရလို. ဖိပြားခံလိုက်ရတာ မဟုတ်ပါလား။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန်.ကို မြန်မာနဲ. ကမ္ဘာပြည်သူတွေက အခုလို Disgraced and Deposed Leader အဖြစ်နဲ. ဂုဏ်သိက္ခာ ငြိုးငယ်စွာဖြင့် လူတွေ မြင်ကြရလိမ့်မယ်လို. လွန်ခဲ့သည့် ၁၀ နှစ်က ဘယ်သူတွေ ပြောရဲ စဉ်းစားရဲမှာလဲ။ ဘယ်သူမှ ဒီလို ဖြစ်သွားမယ်လို. မထင်ကျပါ။ သူကိုယ်တိုင်လဲ ထင်ခဲ့မည် မဟုတ်ပါ--- ဒါပေမယ့် မသေခင်မှာ အမြင်မှန်ရပြီး သံဝေဂတရားနဲ. ကံ ကံ၏ အကျိုးကို သိခွင့်ရရှိလိုက်တာမို. တခြားသူတွေနဲ.စာရင် နန်းကျဘုရင်ဖြစ်လင့်စကား---ကံကောင်းပါသေးသည်။  ပြင်ဖို. လုပ်ဖို. အချိန်တွေ အများကြီး ကျန်သေးတာမို. ရှိသေးတာမို.---ပိုပြီး ကံကောင်းနိုင်ပါသည်။

အဖိုးတွေ အဖေတွေ အာဏာစက် ပြင်းတဲ့အချိန်မှာ နိုင်ငံ၏ အိမ်ရှေ.မင်းသားတွေလား---လိုင် စင်အရ လူမိုက်ဂိုဏ်စတားတွေလား-- အင်မတန်မှ လူတွေ ကြောက်ရ လန်.ရ သတိထားပြီး ရှောင်ရှားခဲ့ရသည့် ဦးနေ၀င်း၏ မြေး-- ဇွဲနေ၀င်း၊ ဗိုလ်ချုပ်ကြီးခင်ညွှန်.၏သား ရဲနိုင်ဝင်းနဲ. တပ်ချုပ်ကြီးဦးသန်းရွှေ၏ မြေး ဖိုးလှပြည့်တို.ဟာ အမေရီကန်က Hell Angels အီတလီက Mafia Gang sters မခြား မြန်မာပြည်က မြို.ကြီးများမှာ တန်ခိုးအာဏာ ထွားခဲ့ပါသည်။

ဒါပေမယ့် သမိုင်းဘီးတပတ် ပြန်ပြီးလည့်တဲ့အခါ ဦးနေ၀င်း၏ မြေး ဇွဲနေ၀င်းလဲ ထောင်ထဲ ရောက်သွားသလို ဦးခင်ညွှန်.၏သား ရဲနိုင်ဝင်းလဲ ထို.နည်းတူပဲ ထောင်ကျသွားခဲ့ရပါသည်။ ဘ၀ရေစက် တထပ်ချင်း ကျခဲ့လေသလား---ထောင်ကနေ လွတ်လာတော့လဲ တနေ. တည်း ဖြစ်နေပြန်ပါသည်။  ကဲ တချိန်က မြို.ပြကို  အပိုင်စားခဲ့တဲ့ လမ်းသရဲဗီုလ်တွေဟာ အခုတော့ အဖိုးတွေ အဖေတွေကတော့ အာဏာမဲ့သူ အနားယူသူတွေဖြစ်နေပြီး အခုတခါ ဘယ်သူ တွေက အာဏာစက် ထက်ကျမလဲ--- အစွယ်မရှိတဲ့ အစွယ်ကျိုးနေတဲ့ ကျားရဲတွေမို. အရင်လို လက်ရဲ ဇက်ရဲ မလုပ်ရဲတော့ပဲ- စရိုက်တွေ ပြောင်းသွားမလား--စောင့်ကြည့်ရမှာပါ။

ဒါပေမယ့် သေခြာတာကတော့ အရင်လို လုပ်လို.ကတော့ ဒီခေတ်မှာ ပြသာနာတက်ဖို. များ ပါသည်။ ခေတ်ကြီးလဲ ပြောင်းနေသလို ဆက်သွယ်ရေးနဲ. နည်းပညာတွေလဲ မြင့်နေတာမို. အရင်လို ဖိလို. ဖုံးလို. မလွယ်တော့ပါ။ ဒါကြောင့် ဘယ်သူတွေပဲ ဖြစ်ဖြစ် ဘယ်လို သမိုင်း တွင်တဲ့ အဖွဲ.အစည်းတွေမှာပဲ ပါခဲ့ပါခဲ့ ဥပဒေမဲ့နဲ. လူတွေကို သတ်မယ် ဖြတ်မယ် ငြင်းပမ်းနှိပ် စက်ခဲ့မယ်ဆိုရင် ပေးဆပ်ရမယ်ဆိုတာ သတိထားဖို. လိုပါသည်။ အခုဆိုရင် တောတွေ တောင်တွေထဲမှာ အချင်းချင်း ခေါင်းဖြတ် လက်ဖြတ် လူသတ် ပေါင်းသားလီးပြီး ရိုင်းဆိုင်း ယုတ်မာတဲ့ အကျီးတန်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ထားသူ ABSDF (မြောက်ပိုင်း)က လူသတ်မှာမှာ တာဝန်ရှိသူတွေလဲ ဒီအတိုင်းပဲ ပြန်ပြီး ပေးဆပ်ဖို. သမိုင်းဘီးတပတ် ပြန်လည် လာပါသည်။

