Wednesday, January 4, 2012

မြန်မာနိုင်ငံမှာ နိုင်ငံရေးဝါဒကြောင့် မညီညွတ်တာမျိုး မရှိတော့ဘူး

by Hla Shwe on Wednesday, January 4, 2012 at 10:20pm



 မောင်စူးစမ်း

စန္ဒာလွင်
အတွဲ ၂၇ ၊ အမှတ် ၅၄၁ ( ၂၈၊၁၀ - ၄၊၁၁ ၊ ၂၀၁၁)

 မေး။ ။  မြန်မာနိုင်ငံဟာ စည်းလုံးညီညွတ်တဲ့ နိုင်ငံပါလား။
ဖြေ။ ။ လက်ရှိအခြေ အနေက စည်းလုံးညီညွတ်ဖို့ကို ရည်ရွယ်ချက်ထားတာပဲ ရှိတယ်။

မေး။ ။ နိုင်ငံရဲ့ လက်ရှိ ညီညွတ်မှုအနေအထားကို ဆရာကြီး ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ။ ။ အခုက နိုင်ငံရေးဝါဒနဲ့ပတ်သက်ပြီးတော့ မကွဲတော့ဘူး။ ခေတ်ကလည်း နိုင်ငံရေးအတွေးအမြင်တွေကို အဓိကထားမှု နိဂုံးချုပ်သွားတဲ့ ခေတ် ဖြစ်တယ်။ မြန်မာနိုင်ငံမှာလည်း (အရင်တုန်းက ဖြစ်ခဲ့သလို) ၀ါဒ တွေနဲ့ပတ်သက်ပြီး မညီညွတ်တာမျိုး မရှိတော့ဘူး။ ကျန်တဲ့ Issue တွေမှာတော့ သူ့ Issue အလိုက်ပဲ ရှိတယ်။


မေး။ ။ မြန်မာလူ့အဖွဲ့အစည်းမှာ ဖြစ်ပေါ်တဲ့ မညီညွတ်မှုတွေဟာ ဘာတွေ ကြောင့်လို့ သုံးသပ်မိပါသလဲ။
ဖြေ။ ။ လွတ်လပ်ရေးရပြီး နောက်က စပြောရင် အရင် Ideology ထွန်းကား တဲ့ခေတ်တုန်းက ဆိုရှယ်လစ်ဝါဒနဲ့ လစ်ဘရယ် ၀ါဒ Ideology clash ဖြစ်တယ်။ နောက် real politic နိုင်ငံရေး အကျိုးစီးပွားအပေါ် မူတည်ပြီး ကွဲခဲ့ကြတယ်။

မေး။ ။  နိုင်ငံဖွံ့ဖြိုးအောင် ထူထောင်ရေးမှာ တစ်နိုင်ငံလုံး ညီညွတ်မှုရှိနေဖို့က အခြေခံအရေးအကြီးဆုံး ဖြစ်တဲ့အတွက် အဲဒီအတိုင်းအတာ ညီညွတ်မှုရရေး ဆရာကြီးအယူအဆအရ ဘာကို အခြေခံထားသင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ Liberal ပုံစံနဲ့ လုပ်ကြရမယ်။ သဘောထား ကွဲလွဲခွင့်တွေကို အသိအမှတ်ပြုရမယ်။ လေးစားရမယ်။ ဒီအခြေခံနဲ့လုပ် ကြရမယ်။ (တခြားပုံစံတွေဖြစ်တဲ့) အစိုးရက ချမှတ်တဲ့ အိုင်ဒီယာအပေါ် အခြေခံပြီး ညီညွတ်ရေး တည်ဆောက်တာမျိုး၊ ဒါက အာဏာရှင်စနစ်ပဲ။ ဒါမျိုး မရတော့ဘူး။ နောက် ကိုယ့်စိတ်ကူးစံ Ideal တွေချပြီး အဲဒီအပေါ် ညီညွတ်ရေးတည်ဆောက်တာမျိုး၊ Idealism clash ဖြစ်လာနိုင် တာမျိုးတွေပဲ။ ဒါမျိုး အလုပ်မဖြစ်တော့ဘူး။

