အနာဂတ် မြန်မာ---
စိုးနိုင်
လူနာတစ်ယောက် နှစ်ပေါင်းများစွာ အိပ်ယာထဲလဲနေရာက ထူထူထောင်ထောင်နလံထလာပြီ။ အားလုံးကလဲ ဝမ်းသာနေကြတယ်။ ရောဂါအရှင်းပျောက်ကင်းပြီး လုပ်ငန်းခွင်ဝင်သည်အထိ အခြေအနေမဟုတ်သေးသော်လည်း နှစ်ပေါင်းများစွာ မေ့မျောနေသော ကိုးမား ဝေဒနာရှင်သတိပြန်ဝင် လာသကဲ့သို့ မမျှော်လင့်သော တိုးတတ် မှုများကိုကား ဝမ်းသာအားရကြိုဆိုရပေမည်။
ထိုသို့လူမမာ နလံထစအချိန်တွင် အိပ်ယာထဲယခင်လို ပြန်လဲမသွားရအောင်အားလုံးက ဝိုင်းဝန်း ပြုစုရပေမည်။ အားပေးရမည်။ သူငတ်ခဲ့သော လှိုက်လှိုင်လှဲလှဲထောက်ခံအားပေး
မှုကိုလည်း ပေးရပေလိမ့်မည်။
ဒါမှသူအားရှိလာမည်။ အားရှိလာမှ လက်ကျန်ရောဂါများကို တိုက်ထုတ်နိုင်ပေမည်။
ထိုသို့မဟုတ်ပါက လက်ကျန်ရောဂါပိုး ပြန်တိုက်ခံရပြီး
``မလဲကျသွားပါ``ဟုမည်သူအာမခံနို င်ပါမည်နည်း။
နှစ်ပေါင်းများစွာ အရိုးစွဲနေသော ``အဘ`` ထူးခံလူတန်းစား အများကြီးကျန်သေးသည်။ သူတို့ကပုတ်သင်ညိုလို အရောင်ပြောင်းလာလျှင်တော့ အကြောင်းမဟုတ်။ ```အဘ`` ထူးခံဘဝကို နှမြောပြီး အတိုက်အခံလုပ်လျှင်ပြသ၁နာ ရှိနိုင်သည်။ ထို့အပြင် အစိုးရဟုပြောလိုက်သည်နှင့် ခေါင်းကြီးပိုင်း ဝန်ကြီးအဆင့်လောက်ကိုသာ ပြေးမြင်တတ်ကြသည်။ အမှန်တော့ အစိုးရလခစား အားလုံးအစိုးရအဖွဲ့ပင်ဖြစ်သည်။ မိမိကိုယ်တိုင် အစိုးရဝန်ထမ်းဆိုပါက မိမိဘဝကို ပြုပြင် ရမည်။ အရင်လို ဟောက်စား ခြောက်စား အကျဉ်းအကျပ်တွေ့အောင် ခွင်ဖန်စား တာမျိုး မလုပ်သင့်တော့ပေ။
ပြည်သူကလည်း ပြည်သူ့တာဝန်ကျေပြွန်ရမည်။ အခွန်လျှော့ဆောင်ချင်ရု် လိမ်လည်စာရင်းတင်မည်။ လိမ်လည်ခြင်းကို ဝန်ထမ်းကသိတော့ရစ်မည်။ ထိုသို့တားမြစ်တော့ လဒ်ထိုးသည်။ လဒ်ထိုးတော့ အဆင်းပြေသွားသည်။ အပြင်ရောင်တော့ ထိုပြည်သူအမည်ခံ မသမာသူက အစိုးရမကောင်းကြောင်း လဒ်ထိုးရကြောင်း ရေလောင်းရကြောင်း ကို ကိုယ့်သိက္ခာ ကိုပြန်မမြင်ပဲ မရှက်မကြောက်ပြောမည်။ အဲဒီလိုအရုးကတစ်မူးသာ လုပ်တာတွေလဲရှိသည်။
