Monday, January 16, 2012

ပညာရေးစနစ်သစ်ဖြင့် ပြောင်းလဲကျင့်သုံးတော့မည်

လက်ရှိ ပညာရေးစနစ်အား ပညာရေးစနစ်သစ်ဖြင့် အစားထိုးကျင့်သုံးမည် ဖြစ်၍ သက်ဆိုင်ရာကျောင်း
အသီးသီးမှ ကျောင်းနှင့်ပတ်သက်သော အချက်အလက်များ စုစည်းကာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ
ကိုယ်တိုင် ကြီးကြပ်၍ အလျင် အမြန် စုစည်းထားကြရန် အကြောင်းကြား လိုက်သည် ...

* အခြေခံပညာဦးစီးဌာန လက်အောက်ရှိ ဆရာ/ဆရာများ၏ အခြေခံလစာအား ကျပ်ငွေ ၁၅၀၀၀၀ိ/-အဖြစ် တိုးမြင့်
သတ်မှတ်လိုက်သည်...
* အခြေခံပညာကျောင်းမျာအားလုံး၊ တက္ကသိုလ် ကောလိပ်များအားလုံးအား အခမဲ့ ပညာရေးစနစ်ကို ကျင့်သုံးမည်...

* တက္ကသိုလ်ကောလိပ်များတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် အဆင့်မြင့် လူနေ အဆောင်များ ထားရှိပေးမည်..
ကျောင်းသား/သူ မှန်သမျှ နေရာခထားပေးသော အဆောင်များတွင်သာ နေထိုင်ရမည်...
* တက္ကသိုလ်/ကောလိပ်ကျောင်းများတွင် အဆောင်များ မှ ထမင်းကြွေးသည့်စနစ်အား ပြန်လည်ကျင့်သုံးမည်...
* ကျောင်းသားအရေအတွက်နှင့် ကျောင်းဧရိယာ အကျယ်အ၀န်း မမျှမတ ဖြစ်နေပါက အထပ်မြင့် Rc ကျောင်းအဆောက်
အဦးများဆောက်လုပ်ပေးမည်... လိုအပ်ပါက ရွှေ့လျားလှေကား..ဓာတ်လှေကားများပါ တပ်ဆင်ပေးမည်...
* သန့်စင်ခန်းများအား ကျောင်းသားဦးရေ အရေအတွက်နှင့် မျှတသော သန့်စင်ခန်းများ ရရှိရေး ဆောင်ရွက်ပေးမည်...
* ဘာသာရပ် အလိုက် သင်ထောက်ကူပစ္စည်းများ အစုံအလင်ထားရှိပေးမည်...
* ကျောင်းများ/တက္ကသိုလ်များ အားလုံးသို့ ကျောင်းသားတစ်ဦးလျှင် ကွန်ပျူတာ တစ်လုံးကျ အခမဲ့ ဖြန့်ဝေပေးသွားမည်..
အခမဲ့ အသုံးပြုနိုင်သော မြန်နှုန်းမြင့် အင်တာနက်လိုင်းများလည်း တပ်ဆင်ပေးသွားမည်..
* စာသင်ခန်းများတွင် ကျောင်းသား/သူ ဦးရေ(၃၀)ယောက်လျှင် ဆရာ(၂)ယောက် တာဝန်ယူရသည့် စနစ်ကို ကျင့်သုံးမည်..(ဆရာတစ်ဦးက စာသင်ကြားပေးမည်ဖြစ်ပြီး ကျန်ဆရာတစ်ဦးက(round teacher) အဖြစ် ကျောင်းသား/သူများ သင်ကြား ပြသသည့်စာများ အပြည့်အ၀ နားလည်မှုရှိရေး လှည့်လည်ကြီးကြပ်ပေးသွားမည်)
* အခြေခံပညာလက်အောက်ရှိ ကျောင်းများ/တက္ကသိုလ်/ကောလိပ်များ အသီးသီးတို့တွင် မြန်နှုန်းမြင့် အင်တာနက်စနစ်များတပ်ဆင်ပေးသွားမည်ဖြစ်ပြီး အများအပြား ပုံနှိပ်ထုတ်ဝေနိုင်မည့် စက်များလည်း ဖြန့်ဝေထားရှိမည်...
* စာမေးပွဲစနစ်တွင်လည်း သက်ဆိုင်ရာကျောင်း/တက္ကသိုလ် အသီးသီးတို့၏ မေးခွန်းလွှာတွင်တစ်နိုင်ငံလုံး ဘာသာရပ်အလိုက် မေးခွန်းလွှာ တစ်ခုတည်းသာ ထုတ်၍ ဖြေဆိုစေမည်...စာမေးပွဲများကိုလည်း တစ်နိုင်ငံလုံး တပြေးညီ ဖြေဆိုရမည်....
ဖြေဆိုမည့်နေ့ နံက်အစောပိုင်းတွင် မြန်နှုန်းမြင့် အင်တာနက်စနစ်ဖြင့် သက်ဆိုင်ရာ စာဖြေဌာန ကျောင်းအသီးသီးသို့
မေးခွန်းလွှာများ ပေးပို့ပေးမည်ဖြစ်ပြီး အချိန်နှင့်တပြေးညီ အများအပြားcopy ပွားယူ ပြန်လည်ရိုက်နှိပ်၍ ကျောင်းသား/သူ များကို ဖြေဆိုစေမည်... မေးခွန်းများ copy ပွားရာတွင် အခက်အခဲ မရှိစေရေးအတွက် လိုအပ်သည့်စက်များအား တစ်ကျောင်းလျှင်
နှစ်စုံကျ ထားရှိပေးမည်...
* စာတော်သော ကျောင်းသား/သူများအား နိုင်ငံရပ်ခြားသို့ နိုင်ငံတော်၏ စရိတ်ဖြင့် ပညာတော်သင်များအဖြစ် စေလွှတ်ပေးမည်..
* ဘွဲ့ဒီဂရီ ရရှိပြီးသူများအား သက်ဆိုင်ရာ စက်ရုံ/အလုပ်ရုံ/ ရုံးဌာန အသီးသီးသို့ အလုပ်အကိုင်နေရာချထားရေးပါ စီစဉ်ပေးမည်...

