နေပြည်တော် အနာဂတ် သဘောတူညီချက်
by Kyaw Aye on Tuesday, January 24, 2012 at 5:26pm
Written by မှူးဇော် Tuesday, 24 January 2012 11:26
နိဒါန်း
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် လက်ထက်မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပေးထားချက်များ ကို အကောင်အထည်ဖော်သည့် လုပ်ဆောင်ချက်များ ပါဝင်နေသော်လည်း အဓိကအားဖြင့် သမ္မတကြီးနှင့် ခေါင်းဆောင်များ၏ နိုင်ငံရေးစိတ်ရင်း စေတနာမှ ထွက်ပေါ်လာသော ရလဒ်များဖြစ်သည်။ သမ္မတကြီးအတွက် အဓိကစိန်ခေါ်မှုကြီး(၃)ရပ် (နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး)သည် အနာဂတ်နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အရေးကြီးလှသော အနာဂတ်ဖြစ်နေသည်။ လက်ရှိဆောင်ရွက်မှုများသည် နောင်မျိုးဆက်များအထိ ကြီးမားစွာ သက်ရောက်မှု ရှိနေမည်ဖြစ်၍ နိုင်ငံသားအားလုံးအတွက် အသက်တမျှ အရေးကြီးလှသော နိုင်ငံ့အရေး ကို Stake Holder အားလုံးက အာရုံပြုကြရန် လိုအပ်ခြင်းဖြစ်သည်။ နိုင်ငံ့အရေးကိုသတိမမူဘဲ နိုင်ငံသား (အချို့)အရေးကို ဦးစားပေးရန်လုပ်ဆောင်လာနိုင်သောအလားအလာများ မြင်တွေ့လာနိုင်ခြင်းကြောင့် နိုင်ငံသား (အချို့) အရေးနှင့် နိုင်ငံရေးကို မြင်အောင် ကြည့်ကြစေလိုသည်။
မြန်မာ့ဒီမိုကရေစီ၊ စီးပွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ Consilidation အဆင့်သို့ ရောက်/ မရောက် (မြန်မြန်ရောက်မလား၊ ကြာရှည်မှရောက်မလား) ဟူသည်မှာ Field အမျိုးမျိုးတွင် ပါဝင်နေကြသော Player အားလုံး၏ Capacity အပေါ်တွင် မူတည်နေသည်
သမ္မတကြီးဦးသိန်းစိန်သည် နိုင်ငံ့အရေးအတွက် မှန်သည်ထင်သည်ကို ပြတ်ပြတ်သားသား လုပ်ဆောင်တတ်သူ ဖြစ်ခြင်းကို မြစ်ဆုံ ဆုံးဖြတ်ချက်၊ ကျောက်မီးသွေး စက်ရုံများ စွန့်လွှတ်သည့် ဆုံးဖြတ်ချက်၊ (နောက်ဆုံးသော) လွတ်ငြိမ်းချမ်းသာခွင့် ဆုံးဖြတ်ချက်တို့ မှတစ်ဆင့် မြင်တွေ့နေရခြင်းကြောင့် အခြားသော Stake Holder များအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး (၃)ရပ် ကို အာရုံပြုသုံးသပ်ကြရန် လိုအပ်လာပြီဖြစ်သည်။ မိမိတို့ ကိုယ်စားပြုသည့် လူ့အဖွဲ့အစည်း(အနည်းစု)အကျိုး နှင့်ဆန္ဒကို ရှေ့တန်းတင်မိသဖြင့် နိုင်ငံသားအားလုံး ကိုယ်စားပြုသည့် လူ့အဖွဲ့ အစည်းကြီးတစ်ခုလုံး၏ အကျိုးနှင့်ဆန္ဒ ကို ထိခိုက်နစ်နာစေမည့် အရိပ်အယောင်များ မြင်လာနိုင်ဖွယ်ရာရှိသည့် သဘော ကိုခြုံငုံမိသဖြင့် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး၏ အကျိုးကို ဘုံရပ်တည်ချက်အဖြစ် သတ်မှတ်ပေးပါရန် အကြောင်း တင်ပြရခြင်းလည်းဖြစ်သည်။
