Saturday, January 14, 2012

လေ့လာတတ်ရင် ဖေ့စ်ဘွတ်မှာတောင် ဒီမိုကရေစီစနစ်ရှိပါတယ်..။

by Kyaw Aye on Saturday, January 14, 2012 at 7:14pm

Kyi Wah Htun

လေ့လာတတ်ရင် ဖေ့စ်ဘွတ်မှာတောင် ဒီမိုကရေစီစနစ်ရှိပါတယ်..။ လူတယောက်ရဲ့ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့် နဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ပါပဲ..။

ဥပမာအားဖြင့် ကျမရဲ့ဖေ့စ်ဘွတ်မှာ ကျမကြိုက်တာကို လွတ်လပ်စွာ ရေးခွင့်ပြောခွင့် ရှိပါတယ်..အဲ့ဒီလိုပဲ ကျမရဲ့ မိတ်ဆွေများအနေနှင့်လဲ ကျမရေးသားမှုများကို လွတ်လပ်စွာ ထောက်ခံခွင့် ( Like ဆိုတာလေး နှိပ်လို့ ရနေသေးသ၍ ) ရှိပါတယ်..။
ထိုနည်းလည်းကောင်းပါဘဲ..ကျမ မနှစ်သက်တဲ့ ဝေဖန်ချက်များအားလဲ ကျမဖယ်ထုတ်နိုင်သလို အလွန်ဆိုးရွားလာရင်လဲ သူ့ကို ဘာအမြင် (comment)မှ ဝင်ပေးလို့ မရအောင် ဖယ်ထုတ်နိုင်ပါတယ်..။
ဒီအခွင့်အရေးဟာ ကျမတယောက်ထဲ ရနေတာမဟုတ်ဘဲ ဖေ့စ်ဘွတ်သုံးသူတိုင်း တူညီစွာရနေတဲ့အခွင့်အရေးဖြစ်ပါတယ်..။
ဒါ့ကြောင့် ကျမရေးသားချက်များအား အနှောက်အယှက်ပေးလိုသော သဘောဖြင့်လည်းကောင်း၊ အမြင်ကို မကြိုက်၍သော်လည်းကောင်း ၊ ဆန့်ကျင်ဘက် အမြင်ရှိ၍သော်လည်းကောင်း ပြောဆိုလိုပါလျှင် မိမိကိုယ်ပိုင် ဖေ့စ်ဘွတ်ဝေါတွင်သာ ရေးသားစေလိုပါတယ်..။
ဒါဟာ ဒီမိုကရေစီစနစ်မှာ ရှိတဲ့ လူတိုင်းရဲ့ တူညီတဲ့ လွတ်လပ်စွာရွေးချယ်ခွင့်နဲ့ တူညီတဲ့ လူ့ အခွင့်အရေးပါဘဲ..။ ဒီစနစ်ကို သေချာစွာ နားလည်သဘောမပေါက်ပဲ လူတယောက်ရဲ့ Facebook Wall မှာရေးသားထားတဲ့ ထင်မြင်ချက်တခုကို ၄င်းရဲ့ ပိုစ့်အောက်တွင် ဝင်ရောက်တိုက်ခိုက်ရန်ပြုခြင်း၊ မပြောရန် မရေးရန် တားဆီးခြင်းကို ပြုလုပ်သူများဟာ မိမိကိုယ်ပိုင် အရေအသွေးကို ထုတ်ယူသုံးစွဲဘို့ မကြိုးစားပဲ တပါးသူရဲ့ အောင်မြင်မှုကို မနာလို မရှုစိမ့်သူသာ ဖြစ်ပါတယ်..။ မိမိမနှစ်သက်သောသူအောင်မြင်နေသလို မိမိလဲ အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်..။
ကျမကြည်ဝါထွန်းရဲ့ ဖေ့စ်ဘွတ်မှာ လူမျိုး၊ ဘာသာ ၊ အသားအရောင် ၊ ပညာအရေအချင်း ၊ အဆင့်အတန်း ကန့်သတ်မှု မရှိပါဘူး..။ ကျမမိတ်ဆွေတွေဟာ ကျမနဲ့ တတန်းတစားတည်းလို့ သတ်မှတ်ထားတဲ့ အတန်းအစားတူသူတွေပါဘဲ..။
သို့ သော် အထက်မှာပြောပြထားတဲ့ အချက်တွေကိုတော့ နားလည်သဘောပေါက်ရန် အလွန်လိုအပ်ပါတယ်..။
၎င်းအချက်များကို သဘောပေါက်နားလည်ခြင်းမရှိပါက လေးစားမှုဆိုတဲ့ အမူအရာတခုကို ကိုင်ဆွဲထားဘို့ကိုတော့ မမေ့ပါနဲ့ ..။
ဒီမိုကရေစီမှာ အချင်းချင်းလေးစားမှုဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍတခုဖြစ်ပါတယ်..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...