ကျွန်မဆရာ Creator
by The Voice Weekly on Wednesday, January 4, 2012 at 6:40pm
နှစ်ပေါင်း
၅၀ လောက်ပဲ ရှင်သန် နေထိုင်သွားရတဲ့ ဆရာနဲ့ ဆယ်စုနှစ် တစ်စုနီးပါး
တွေ့ဆုံကြုံကြိုက်ခွင့် ရပြီး ပညာ သင်ယူခွင့် ရခဲ့တာ အလုပ် အတူလုပ်ခွင့်
ရခဲ့တာ အင်မတန်မှ ကံကောင်းလှပါတယ် ...။
နောက်ထပ်တော့ မရနိုင်တော့ပါဘူး ...။
စတွေ့တုန်းက ဆရာ့အသက် ၄၀ လောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဆရာက အသက်ထက် ပိုပြီး လူကြီးဆန်တဲ့ ပုံစံနဲ့ နေတယ်။ လူကြီးကြီး တစ်ယောက်ရဲ့ ဟန်ပန်၊ အပြောအဆိုတွေနဲ့ နေထိုင်တယ် ...။
ဒီထက် ပိုအသက်ကြီးတယ်လို့ ခံစားရတယ်။ အမြဲတမ်း တွေးတောကြံစည် နေတတ်တယ် ...။ ကိုယ့်အသက်အရွယ်ကို ပြန်ပြီး လူကြီးလုပ် ဆက်ဆံနေတာနဲ့ တူတယ်။
ဒါပေမယ့် ငယ်ရွယ်သူ ဘယ်သူ့ကိုမှတော့ ကလေးလို မဆက်ဆံခဲ့ဘူး ...။ အားလုံးကို လူကြီးလိုပဲ ဆက်ဆံတယ် ... ခင်ဗျား၊ ကျွန်တော်ပဲ သုံးနှုန်းတယ် ...။ လုပ်ငန်းခွင်မှာ ဘယ်သူမှ သမီး၊ သား မသုံးနှုန်းရ။
ခေတ်သစ် “အ” သုံးလုံးကို ဆရာ့ဆီ ကနေပဲ စကြားဖူး ခဲ့တာပဲ ...။ အင်္ဂလိပ်စာ၊ အိုင်တီ၊ အင်တာနက် ဆိုတဲ့ " အ " သုံးလုံးကို တတ်မှ ဖြစ်မှာမို့လို့ တပည့်တွေ၊ လူငယ်တွေကို သိပ်တတ်စေချင်တယ်။ ပြီးတော့ နိုင်ငံခြားသားတွေရဲ့ လွှမ်းမိုးခံရ တတ်တဲ့ မြန်မာတွေရဲ့ အားနည်းချက်ကို ပျောက်စေချင်တယ် ...။ အားလုံးနဲ့ ရင်ပေါင်တန်း စေချင်တယ်။ ဒါ့ကြောင့် “ ကျွန်တော့် သမီးတွေ ဒီလို ဖြစ်လို့ မရဘူး၊ ခင်ဗျားတို့ ဒီလို ဖြစ်လို့ မရဘူး ” လို့ သူ့တပည့်တွေကို ဇောအပြည့်နဲ့ ပြောခဲ့တယ်။
ခင်ဗျားတို့ နိုင်ငံအပြင် ထွက်ပြီး ပညာသင်ကြ ... ထွက်ကြည့်ကြစမ်းပါ ပြောင်းသွားမယ်လို့ ပြောတတ်တယ် ...။ ပညာနဲ့ ပတ်သက်ရင် အမြဲတမ်း တံခါးဖွင့်ထားတယ် ...။ ကျွန်မ နိုင်ငံခြားသွားတဲ့ အခါတွေဆိုလည်း အချိန်မရွေး စာလှမ်းမေးတဲ့ အခါ စိတ်ရှည်ရှည် ဖြေတတ်တယ် ...။ အီးမေးလ်ပို့ မေးရင်လည်း ဘယ်လောက်ပဲ အလုပ်များပါစေ ပြည့်ပြည့်စုံစုံ ထိထိမိမိ ချက်ချင်း ပြန်ရေးတတ်တယ် ...။ ပညာရေးအတွက် အမြဲတမ်း အသင့် ရှိနေတဲ့သူပါ ...။