All Inclusive သို့ ရောက်ရှိခြင်း
လက်ရှိ နိုင်ငံရေး အခင်းအကျင်းသည် ပြည်တွင်း၊ ပြည်ပ ကမ္ဘာကြီးတစ်ခုလုံးက တောင်းဆိုသော All Inclusive ကြန်အင်လက္ခဏာများသို့ စတင်ရောက်ရှိပြီ ဖြစ်၍ ဒီမိုကရေစီ ရှင်သန်စေရာသော အဆင့်သစ်တစ်ဆင့်သို့ တက်လှမ်းလိုက်ပြီဟု ဆိုနိုင်သည်။ ကမ္ဘာတစ်ဝန်းလုံးမှ အံ့အားသင့်သော မျက်လုံးပေါင်းများစွာအကြား ယနေ့မြန်မာ နိုင်ငံသည် ရဲရဲရင့်ရင့် တိုးထွက်လာခဲ့
ပြီဖြစ်သလို ကြိုးတန်းလမ်းလျှောက် အနေအထားမျိုးဖြင့် မယုံမရဲစောင့် ကြည့်နေခြင်းများ ရှိနေခြင်းကြောင့် မြန်မာ့ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအနာဂတ်သည် နိုင်ငံသားအား လုံး၏ စဉ်းစားတွေးခေါ်ဆောင်ရွက် ချက်များပေါ်တွင် မူတည်နေသည်။ ၀ါရှင်တန် သဘောတူညီချက်သည် ဘောဂေဗဒ ပညာရှင်များ၏ စဉ်းစား ဆင်ခြင်ချက်မှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ဘေကျင်း သဘောတူညီချက်သည် ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုများ၏ စဉ်းစားဆင်ခြင်ချက်မှ ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း နေပြည်တော် သဘောတူညီ ချက်မှာ လက်ရှိနိုင်ငံသားအားလုံး ၏ တွေးခေါ်ဆောင်ရွက်ချက်နှင့် လာမည့်(၄)နှစ်အတွင်း ဆက်လက် ဆောင်ရွက်ချက်များအပေါ် အခြေ ခံ၍ ဖြစ်ပေါ်လာမည် ဖြစ်ရာ မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး မော်ဒယ်လ်သည် နိုင်ငံသား အားလုံးက ဖော်ဆောင်သည့် မော်ဒယ်လ်ဖြစ်လာမည် ဖြစ်သည်။
အားလုံးပါဝင်ခွင့်ရှိလာသည့် နိုင်ငံရေးအခင်းအကျင်းသစ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား ခဲ့သလို နိုင်ငံနှင့် ပြည်သူအတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်ရန် Stake Holder အားလုံး လေးနက်ဆင်ခြင် ဆောင်ရွက်သင့်သလို မလုပ်သင့်မလုပ်ထိုက်သည်ကိုလည်း သတိဖြင့် ဆင်ခြင်ရန် လိုအပ်ကြောင်းတွေ့ရှိရသည်။ ဤနေ ရာတွင် စာရေးသူအနေဖြင့် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးသို့ ချီရာ လမ်းအတွက် ဖူကူယားမား၏ Institution (၃)ရပ်ကို မျက်မှောက်ပြုကြရန် တိုက်တွန်းလိုသည်။ ယင်း Institution (၃)ရပ်မှာ (၁) နိုင်ငံတည် ဆောက်ရေး State Building၊ (၂) တရားဥပဒေစိုးမိုးရေး Rule of Law နှင့် (၃) ဒီမိုကရေစီရှင်သန်ရေး Accountable Government and Responsible Citizen ဟူ၍ ဖြစ်သောကြောင့် မြန်မာတစ်နိုင်ငံလုံး သဘောဆောင်သော မဏ္ဍိုင်ကြီးများဖြစ်နေကြောင်း တွေ့ရှိနိုင်သည်။
