Monday, January 16, 2012

အင်တာဗျူး

by Sat Paing on Monday, January 16, 2012 at 8:53pm
 
အရင်ဦးဆုံး ပျော်ရွှင်ဖို့ကို လက်လှမ်းမှီသလောက် စတင်ထိတွေ့လိုက်တယ်
မဖွယ်မရာ ပျက်ယွင်းနေသော ခြေလှမ်းများနဲ့ လူတိုင်းဟာ အစိမ်းသေ သေကြ။

ဒီလိုနဲ့ ငယ်ရည်းစားမနီနဲ့ ပြန်တွေ့ဖြစ်တယ်။

မနီ မင်္ဂလာပါ ခင်ဗျာ

ဟုတ်ကဲ့ မင်္ဂလာပါ ရှင်

ခုတစ်လော မနီဟာ ကိုယ့်ကိုကိုယ် ရှင်ဘုရင်လို့ သတ်မှတ်တယ်ကြားတယ်


ဘယ်သူတွေကရော ဘယ်လိုသတ်မှတ်ကြလို့လဲရှင်

တစ်ယောက်ယောက် အတွက် လိမ္မာမှုပြုတယ်ဆိုတာကို မနီလက်ခံလား?

မဖြစ်နိုင်တာရှင် လူတွေက ကိုယ့်အတွက်ကလွဲပြီး တစ်ခြားလူတစ်ယောက်အတွက်
လိမ္မာမှုပြုတယ်ဆိုတာ ညာတာပဲ

မနီ အချစ်ဆိုတာကို ဘယ်လိုမြင်လဲ ?

လူပြောသူပြော များနေတဲ့ အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ကျွန်မ
တစ်ခုမှ လက်မခံနိုင်ပါဘူး အချစ်ဆိုတာ အမှန်တော့ တစ်ဦးတစ်ယောက်တည်းကိုပဲ
ရည်ညွှန်းထားတာပါ အဲ့ဒီတစ်ဦးတစ်ယောက်ကလဲ တစ်ခြားလူမဟုတ်ပါဘူး ကိုယ်ကိုယ်တိုင်ပါပဲ
ဥပမာရှင် မနီ=အချစ်=မနီ ။ ဒါပါပဲ လူတစ်ယောက်ဟာ အခြားလူတစ်ယောက် ဒါမှမဟုတ်
သက်မဲ့အရာတစ်ခုကို ချစ်တယ်ဆိုတာ အကြီးမားဆုံး လိမ်ညာမှုတစ်ခုပဲမဟုတ်လား

မနီဟာ အဆိုတွေကို ဘာကြောင့်ငြင်းပယ်ရတာလဲ၊ဘာကြောင့် လက်မခံရတာလဲ?

ဆိုလိုရင်းတွေ ဆိုလိုချက်တွေဟာ လူအားလုံးအတွက် အမှန်တရားတစ်ခုမဖြစ်နိုင်ဘူးလေ
အဓိက ပြသနာက လူတွေမှာပဲ ရှိတာမဟုတ်လား ကျွန်မပြောချင်တာက ရှိရင်းစွဲ အယူအဆဟောင်းတွေထဲ
ဘ၀တစ်ခုလုံးမဟုတ်တောင် တစ်စိတ်တစ်ဒေသကို ဆွဲသွင်းရင်တောင် လက်မခံနိုင်ဘူး။
ကျွန်မဟာ သူ့ကျွန်ဘ၀ကို မုန်းတီးနေတယ်လို့များ ရှင်ထင်နေသလား ကိုဆက်ပိုင်

ဒီလိုပါ မနီ အချိန်နဲ့ဒီရေသည် လူကိုမစောင့်ဆိုတဲ့ စကားကိုတော့ တစ်ကမ္ဘာလုံးနီးပါးလက်ခံထားတယ်
မနီရဲ့အမြင်ကရော?