ဆရာက မြန်မာစာကိုလည်း သိပ် အလေးထားတယ် ... တည်တံ့တဲ့ စာဟန်၊ ခမ်းနားတဲ့ စကားလုံးတွေ သုံးပြီး လိုရင်းကို ထင်ရှားအောင် ဒက်ကနဲ ဒက်ကနဲ ထိမိအောင် ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်တယ် ...။ အများပြည်သူကို ပေးချင်တဲ့ အကြောင်းအရာ ရသွားအောင် ပေးနိုင်ဖို့ မြန်မာစာကို ကောင်းကောင်း ရေးတတ်ဖို့ အရေးကြီးတယ် ဆိုတာ ပြောတယ် … ဘယ်အသုံးအနှုန်းကို ဘယ်စာကြောင်းကို ဘာကြောင့် ရေးတယ်ဆိုတာ ရှင်းပြတတ်တယ် ...။ ကမ္ဘာသုံး ကြားခံ ဘာသာစကားရဲ့ တန်ဖိုး ... ကိုယ့်နိုင်ငံအတွက် မြန်မာစာရဲ့ တန်ဖိုးကို သိပ်အလေးထားတယ် ...။
ဆရာ့မှာ ဝါသနာ ထုံတာ တစ်ခုက ဗေဒင်လက္ခဏာ ပါပဲ။ သူက မြန်မာနိုင်ငံ ဇာတာကို ဗေဒင်တွက်လေ့ ရှိတယ် ...။ ပြီးတော့ သူ အယ်ဒီတာခန့်ဖို့ အင်တာဗျူး လုပ်တဲ့အခါ လက္ခဏာ ကြည့်လေ့ ရှိတယ် ...။
ကျွန်မကို အင်တာဗျူး လုပ်စဉ်ကတော့ လက္ခဏာ မကြည့်ခဲ့ပါဘူး။ နောက်မှ ပြန်သိရတာက ... ဆရာက အဲဒီ ကောင်မလေး sign ထိုးတာ ကျွန်တော် ကြိုက်တယ်လို့ ပြောတယ် ဆိုတာပါ။ အတော်တော့ ဆန်းပါတယ် ...။ ဆရာက သူပြောချင်တာကို လွတ်လွတ်လပ်လပ် ပြောလေ့ရှိတယ် ...။ ရုံးတက်မှတ်တမ်းက လက်မှတ်တွေကို ကြည့်ပြီးတော့လည်း ဝေဖန် ထောက်ပြ တတ်သေးတယ်။ အဲဒါတွေက ထူးခြားတယ် ...။ ပြောစရာ ရှိရင် တည့်တိုး ပြောတတ်တယ်။
မြန်မာနိုင်ငံကို ပြောင်းလဲစေချင်တယ်၊ လူငယ်တွေကို ပြောင်းလဲ စေချင်တယ် …။ အယ်ဒီတာတွေကို ထိမိတဲ့ စကားတစ်ခွန်း အထပ်ထပ် မှာကြားထား ခဲ့တယ်။ “ အရာအားလုံး ကိုယ်နဲ့ သက်ဆိုင်တယ်လို့ သဘောထားပါ ” တဲ့ ...။
လွဲချော် နေသမျှကို ပြောင်းပစ်ဖို့ ကိုယ်နဲ့ သက်ဆိုင်တယ်လို့ သဘောထား စေချင်တယ်။ အဲဒီလိုပဲ သူလည်း မြန်မာနိုင်ငံ ပြောင်းလဲရေး ... နိုင်ငံ တည်ဆောက်ရေးကို အစွမ်းကုန် လုပ်ဆောင် သွားခဲ့တယ်။ သူ မြန်မာနိုင်ငံကို ချစ်တယ် ဆိုတာ “ မြန်မာနိုင်ငံကို ချစ်တယ်ဆို ... သား မြန်မာနိုင်ငံကို အချစ်ဆုံးပဲ ဆို ...” ဆိုတဲ့ သူ့မိခင်ရဲ့ ငိုကြွေးရင်း ရေရွတ်နေတဲ့ စကားက ကြားရသူ မျက်ရည်ကျစေတဲ့ အကောင်းဆုံး သက်သေပါပဲ ...။
နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ ပညာရှင်၊ ပညာဖြန့်ဝေသူ … ဘယ်လိုပဲ ခေါင်းစဉ်တပ်တပ် ... အဲဒါတွေ ပေါင်းစပ်ပြီး စိတ်စေတနာ ဇောအဟုန်တွေနဲ့ လျှောက်ချင်တဲ့ လမ်းကို ယုံယုံကြည်ကြည် ဖန်တီး လျှောက်လှမ်း ခဲ့တယ်။ အဲဒီအရာတွေ အားလုံး ပေါင်းစပ်ပြီး ဖြစ်စေချင်တာကို ဖန်တီးသူ Creator ပဲ ဖြစ်တယ်။
ဖြစ်စေချင်တာ လုပ်စေချင်တာတွေ ကလည်း သိပ်များလွန်းတယ် …။ ဆရာ့မှာ Art ရှိတယ် … Heart ရှိတယ် ...။ ဖြစ်စေချင်တဲ့ ပန်းတိုင် ရောက်ဖို့တော့ အီမိုးရှင်းကို အားမပေးဘူး ...။ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေ အရ … အချိန် အကန့်အသတ် ကလည်း ရှိနေခဲ့တယ် ...။ အဲဒီအချိန်မှာ ဆရာရေးတဲ့ ဆောင်းပါးတွေ၊ အယ်ဒီတာ့ အာဘော်တွေကို မကျေနပ်သူ၊ ကျေနပ်သူ၊ ဝေဖန်သူတွေ ပိုများလာတယ် ... အယ်ဒီတာ့ထံ ပေးစာတွေ၊ ဖုန်းလက်ခံ ရရှိမှုတွေ ပိုများလာတယ် ... သဘောတူသူ မက သဘောမတူ မကျေနပ်သူတွေ မဖတ်ဘဲ မနေနိုင်တဲ့ စာမျက်နှာတွေ ... မပြောဘဲ မနေနိုင်တဲ့ ဖုန်းခေါ်ဆိုမှုတွေ ဖြစ်လာတယ် ...။
၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာတော့ တွန်းခဲ့တဲ့ ကျောက်တုံး မရွေ့ခဲ့လို့ အယ်ဒီတာ အဖွဲ့ကို တောင်းပန်ခဲ့တယ် ...။ စာဖတ်သူတွေကို တောင်းပန်ခဲ့တယ် ...။ ဒါပေမယ့် သူ ဆက်တွန်းနေ ဦးမယ့် အကြောင်း၊ ချောတိုင် ဆက်တက်မယ့် အကြောင်း အားမာန်အပြည့်၊ စိတ်ဇောအဟုန် အပြည့်နဲ့ ပြောခဲ့ ရေးခဲ့တယ် ...။
ဆရာဝန်ပဲ လုပ်ခဲ့မယ် ဆိုရင်လည်း Creation ပါတဲ့ ပလတ်စတစ် ဆာဂျရီကိုသာ လုပ်ဖြစ်လိမ့်မယ် ဆိုတဲ့ ဆရာ … ရှိတဲ့ စွမ်းအင်တွေ ပေါင်းစပ်ပြီး ဖန်တီးထုဆစ် ယူခဲ့တဲ့ ပြောင်းလဲမှုကတော့ အခုအချိန်မှာ ပုံပေါ်စ ပြုခဲ့ပါပြီ ...။ ဖြစ်စေချင်ရာကို ယုံယုံကြည်ကြည် ဖန်တီး ထုဆစ်ခဲ့တဲ့ ဆရာ ... အခုတော့ တူသူရော မတူသူတွေကပါ လွမ်းနေရပြီလေ ...။
