အလွမ်းများနှင့် ကျနော်
by Zaw Aung on Saturday, July 23, 2011 at 5:39pm
ဂန္ထဝင် အလွမ်း၊ ရာဇဝင်မှာ စာတင်တဲ့အလွမ်း ညွှန်းချက်ကပြင်းသည်---
ဆရာ လူထုစိန်ဝင်းက သူငယ်စဉ် ဖွင့်လှစ်ခဲ့သည့် စကားပြောသင်တန်းကို လွမ်းသည်။
သန်းထွန်း(စကု)ကလည်း သူငယ်စဉ် သင်ကြားခဲ့ရသည့် သင်ပုန်းကြီးဖတ်စာ "ကမချ" ကို လွမ်းသည်။
ဆရာ နေမျိုးအေးကလည်း ရန်ကုန်ဆောင်း နံက်ခင်းကလေးကို လွမ်းသည်။
တချို့ ကလည်း ငယ်စဉ်ကလေးဘဝ ဆော့ကစားခဲ့ကြပုံတွေကို လွမ်းသည်--
တချို့ ကျပြန်တော့ တက္ကသိုလ် ကောလိပ်ကျောင်းသား ဘဝကို လွမ်းသည်--
တချို့ ကျတော့လည်း သစ်ပုပ်ပင်ကြီးကို --
တချို့ လည်း ဂျပ်ဆင်ကြီးကို--
တချို့ လည်း အင်းယားကန်နံဘေး ကြည်နူးခဲ့ရသည်များကို--
တချို့ လည်း ရေနီမြောင်းကလေးကို--
တချို့ လည်း တောင်ဇလပ်ပန်းတွေကို--
တချို့ လည်း ချယ်ရီတွေကို---
တချို့ လည်း စကားဝါပန်းတွေကို--
တချို့ လည်း ထင်းရှုးနဲ့ ယူကလစ် ရနံ့ကလေးတွေကို ---
တချို့ ကျပြန်တော့ ရွာနံဘေးက ချောင်းကလေးကို---
တချို့ လည်း လယ်ကွင်း စိမ်းစိမ်းတွေကို---
တချို့ လည်း အားလပ်ရက် ပျော်ပွဲစား ထွက်ခဲ့ကြသည်ကို---
တချို့ လည်း သဲသောင်နံဘေးက လှိုင်းဖွေးဖွေးလေးတွေကို---
တချို့ လည်း အိမ်ရှေ့ မင်း ထန်းတောကို---
တချို့ လည်း ငယ်ရည်စားကို---
တချို့ လည်း မိဘကို---
တချို့ လည်း -----------------
တချို့ လည်း ------------------------------------
လွမ်းကြသည်။ လွမ်း--------ရင်ထဲလှိုက်လို့ ---
အတိတ်ကိုလွမ်း----ခင်မောင်တိုး( ကိုတိုးကြီး )လည်း--
လွမ်းဖူးသည်။
လွမ်းစရာတွေ များကြသည် -- သူများတွေ လွမ်းကြတော့ ကျတော်လည်း လွမ်းချင်သည်။
သူများတွေ လွမ်းထားကြတာ များလွန်းတော့ ကိုယ့်အတွက် လွမ်းစရာ မကျန်ဖြစ်နေသည်။
ရှာကြံ လွမ်းရတော့မည်--- ဘာကို လွမ်းရင် ကောင်းမလဲ---
စဉ်းစားပြီး လွမ်းရမည်---၊ သြော်----သတိရပြီ--
တာဝန် လစ်ဟင်းမှာ စိုရိမ်လို့ မတတ်လိုက်ရတဲ့ ငါးရက် သင်တန်းကို
လွမ်းသည်----၊။
နာမည်စာရင်း အကန့်သတ်ခံလိုက်ရလို့ မတတ်လိုက်ရတဲ့ ခြောက်ရက်
သင်တန်းကို လွမ်းသည်----။
ကဲ ---- တတ်နိုင်ဘူး----လွမ်းစရာ ကောင်းမကောင်းတော့ မသိဘူး--၊
လွမ်းမိ လွမ်းရာ ရှာကြံ လွမ်းရတာပ----
0 comments:
Post a Comment