Friday, January 13, 2012

ဗိုလ်ဇေယျမြေး ဖြစ်သွားတဲ့သဇင်

by Moenge Aung on Friday, January 13, 2012 at 1:38pm

Popular Journal

၂၀၁၁ ခုနှစ်ရဲ့ နှစ်ဆန်းမှာ ပရိသတ်အချစ်တော် ပြေတီဦး တစ်ယောက် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့မြေး ဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့ တောင်းရမ်းစေ့စပ် လက်ထပ်မင်္ဂလာပွဲတွေ ဆင်နွှဲပြီး ဗိုလ်ဇေယျရဲ့ မြေးဖြစ်ခဲ့သလို  အခု ၂၀၁၂ နှစ်သစ်ရဲ့ ပထမဆုံးရက်ဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာလည်း ပရိသတ် အချစ်တော် အဆိုတော်သဇင်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့မြေး တစ်ဦးဖြစ်သူ သက်နိုင်အောင်ဇေယျနဲ့ ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာလက်မှတ် ရေးထိုးတဲ့အတွက် ဗိုလ်ဇေယျရဲ့ မြေးတစ်ဦးဖြစ်လို့ သွားခဲ့ပါတယ်။
သက်နိုင်အောင်ဇေယျနဲ့ သဇင်တို့က ချစ်သူသက်တမ်း နှစ်နှစ်ကျော်မှာ လက်ထပ်ကြတာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေရှိတဲ့အတွက် လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သဇင်က ဆိုပါတယ်။ သဇင်ရဲ့ချစ်သူဟာ သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့မှာ နေထိုင်တာဖြစ်ပြီး သဇင့်အနေနဲ့ သြစတြေးလျနိုင်ငံနဲ့ မြန်မာနိုင်ငံကို သွားလိုက်ပြန်လိုက် လုပ်နေမှာဖြစ်ပါတယ်။ မင်္ဂလာဧည့်ခံပွဲကို ဖေဖော်ဝါ ရီ ၁၉ ရက်နေ့ ဆီဒိုးနားဟိုတယ်မှာပဲ ကျင်းပမှာဖြစ်ပြီး မင်္ဂလာ ညစာစားပွဲကို အဲဒီနေ့ ညနေ ၆ နာရီ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပမှာပါ။ သက်နိုင်အောင်ဇေယျနဲ့ သဇင်တို့ဟာ ရန်ကုန်တိုင်းဒေသကြီး တရာသူကြီး ဒေါက်တာဦးမင်းသိန်းရဲ့ ရှေ့မှောက်မှာ အသိသက်သေများအဖြစ် မင်္ဂလာသတို့သားဘက်က ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်၊ မင်္ဂလာသတို့သမီးဘက်က ဦးနိုင်ဝင်းနဲ့ မမဉ္ဇူ (Zu Zu Collection) တို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်မှတ် ရေးထိုးပြီး ဖြစ်တဲ့ သက်နိုင်အောင်ဇေယျနဲ့ ဇနီး သဇင်တို့ဟာ လက်ရှိမှာ မြန်မာနိုင်ငံမှာ နေထိုင်ကြကြောင်း သိရှိရပါတယ်။



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...