အာရှနွားရဲ့ပါးစပ်ပေါက်တွေ ခြေသံလုံလုံနဲ့ နီးကပ်လာ
by Sat Paing on Wednesday, January 18, 2012 at 9:11pm
ဗိုက်ဟာ ကြက်သီးထလောက်အောင်ဆာလောင်နေတယ်
အဲ့ဒီအသံကို နားစွင့်ထား အတွေးအခေါ်ဟာ တစ်ခါတစ်ရံ လွဲကြတာပဲ
ဘာမဆို လာယူပါ နောက်ပြီး နာမည်ကြီးသူခိုးတွေနဲ့ နေရာခြင်း အသက်ခြင်း လဲကြတယ်
နံကြားထဲထိုးသွင်းခံထားရတဲ့ ပိုး ဟာ သူ့ကိုယ်သူ သူတော်ကောင်းလို့ အော်တယ်
တကယ်ပါ ခင်ဗျားဟာ ဘာမှမသိဘူး မဟုတ်လား
အကြောတွေကို လေသလပ်ခံရတာ အရသာ တစ်ခုလိုဖြစ်နေပြီ ချစ်တယ်ဆိုတာတောင်
ဘာမှန်းမသိပဲ ချစ်ကြတယ်၊စောက်ပြသနာပဲ
အဲ့သလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် လက်မောင်းခြင်း ယှဉ်လှဲကြ
ခွေးခွေးခြင်း နမ်းရှူတ်ကြ ပူအိုက်လွန်းကြတော့ အနွေးထည်ထူထူတွေ ၀တ်ကြတယ်
ရေနွေးပူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် လောင်းချကြတယ်
အဲ့ဒီရာစုမှာတစ်ယောက်ပြီး တစ်ယောက်မက မွတ်သိပ်မှုတွေပဲ ကိုင်ဆောင်
ခုနောက်ပိုင်း ကဗျာရွတ်ဖို့ အတွက်ပဲ ကဗျာရေးဖြစ်တော့တယ်
ပျော်ကြွလွန်းတော့ မီးရှူးမီးပန်းတွေနဲ့ ပက်ကြတယ်
အမြဲတမ်း ပျော်နေတော့လဲ ဟာသပဲ
ကျမ်းစာတွေ အများကြီးမတတ်တော့လဲ ခက်သားလား နွေးထွေးတယ်ဆိုတဲ့ မေတ္တာဟာ
ငယ်ငယ်တုန်းက ပုံပြင်မဟုတ်လား တစ်ယောက်တစ်ပေါက်နဲ့ ဖိနှိပ်ကြ ကိုင်ပေါက်ကြ
အားရှိတိုင်း ကြာရှည်မခံဘူးဆိုတာ သက်သေပြသွားတယ်၊ကမ္ဘာနဲ့ချီပြီး ပြောဆိုမှ လူရာဝင်သတဲ့
အဟတ်....ဟာသပဲ ဆိုက္ကားပဲ နင်းစားမယ် ကူလီပဲထမ်းစားမယ် ပျော်ပွဲရွှင်ပွဲဟာ ကံဇာတာကို
ဖိနင်းထား လေရှူပုံမှားနေတာထက်စာရင် လေရှူနေရခြင်းကိုက မင်္ဂလာတစ်ပါးပဲ
ဘာမဆို ဘယ်သူ့ကိုမဆို ဘယ်အဖွဲ့အစည်းကိုမဆို တိုက်ခိုက်ဖို့ အသင့်ပဲ
စစ်သွေးကြွတွေကို မီးခြစ်ထဲသွင်းထားတဲ့ အရိပ်ဟာအကောင်ဖြစ်လာပြီး
အကောင်ဟာ အရိပ်ဖြစ်သွားပြီ ကျနော်အသည်းကွဲတယ်ဆိုတာကို မယုံကြည်ဖို့
ကျနော့်ကို ယုံကြည်ပေးပါ မစင်တောထဲက လောက်တွေဟာ မစင်တောထဲမှာ
ဘုရင်ဖြစ်နေရတာကိုပဲ ပျော်ရွှင်နေတယ် ငရဲမင်းကြီးကို ယုံကြည်ဖို့
ငရဲမင်းကြီးက ကျနော်ပြောတာကို အရင်ယုံကြည်ပေးတယ်(ယုံလား)
ခက်ခက်ခဲခဲ ထမင်းတွေနဲ့ ပါးစပ်ပေါက်တွေဟာ "အ" ကုန်တယ်
"အ" ချင်ယောင်လဲ ဆောင်တယ် ငါးပါးသီလမရှိရင် လူတွေဟာ အရပ်ရှည်လာကြလိမ့်မယ်
ဒီလိုဆိုတော့လဲ တိုင်းပြည်ဟာ စွတ်နေကြခြေအိတ်အဟောင်းအတိုင်း
ပဲ
ပျော့အိ ပျော့အိလေး
ကျနော်ဟာ အာရှနွားပါ ခြိမ့်သဲအောင်ဟာ အာရှနွားပါ မြန်မာနိုင်ငံဟာ အာရှနွားပါ
ကဗျာဟာ အာရှနွားပါ ချော့ကလက်နဲ့ဘီယာဟာ အာရှနွားပါ ပြီးတော့ ရှကီရာဟာ
ကျနော့် မယားပါ ခြေသံအောက်က မရဏခေါ်သံကိုတစ်စွန်းတစ်စကြားရပြီ
ကျနော်ဟာ နေပူထဲမှာ ပြေးလွှားနေ။
ဇာတိ(ဖျာပုံ)
2012
မှတ်ချက် - ကဗျာခေါင်းစဉ်အား ကိုမင်းလုလင် မှပေးသည်။
0 comments:
Post a Comment