Monday, January 16, 2012

တိုင်းပြည်ရှိရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ကျနော့်အတွေးများ

by Nay Oo-People on Monday, January 16, 2012 at 9:12pm
  • ရင်းနှီးမြှုပ်နှံမှုတွေဟာ နှောင်ကြိုးတွေကင်းနေသရွေ့ ကျနော်တို့ တိုင်းပြည်အဘက်ဘက်ကအကျိုးအမြတ်ရှိနေသရွေ့ ဘယ်သူပဲရင်းနီး မြှုပ်နှံမြှုပ်နှံ အရေးမကြီးပါဘူး။ Free Market Economy ခေတ် Global Institutions တွေဝင်လာတဲ့အချိန်မှာ ဂလိုဘယ် (global) ကိုလက်ခံပြီး လိုကယ် (local) ပြည်တွင်းပိုမိုတိုးတက်မှုရှိလာအောင်လုပ်ဆောင်ရပါမယ်။
  • ယခုတိုင်းပြည်ဟာဒီမိုကရေစီစနစ်ကိုသွားနေပြီဖြစ်လို့ အနောက်ရဲ့ရင်းနီးမြှုပ်နှံမှုများလာတော့မှာဖြစ်ပါတယ်။ လွတ်လပ်စွာကုန်ကူးသန်းတဲ့ခေါတ် (2015) မှာကိုယ့်ရဲ့ကုန်ကူးသန်းရောင်းဝယ်မှုပေါ်လစီတွေကိုတော့ လျှော့ပေါ့ခိုင်းပြီး သူတို့ ပေါ်လစီတွေကိုတော့ တပြားမှလျှောမပေးတဲ့ကိစ္စတွေကို ကြုံရမှာဖြစ်ပါတယ်။
  • Global Institutions တွေကိုသွားတားပြီးကိုယ့်ကိုကိုယ်အထီးကျန်ဖြစ်သွားစေနိုင်တဲ့အဖြစ်မျိုးကိုမရောက်ဘို့ ထို့အတူကိုယ့်အတွက်ဘာမှမကျန်ပဲ သူတို့ပဲယူသွားတာမျိုးမဖြစ်ဘိုလိုပါတယ်။
  • ရင်းနီးမြှုပ်နှံမှုတွေကြောင့်တိုင်းပြည်ဟာပိုအမှီအခိုကင်းလာရပါမယ်။
  • ရင်းနှီးမြှုပ်နှံမှုတွေကြောင့်ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေပို ကြီးထွားအားကောင်းလာမှုရှိလာပြီး ပြည်သူပြည်သားတွေဝင်ငွေကောင်းလာရပါမယ်။
  • ထို့အတူ ဒီမိုကရေစီရဲ့ရေသောက်မြစ်တွေဖြစ်တဲ့ အခြေခံလူအခွင့်ရေးတွေရရှိမှု လွတ်လပ်မှု၊ စီးပွားရေးအရဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှ၊ု ဥပဒေစိုးမိုးမှု၊ တည်ငြိမ်မှု ၊ နည်းပညာတိုးပွားမှုတွေအခိုင်အမာနဲ့ဖြစ်လာပြီး အချိန်နဲ့အမျှတတ်သိပညာရှင်တွေ ပိုများလာရပါမယ်။
  • သို့သော်ရင်းနီးမြှုပ်နှံမှုတွေကြောင့်တိုင်းပြည်မှာ ပ ဋိပခတွေ ပိုမိုတိုးပွားတာမျိုးမဖြစ်ဘို့ လူထုအကြားချမ်းသာဆင်းရဲပိုမိုကွာဟလာတာမျိုးမဖြစ်ဘို့ အဲဒီရင်းနှီးမြှုပ်နှံမှုတွေကြောင့်ကျနော်တို့မြန်မာပြည်သူပြည်သားတွေတခြားတိုင်းတပါးမှာ အလုပ်ထွက်လုပ်ရတဲ့အခြေအနေမဖြစ်ပေါ်ဘို့လိုပါတယ်။
မိမိပြည်သားများကိုပိုမိုအကာအကွယ်ပေးနိုင်ဘို့ ဒါတွေကိုလုပ်ဘို့လိုပါတယ်။
  • သဘာဝပတ်ဝန်းကျင်ကို ထိန်းသိန်းစောင့်ရှောက်ဘို့လုပ်ရပါမယ်။
  • ပညာရေးစနစ်ကို မြှင့်တင်ပေးပြီး အရည်အသွေးပြည့်ဝတဲ့ အလုပ်သမားတွေ ပညာရှင်တွေ မွေးထုတ်ပေးရပါမယ်။
  • စီမံခန့်ခွဲမှုနဲ့ ဖွံဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့ ပေါ်လစီတွေ နည်းဗျုဟာတွေကို ခေတ်နဲ့အညီတိုးတက်အောင်လုပ်ဆောင်ရပါမယ်။
  •  ပြည်တွင်းစီးပွားရေးသမားတွေကိုကြီးထွားလာအောင်အားပေးရပါမယ်။
  • Middle Class အလယ်အလတ်တန်းစားလူတန်းစားပိုမိုများပြားလာအောင်လုပ်ပေးရပါမယ်။
  • ပြည်သူပြည်သားတွေ တိုင်းပြည်ချစ်စိတ်တွေပိုရှိနေအောင်လုပ်ဆောင်နေရပါမယ်။
  • သွေးစုတ်မှုမခံရအောင် အလုပ်ခွင်ဆိုင်ရာ safety net ပိုမိုခိုင်မာနေအောင် လူမှုရေး နိုင်ငံရေး စီးပွားရေးအသင်းအဖွဲ့တွေပိုအားကောင်းလာအောင်လုပ်ဘို့လိုပါတယ်။
  • လောင်စာစွမ်းအင်ကို တိုင်းပြည်တည်ဆောက်ရေးမှာသုံးနိုင်အောင် တိုင်းတပါးက ခေတ်မီနည်းပညာတွေရရှိလာအောင်လုပ်ရပါမယ်။
  •  နိုင်ငံခြားကုမ္ပဏီတွေကလယ်သမားအလုပ်သမားငယ်တွေကို သွေးစုတ်ရန်ကကာကွယ်ဘို့ ပြည်တွင်းက ဘါဏ်တွေ စီးပွားရေးလုပ်ငန်းရှင်တွေကိုကာကွယ်ဘို့ အာမခံလုပ်ငန်းတွေခိုင်မာလာအောင်လုပ်ဘို့လိုပါတယ်။
  • လက်မှုလယ်ယာစီးပွားရေးကိုစက်မှုလယ်ယာစီးပွားရေးသို့ပြောင်းလာအောင်လုပ်ရပါမယ်။
 ကျေးဇူးတင်ပါတယ်။
နေဦး


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...