သို့ဖြစ်ပါ၍ ကျောင်းသား/သူများနှင့် သက်ဆိုင်ရာကျောင်း/တက္ကသိုလ်/ကောလိပ် အသီးသီးတို့မှ ပညာရေးစနစ်သစ်
ကျင့်သုံး ရာတွင် အောင်မြင်ရေးအတွက် ၀ိုင်ဝန်းကူညီကြရန် အသိပေးလိုက်သည်....

                                                                                                              ပုံ ...
                                                                                                                       အိမ်မက်အရ ....

" ဖြန်း ..."
အိမ်သူသက်ထား ၏ ပါးရိုက်လိုက်သည့်အသံ ... နာကျင်သည့် ဝေဒနာကို ခံစားလိုက်ရသည်..
အိပ်မှုန်စုတ်ဖွား နှင့် မပြီ ၀ိုးတ၀ါးကြည့်လိုက်သော စူအောင့်နေသော အိမ်သူသက်ထားကို တွေ့လိုက်ရသည်...
"ဟာ.. မိန်းမကလည်းကွာ.. ဘာလို့ ရိုက်ရတာတုံး..."
" ရိုက်ရမှာပဲ..တော် အိပ်နေရင်းနဲ့ .. ပြုံးစိ ပြုံးစိလုပ်နေလို့ ... ဘယ်ကောင်မလေးနဲ့များ
တွေ့နေတာမို့ ဒီလောက်တောင် အိပ်ရင်း ပြုံးနေရတာလဲ...."
ကိုယ့် ကိုယ်ကိုယ် ပြန်စဉ်းစားမိသည်....
ငါ ဘာလို့ အိပ်ရင်း ပြုံးမိတာပါလိမ့်... အတွေးနယ်ချဲ့လို့ မှ မပြီးသေး.....

"ဖေဖေကြီး ... ဖေဖေကြီး ..သားမနက်ဖြန် ကျောင်းသွားအပ်ရတော့မှာ...
ပိုက်ဆံ စဉ်ထားဦးနော် ....အဆောင်လခက ၃၀၀၀၀ိ/- ၊ ထမင်းချိုင့်က ၅၀၀၀၀ိ/- ကျူရှင်ဘိုးက - ၅၀၀၀၀ိ/-
သား မနက်ခင်း လဘက်ရည်ဘိုးက ၂၀၀၀၀ိ/- အားလုံး တစ်လဆို ၁၅၀၀၀၀ိ/-ဆို လောက်ပါတယ် ...
သား အခု သူငယ်ချင်းတွေနဲ့ အပြင်သွားလိုက်ဦးမယ်နော် ..ဖေဖေကြီး...."

အော်.. ငါ့သားတောင် ..ဒုတိယနှစ် ရောက်နေမှကိုး ...

အစောနက .. ငါ့အိမ်မက်ကလေး..ဘယ်တောင်ရောက်သွားသည် မသိ....ပြန်မစဉ်းစားတာပဲ ကောင်းတော့မည်...
ငါ့သား ပညာရေးအတွက် တက္ကသိုလ်ကျောင်းသွားတက်ဖို့ တစ်လစာ ၁၅၀၀၀၀ိ/- ဘယ်နေရာက ခဏဆွဲရင်ကောင်းမလဲ .....
စီမံချက် ရေးဆွဲရပေလိမ့်ဦးမည်....အိမ် အသုံးစရိတ်... စနစ်သစ်ဖြင့် ချွေတာ ကျင့်သုံးရပေလိမ့်ဦးမည်...

လေးစားစွာဖြင့် . . . .
မည်သူကိုမျှ မရည်ရွယ်ပါ..တိုက်ဆိုင်မှု ရှိလျှင် ခွင့်လွှတ်ပါ .....

.http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A4905405&xgs=1&xg_source=msg_share_post

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...