Sunday, January 15, 2012

အမျိုးသားပြန်လည်သွေးစည်းညီညွတ်ရေးအတွက်..အမျိုးသားသွေးစည်းညီညွတ်ရေးနဲ့သက်ဆိုင်တဲ့ စကားတွေကိုပြောကြပါ အလုပ်တွေကိုလုပ်ကြပါ

by Ei Aye on Saturday, January 14, 2012 at 2:43pm
 
လူဆိုတာ ကောင်းရာမှဆိုးရာသို့၊ဆိုးရာမှကောင်းရာသို့ ပြောင်းလည်းတတ်တဲ့သဘောတွေ ရှိတယ်ဆိုတာကို ပညာရှိပီပီသတိရှိကြစေချင်တယ်။ 

ဦးခင်ညွန့်ဆိုးခဲ့တာမှန်တယ်. ဒါငြင်းရမယ့်ကိစ္စမဟုတ်ပါဘူး။  ကံကံရဲ့အကျိုးဆိုတာကို သူနားလည်သွားခဲ့ပြီလို့ လွတ်တဲ့အခါ သူဝန်ခံသွားခဲ့တယ်။ ဒါမှန်ရင်သိပ်ကောင်းတယ်။

သုံးသပ်မိတာတစ်ခုကိုတင်ပြချင်ပါတယ်.။ ယခင်က အတွင်းရေးမှူး (၁) တာဝန်ယူထားတဲ့ ဦးခင်ညွန့်ဟာ အလုပ်လုပ်ရင်းနဲ့ လူထုနဲ့ထိတွေ့ခွင့်ရသွားတယ်.။


လူထုနဲ့ထိတွေ့ရင် လူထုမေတ္တာကြောင့် သံမဏ္ဏိတောင်အရည်ပျော်သွားနိုင်တယ်.။

နိုင်ငံတကာနဲ့ဆက်ဆံရင်းနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကို သိသွားတယ်.။ တိုင်းရင်းသားတွေနဲ့ဆက်ဆံရင်းနဲ့ တိုင်းရင်းသားရေးရာကိစ္စတွေကိုနားလည်သွားတယ်.။ သူ့ လက်ထက်မှာ ကိုမင်းကိုနိုင်တို့ကိုပြန်လွှွှတ်တယ်.။ ဒေါ်အောင်ဆန်းစုကြည်တို့ကိုပြန်လွှတ်တယ်.။ နှစ်ဘက်ဆွေးနွေးပွဲတွေပြန်စတယ်။ အကျင့်ပျက်လာဒ်စားနေတဲ့ ဗိုလ်ချုပ်ထွန်းကြည်နဲ့  ဗိုလ်ချုပ်ကျော်ဘကိုတာဝန်ကနေဖယ်ရှားပစ်တယ် ။တိုက်ဆိုင်မှုတွေလား ဒေါ်အောင်ဆန်းစုကြည်ကို အလွန်မုန်းနေတဲ့ ဗိုလ်ချုပ်တင်ဦး ရဟတ်ယာဉ်ပျက်ကျ  သေဆုံးသွားတယ်။ သူကိုယ်တိုင်က အဂတိရှင်းအောင်နေတယ်။  ပြည်သူတွေက သူ့ကိုတဖြည်းဖြည်းအသိအမှတ်ပြုလာတယ်။  နောက် ဗိုလ်ချုပ် သန်းရွှေက သူ့ကိုရှင်းမယ်လုပ်တော့ နိုင်ငံခြားရေးဝန်ကြီး ၀င်းအောင် ကတဆင့် ကမ္ဘာကို အသိပေးခဲ့တယ် သမိုင်းကိုမျက်ခြေမပြတ်ရင်တော့ ဒါတွေကိုမေ့မှာမဟုတ်ဘူး.

၂၀၀၄ ဂျူလိုင်လ မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်က အာစီယမ်မှာဆွေးနွေးပွဲလာတက်ရောက်တဲ့ အစိုးရအရာရှိတွေကို ယခုလိုပြောခဲ့တယ်.. ဦးခင်ညွန့်ဟာ အပြောင်းအလည်းတွေလုပ်ရင်းနဲ့  State Peace and Development Council (SPDC). နဲ့ အာဏာလွန်ဆွဲတာ အရှုံးပေါ်နေပြီ...သူအန္တရယ်ရှိနေပြီ။   သူတိုင်းပြည်ကတောင်ပြေးရမယ့်ပုံရှိတယ်.။ ပြေးရရင် သူပါပြေးရနိုင်တယ်လို့ အတိအကျပြောခဲ့တယ်။  In July, Foreign Minister Win Aung told ASEAN officials at a regional gathering in Jakarta that Khin Nyunt was losing a struggle within the State Peace and Development Council (SPDC). "He is in a dangerous position," said Win Aung, according to officials privy to the conversation. "Khin Nyunt may have to flee the country. If that happens, I will have to flee with him." http://www.time.com/time/magazine/article/0,9171,733835,00.html
 ဆိုတော့ ဒါတွေဟာဘာကိုသက်သေပြနေသလည်းဆိုတော့ ဦးခင်ညွန့်ဟာ သူ့နည်းသူ့ဟန်နဲ့သူ တိုင်းပြည်ကို ဒီမိုကရေစီတိုင်းပြည်ဖြစ်လာအောင် ပြောင်းလဲဖို့ကြိုးစားခဲ့တယ်ဆိုတာ သက်သေပြနေတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတယ်လို့ပြောတယ်..။ ဒါမကောင်းဘူးလား။  သိပ်ကောင်းတဲ့ကိစ္စပါပဲ။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့  အမျိုးသားသွေးစည်းညီညွတ်ရေး ရရှိဖို့ကြိုးပမ်းနေချိန်မှာ ဒီကိစ္စကို အလေးပေးနေစရာမလိုအပ်ဘူးလို့ ယူဆပါတယ်။စစ်အာဏာရှင်  ကြီးစိုးတဲ့ခေတ်မှာ သူတတ်နိုင်သလောက် သူလုပ်ခဲ့တာကို အသိအမှတ်ပြုရမယ် ။စစ်အာဏာရှင်  ကြီးစိုးတဲ့ခေတ်မှာ အနစ်နာခံပေးဆပ်ခဲ့ရ သူတွေအတွက် လည်းဂုဏ်ယူပါတယ်။

ကိုယ့်ကိုယ်ကိုမေးကြည့်ကြပါ။အမျိုးသားပြန်လည် သင့်မြတ်ရေးလိုချင်လား မလိုချင်ဘူးလား ၊အမျိုးသားပြန်လည် သင့်မြတ်ရေးလိုချင်ရင် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ သက်ဆိုင်တဲ့ စကားတွေပြောကြ ဖို့ အလုပ်တွေလုပ်ကြ ဖို့လိုတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...