လုံးဝ(လုံးဝ) ငြင်းပယ်ပါရစေ

ဟင်....ဘာကြောင့်

လူတွေက အချိန်ဟာ ရွေ့လျားမှု ပြုနေတယ်လို့ ထင်နေကြတယ်
အထင်တွေ မှားယွင်းနေကြောင်း ပြောပြပါရစေ
အချိန်ဆိုတာကို ရှိတယ်လို့ သတ်မှတ်ကြရအောင် ဒါမယ့်
အချိန်ဟာ ရပ်တန့်နေတယ် ဘယ်ထဲက ရပ်တန့်နေသလဲဆို
လူတွေက အချိန်ဆိုတာကိုစတင်ရှာဖွေတွေ့ရှိကတည်းက
အချိန်ဆိုတာ ရပ်တန့်ပျောက်ကွယ်သွားတယ် ရှင်နားလည်အောင်ပြောရရင်
လူတစ်ယောက်ဟာ အချိန်ရှိရာ အရပ်စီသွားမယ်ဆိုရင်ပေါ့ သူဟာအချိန်နဲ့
ကင်းလွတ်ရာ အရပ်စီရောက်သွားနိုင်တယ် အချိန်ကို ကျော်လွန်သွားနိုင်တယ်

ကျနော် မရှင်းဘူး

ရှင်ဟာ အချိန်ကို လွန်မြောက်ဖို့အတွက် ခုခေတ်ပေါ်နေတဲ့ ယဉ်တွေစီးသွားဖို့ မဖြစ်နိုင်ဘူး
ပြီးတော့ အချိန်ကိုလဲ လိုက်ရှာနေစရာမလိုဘူး ရိုးရိုးလူသာမန်ဘ၀နဲ့ပဲ ရှင်ဟာ အချိန်ကို
ကျော်လွန်ဖြတ်သန်းရမယ် ဒီလိုနဲ့ ရှင်ဟာ ဒါပေမယ့် အချိန်ကို လွန်မြောက်ဖို့ အတော်လေး
ရုန်းကန်ရမယ် သတိရတိုင်း စဉ်းစားနေရမယ် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာမယ့်
ရှင့်ခန္ဓာကို ကြည့်ပြီး ရှင်ဟာ စိတ်ပျက်လို့မရဘူး အဲ့ဒါဟာ ရှင့်အတွက် လမ်းစပဲ
လူတွေ သတ်မှတ်ချက် အရ ရှင်သေဆုံးသွားပြီးတဲ့ အခါမှာ ရှင်ဟာ ခရီးတစ်စိတ်
တစ်ဒေသကို ရောက်ရှိလာပြီပဲ ဒီလိုနဲ့ ရှင့်ဝိဥာဉ်ဟာ လွင့်လျားနေမယ်။
ရှင်ဟာ လွင့်လျားနေမယ် ။ အချိန်ကို လွန်မြောက်ဖို့ ကြိုးစားနေသူတွေထဲမှာ
အောင်မြင်သွားသူတွေ ရှိတယ်။ ရှင့်ကို လက်တွေ့ပြရရင် မြတ်စွာဘုရားရှင်ကို
ထိပ်ဆုံးမှာ ထားပြီး ပြရလိမ့်မယ်၊မြတ်စွာဘုရားဟာ ယခုမျက်မှောက် ကျွန်မသိရှိသမျှထဲမှာတော့
ပထမဦးဆုံး အချိန်ကို လွန်မြောက်သွားသူပဲ
ကဲ...ဒီလောက်ဆို ရှင်သဘောပေါက်လား

နည်းနည်းထပ်ပိုပြီး နားလည်သွားပါပြီ
ဒီတော့ မနီကရော အချိန်ကို လွန်မြောက်ဖို့ စိတ်ကူးရှိလား

စိတ်ကူးရှိယုံနဲ့ မရနိုင်ဘူးရှင့် ကျွန်မပုံစံနဲ့ အချိန်ကို မလွန်မြောက်နိုင်သေးဘူး

ဒါဆို မနီက အချိန်သည်လူကိုမစောင့်ဆိုတာကို ပြတ်ပြတ်သားသားငြင်းပယ်လိုက်ပြီပေါ့နော်

ရှင် တော်တော်ဒုံးဝေးတာပဲ ဆက်ပိုင်

ဒီရေနှင့်အချိန်သည် လူကိုစောင့်နေတယ်လို့ ခင်ဗျားပြင်မယ်ပေါ့

ဒါပေါ့   ... ကျွန်မအတွက်တော့ အချိန်ဟာ ကျွန်မကိုစောင့်နေတာပဲ
သူ့စက်ကွင်းထဲက ဘယ်သူတွေ လွတ်မြောက်မလဲဆိုတာအမြဲတမ်း စောင့်ကြည့်နေတယ်လေ
ရှင် ဒီထက်ပိုနားလည်အောင် ကျွန်မ ပုံဆွဲပြမယ်