လက်ရှိအခင်းအကျင်း(စီးပွား ရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး)သည် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ် ဟူသော လမ်းကြောင်းပေါ်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး တော်လှန်ရေးမျိုးဆက်များ ရင့်ကျက်ချိန်ကြနေပြီဟု လည်း သဘောရသောကြောင့် နိုင်ငံတည်ဆောက်ရေးတာဝန်ကို နိုင်ငံသားတိုင်း မျှဝေထမ်းဆောင်ကြရမည့် အချိန်အခါဟူ၍ သုံးသပ်မိသည်။
လစ်ဘရယ်ပုံစံဖြင့် သွားရမည်
နိုင်ငံတော်မှ ခင်းပြထားသော လမ်းကြောင်းသည် အမိန့်အာဏာ (အထက်မှ ခိုင်းစေခြင်း)မဟုတ်ဘဲ လစ်ဘရယ်ပုံစံဖြင့် ဆောင်ရွက်နေ ခြင်း၊ တွန်းအား မဟုတ်ဘဲ ဆွဲအား ဖြစ်နေခြင်းတို့ကြောင့် လစ်ဘရယ်ပုံစံ နှင့် လိုက်လျောညီထွေ ဖြစ်သော Agree to Disagree တို့သည် အထူး အထွေ ပြောစရာမလိုတော့သည့် ရေလဲသုံးတစ်ခု ဖြစ်လာမည်ဖြစ်သည်။ လစ်ဘရယ်ပုံစံဖြင့် သွားမည့်သဘော ရသောကြောင့် မိမိတို့အစုအဖွဲ့အလိုက် Idealism များ၊ Ideology များနိဂုံး ချုပ်သွားပြီဖြစ်သည်။ ယနေ့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီစသည့် ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစရှိသော ကြားဖြတ်ရွေးကောက်ပွဲဝင် ပါတီများကို ဖြန့်ခင်းကြည့်လျှင် နိုင်ငံရေး သဘောတရားအရ တိုးတိုက်မှုများ မရှိတော့သည်ကို တွေ့ရှိနိုင်သည်။ ၀ါဒအကွဲ အကွဲအပြားပြားမရှိတော့ သည့်နည်းတူ အမျိုးသားရေးဝါဒ (နိုင်ငံဖွံ့ဖြိုးရေး၊ နိုင်ငံသားများ ကြီး ပွားတိုးတက်ရေး)သည် ဘုံလမ်းစဉ်သဖွယ် ဖြစ်လာနေပြီဖြစ်၍ လက်ရှိ မြန်မာ့နိုင်ငံရေးကို The Art of State Building အဖြစ်ရှုမြင်နိုင်မည်ဖြစ်သည်။
ပကတိအခြေအနေမှန် Reality ကို လေးလေးနက်နက် သုံးသပ်ပြီး လက်ရှိလိုအပ်ချက် Necessity ကို စိစစ်ဖော်ထုတ်ကာ အကျိုးစီးပွားများ Adjustment လုပ်ကြရမည့် အခြေ အနေဖြစ်သည်။ ယင်း Adjustment လုပ်ဆောင်ရန်အတွက်လည်း မည်သည့်ပုံစံ၊ မည်သည့်မူဘောင်မျှ သတ်မှတ်ထားခြင်းမရှိဘဲ Liberalized Adjustment သဘောသို့ သက်ဝင်နေသောကြောင့် Stake Holder အားလုံးအနေ၏ လက်ရှိအခင်းအကျင်း အပေါ်ရှုမြင်သုံးသပ်ချက်၊ ပြုမူ ဆောင်ရွက်ချက်များမှာ အသက်သွေးကြော ဖြစ်နေပြီဖြစ်သည်။