ဇင်ဇင်သော်
နောက်ထပ်တော့ မရနိုင်တော့ပါဘူး ...။
အသက်ကို လူကြီးလုပ်တဲ့ ဆရာ
စတွေ့တုန်းက ဆရာ့အသက် ၄၀ လောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဆရာက အသက်ထက် ပိုပြီး လူကြီးဆန်တဲ့ ပုံစံနဲ့ နေတယ်။ လူကြီးကြီး တစ်ယောက်ရဲ့ ဟန်ပန်၊ အပြောအဆိုတွေနဲ့ နေထိုင်တယ် ...။
ဒီထက် ပိုအသက်ကြီးတယ်လို့ ခံစားရတယ်။ အမြဲတမ်း တွေးတောကြံစည် နေတတ်တယ် ...။ ကိုယ့်အသက်အရွယ်ကို ပြန်ပြီး လူကြီးလုပ် ဆက်ဆံနေတာနဲ့ တူတယ်။
ဒါပေမယ့် ငယ်ရွယ်သူ ဘယ်သူ့ကိုမှတော့ ကလေးလို မဆက်ဆံခဲ့ဘူး ...။ အားလုံးကို လူကြီးလိုပဲ ဆက်ဆံတယ် ... ခင်ဗျား၊ ကျွန်တော်ပဲ သုံးနှုန်းတယ် ...။ လုပ်ငန်းခွင်မှာ ဘယ်သူမှ သမီး၊ သား မသုံးနှုန်းရ။
“အ” သုံးလုံး တတ်စေချင်တဲ့ ဆရာ
ခေတ်သစ် “အ” သုံးလုံးကို ဆရာ့ဆီ ကနေပဲ စကြားဖူး ခဲ့တာပဲ ...။ အင်္ဂလိပ်စာ၊ အိုင်တီ၊ အင်တာနက် ဆိုတဲ့ " အ " သုံးလုံးကို တတ်မှ ဖြစ်မှာမို့လို့ တပည့်တွေ၊ လူငယ်တွေကို သိပ်တတ်စေချင်တယ်။ ပြီးတော့ နိုင်ငံခြားသားတွေရဲ့ လွှမ်းမိုးခံရ တတ်တဲ့ မြန်မာတွေရဲ့ အားနည်းချက်ကို ပျောက်စေချင်တယ် ...။ အားလုံးနဲ့ ရင်ပေါင်တန်း စေချင်တယ်။ ဒါ့ကြောင့် “ ကျွန်တော့် သမီးတွေ ဒီလို ဖြစ်လို့ မရဘူး၊ ခင်ဗျားတို့ ဒီလို ဖြစ်လို့ မရဘူး ” လို့ သူ့တပည့်တွေကို ဇောအပြည့်နဲ့ ပြောခဲ့တယ်။
ခင်ဗျားတို့ နိုင်ငံအပြင် ထွက်ပြီး ပညာသင်ကြ ... ထွက်ကြည့်ကြစမ်းပါ ပြောင်းသွားမယ်လို့ ပြောတတ်တယ် ...။ ပညာနဲ့ ပတ်သက်ရင် အမြဲတမ်း တံခါးဖွင့်ထားတယ် ...။ ကျွန်မ နိုင်ငံခြားသွားတဲ့ အခါတွေဆိုလည်း အချိန်မရွေး စာလှမ်းမေးတဲ့ အခါ စိတ်ရှည်ရှည် ဖြေတတ်တယ် ...။ အီးမေးလ်ပို့ မေးရင်လည်း ဘယ်လောက်ပဲ အလုပ်များပါစေ ပြည့်ပြည့်စုံစုံ ထိထိမိမိ ချက်ချင်း ပြန်ရေးတတ်တယ် ...။ ပညာရေးအတွက် အမြဲတမ်း အသင့် ရှိနေတဲ့သူပါ ...။
ဆရာနဲ့ မြန်မာစာ