                                                             အချိန်ဟာ စက်ဝိုင်းတစ်ခုလို့ဆိုကြပါစို့






အဲ့ဒီစက်ဝိုင်းထဲမှာ ကျွန်မတို့ ရှင်တို့အားလုံးရှိတယ် အဲ့ဒီစက်ဝိုင်းထဲမှာ
မရေတွက်နိုင်အောင် များပြားတဲ့ ကမ္ဘာတွေ နေတွေ လတွေ စကြ၀ဠာတွေရှိတယ်
အဲ့ဒီထဲကနေ ဖောက်ထွက်ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ဘူ
း ကိုဆက်ပိုင်
ရှင်ဟာ မသေမချင်း ကြိုးစားနေရုံနဲ့ မရဘူး ရှင် အခါခါ သေရမယ် အခါခါရှင်ရမယ်
ရှင် ကြိုးစားပါ

တော်တော်လေးကို နားလည်လာပါပြီ မနီ
မနီကို သတ်ဖို့မွေးဖွားလာတာကို ကျနော့် ကိုယ့်ကိုကိုယ် မချိတင်ကဲ ဖြစ်မိပါတယ်

အရေးကြီးလို့လား ကိုဆက်ပိုင်

ထားပါတော့...လူတွေရဲ့ သတ်မှတ်အဓိပ္ပါယ်ဖွင့်ဆိုချက်အော
က်မှာ
မနီနဲ့ကျနော် လွတ်မြောက်နေတာ ပျော်စရာပဲ

အဲ့လို ထင်လို့လားကိုဆက်ပိုင်

ဟင်..မဟုတ်ဘူးလား?

မဟုတ်ဘူး။
ကျွန်မဟာ လူတွေအပြင် သက်ရှိသက်မဲ့ အရာတော်တော်များများကို သနားလွန်းလို့
ကျွန်မစိတ်ကို ကျွန်မ အလိုလိုက်မိပေးနေတာ
ရှင်ဟာ ကျွန်မပြောစကားတွေကို ဘာကြောင့် လွယ်လွယ်နဲ့ နားမလည်ရတာလဲ ကိုဆက်ပိုင်

အစစ်အမှန် အမှန်တရားဆိုတာ တကယ်ရှိလား မနီ ?

ရှိတယ်။

ဘာတွေလဲ ?

မသိဘူး။

မသိပဲ ရှိတယ်ဆိုတာ လက်ခံလို့ရနိုင်ပါ့မလား?

လက်ခံခြင်း လက်မခံခြင်းတွေကို ကျွန်မ စိတ်မ၀င်စားဘူး

ဒါဆို မနီ ဘာလို့ရှိတယ်ပြောလဲ

ရှင်မေးလို့ ပြောတာ

တစ်ခုလောက်ပဲ ပြောပြပါလား မနီ

အမှန်တရားဆိုတာ လူတိုင်းအတွက် အမှန်တကယ်မလိုအပ်သလို
လူတိုင်းအတွက်လဲ မမှန်ကန်ဘူး

ကျနော် နားမလည်ဘူး

ရှင်ဟာ နားမလည်မှုတွေ များစွာနဲ့ပဲ အသက်သေဆုံးမယ့် လူတစ်ယောက် ဖြစ်တယ်ဆက်ပိုင်
ဒီလို ရှင် . . .
ရှင်လဲ ဗုဒ္ဓဘာသာ ကျွန်မလဲ ဗုဒ္ဓဘာသာ
မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ အစစ်အမှန် အမှန်တရားပါလို့ ရှင် ယုံလား လက်ခံလား

အင်း...သိရှိထားသမျှ အရာအားလုံးကိုအထိတော့ ယုံကြည်လက်ခံထားတယ်
ခင်ဗျား ကျနော့်ကို မေးခွန်းတွေ ပြန်မထုတ်ပါနဲ့။

