အမေရိကန်အစိုးရအား ဝက်ဘ်ဆိုက်များက ဆန္ဒပြ
by General Knowledge on Wednesday, January 18, 2012 at 8:43pm
By Planet Originally posted 18/01/2012 18:42PM
အမေရိကန် အစိုးရအနေဖြင့် အင်တာနက် ဝက်ဘ်ဆိုက်များတွင် ပုဂ္ဂိုလ်ရေး ကန့်သတ် ထိန်းချုပ်ရန် စီမံနေကြောင်း သတင်းများကြောင့် ဝက်ဘ်ဆိုက် အနည်းဆုံး တစ်ဒါဇင်ခန့်က ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ ကမ္ဘာ့အကြီးမားဆုံး စွယ်စုံကျမ်း ဝက်ဘ်ဆိုက်ကြီး Wikipedia ဆိုလျှင် ဝက်ဘ်ဆိုက်ကို (၂၄) နာရီ အမှောင်ချထားကာ ကွန်ဂရက်တွင် တင်သွင်းထားသည့် စိစစ်ကန့်သတ်ရေး အဆိုကို ဆန့်ကျင်ကြောင်း ပြသခဲ့သည်။
အင်တာနက်၏ လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်ကို အသေသတ်သည့် လုပ်ဆောင်ချက်ဟု စွပ်စွဲချက်ဖြင့် Moveon.org နှင့် Craigslist စသည့် ဝက်ဘ်ဆိုက်များကလည်း အလားတူ ဆန္ဒပြခဲ့ကြသည်။ Boing Boing နှင့် Cheezburger ဝက်ဘ်ဆိုက်များသည်လည်း အဆိုပါ ဆန္ဒပြမှု စီမံကိန်းတွင် ပါဝင်ရန် စီစဉ်နေကြောင်း သိရသည်။ Google၊ Facebook နှင့် Twitter တို့သည်လည်း ယင်းအဆို တင်သွင်းမှုကို ဆန့်ကျင်သည်။ Google ဆိုလျှင် Home Page တွင် ကွန်ဂရက်အား အင်တာနက်ကို ဆင်ဆာမဖြတ်ရန် ပြောဆိုပေးပါဟု ရေးသားထားသည်။
အစောပိုင်းက Google သည် ၎င်း၏ Logo ကို အမည်းရောင်ခြယ်ထားပြီး ထိုအပေါ်တွင် Click နှိပ်ပါက ၎င်းတို့၏ ဆန္ဒပြမှုကို ရေးသားဖော်ပြထားသည့် Message ကို ဖတ်နိုင်မည်ဖြစ်သည်။
“အနက်ရောင် Screen ဟာ အားလုံးအတွက် သတိပေးမှုပါပဲ” ဟု Cheezburger ၏ CEO ဖြစ်သူ ဘန်ဟားက ဆိုသည်။ “အင်တာနက်မှာ စိစစ်ပိတ်ဆို့မှုတွေ လုပ်မယ်ဆိုရင် ဟောလီးဝုဒ်မှာ အထူးပြုလုပ်ချက် နည်းပညာတွေ မသုံးရဘူးလို့ တားလိုက်သလိုပဲ” ဟု MediaTapper.com မှ ဂျိမ်းစ်ဘာရန်ဖို့ဒ်က ပြောဆိုသွားသည်။
Source: USA Today
0 comments:
Post a Comment