Wednesday, January 18, 2012

ဦးနှောက်ထဲမှာမှတ်ထားခဲ့တဲ့မှတ်ဉာဏ်တွေရဲ့ အမှန်

by Nay Oo-People on Monday, January 16, 2012 at 3:42am
  • အားလုံးအတွက်  ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကတော့အတူတူချည်းပါပဲ.။  အဲဒီကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကိုကြည့်တဲ့ အဖြစ်အပျက်ကိုကြည့်ပုံခြင်း ယူဆပုံခြင်း ဘာသာပြန်တာချင်းမတူကြတာပါ။
  • ကိုယ်နားလည်ဘာသာပြန်လိုက်တဲ့အပေါ်မှာ ကိုယ်မှန်တယ်ထင်ပြီး ပြောနေတာတွေက တကယ်တော့ ပြောနေသူရဲ့ အတွေ့အကြုံနဲ့ သင်ကြားလေ့လာသိရှိခဲ့မှု (Based on experience and learning) ကို အရောင်ဟပ်နေတာပါ.။ အဲဒါတွေအပေါ်မှာ အခြေခံပြီး ကိုယ့်အယူအဆကိုတင်ပြပြောဆိုကြတာပဲလေ။ တခုရှိတာက ကိုယ့်ရဲ့အတွေ့အကြုံနဲ့သင်ကြားလေ့လာမှုကလည်း မပြည့်စုံနိုင်ဘူးဆိုတာ ကျနော်တို့အားလုံးသိထားကြဘို့ သတိရှိကြဘို့တော့လိုမယ်ထင်ပါတယ်။ အဲဒီလိုဆင်ခြင်သိဖြင့်သာ ပိုပြီးနီးစပ်တဲ့အမှန်ကှိုရှာနိုင်မှာပါ။
  • ပြောရရင် ဦးနှောက်ထဲမှာမှတ်ထားတဲ့မှတ်ဉာဏ်တွေနဲ့လောကကိုကြည့်ကြ ပုံဖေါ်ကြ နားလည်ယူကြတာပဲလေ။ အဲဒီမှတ်ဉာဏ်တွေထဲမှာလည်း အမှားပေါင်းများစွာပါနိုင်ပါတယ်။ ဥပမာ-ကျနော်တို့ငယ်ငယ်တုန်းကသင်ခဲ့ရတာက "အလင်းသည်ဖြောင့်တန်းစွာသွား၏" လို့သင်ခဲ့ရတာပဲ အခုတော့ "အလင်းသည်ကွေ့ကောက်ပြီးတော့လည်းသွား၏" ဆိုတာဖြစ်သွားတော့ သိပံပညာရှင်တွေတောင်မျက်လုံးပြူးခဲ့ကြရတာမဟုတ်လား။
  • တချို့ယုံကြည်မှုဆိုင်ရာကိစ္စတွေကျတော့လည်း ဖွင့်ဆိုရှင်းပြထားချက်တွေက အတွေးအခေါ်အရ ငြင်းမရအောင်ကောင်းနေ မှန်နေပေမယ့်လည်း  အဲဒီအတွေးအခေါ်အရမှန်တာနေတာတွေဟာ လူ့လောကရဲ့ပကတိလက်တွေ့တည်ရှိမှုဘ၀နဲ့ ပဋိပက္ခ္ခဖြစ်နေတတ်တာကိုတွေ့ရတတ်ပါတယ်။ ဥပမာ-ရောဘတ်အိုဝင် Robert Owen ကစပြီး ကားမတ်ခ် Karl Mark တို့ယုံကြည်ခဲ့တဲ့ လူလောကကိုအကျိုးဖြစ်စေမယ့်ဆိုတဲ့ ဆိုရှယ်လစ်စနစ်ကြီးဟာ အတွေးအခေါ်အရအလွန့်အလွန်ကောင်းမွန်နေပေမယ့်လည်း ယနေ့လူ့လောကရဲ့ပကတိလက်တွေ့တည်ရှိမှုဘ၀နဲ့ ယနေ့အချိန်ထိဆန့်ကျင်ဖက်ဖြစ်နေတဲ့အခါ ယနေ့အထိ ဆိုရှယ်လစ်စနစ်ကြီးဟာ စိတ်ကူးယဉ်သက်သက် Utopian Socialism ပဲရှိနေသေးတယ်လေ။ တဖက်မှာတော့ ဆိုးပါတယ်လို့သမုတ်ခံရတဲ့ ရိုးစွပ်ခံရတဲ့အရင်းရှင်စနစ်ကြီးကျပြန်တော့ ယနေ့လူ့လောကရဲ့ပကတိစီးပွားရေးဘ၀နဲ့ ယနေ့လူတွေရဲ့တကယ့်လက်တွေ့ဆန္ဒတွေနဲ့ လူသဘာဝပြုမှုလုပ်ဆောင်မှုတွေနဲ့ သဟဇာတသွားဖြစ်နေပြီး ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာအကျိုးစီးပွားကိုလည်း ယနေ့အထိအာမခံပေးနေပြန်တော့ သူက အောင်ပွဲရနေတာပေါ့။
