Thursday, January 5, 2012

ရင်နင့်စရာ လက်ဆောင်

ဟိုးတုန်းက ချမ်းသာတဲ့မိသားစု တစ်စုက မွေးဖွာလာတဲ့ ကောင်လေးတစ်ယောက်ဟာ
သူများတွေ စီးတဲ့ မော်ဒယ်မြင့်တဲ့ ကားမျိုးကို စီးချင်တယ်လို့ သူ့အဖေကို ပူဆာတယ်။

သူ့အဖေက ချမ်းသာပေမယ့် သိပ်ပြီးအလို မလိုက်တတ်တဲ့ အဖေ မျိုးဖြစ်တာ ကြောင့်
ကောင်လေးခမျာ ကားကိုမစီးရဘူးပေါ့။

ဒါပေမယ့်ကောင်လေး ယုံကြည်နေတာ တစ်ခုရှိတယ်။ အဲဒါက သူအဖေက အခု မဝယ်
ပေးပေမယ့် ခရစ်စမတ် ရောက်ရင်တော့ လက်ဆောင် အနေနဲ့ ဝယ်ပေးမယ် လို့ ထင်နေခဲ့တယ်။
နှစ်သစ်ကလည်းရောက်လု ပြီမဟုတ်လား။


ဒီလိုနဲ့ ခရစ်စမတ် ကိုရောက်လာတယ်။ သူ့အဖေ ပေးမယ့်လက်ဆောင်ကို ကောင်လေးက
မျှော်လင့်ရင်း ရင်တွေခုန်နေခဲ့တယ်။ ပေးပါပြီ။ ဒါပေမယ့် သူထင်ထားသလို ကားတော့
မဟုတ်ဘူး။ သမ္မာ ကျမ်းစာအုပ်တစ်အုပ်ဖြစ်နေခဲ့တယ်။

ကောင်လေးလည်း စိတ်ထိခိုက်သွားပြီး သူ့အဖေက သူ့ကို မချစ်ဘူး အထင်နဲ့
အိမ်ပေါ်က နေဆင်းသွားခဲ့တယ်။ သူ့အဖေဆီကို လည်း မဆက်သွယ် တော့
ဘူး။ သူ့ဟာသူ စီးပွါးရှာ ပြီး အိမ်ထောင်တွေ ဘာတွေပြု ပြီး ဘဝ တစ်ခုကို
ထူထောင်နေတယ်။

နစ်တွေ အများကြီး ကြာသွားပြီးတဲ့ နောက်သူလည်း သူ့အဖေ  အကြောင်း
စုံစမ်းကြည့်တော့ ကွယ်လွန်သွား ပြီဆိုတဲ့အကြောင်း သိလိုက်ရတယ်။
ဒါနဲ့သူလည်း သူ့အဖေ ပေးတဲ့ သမ္မာ ကျမ်းစာကို မဖတ်စဖူး ဖတ်ဦးမယ်ဆို
ပြီး ဖွင့်ကြည့်မိတယ်။


ဘာတွေ့မယ်ထင်ပါသလဲ။
သမ္မာ ကျမ်းစာအုပ်ရဲ့အဆုံးမှာ စာအုပ်အဖုံးကြားထဲမှာ ညှပ်ထားတဲ့
ကားသော့လေးကို သူတွေ့သွားတယ်။နှစ်တွေ အများကြီး ကြာပြီးမှ ပေါ့။
အဖေတွေ က သားသမီးတွေကို ချစ်ကြပါတယ်။


ကျော်ကြည်ကို(၅-၁-၁၂)
ဖတ်ဖူးသောဆောင်းပါးလေးတစ်ပုဒ်မှ ကူးပြီးဖော်ပါသည်။

  1 comment:

  1. သားဖြစ်သူမှာ အလိုမကျတဲ့ ဒေါသက ဦးစီးသွားတာကိုး

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...