ဘယ်လောက် သမိုင်းအစဉ်အလာရှိတဲ့ အဖွဲ.အစည်းဖြစ်ပါစေ-- ဘယ်လို အလံတော် အောက် မှာ ရှိနေပါစေ လူတွေကို မတရား ဖမ်းဆီး ငြင်းပမ်းသတ်ဖြတ်ခဲ့မယ်ဆိုရင် တော့ ဒီရာဇ၀တ်မှု တွေအတွက် ဘယ်အရာကမှ ကာကွယ်ပေး ခွင့်လွတ်ပေးလို.ရမည် မဟုတ်ပါ။

ဦနေ၀င်းကို တို.ဗမာအစည်းအရုံးဝင်ဖြစ်လို. သခင်တဦးမို. လွတ်လပ်ရေး တိုက်ပွဲဝင်တဦးမို. တပ်မတော်ကို တည်ထောင်သူရဲဘော်သုံးကျိပ်ဝင်ဖြစ်လို. နိုင်ငံတော် သမ္မတကြီး ဖြစ်လို.ဆိုတဲ့အရာတွေက သူ၏ မိုက်မဲတဲ့ပစ်မှုတွေအတွက် သမိုင်းက မျက်နှာစာပေး ခွင့်လွတ်ပေးမှာ မဟုတ်ပါ။ သမိုင်းဟာ သမိုင်းပဲ မဟုတ်ပါလား- ကောင်းတာလုပ်သူ အနစ်နာခံသူတွေကို သူရဲကောင်း အဖြစ် မှတ်တမ်းတင်မှာ ဖြစ်သလို ရက်စက်ယုတ်မှာသူတွေအတွက်ကတော့ သမိုင်းတရားခံ တွေအဖြစ် နာမည်ဆိုးနဲ.ကျန်ရစ်ခဲ့မှာပါ။

ထို.အတူ ဘယ်လောက်ကြီးတဲ့ ဗိုလ် ချုပ်ပဲဖြစ်ဖြစ် ဘယ်လောက် အစဉ်အလာကြီးတဲ့ တိုင်း ရင်းသား ခေါင်းဆောင်ပဲ ဖြစ်ဖြစ် ဥပဒေမဲ့ လူသတ်မယ် လူဖမ်းမယ် ငြိမ်းပမ်းနှိပ်စက်မယ် ဆိုရင်---သမိုင်း အစဉ်အလာတွေအရ ပေးဆပ် ရတဲ့ သာတကတွေကြောင့် သမိုင်းတရားခံ တွေ အမျိုးသား သစ္စာဖေါက်ဘ၀တွေ ရောက်မသွားကျဖို. သတိပေး တိုက်တွန်းရခြင်းဖြစ် ပါသည်။ ဒါကြောင့် တောထဲ ဖြစ်ဖြစ် တောင်ပေါ် ဖြစ်ဖြစ် ကိုယ့်စခန်းထဲမှာပဲ ဖြစ်ဖြစ် လူတွေ ကို ဥပဒေမဲ့သတ်ခဲ့မယ် ရာဇ၀တ်မှုတွေကို ကျူးလွန်ထားမယ်ဆိုရင်---- တချိန်ချိန်မှာတော့ ကိုယ့်ပြုခဲ့သည့်ကံ ကိုယ်ပြန်ခံ ကိုယ့်ထံ ပြန်ရောက်မည်သာမှတ်။ မဟုတ်ရင်လဲ ကိုယ်စိုက်ခဲ့တဲ့ ပျိုးခင်း စပါးခင်းဟာ ကိုယ်ပဲ ပြန်ရိတ်သိမ်းကြရစမြဲ မဟုတ်ပါလား။

ဘယ်အဖွဲ.မှာ ပါဝင်လို ဘယ်အလံတော်အောက်မှာ ရှိနေခြင်းနဲ.မဆိုင်ပဲ ကိုယ် ဘာလုပ်ခဲ့သလဲ ဆိုတဲ့ လုပ်ရပ်တွေနဲ.ပဲ သမိုင်းထဲမှာ မှတ်တမ်းတင်ကြရတာပါ။ ဒါကြောင့် အထူးသဖြင့် ဘ၀ကို အနစ်နာခံပြီး လုပ်ခဲ့သူတွေအတွက် သမိုင်းတရားခံ သို.မဟုတ် အမျိုးသားသစ္စာဖေါက်ဘ၀နဲ. နိဂုံးချုပ်မသွားအောင် ဆင်ခြင် အသိတရားနဲ. လုပ်ကိုင်ဆောင်ရွက်ဖို. အထူးလိုအပ်ပါသည်။

မဟုတ်ရင် ဦးစော၊ ဦးနေ၀င်းတို.၏ စာရင်းမှာ သင့်နာမည်လဲ ထပ်တိုးသွားမည်သာ။  ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...