  • တိုးတက်ပြီးလူ့အများစုကြီးကိုအကျိုးဖြစ်မယ့် အမှန်တရားတစ်ခုလမ်းကြောင်းတခုကိုဖေါ်ဆောင်ချင်တယ် ဆိုရင်တော့ ဖေါက်ထွက်စဉ်းစားဘို့ (Out of the Box Thinking ရှိဖို့) အပေါ်စီးကနေအားလုံးကိုမြင်နိုင်စွမ်းရှိဘို့ (Bird Eye View ရှိဘို့) လိုပြီး၊ သုတေသနလုပ် လက်တွေ့အကောင်အထည်ဖေါ်ကြည့်ဘို့ (Research and Experiment လုပ်ဘို့) လိုတယ်။ ခံယူလုပ်ဆောင်ရမယ့်စိတ်ဓါတ်က အများအကျိုးစိးပွားအတွက် လက်တွေ့ကျတဲ့အောင်မြင်မှုတွေကို ရရှိတက်လှမ်းနိုင်ဘို့ဆိုရင်  ကိုယ်မှတ်ထားတဲ့မှတ်ဉာဏ်တွေ ယုံကြည်မှုတွေကို လိုအပ်လာခဲ့ရင် ဖျက်ချပစ်လိုက်နိုင်စွမ်းရှိဘို့လိုတယ်။ သို့မဟုတ် အဲဒီမှတ်ဉာဏ်တွေကို ဆင်ခြင်ဉာဏ်သုံးပြီး ခေတ္တသိမ်းဆည်းထားလိုက်ဘို့လိုတယ်။ သို့မဟုတ် အများကိုရင်ဆိုင်ကာ အများသဘောပေါက်ခံယူလာတဲ့အချိန်အထိ ဇွဲရှိရှိ သတ္တိရှိရှိ စိတ်ရှည်ရှည်နဲ့ လမ်းညွန်ပြနေဘို့လိုတယ်။ ကိုယ်ကအာဏာရှိနေတဲ့အချိန်အင်အားသုံးပြီး အများက ကိုယ်ယုံကြည်တာကို ယုံကြည်ပြီးလုပ်လာအောင် အတင်းအကြပ်မလုပ်ဖို့လိုတယ်။ (တရုတ်က Cultural Revolution မှာမှားခဲ့တဲ့အမှားဟာ အဲဒီအမှားပဲ။ အဲဒီအမှားကြောင့်လူပေါင်းထောင်းသောင်းချီသေကြေခဲ့ရတယ်)  
  • များအကျိုးစီးပွားကိုဖေါ်ဆောင်နိုင်ဖို့အတွက် ရိုးသားတဲ့သတ္တိရှိဘို့ သည်းခံနိုင်စွမ်းရှိဘို့ မာနတရားအောက်မှာ မိမိကိုယ်ကိုပဓါနမပြုဘို့လိုတယ်။  လူတွေအကြောက်ဆုံးက မိမိမှန်တယ်လို့ တသက်လုံးယုံကြည်ခဲ့တဲ့ကိစ္စတွေကို အခြားသူတွေကတိုက်ခိုက်လာတာ (သို့) မိမိကိုယ်တိုင်က မိမိယုံထားတွေမှားနေတယ်လို့ယူဆလိုက်ရမှာကို အကြောက်ဆုံးပဲ။ တချို့ဆိုမိမိကိုယ်ကို မှားနေမှန်းသိရက်နဲ့တောင် မပြင်ဘူးကွာ သေချင်သေပလေ့စေဆိုပြီးခံယူသွားကြတဲ့သူတွေလည်းရှိတယ်။ တချို့ကျတော့လည်း မိမိယုံကြည်မှုကမှန်နေတယ်လို့ သိနေပေမယ့် အခြေအနေရဲ့ဖိအားကြောင့် ကိုယ့်ယုံကြည်မှုကို လွယ်လွယ်ပဲစွန့်လွတ်ပစ်လိုက်ကြတယ်။ အဲဒီလိုမဖြစ်ဘို့လည်းလိုတယ်။
  • အခြေအနေတခုဟာကိုယ့်အယူအဆနဲ့ဆန့်ကျင်ပြီးဖြစ်နေပေါ်နေပေမယ့်လည်း လက်တွေ့အခြေအနေမှာ အများစုကြီးအကျိုးစီးပွားအတွက်အဘက်ဘက်ကအကျိုးရှိနေမယ် ဆိုရင်တော့ ကိုယ့်အယူအဆ အတွေးအခေါ်အတိုင်းကိုယ်လုပ်ချင်တာတွေကို အချိန်ကာလတစ်ခုလောက်နောက်ဆုတ်လိုက်ဘို့ လိုကောင်းလိုမှာဖြစ်တယ်။ ထိုသို့လုပ်ခြင်းဟာ ကိုယ့်ကိုကိုယ် ကိုယ့်ယုံကြည်မှုကို ကိုယ့်လူ့အဖွဲ့အစည်းကို သစ္စ္စာဖေါက်တာမဟုတ်ဘူး။ ဒါဟာ လက်တွေ့ကျကျအများအကျိုးစီးပွားကိုဗဟိုပြုလိုက်တာ မိမိကိုယ်ကို အခြေအနေနဲ့ လိုက်ပြီး ပြုလွယ်ပြင်လွယ်ပြောင်းလွယ်ဖြစ်နိုင်အောင်လုပ်လိုက်ကာ ကိုယ်သွားချင်တဲ့ယုံကြည်မှု ခရီးလမ်းအတွက် လမ်းကြောင်းသစ်တခုထွင်လိုက်တာဖြစ်တယ်။