ထို့အပြင် လူတို့သည် ဆင်းရဲပါက အလကားနေရင်း အစိုးရအပေါ် အပြစ်ပုံချသည်။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု ကိုကား ပြန်လည်မသုံးသပ်တော့ပါ။ အစိုးရအနေဖြင့် ပံ့ပိုးမှု အပိုင်း အားနည်းတာကိုလက်ခံပါသည်.။ သို့ရာတွင် ဘယ်နိုင်ငံမှ ပင်ကိုယ်ကြိုးပမ်းမှုတစ်စုံတစ်ရာ မရှိဘဲ အစိုးရပံ့ပိုးမှုဖြင့် ချမ်းသာသွားသည်ဟူရု် မရှိနိုင်ပါ။ ထိုသို့ပံ့ပိုးနိုင်သော သယံဇာတ မျိုးလဲ မပိုင်ထားပါ။ အစိုးရပံ့ပိုး မှုမရှိသော ယခင်အစိုးရလက်ထက်မှာပင် ကိုယ့်အစွမ်းအစ ကိုအားကိုးရု် လူနေမှုအဆင့်မြင့်သွားသူတွေ ဒုနှင့်ဒေး ရှိပါသည်။
အနာဂတ်တွင် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတွေ အများကြီးရှိသည်။ ဟေးလား ဝါးလားလုပ်ပြီး ချမ်းသာလာမည်တော့မဟုတ်ကြောင်ြး ကိုသိထားသင့်သည်။
အခွင့်အလမ်းပေါလာပြီး ပြိုင်ဆိုင်မှုလည်းများလာမည်။ ဆင်းရဲသော မြို့သစ်များ
ဖွံ့ဖြိုးတိုးတတ်လာပါက နယ်မြေခံများ အရည်အချင်းမရှိလျှင်
ကိုယ့်ခြံလေးရောင်းပြီး ဝေးသထက်ဝေးသော နေရာသို့ပြောင်းပြေးရလေ့ရှိသည်. ။ ထိုသဘောတရားကိုကြိုမြင်ထားရမည်။
88 အရေးအခင်းတုန်းက အကောက်ခွန်ဌာန ဝန်ထမ်းများ ဝန်ထမ်းဝတ်စုံ အပြည့်အစုံဝတ်ပြီး လမ်းထွက်ဆန္ဒပြကြတော့ ကျွန်တော်စဉ်းစားရကျပ်သွားသည်.။ ငါတို့ဘယ်သူ့ကိုဆန္ဒပြတာလဲ။ ထိုအချိန်က အကောက်ခွန်ဌာနသည် အဆီအနှစ်တွေ အပြည့်အဝ စားနေရသော ဌာနဖြစ်သည်။ အရာရှိမပြောနှင့် ဒရဝမ် အဆင့်ပင်လျှင်ဝင်ငွေဖြောင့်သည်။ စွမ်းအင်ဝန်ကြီးဌာနမျိုးဖြစ်သည် ။
ထားလိုက်ပါတော့ အားလုံးကိုဖြစ်နိုင်လျှင်မြေ့ ပစ်လိုက်ချင်ပါသည်။
အနာဂတ်ကိုပဲ မျှော်လင့်ချက်နဲ့ တွေးချင်ပါသည်။ အခုချိန်ထိ အာဏာရှင်ဆန်သော
ဌာနများရှိသေးသည်။ ယခုလူပြောများနေသော ဆက်သွယ်ရေးဌာနကိုပဲ
ဥပမာထားပြောပါမည်။
အပြစ်ရှိလား မရှိလား မသေချာသောဖုန်းလိုင်းကို သံသယရှယုံဖြင့်လိုင်းဖြတ်ပိုင် ခွင့်မရှိပါ။
ဥပဒေသည် အပြစ်မဲ့သောပြည်သူကို အပြည့်အဝကာကွယ်ထားပေးရမည်။ အရင်က ကြားဖူးသည်
