Tuesday, January 10, 2012

အကျဉ်းသားများ ထပ်လွှတ်ရန် ပြောသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆို

by General Knowledge on Tuesday, January 10, 2012 at 7:29pm

By Pyi Myanmar Originally posted 10/01/2012 16:12PM



 အကျဉ်းသားများ ထပ်မံလွှတ်ရန် ပြောသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ၄-၁-၂၀၁၂ ရက်က ပြုလုပ်သည့် ဝါရင့် နိုင်ငံရေးသမားကြီးများ မိတ်ဆုံစားပွဲတွင် ပြောကြားလိုက်သည်။

  “လွှတ်ပေးစေချင်သလောက်၊ မြန်စေချင်သလောက် မြန်မြန် လွှတ်မပေးတာ ဟုတ်တယ်။ ဒါပေမဲ့ မလွှတ်ပေးပါဘူး ဆိုတဲ့ အဓိပ္ပာယ်တော့ မသက်ရောက်ဘူး။ ဒီလို လွှတ်ပေးဖို့လိုတဲ့ ဟာကိုလည်း ကျွန်မတို့ ဆက်ပြောရမယ်” ဟု ယင်းက ပြောသည်။

ထို့ပြင် အကျဉ်းကျနှစ်များကို လျှော့ပေါ့ပေးသော ကိစ္စနှင့် ပတ်သက်၍ အားမရဖြစ်သည်များကို မိမိတို့ ကြားရကြောင်း၊ မိမိတို့လည်း အားမရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ပြီးခဲ့သည့် ၃-၁-၂၀၁၂ ရက်တွင် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ရာတွင် နိုင်ငံရေးအကျဉ်းသား (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ) မှာ ၃၃ ဦးသာ ပါရှိခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။

ပြီးခဲ့သည့် ၂-၁-၂၀၁၂ ရက် ညနေ ၄ နာရီကျော်က နိုင်ငံပိုင် ရုပ်မြင်သံကြားမှ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၂ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့်ဖြင့် ကြေညာခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၏ အရှိန်အဝါကို ယုံကြည်ကြောင်း၊ သို့သော် လူတစ်ဦးတစ်ယောက်တည်းနှင့် ပြောင်းလဲရန် ဖြစ်နိုင်မည် မဟုတ်ကြောင်း ထပ်မံ ပြောကြားခဲ့ကြောင်း သိရသည်။

မေငယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...