မေး။ ။  နိုင်ငံညီညွတ်ရေးကို ရည်ရွယ်ပေမယ့် အခေါ်အဝေါ်မှာတင် ကိုယ့်အဖွဲ့ အစည်းအလိုက် အမျိုးမျိုး အသုံးအနှုန်း ရှိနေကြတာမျိုး အပေါ်ကို ရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ နိုင်ငံရေးဆိုတာ ခက်တယ်။ ကိုယ့် Ideal စံကို လျှောက်ပြောတိုင်းရတာ မဟုတ်ဘူး။ Idealism clash ပေါ့။ နိုင်ငံရေးကို စိတ်ကူးယဉ် Vision ကြီးတွေနဲ့ အဲဒါတွေပြောပြီး လုပ်ကြတဲ့ခေတ်ကလည်း ကုန်ပြီ။ ဥပမာ လူမျိုး၊ ဘာသာ၊ လိင်မရွေး တစ်ကမ္ဘာလုံး တစ်တန်းစား တည်း စတာမျိုး Vision ကြီးတွေနဲ့ လုပ်ခဲ့ကြတာမျိုး၊ အဲဒီခေတ်က ကုန်ပြီ။

မေး။ ။  လူမျိုးပေါင်း ၁၀၀ ကျော်ရှိတဲ့ မြန်မာ လူ့အဖွဲ့အစည်းမှာ ယဉ်ကျေးမှုရေး၊ ဘာသာရေးရာ ညီညွတ်မှု၊ မညီညွတ် မှုကိစ္စနဲ့ ပတ်သက်ပြီးရော ဆရာကြီး ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ။ ။ တိုင်းရင်းသား ယဉ်ကျေးမှုတွေဟာ လေးစားရမယ်။ respect ပေးရမယ်။ တိုင်းရင်းသားယဉ်ကျေးမှုအသီးသီးကို လေးစားတာဟာ မြန်မာနိုင်ငံအတွက် အကျိုးရှိတယ်။ ဆုတ်ယုတ်တာမဟုတ်ဘူး။ ကိုယ့်နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကိုပြတယ်။ ကြွယ်ဝမှုကို ပြတယ်။ အခုက cultural determinism ယဉ်ကျေးမှု တစ်ခုတည်းရှိရမယ်ဆိုတဲ့ခေတ် မဟုတ်ဘူး။ multi culturalism ယဉ်ကျေးမှုမျိုးစုံ ထွန်းကားစေရမယ့်ခေတ်ပဲ။ မတူတဲ့ ယဉ်ကျေးမှုတွေကို လေးစား အသိအမှတ်ပြုပြီး Dialogue လုပ်ရမှာပဲ။ တိုင်းရင်းသားယဉ်ကျေးမှု ရေးရာနဲ့ပတ်သက်ရင် တချို့ကလည်း ရိုးရိုးသားသားပေါ်တဲ့ issue ။ တချို့ ကလည်း agitate လုပ်တာ။ ဒါမျိုးတွေက နိုင်ငံရေးမှာ ရှိတတ်တယ်။ လူမျိုးရေးကို နိုင်ငံရေးလက်နက်အဖြစ် သုံးတာ။ မလုပ်သင့်ဘူး။ လူမျိုးရေးကို နိုင်ငံရေး လက်နက်အဖြစ်သုံးခဲ့လို့ ပြည်တွင်းစစ် ဖြစ်ခဲ့တာတွေ ကြာလှပြီ။ လူမျိုးတွေရဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးဆိုရင် ဥပမာ လွှတ်တော် နိုင်ငံရေး၊ ရွေးကောက်ပွဲ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ရှိရမယ်။ သူတို့ဒေသမှာ သူတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်။ အခု ကိုယ့်လွှတ်တော်နဲ့ကိုယ်လုပ် ထား တာ အတော်အဆင်ပြေတာပဲ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာမျိုးကြီး အကြီးကြီး မဟုတ်သည့်တိုင်အောင် ကိုယ့်ဒေသ ကိုယ့်ကိစ္စ ကိုယ့် လူနဲ့ကိုယ် ဆုံးဖြတ်နိုင်ခွင့် ရှိတယ်။ အရေးကြီးတာက သက်ဆိုင်ရာ ဒေသလူထုရဲ့ သဘောတူညီချက်နဲ့ အုပ်ချုပ်ခြင်း conscience က အရေးကြီးတာပဲ။ အဲဒါဖြစ်ဖို့ပဲ။ နိုင်ငံရေးသမားတွေဟာ စိတ်ကူးယဉ်ပြီး စိတ်ကူးနဲ့ ဟိုတွက်ဒီတွက် လျှောက်တွက်တာမျိုးကို ရှောင်ရ မယ်။ reality analysis ကောင်း ကောင်းလုပ်နိုင်ဖို့ သတိထားရမယ်။ ဘာသာရေးဆိုရင် ကမ္ဘာ့နိုင်ငံရေးမှာ ယဉ်ကျေးမှုချင်း ပဋိပက္ခ ဆိုပြီး ၉/၁၁ အဖြစ်အပျက်ကြီးတွေဖြစ်၊ ဘာဖြစ် ဖြစ်တယ်။ လုပ်သူကတော့ ဘင်လာဒင် က clash of ideal ပေါ့၊ လုပ်တာ။သို့သော် ဒီပြဿနာရဲ့ impact ကို ကိုင်တွယ်ရတဲ့ လူတွေက clash of Ideal အသွင်နဲ့ ပြန်မကိုင်တွယ်ဘူး။ အပေးအယူ လုပ်မယ်။ deal ပေါ့။ Adjustment of Interest အဲဒါ လုပ်လာကြတယ်။ ကမ္ဘာမှာယဉ်ကျေးမှုချင်း၊ ဘာသာရေးချင်း နားလည်မှုရရေး၊ mutual understanding of culture ကို လှည့်လာတယ်။Confrontation ပဋိပက္ခလုပ်မှုထက် နားလည်မှုရဖို့ကို အလေးပေးလာတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူပေါ့။