  • ဒီနေရာမှာအရေးကြီးတာတခုမှတ်ထားဘို့လိုတာက  အများသဘောနဲ့ အမှန်နဲ့နီးစပ်တဲ့အဓိပ္ပါယ်တခုကိုလိုချင်ရင်တော့ အများနဲ့ညှိပြီးသွားမှရတယ်.။  သို့ပေမယ့် ကိစ္စ္စတိုင်းကို  အများ အများ အများ ဆိုပြီး အများနဲ့လည်းသွားမရတာမျိုး ရှိတယ်ဆိုတာကိုလည်း သတိမမေ့ကြဘို့လိုတယ်။ တချို့ကိစ္စတွေမှာ အများညီတာတောင် မှားနေတတ်သေးတာကိုး။  ဥပမာ-ဂလီလီယို Galileo Galilei ကကမ္ဘာကြီးလုံးတယ်ပြောလို့ ယုံကြည်လို့ အဲဒီအချိန်တုန်းက ဒါကိုမမယုံကြည်ခဲ့တဲ့ အများစုကသူ့ကိုထောင်ချပြီး တဖြည်းဖြည်းချင်းသတ်တာကို ခံလိုက်ရတာ သမိုင်းမှာရှိဘူးခဲ့တာ အားလုံးအမှတ်ရဘို့လိုတယ်။
  • ချုပ်ရရင် အချို့အခြေအနေတွေမှာ အများလူထုကြီးရဲ့အကျိုးစီးပွားနဲ့ပတ်သက်လာရင် မိမိအကျိုးစီးပွားကိုနောက်မှာထားပြီး အများကို ဗဟုပြုတာဟာ လက်တွေ့မှာမမှားနိုင်ဘူး။ အဲဒါဟာရိုးသားတဲ့ သတ္တိရှိခြင်း ပြည်သူကိုအလုပ်အကြွေးပြုခြင်းဖြစ် တယ်။ အဲဒီလိုလုပ်ခြင်းဟာ မိမိယုံကြည်မှုကိုကျောခိုင်းဆန့်ကျင်တာလည်းမဟုတ်ဘူး။ အများအကျိုးကိုပစ်ပယ်ပြီး မိမိဆန္ဒယုံကြည်မှုကို အတင်းအကောင်အထည်ဖေါ်လိုက်တာသာ သတ္တိမရှိတာ သူရဲဘောကြောင်တာ လက်တွေ့ပကတိတည်ရှိမှုကိုရင်မဆိုင်ရဲတာဖြစ်တယ်။ ကိုယ်ယုံကြည်ထားတာတွေဟာ လက်တွေ့အကြောင်းတရားတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတဲ့အချိန်မှာ ဆင်ခြင်ဉာဏ်သုံးသည်းခံကာ လက်တွေ့အခြေအနေအောက်မှာအဖြစ်သင့်ဆုံးကို ရိုးရိုးသားသား သတ္တိရှိရှိ အကောင်အထည်ဖေါ်နေရင်း ... မိမိယုံကြည်မှုနဲ့ပတ်သက်လို့ရေရှည် အကောင်အထည်ဖေါ်ဖို့အခြား လမ်းသစ်များရှာနိုင်ပါတယ်..  တင်ပြမှုများကိုလုပ်ဆောင်နေနိုင်တယ်။    အဲဒီလိုလုပ်ဆောင်နေရင်း အများအကျိုးအတွက်ကိုယ်ယုံကြည်ထားတာကို ဆက်လက်ဆုတ်ကိုင်ထားနေလို့ လုပ်ဆောင်နေလို့ရတယ်။ ဒါကကိုယ့်ရဲ့ လွတ်လပ်ခွင့် မွေးရာပါလူ့အခွင့်အရေးပဲ။ ဤသို့ခံယူလုပ်ဆောင်ခြင်းအားဖြင့် အများအကျိုးစီးပွားကိုဆန့်ကျင်တဲ့အစွန်းနဲ့ အများနောက်မီးဆွဲလိုက် (လူထုနောက်မြီးဆွဲလိုက်) အစွန်း နစ်ခုကိုရှောင်ကျဉ်နိုင်ပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်။ ကျန်းမာချမ်းသာပြီးဘေးဘယာကင်းကွာကြပါစေ။

နေဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...