``အပြစ်ရှိတဲ့သူ တစ်ရာလွတ်ချင်လွတ်နေပါစေ အပြစ်မရှိတဲ့ပြည်သူတစ်ယောက်ကို
မထိခိုက်စေနဲ့`` တဲ့ --- မှန်ပါသည်။ ယခင်က ယောင်္ကျားအပြစ်လုပ်ရု်
ထွက်ပြေးပါက ကျန်ခဲ့သောမိန်းမကိုဖမ်းပြီးနှိ ပ်စက်ကာ ယောင်္ကျားပြန်လာအောင်လုပ်သော အကျင့်ရှိသည်။ မင်းမဲ့စရိုက်ဆန်သော အလွန်အကျူး အာဏာသုံးမှုဖြစ်သည်။
နောက်ထပ် ဖုန်းဈေးကြီးသောကိစ္စ ။ တန်ဖိုးနည်း သုံးသိန်းဖုန်းတဲ့။ ယခင် ၁၅ သိန်း ။ ၅သိန်းတို့နှင့်ယှဉ်ထိုးလျှင်ေ တာ့
တန်ဖိုးနည်းဟူသော နာမဝိသေသနကိုသုံးလို့ရပါသည်။ အမြင်ကျယ်လာသောယနေ့
ပြည်သူများကို ကား ကမ္ဘာ့ဈေးဖြင့်ယှဉ်ကြမည်ဖြစ်ရု်
တန်ဖိုးနည်းဟူသောစကားကိုမသုံးနိုင်ပါ။ တန်ဖိုးကြီးနေသေးသော သုံးသိန်းတန်ဖုန်းဟုသာပြောပြီးေ ရာင်းချသင့်ပါသည်။
အားလပ်ရက်တွင် ကျွန်တော်တို့ဝန်ထမ်းများဘုရား ဖူးထွက်ကြမည်။ ငှားထားသောကားကြီးမှာ သိန်းထောင်ကျော်တန်ပါသည်။ သို့သော်ကျွန်တော်တို့ကားငှားစီးသူများကို
ကားငှားခတွက်ရာဠ် ကားတန်ဘိုးကို စီးမည့်လူဦးရေဖြင့်စားကာ
ဈေးတွက်ခြင်းမဟုတ်ပါ။ ဆက်သွယ်ရေးကတော့ ထိုသို့တွင်လေသည်။ နတ်ဝါ့ခ်
တည်ဆောက်ခကို ရမည့်ဖုန်းလိုင်းအရေအတွက်နဲ့စား ပြီးတန်ဘိုးသတ်မှတ်မှတော့ နောင်အနှစ် ၂၀ ကြာမှ ကမ္ဘာဖုန်းဈေး အတိုင်းဖြစ်လာနိုင်သည်။
နိုင်ငံတော်သမ္မတကြီးအနေဖြင့် အကျပ်အတည်းများက တစ်ခုပြီးတစ်ခု ဘေးကျပ်နံကျပ် တွေ့နေရသည်။ နိုင်ငံရေးအကျဉ်းသားကိစ္စကိုလည်း သမ္မတ အာဏာသုံးပြီး စွန့်စွန့်စားစားလုပ်လိုက်ရု် ကျေးဇူးအထူးတင်ပါသည်။ မြစ်ဆုံကိစ္စ မျိုးပင် စွန့်စားရသောကိစ္စမှန်းနားလည်ရပါ သည်။ ယခုဆက်သွယ်ရေးကိစ္စ ၅၀၀၀ တန်ကိုလုပ်ပိုင်ခွင့်ချမပေးလျှ င်လည်း မကောင်း ပုဂ္ဂလိက ကလည်းနောက်ဆုတ်ပါတယ်လို့ မကြေညာသေး ။ ဆက်သွယ်ရေးနှင့်လည်း နတ်ဝါ့ခ် ဆက်မှ အရင်ဖုန်းတွေသုံးနေသူများအဆင်ြေ ပမည်။ လူတစ်ယောက်တည်း ဖုန်းနှစ်လုံးကိုင်ဘို့ကလည်း ရှက်စရာကြီး--
ဒီတော့ ကျွန်တော် ဆဌ အာရုံခံပြီး အနာဂတ်ကိုကြည့်လိုက်တော့ သူတို့ပြောသလို နှစ်သိန်းခွဲ သုံးသိန်းဝန်းကျင်နဲ့ရောင်းလို့ မရတော့ ။အထုတ်ပြည်ပြီးအပုတ်နံ့ကထွက်ေ နလို့