ကျွန်မလဲ တူတူပဲ ဒါမယ့်
အစ္စလာမ်တွေအတွက် ခရစ်ရှန်တွေ အတွက် အခြား အခြား ဘာသာဝင်တစ်ချို့အတွက်
အဲ့ဒီ တရားတော်တွေဟာ လိမ်ညာမှုတွေပဲ ဆက်ပိုင် အစစ်အမှန် အမှန်တရားပါလို့
ယုံကြည်ထားတဲ့ အရာတွေဟာလူတိုင်းအတွက် မမှန်ကန်ဘူးမဟုတ်လား လူတိုင်းအတွက်
မလိုအပ်ဘူးမဟုတ်လား လိုအပ်မယ်ဆိုရင်တောင် မလိုအပ်ဘူးလို့ ခေါင်းတွင်တွင် ခါရမ်းနေတတ်တဲ့
လူတွေကြားမှာ ကျွန်မတို့ မနေသင့်တော့ဘူး ဆက်ပိုင် ။

မနီကို ကျနော် မချစ်ဘူး

ကျွန်မလဲ ရှင့်ကို မချစ်ဘူး

မနီ အောင်မြင်ကျော်ကြားသူ တစ်ယောက် ဖြစ်ချင်လား
တန်ဖိုးရှိသူ တစ်ယောက် ဖြစ်ချင်လား?

ဆက်ပိုင်ရဲ့ မေးခွန်းတွေဟာ ကျွန်မအတွက် ဟာသပျက်လုံးနဲ့မခြား
ရယ်ရွှင်ဖွယ်တွေ ဖြစ်စေတယ်။ ကျွန်မ လူတွေကို မုန်းတယ်။

မနီဆိုတာ ဘယ်သူလဲလို့ လူတွေက ကျနော့်ကို လာလာမေးကြတယ်။

ဒီတော့ ရှင်က ဘယ်လိုဖြေလိုက်လဲ

မနီဟာ ကျနော်ပါလို့ ဖြေလိုက်တာပေါ့။

ခစ်ခစ်...ဒါလဲ ဟုတ်တာပဲ

ဒါမယ့် သူတို့မယုံကြဘူးဗျ

အဲ.....အဲ့တော့ ရှင်က ဘယ်လိုထက်ဖြေလိုက်လဲ

မနီဟာ နိုင်ငံတော်ပါလို့ ဖြေလိုက်တယ်
မနီဟာ ပြည်သူပါလို့ ဖြေလိုက်တယ်
မနီဟာ လမ်းဘေးက ခွေးမလေးပါလို့ ဖြေလိုက်တယ်
မနီဟာ ပြည့်တန်ဆာမလေးပါလို့ ဖြေလိုက်တယ်
မနီဟာ ရေအိမ်ပါလို့ ဖြေလိုက်တယ်
မနီဟာ ပလာတာပါလို့ ဖြေလိုက်တယ်
မနီဟာ ကဗျာပါလို့ဖြေလိုက်တယ်
မနီဟာ ကျနော့်ကောင်မလေးပါလို့ ဖြေလိုက်တယ်
မနီဟာ အင်တာနက်ပါလို့ ဖြေလိုက်တယ်
မနီဟာ....အိုအများကြီးပဲ သူတို့ မယုံနိုင်တဲ့အရာတွေပဲ ကျနော်ပြောလိုက်တယ်
မနီဟာကျနော်ပဲ ဆိုတာ သူတို့ယုံမှ မယုံကြည်ကြပဲ။

ခုချိန်ထိ ရှင်က ယုံကြည်မှုတွေကို မျှော်လင့်နေတုန်းပဲလား ရှင်ဟာ လူညံ့တစ်ယောက်ပဲ
ဆက်ပိုင် ယုံကြည်မှုတွေကို မျက်ကွယ်ပြုပါ ယုံကြည်မှုတွေကို ကိုးကွယ်ပါ ယုံကြည်မှုတွေကို
စွဲလန်းပါ ယုံကြည်မှုတွေကို စွန့်ပြစ်ပါ။

ယုံကြည်မှုတစ်ခုကို စွဲလန်းမှုလွန်ကဲနေရင်လဲ
စွဲလန်းမှုတစ်ခုကို ယုံကြည်မှုလွန်ကဲနေရင်လဲ
အဖြေဟာအကျည်းတန်ဆဲပဲ ဆက်ပိုင်