လစ်ဘရယ်ပုံစံသည် စံပြုသတ်မှတ်ချက်များမရှိဟု ဆိုနိုင်သော်လည်း ယင်းသတ်မှတ်ချက်မှာ ပြုမူ လုပ်ဆောင်ချက်များ အတွက်သာ ရည်ညွှန်းနေခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသား အားလုံး လျှောက်လှမ်း ကျော်ဖြတ်ရမည့်အဆင့်(၃)ဆင့် ကိုမူ အောက်ပါအတိုင်း ရှုမြင်နိုင်သည် (သဘောထား ကွဲလွဲလိုက ကွဲလွဲနိုင်သော်လည်း ယင်းကွဲလွဲချက်သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ ပန်းတိုင်နှင့် ကင်းကွာမှု မရှိစေရန် အရေးကြီးကြောင်း သတိပြုစေလိုသည်)
နိဂုံး
နိုင်ငံသားအားလုံး ထားရှိသင့်သော သန္နိဋ္ဌာန်မှာ “နောက်ပြန် မလှည့်ကြေးဖြစ်၍ နောက်ကြောင်း ပြန်လှည့်လိုသော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအနေဖြင့် နောက်ကြောင်း ပြန်လှည့်လိုသည့် အကြောင်းရင်းမှန် ကို ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ထုတ်ဖော်ကြေညာရန် တိုက်တွန်းလိုသည်။ (ယင်းသို့ နောက်ကြောင်း ပြန်လှည့်လိုသည့် သဘောကို ထုတ်ဖော်ပြောကြားမှသာ Stake Holder များအတွင်း တိုးတိုက်မိခြင်းကို ရှောင်လွှဲနိုင်မည် ဖြစ်သောကြောင့် ဖြစ် သည်။)
ထို့ကြောင့်လည်း လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး အခင်းအကျင်းတွင် အိုင်ဒီယိုလော်ဂျီမရှိ၊ သမိုင်းမရှိ ၊ The Art of State Building သာရှိသည်ဟု ဆိုရခြင်းဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ၊ စီးပွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ Consilidation အဆင့်သို့ ရောက်/ မရောက် (မြန်မြန်ရောက်မလား၊ ကြာရှည်မှရောက်မလား) ဟူသည်မှာ Field အမျိုးမျိုးတွင် ပါဝင်နေကြသော Player အားလုံး၏ Capacity အပေါ်တွင် မူတည်နေသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ၊ ထာဝရငြိမ်းချမ်းရေးနှင့် ဈေးကွက်စီးပွားရေး အဆင့်(၃)ဆင့်
Transition
Liberalization
Consilidation ၁
နိုင်ငံရေး
၁ .၁။ အခြေခံဥပဒေ အငြင်းပွားမှုများရှိနေဆဲ။ ဘုံတူညီချက်ရှာဖွေနိုင် ကွဲလွဲချက်များ တစ်ဖက်နှင့် တစ်ဖက် အသိအမှတ်ပြုလာ။ အငြင်းပွားမှုမရှိတော့။
၁.၂။ ရွေးကောက်ပွဲ
အငြင်းပွားမှုများရှိနေဆဲ
အာဏာရ၊ အတိုက်အခံ သဘော ထားတူညီလာခြင်း။ အငြင်းပွားမှုမရှိတော့။
၁ .၃။ နိုင်ငံရေးပါတီများ အချို့ဝင်လာ၊အချို့ကျန်ရစ်လျက် အငြင်းပွားမှုများရှိနေဆဲ။ မတူတာခွဲလုပ်၊တူတာတွဲလုပ် အဆင့်သို့ရောက်ရှိပြီး အားလုံး ပါဝင်ခွင့် ရရှိလာ။ (တော်လှန်ရေးကိုရှောင်လွှဲလာ) တစ်ပါတီမှ အခြားတစ်ပါတီသို့ အာဏာလွှဲပြောင်းမှုများ တည်ငြိမ်မှု ရရှိလာ။ (တော်လှန်ရေးမရှိတော့)