ကျွန်တော်လည်း မင်းတို့ဖုန်းကို အနည်းဆုံး ငါးသောင်းနဲ့
နှစ်သိန်းကြားရောင်းရမယ်လို့ အမိန့်ပေးလိုက်တယ် ---ဟဲ ဟဲ (အိပ်မက်ထဲမှာ)
written by ko soe naing
လူနာတစ်ယောက် နှစ်ပေါင်းများစွာ အိပ်ယာထဲလဲနေရာက ထူထူထောင်ထောင်နလံထလာပြီ။ အားလုံးကလဲ ဝမ်းသာနေကြတယ်။ ရောဂါအရှင်းပျောက်ကင်းပြီး လုပ်ငန်းခွင်ဝင်သည်အထိ အခြေအနေမဟုတ်သေးသော်လည်း နှစ်ပေါင်းများစွာ မေ့မျောနေသော ကိုးမား ဝေဒနာရှင်သတိပြန်ဝင် လာသကဲ့သို့ မမျှော်လင့်သော တိုးတတ် မှုများကိုကား ဝမ်းသာအားရကြိုဆိုရပေမည်။
ထိုသို့လူမမာ နလံထစအချိန်တွင် အိပ်ယာထဲယခင်လို ပြန်လဲမသွားရအောင်အားလုံးက ဝိုင်းဝန်း ပြုစုရပေမည်။ အားပေးရမည်။ သူငတ်ခဲ့သော လှိုက်လှိုင်လှဲလှဲထောက်ခံအားပေး
နှစ်ပေါင်းများစွာ အရိုးစွဲနေသော ``အဘ`` ထူးခံလူတန်းစား အများကြီးကျန်သေးသည်။ သူတို့ကပုတ်သင်ညိုလို အရောင်ပြောင်းလာလျှင်တော့ အကြောင်းမဟုတ်။ ```အဘ`` ထူးခံဘဝကို နှမြောပြီး အတိုက်အခံလုပ်လျှင်ပြသ၁နာ ရှိနိုင်သည်။ ထို့အပြင် အစိုးရဟုပြောလိုက်သည်နှင့် ခေါင်းကြီးပိုင်း ဝန်ကြီးအဆင့်လောက်ကိုသာ ပြေးမြင်တတ်ကြသည်။ အမှန်တော့ အစိုးရလခစား အားလုံးအစိုးရအဖွဲ့ပင်ဖြစ်သည်။ မိမိကိုယ်တိုင် အစိုးရဝန်ထမ်းဆိုပါက မိမိဘဝကို ပြုပြင် ရမည်။ အရင်လို ဟောက်စား ခြောက်စား အကျဉ်းအကျပ်တွေ့အောင် ခွင်ဖန်စား တာမျိုး မလုပ်သင့်တော့ပေ။
ပြည်သူကလည်း ပြည်သူ့တာဝန်ကျေပြွန်ရမည်။ အခွန်လျှော့ဆောင်ချင်ရု် လိမ်လည်စာရင်းတင်မည်။ လိမ်လည်ခြင်းကို ဝန်ထမ်းကသိတော့ရစ်မည်။ ထိုသို့တားမြစ်တော့ လဒ်ထိုးသည်။ လဒ်ထိုးတော့ အဆင်းပြေသွားသည်။ အပြင်ရောင်တော့ ထိုပြည်သူအမည်ခံ မသမာသူက အစိုးရမကောင်းကြောင်း လဒ်ထိုးရကြောင်း ရေလောင်းရကြောင်း ကို ကိုယ့်သိက္ခာ ကိုပြန်မမြင်ပဲ မရှက်မကြောက်ပြောမည်။ အဲဒီလိုအရုးကတစ်မူးသာ လုပ်တာတွေလဲရှိသည်။