မေး။ ။  ပြီးခဲ့တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အပါအ၀င် အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်တွေရဲ့ ညီညွတ်ရေးအပေါ် အကျိုး သက်ရောက်မှုကို ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ။ ။ နိုင်ငံရေးကို စဉ်းစားကြတဲ့အခါမှာ တချို့က အုပ်စိုးတဲ့လူရဲ့ intention ကို အဓိကထားတယ်။ တချို့က ခေတ်ကာလ မှာ လွှမ်းမိုးတဲ့ အယူအဆ၊ အိုင်ဒီယာတွေ၊ Ideology ကို အဓိကထား စဉ်းစားတယ်။ တချို့က personality လူပုဂ္ဂိုလ်ကို အဓိကထားစဉ်းစားတယ်။ reality ပကတိအခြေအနေကို အဓိကစဉ်းစားတာ ရှိတယ်။ အဲဒီထဲမှာ reality ကို အဓိကထား စဉ်းစားတာမျိုးပဲ ကျန်မယ်။ အခု ခေတ်က ideology ၀ါဒတွေ ရဲ့ လမ်းညွှန်မှုတွေ မရှိဘူး။ သမိုင်းရဲ့ လမ်းညွှန်မှု၊ သမိုင်းလိုအပ်ချက်အရ ဆိုတာတွေ မရှိဘူး။ sober politic လုပ်ရမယ်။ အလုပ်တစ်ခုလုပ်မယ်ဆိုရင် ကိုယ်တိုင် လေးလေးနက်နက် သုံးသပ်မှုတွေနဲ့၊ creativity နဲ့ လုပ်ရမယ်။ လုပ်တဲ့အခါ ပကတိအခြေအနေ reality အပေါ် better analysis မှန်မှန် ကန်ကန် သုံးသပ်ပြီးနဲ့ better prediction of future အနာဂတ် ကို ပိုပြီးမှန်ကန်အောင်တွက်ပြီး လုပ်တတ်ဖို့ အရေးကြီးတယ်။ နိုင်ငံရေးဆိုတာ The Art of Prediction လို့ ဆိုတာပဲ။

မေး။ ။  မြစ်ဆုံမှာ ဆည်တည်ဆောက်မှုကို ကန့်ကွက်တဲ့ကိစ္စတုန်းက တစ်နိုင်ငံလုံး တော်တော် စည်းလုံးညီညွတ်တယ်လို့ ပြောဆိုကြ ပါတယ်။
ဖြေ။ ။ မြစ်ဆုံကိစ္စလိုမျိုးလည်း အခါအား လျော်စွာ ပေါ်တတ်တယ်။ ဒါတွေက by chance ပဲ။ ကံအားလျော်စွာ ပေါ်တတ်တယ်။ unexpected situation တွေ randomပေါ်တတ်တယ်။

မေး။ ။  တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုကိုရော ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ။ ။ အခုပြောတဲ့ လူမျိုးနဲ့ဆိုင်တဲ့ အခွင့်အရေးတွေကို respect ပေးဖို့ပဲ။ Armed Politic ကလည်းမလိုလားအပ်တော့ဘူး။ နိုင်ငံရေး လုပ်တဲ့အခါမှာ Street Politic,လမ်းပေါ်ထွက် ဆန္ဒပြ၊တောင်း ဆိုတာတွေလုပ်တာ။ Slogham Politic ကြွေးကြော်သံတွေ ကြွေးကြော် ပြီးလုပ်တာ အမျိုးမျိုးရှိတယ်။ ဒါတွေ မရတော့ဘူး။ လက်နက်ကိုင်နိုင်ငံရေးက တစ်ကဏ္ဍဆိုပြီး လုပ်တာမျိုး၊ ဂိုဏ်းဂဏနိုင်ငံရေးမျိုး အခုချိန်မှာ မရတော့ဘူး။ အခုက Paradignsm shift ဖြစ်သွားတာပေါ့။ ဒီမိုကရေစီနိုင်ငံရေးမှာ ရွေးကောက်ပွဲကို တန်ဖိုးထားရမယ်။ election politic ရွေးကောက်ပွဲနဲ့ လွှတ်တော်နဲ့ လုပ်တာ။ အခု လွှတ်တော်က ပင်မရေစီးပဲ။ ဒီပင်မ ရေစီးကြောင်းထဲ ၀င်ပြီး ဆွေးနွေး ရမယ်။

