စက်ဝိုင်းပေါ်မှ အဆုံးမဲ့ ခြေလှမ်းများ
by Aye Yay on Saturday, January 21, 2012 at 12:50pm
အဆုံးမရှိတဲ့  မရသွန်ပြိုင်ပွဲကြီးကို အမှတ်ပေးတဲ့ သူတွေက အတွေးခက်နေသည့် တိုင်အောင် လက်ခုပ် သြဘာ ပေးတဲ့ အသံတွေက ဆူညံလို့ နေဆဲ...
ပြေးသောသူတွေ မောပန်းလျှက်...
ဘယ်မှာလဲ အများလက်ခံ သတ်မှတ် ထားတဲ့  ပန်းတိုင် ဆိုတာ ၊၊
လက်ခုပ် နှစ်ဖက် တီးလို့ လက်ဝါး တွေ သွေးခြေဥ သွားပါစေ အဆုံးမရှိတဲ့ စက်ဝိုင်းပေါ်က မရသွန်း အပြေးသမား တွေအတွက် ဘယ်သောအခါမှ ပန်းတိုင်ရဲ့ အဆုံးကို ရှာတွေကြလိမ့်မည် မဟုတ်
အမှတ်ပေး ဒိုင်လူကြီးတွေ ငိုခဲ့ ကြရတာပါပဲ ၊၊
အဖိုးလက်ထက်တုံးကလည်း ဒီစက်ဝိုင်းပေါ်လျှောက်ခဲ့ ကြတယ်၊၊
အဖေ့ လက်ထက်မှာလည်း ဒီစက်ဝိုင်းအပေါ် လျှောက်လှမ်း ခဲ့ ကြတယ်၊၊
ဘယ်သူမှ အဖြေ မပေးနိင်ခဲ့ ကြဘူး၊၊
စက်ဝိုင်း ကို ခလယ်မှာထား အရှေ့ အရပ်တည့်တည့်ကို မာရသွန်ပြိုင်ပွဲ ရဲ့  ပန်းတိုင်ပါလို့  အမှတ်ပေးသူတွေက သတ်မှတ်ကြမလား ၊
တောင်ဖက် အရပ် တည့်တည့်ကို ပြိုင်ပွဲရဲ့  ပန်းတိုင်ပါလို့  ပြိုင်ပွဲဝင် အပြေးသမား တွေက သတ်မှတ်ကြမလား ၊၊
အနောက် မြောက် အရပ် တည့်တည့် ကို ပန်းတိုင် အဖြစ် လက်ခုပ် သြဘာ တီးနေတဲ့ သူတွေက သတ်မှတ် ကြမလား ၊၊
လျှောက်တာ လျှောက်လှမ်းနေဆဲ ဘယ်မှာ လဲ လမ်းဆုံး လို့  မေးခွင့်မရတဲ့  အနာဂတ်
အဆုံးမရှိ တဲ့ စက်ဝိုင်း ပေါ် မှာ ဘယ်မှာ လဲ အစ ဘယ်မှာလဲ အဆုံး ၊၊
အဆုံး မရှိတဲ့ စက်ဝိုင်း တစ်ခု ပေါ်မှာ အပြေးပြိုင်နေကြသည် အပြေး သမား တွေနှင့် အမှတ်ပေး စည်းမျဉ်းတွေက အများ သဘောတူ တဲ့  နေရာလေး တစ်ခုကို ပန်းတိုင်လို့  မသတ်မှတ် နိင်ကြသေး သမျှ ကာလ ပတ်လုံး......
စက်ဝိုင်းပေါ်မှ့ ခြေလှမ်းများ ဟာ အဆုံးမဲ့  နေမှာပါလေ........................
ဆက်ရန်
0 comments:
Post a Comment