ထို့အပြင် လူတို့သည် ဆင်းရဲပါက အလကားနေရင်း အစိုးရအပေါ် အပြစ်ပုံချသည်။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု ကိုကား ပြန်လည်မသုံးသပ်တော့ပါ။ အစိုးရအနေဖြင့် ပံ့ပိုးမှု အပိုင်း အားနည်းတာကိုလက်ခံပါသည်.။ သို့ရာတွင် ဘယ်နိုင်ငံမှ ပင်ကိုယ်ကြိုးပမ်းမှုတစ်စုံတစ်ရာ မရှိဘဲ အစိုးရပံ့ပိုးမှုဖြင့် ချမ်းသာသွားသည်ဟူရု် မရှိနိုင်ပါ။ ထိုသို့ပံ့ပိုးနိုင်သော သယံဇာတ မျိုးလဲ မပိုင်ထားပါ။ အစိုးရပံ့ပိုး မှုမရှိသော ယခင်အစိုးရလက်ထက်မှာပင် ကိုယ့်အစွမ်းအစ ကိုအားကိုးရု် လူနေမှုအဆင့်မြင့်သွားသူတွေ ဒုနှင့်ဒေး ရှိပါသည်။
အနာဂတ်တွင် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတွေ အများကြီးရှိသည်။ ဟေးလား ဝါးလားလုပ်ပြီး ချမ်းသာလာမည်တော့မဟုတ်ကြောင်ြး
88 အရေးအခင်းတုန်းက အကောက်ခွန်ဌာန ဝန်ထမ်းများ ဝန်ထမ်းဝတ်စုံ အပြည့်အစုံဝတ်ပြီး လမ်းထွက်ဆန္ဒပြကြတော့ ကျွန်တော်စဉ်းစားရကျပ်သွားသည်.။ ငါတို့ဘယ်သူ့ကိုဆန္ဒပြတာလဲ။ ထိုအချိန်က အကောက်ခွန်ဌာနသည် အဆီအနှစ်တွေ အပြည့်အဝ စားနေရသော ဌာနဖြစ်သည်။ အရာရှိမပြောနှင့် ဒရဝမ် အဆင့်ပင်လျှင်ဝင်ငွေဖြောင့်သည်။ စွမ်းအင်ဝန်ကြီးဌာနမျိုးဖြစ်သည်
ထားလိုက်ပါတော့ အားလုံးကိုဖြစ်နိုင်လျှင်မြေ့
အပြစ်ရှိလား မရှိလား မသေချာသောဖုန်းလိုင်းကို သံသယရှယုံဖြင့်လိုင်းဖြတ်ပိုင်
နောက်ထပ် ဖုန်းဈေးကြီးသောကိစ္စ ။ တန်ဖိုးနည်း သုံးသိန်းဖုန်းတဲ့။ ယခင် ၁၅ သိန်း ။ ၅သိန်းတို့နှင့်ယှဉ်ထိုးလျှင်ေ
အားလပ်ရက်တွင် ကျွန်တော်တို့ဝန်ထမ်းများဘုရား
နိုင်ငံတော်သမ္မတကြီးအနေဖြင့် အကျပ်အတည်းများက တစ်ခုပြီးတစ်ခု ဘေးကျပ်နံကျပ် တွေ့နေရသည်။ နိုင်ငံရေးအကျဉ်းသားကိစ္စကိုလည်း သမ္မတ အာဏာသုံးပြီး စွန့်စွန့်စားစားလုပ်လိုက်ရု် ကျေးဇူးအထူးတင်ပါသည်။ မြစ်ဆုံကိစ္စ မျိုးပင် စွန့်စားရသောကိစ္စမှန်းနားလည်ရပါ
ဒီတော့ ကျွန်တော် ဆဌ အာရုံခံပြီး အနာဂတ်ကိုကြည့်လိုက်တော့ သူတို့ပြောသလို နှစ်သိန်းခွဲ သုံးသိန်းဝန်းကျင်နဲ့ရောင်းလို့
0 comments:
Post a Comment