မေး။ ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လွှတ်တော်မှာ ၀င်ရောက် ဆွေးနွေးဖို့လို့ ယူဆတာပါလား။
ဖြေ။ ။ ညှိနှိုင်းဖို့အတွက် Forum တွေက ဆိုင်ရာပုဂ္ဂိုလ်တွေ ညှိတဲ့ Forumရှိမယ်။ လွှတ်တော်ရှိမယ်။ လွှတ်တော်ကတော့ ပင်မပဲ။ အဲတော့ crucial question က မြန်မာ ပြည်နိုင်ငံရေးမှာ ကိုယ့်စိတ်ကြိုက် မဟုတ်တဲ့ အခင်းအကျင်းမှာ ကိုယ်ပါဝင် ပတ်သက်မလား၊ မပတ်သက်ဘူးလား ဆိုတာပဲ။ နိုင်ငံရေးဆိုတာ question of capacity ပဲ။ player တွေ ဇာတ်ဆောင်တွေရဲ့ capacity ကို ကြည့်တာ။ မြန်မာနိုင်ငံရဲ့အခြေအနေကို သေချာကြည့်ရင် လွှတ်တော်နဲ့ စစ်တပ် ဒီ institution နှစ်ခုကို ကိုင်နိုင်သူ စိုးမိုးထားနိုင်သူက ဖန်တီး နိုင်မှုစွမ်းအား ပိုရှိတယ်။ ဩဇာ ရှိတယ်။ အခင်းအကျင်းကို ဖန်တီးနိုင်တယ်။ အဲတော့ ပြဿနာက ပေါ်လာတဲ့ အခင်းအကျင်းဟာ ကိုယ့်စိတ်ကြိုက် ဖြစ်ချင်မှဖြစ်မယ်။ အဲတော့ ကိုယ့်စိတ် ကြိုက်မဟုတ်တဲ့ အခင်အကျင်းမှာ ပါမလား မပါဘူးလား။ အဲဒါပဲ။ ကိုယ့် စိတ်ကြိုက်အခင်းအကျင်းမှာမှ ပါဝင်မယ်ဆိုတာမျိုးက စိတ်ကူးယဉ်လွန်း အားကြီးတယ်လို့ ယူဆတယ်။ ကိုယ့်စိတ်ကြိုက်မဟုတ်တဲ့ အခင်း အကျင်းကနေ အပြောင်းအလဲကို လုပ်နိုင်ဖို့ ကြိုးစားမလား မကြိုးစားဘူးလား ဆိုတာ၊ ဒါပဲ စဉ်းစားစရာပဲ။

မေး။ ။ အမျိုးပေါင်း အများကြီးရှိတဲ့ ယဉ်ကျေးမှုအသီးသီးကို မြှင့်တင်ရေးနဲ့ပတ်သက်ပြီး ဆရာကြီး ဘယ်လိုယူဆပါသလဲ။
ဖြေ။ ။ ယဉ်ကျေးမှုကိစ္စက တိုင်းရင်းသား ယဉ်ကျေးမှုအသီးသီး ဖြစ်ဖြစ်၊ ဘယ်သူ့ ယဉ်ကျေးမှုဖြစ်ဖြစ် ဒါဟာ natural growth ဖြစ်ရမယ်။ သဘာဝအလျောက် သူ့မြေဩဇာနဲ့ သူ့ဟာနဲ့ ကိုက်တာဖြစ်ရမယ်။ artificial growth မဖြစ်ရဘူး။ အပြင်ကနေယူလာပြီး အပင်လိုက် စိုက် လိုက်တာမျိုး၊ အပြင်ကနေ pump လုပ်ပေးတာမျိုး မဖြစ်ရဘူး။ home growth ၊ သဘာဝအလျောက် ကိုယ့်ခြံပေါက်ဖြစ် ရမယ်။ ဒါမှ ခိုင်မြဲတာကိုး။ နောက် technology လွှမ်းမိုးတဲ့ခေတ်ဆိုတော့ ယဉ်ကျေးမှုမှာ technological factor ကို ဦးစားပေးစဉ်းစားလာ ရမယ်။ technology နဲ့ ညှိရမှာပေါ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...