၁ .၄။ မီဒီယာ ဖြေလျှော့မှုများ စတင်လာသော်လည်း အငြင်းပွားမှုများ ရှိနေဆဲ။ လွတ်လပ်မှုနှင့် တာဝန်ယူမှုခွဲဝေ မှုများစတင်လာ။ မီဒီယာ အကာအကွယ်ပေးမှုများ ရှင်သန်လာ။
၁ .၅။ လူ့အခွင့်အရေး
အငြင်းပွားမှုများရှိနေဆဲ။ ယုံကြည်ချက် အကျဉ်းသားဟူ၍ မရှိတော့။ (အရပ်ဘက် လူ့အဖွဲ့အစည်း အားကောင်းလာ) အငြင်းပွားမှုများမရှိတော့။ (Rule of Law အပြည့်အ၀ဖြစ်လာ) ၂
ပြည်တွင်းငြိမ်းချမ်းရေး
၂ .၁။ ယုံကြည်မှု
သံသယများရှိနေဆဲ။ အချို့ရရှိ၊ အချို့ကျန်။(သံသယအချို့ရှိနေဆဲ)
နှစ်ဦးနှစ်ဖက် အခိုင်မာဖြစ်ထွန်း။ (သံသယဟူ၍မရှိတော့)
၂ .၂။ နားလည်မှု ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး။ (စတင်မျှော်မှန်းလာ) ပစ်ခတ်တိုက်ခိုက်မှု အားလုံးစတင် ရပ်စဲ။ (သေနတ်သံ၊ ယမ်းငွေ့မမြင်ရတော့)
၂ .၃။ ပူးပေါင်း ဆောင်ရွက်မှု စေ့စပ်ညှိနှိုင်းမှုများစတင်။ မတူတာခွဲ၊ တူတာတွဲသည့် အဆင့်သို့ ရောက်ရှိ။ တစ်သားတည်းဖြစ်လာ။
၂ .၄။ထာဝရငြိမ်းချမ်းရေး
နှစ်ဦးနှစ်ဖက်မျှော်မှန်းလာ။ လက်နက်များအချို့ စွန့်လွှတ်၊ အချို့ကိုင်ထားဆဲ။ လက်နက်ကိုင် လမ်းစဉ်ဟူ၍ မရှိတော့။ ၃
စီးပွားရေး
၃ .၁။ ဈေးကွက်ယန္တရား စတင်အသက်ဝင်စပြု။ ဈေးကွက်ယန္တရား ပီပီပြင်ပြင် အသက်ဝင်လာ။ (ပြည်ထောင်စု အဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီး အဆင့်နှစ်ခုစလုံး) ယန္တရားခိုင်မာပြီး ဆက်လက် တိုးတက်သည့်အဆင့်သို့ရောက်ရှိ။
၃ .၂။ Sanction ရုပ်သိမ်းရေးအပေါ် ဖြေလျှော့ရေးအဆင့်ကို နှစ်ဖက်စလုံး လက်ခံနိုင်။ ရပ်တည်ချက် ကွဲပြားနေဆဲ။ ဆန်ရှင် ရုပ်သိမ်းရေးသည် (ရုပ်စေလိုသည့် Stake Holder အားလုံး၏ ဘက်နှင့် မရုပ်စေလိုသည့်ဘက်) ဘုံရပ်တည်ချက်ဖြစ်လာ။ ဆန်ရှင်ဟူ၍ မရှိတော့။
၃ .၃။ ပုဂ္ဂလိကကဏ္ဍ စတင်အသက်ဝင်လာ။ (Institutionများ မပြည့်စုံသေး) ခိုင်မာအားကောင်းစေမည့် ကြန်အင် လက္ခဏာများ ပြည့်စုံလာ။ (ဥပဒေ၊ နည်းဥပဒေ၊ပုဂ္ဂလိက အဖွဲ့အစည်းများ) နိုင်ငံတော်စီးပွားရေးတွင် အဓိက မောင်းနှင်အား အဖြစ်သို့ ရောက်ရှိလာ။
၃ .၄။ အခွင့်အရေး Level Play Fieldသို့ ရောက်ရန်စတင်၍ ဦးတည် ကြိုးပမ်းလာ။ (အခွင့်အရေး မညီမျှမှုများ ရှိနေဆဲ) Level Play Fieldသို့ စတင်ရောက်ရှိ။ (အချို့ ဆက်လက်၍ အခွင့်အရေး တောင်းဆိုနေကြဆဲ) အခွင့်အရေးဟူ၍ တောင်းနေစရာ မလိုတော့သည့် အခြေအနေသို့ ရောက်ရှိလာ။
EMG မှကူးယူဖေါ်ပြပါသည်။

0 comments:
Post a Comment