လူတစ်ယောက်ကို ဒါမှမဟုတ် အခြားအရာတစ်ခုခုကို ယုံကြည်ဖူးလား မနီ

ကျွန်မ ကြားဖူးတာ တစ်ခုရှိတယ် လူတစ်ယောက်ကို ယုံကြည်တယ်ဆိုတာ
ကိုယ့်ကိုကိုယ် သစ္စာဖောက်တာပဲ တဲ့။

မနီဟာ တစ်ခုခုကိုများ ရှာဖွေနေတာလား?

တစ်ခုခုက ကျွန်မကို ရှာဖွေနေတာရော မဖြစ်နိုင်ဘူးလား

မနီရဲ့ အဖြေတွေဟာ မည်းညစ်ကြမ်းတမ်းနေတယ်

ဆက်ပိုင်ရဲ့မေးခွန်းတွေက ပိုဆိုးတယ်

မနီသေချင်နေပြီလား?

ဆက်ပိုင်ရော သတ်ချင်နေပြီလား

မနီကို သတ်မှဖြစ်တော့မယ်

ဆက်ပိုင်ကို သနားတယ်

အရိပ်နဲ့အကောင် ဘယ်ဟာက အရှိတရားလဲ

နှစ်ခုစလုံးက တကယ်မရှိဘူး
အရှိတရားကို အကောင်ေ၇ာအရိပ်ကော ပိုင်ဆိုင်ထားသရွေ့ ဘယ်လိုသက်ရှိမှမမြင်တွေ့နိုင်ဘူး ဆက်ပိုင်

ကမ္ဘာကြီး လုံးတယ်ဆိုတာကို မနီယုံလား

ခစ်ခစ်...ဆက်ပိုင်ဟာ ဘာကြောင့် ကလေးဆန်နေရတာလဲ
အရေးကြီးလို့လား ဆက်ပိုင်  ကမ္ဘာကြီး လုံးခြင်း မလုံးခြင်းနဲ့
မနီနဲ့ဆက်ပိုင် တွေ့ဆုံစကားပြောခြင်းက ပိုအကျိုးရှိမယ် ထင်ပါတယ်။

မဟုတ်ဘူး ..မနီဟာ အရူးပဲ

ဘယ်သူတွေကရော မရူးဘူးလဲ။




ဇာတိ(ဖျာပုံ)
13.1.2012
မနက် အစောကြီး



(မနီ တစ်ခုခုကိုများ ရှာဖွေနေတာလား
တစ်ခုခုကရော ကျွန်မကို ရှာဖွေနေတာ မဖြစ်နိုင်ဘူးလား)
အထက်ပါစာကြောင်းအား မူရင်း ရေးသားသူ တစ်ဦး ရှိနေနိုင်သည်။
သူဘယ်သူ ဘယ်ဝါဆိုတာ မမှတ်မိတော့ပါ။ (သို့) တစ်ဦးမှ မရှိနိုင်ပါ။
ရှိနေသည် ဆိုလျှင် ထိုသူ၏စာအား ကျနော် ဖတ်ဖူး၍ စွဲလန်း၍
ယခု အတွေးထဲသို့ ၀င်လာခြင်း ဖြစ်နိုင်သည်။ (သို့) မဖတ်ဖူးပဲ
ဝင်လာခြင်းလဲ ဖြစ်နိုင်သည်။ မူရင်း ရေးသားသူ ရှိလျှင် သိလျှင် ဖော်ပြပါ။
ထိုတစ်ပုဒ်လုံးအား ဖတ်ကြည့်မည်။ ဟုတ်သည်ဆိုလျှင် ကူးယူသည်ဟု ၀န်ခံပါမည်။
မဟုတ်ဘူးဆိုလျှင်လဲ ၀န်ခံပါမည်။ သို့သော်...မကျေနပ်လျှင် ကျနော့်ဟာ တရားစွဲပါး)
မနီက လိုက်ဖြေရှင်းလိမ့်မည်။ ကျနော်ထင်တာတော့ မူရင်း ရေးသားသူတစ်ယောက်
ရှိသည်ဟုထင်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...