ဆရာက မြန်မာစာကိုလည်း သိပ် အလေးထားတယ် ... တည်တံ့တဲ့ စာဟန်၊ ခမ်းနားတဲ့ စကားလုံးတွေ သုံးပြီး လိုရင်းကို ထင်ရှားအောင် ဒက်ကနဲ ဒက်ကနဲ ထိမိအောင် ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်တယ် ...။ အများပြည်သူကို ပေးချင်တဲ့ အကြောင်းအရာ ရသွားအောင် ပေးနိုင်ဖို့ မြန်မာစာကို ကောင်းကောင်း ရေးတတ်ဖို့ အရေးကြီးတယ် ဆိုတာ ပြောတယ် … ဘယ်အသုံးအနှုန်းကို ဘယ်စာကြောင်းကို ဘာကြောင့် ရေးတယ်ဆိုတာ ရှင်းပြတတ်တယ် ...။ ကမ္ဘာသုံး ကြားခံ ဘာသာစကားရဲ့ တန်ဖိုး ... ကိုယ့်နိုင်ငံအတွက် မြန်မာစာရဲ့ တန်ဖိုးကို သိပ်အလေးထားတယ် ...။
အထုံဝါသနာ
ဆရာ့မှာ ဝါသနာ ထုံတာ တစ်ခုက ဗေဒင်လက္ခဏာ ပါပဲ။ သူက မြန်မာနိုင်ငံ ဇာတာကို ဗေဒင်တွက်လေ့ ရှိတယ် ...။ ပြီးတော့ သူ အယ်ဒီတာခန့်ဖို့ အင်တာဗျူး လုပ်တဲ့အခါ လက္ခဏာ ကြည့်လေ့ ရှိတယ် ...။
ကျွန်မကို အင်တာဗျူး လုပ်စဉ်ကတော့ လက္ခဏာ မကြည့်ခဲ့ပါဘူး။ နောက်မှ ပြန်သိရတာက ... ဆရာက အဲဒီ ကောင်မလေး sign ထိုးတာ ကျွန်တော် ကြိုက်တယ်လို့ ပြောတယ် ဆိုတာပါ။ အတော်တော့ ဆန်းပါတယ် ...။ ဆရာက သူပြောချင်တာကို လွတ်လွတ်လပ်လပ် ပြောလေ့ရှိတယ် ...။ ရုံးတက်မှတ်တမ်းက လက်မှတ်တွေကို ကြည့်ပြီးတော့လည်း ဝေဖန် ထောက်ပြ တတ်သေးတယ်။ အဲဒါတွေက ထူးခြားတယ် ...။ ပြောစရာ ရှိရင် တည့်တိုး ပြောတတ်တယ်။
မြန်မာနိုင်ငံကို ချစ်တယ်
မြန်မာနိုင်ငံကို ပြောင်းလဲစေချင်တယ်၊ လူငယ်တွေကို ပြောင်းလဲ စေချင်တယ် …။ အယ်ဒီတာတွေကို ထိမိတဲ့ စကားတစ်ခွန်း အထပ်ထပ် မှာကြားထား ခဲ့တယ်။ “ အရာအားလုံး ကိုယ်နဲ့ သက်ဆိုင်တယ်လို့ သဘောထားပါ ” တဲ့ ...။
လွဲချော် နေသမျှကို ပြောင်းပစ်ဖို့ ကိုယ်နဲ့ သက်ဆိုင်တယ်လို့ သဘောထား စေချင်တယ်။ အဲဒီလိုပဲ သူလည်း မြန်မာနိုင်ငံ ပြောင်းလဲရေး ... နိုင်ငံ တည်ဆောက်ရေးကို အစွမ်းကုန် လုပ်ဆောင် သွားခဲ့တယ်။ သူ မြန်မာနိုင်ငံကို ချစ်တယ် ဆိုတာ “ မြန်မာနိုင်ငံကို ချစ်တယ်ဆို ... သား မြန်မာနိုင်ငံကို အချစ်ဆုံးပဲ ဆို ...” ဆိုတဲ့ သူ့မိခင်ရဲ့ ငိုကြွေးရင်း ရေရွတ်နေတဲ့ စကားက ကြားရသူ မျက်ရည်ကျစေတဲ့ အကောင်းဆုံး သက်သေပါပဲ ...။
နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ ပညာရှင်၊ ပညာဖြန့်ဝေသူ … ဘယ်လိုပဲ ခေါင်းစဉ်တပ်တပ် ... အဲဒါတွေ ပေါင်းစပ်ပြီး စိတ်စေတနာ ဇောအဟုန်တွေနဲ့ လျှောက်ချင်တဲ့ လမ်းကို ယုံယုံကြည်ကြည် ဖန်တီး လျှောက်လှမ်း ခဲ့တယ်။ အဲဒီအရာတွေ အားလုံး ပေါင်းစပ်ပြီး ဖြစ်စေချင်တာကို ဖန်တီးသူ Creator ပဲ ဖြစ်တယ်။
ဖြစ်စေချင်တာ လုပ်စေချင်တာတွေ ကလည်း သိပ်များလွန်းတယ် …။ ဆရာ့မှာ Art ရှိတယ် … Heart ရှိတယ် ...။ ဖြစ်စေချင်တဲ့ ပန်းတိုင် ရောက်ဖို့တော့ အီမိုးရှင်းကို အားမပေးဘူး ...။ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေ အရ … အချိန် အကန့်အသတ် ကလည်း ရှိနေခဲ့တယ် ...။ အဲဒီအချိန်မှာ ဆရာရေးတဲ့ ဆောင်းပါးတွေ၊ အယ်ဒီတာ့ အာဘော်တွေကို မကျေနပ်သူ၊ ကျေနပ်သူ၊ ဝေဖန်သူတွေ ပိုများလာတယ် ... အယ်ဒီတာ့ထံ ပေးစာတွေ၊ ဖုန်းလက်ခံ ရရှိမှုတွေ ပိုများလာတယ် ... သဘောတူသူ မက သဘောမတူ မကျေနပ်သူတွေ မဖတ်ဘဲ မနေနိုင်တဲ့ စာမျက်နှာတွေ ... မပြောဘဲ မနေနိုင်တဲ့ ဖုန်းခေါ်ဆိုမှုတွေ ဖြစ်လာတယ် ...။
၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာတော့ တွန်းခဲ့တဲ့ ကျောက်တုံး မရွေ့ခဲ့လို့ အယ်ဒီတာ အဖွဲ့ကို တောင်းပန်ခဲ့တယ် ...။ စာဖတ်သူတွေကို တောင်းပန်ခဲ့တယ် ...။ ဒါပေမယ့် သူ ဆက်တွန်းနေ ဦးမယ့် အကြောင်း၊ ချောတိုင် ဆက်တက်မယ့် အကြောင်း အားမာန်အပြည့်၊ စိတ်ဇောအဟုန် အပြည့်နဲ့ ပြောခဲ့ ရေးခဲ့တယ် ...။
ဆရာဝန်ပဲ လုပ်ခဲ့မယ် ဆိုရင်လည်း Creation ပါတဲ့ ပလတ်စတစ် ဆာဂျရီကိုသာ လုပ်ဖြစ်လိမ့်မယ် ဆိုတဲ့ ဆရာ … ရှိတဲ့ စွမ်းအင်တွေ ပေါင်းစပ်ပြီး ဖန်တီးထုဆစ် ယူခဲ့တဲ့ ပြောင်းလဲမှုကတော့ အခုအချိန်မှာ ပုံပေါ်စ ပြုခဲ့ပါပြီ ...။ ဖြစ်စေချင်ရာကို ယုံယုံကြည်ကြည် ဖန်တီး ထုဆစ်ခဲ့တဲ့ ဆရာ ... အခုတော့ တူသူရော မတူသူတွေကပါ လွမ်းနေရပြီလေ ...။
" ဆယ်စုနှစ်ချီ မနက်တိုင်း တရားအားထုတ် တတ်တဲ့ဆရာ ... ကောင်းရာသုဂတိ လားပါစေ … "
ဇင်ဇင်သော်
0 comments:
Post a Comment