Tuesday, January 3, 2012

အဖေ

အဖေ..

အိမ်ထောင်တခု တာဝန်တရပ်အား

အယူအမှန်တည့်လို့ကာ သူစွမ်းဆောင်
...
မိသားတစုလုံးရဲ့ ဦးခေါင်းတွဲသဏ္ဍာန်ပ

အစွမ်းရှိသမျှ ရှေ့ ဆောင်လမ်းပြ

စံပြုထိုက်ပါတဲ့ တို့ရဲ့ ဖေဖေ။

အဖေ…

သား သမီးတတွေ စံနမူနာပြုစေလောက်အောင်

အပြောအဆို လုပ်ရပ်များအား သတိကြီးစွာဖြင့်

လူ့လောက အမှားတွေ သွန်သင်ဆုံးမလို့ပင်

သူ့အမှားတွေ အလျင်သုံးသပ်လို့ပြင်ပြ

အဆိုအမိန့်များစွာအား သိအပ်စေထား

လောကီဘောင်ကို အမြင်အကြည်ဓါတ်ထားတတ်စေ

ဆုံးမစကား အစဉ်ပြောဆိုကြားကာ ရှေ့ ဆောင်လမ်းပြ

စံပြုထိုက်ပါတဲ့ တို့ရဲ့ ဖေဖေ။

အဖေ…

အချစ်မခမ်းစေ အိမ်ထောင်သက်တမ်း

ပျော်ရွှင်ဖွယ်ရာ နေ့ရက်တိုင်းရယ်ဖြစ်စေ

ချစ်ဇနီးကို အကြင်နာထားကာဖြင့်

ချစ်သားသမီးတတွေကို မေတ္တာထားကာဖြင့်

ဘ၀ခရီးလမ်းမသွေ ချင့်ချိန်စကားတွေဆိုလို့ကာ

ကြည်နူးစေ ရွှန်းဖေါက်ကာခွန်းဆင့်လို့ ရံဖန်ရံခါ

တင့်ဆန်းပလေ စိတ်မညစ်ညူးရစေအောင်

အိမ်တွင်းသာယာစေ ရှေ့ ဆောင်လမ်းပြ

စံပြုထိုက်ပါတဲ့ တို့ရဲ့ ဖေဖေ။

အဖေ…

ဖောက်ပြန်သော အမူအကျင့်တွေကိုစက်ဆုပ်

မတရားအနိုင်ကျင့်မှုတွေကို ဆန့်ကျင်ဖီလာ

ရဲဝံ့သော စကားဆိုကာ တုန့်ပြန်တတ်သည့် ဗီဇ

အများမျက်ရည်ပေါက်တွေ ထောက်ရှုစာနာ

မိုးခါးရေ ငါမသောက်ဆိုသည့် မူဝါဒ

အကျင့်နှင့်သီလကောင်းတွေ ရှေ့ ဆောင်လမ်းပြ

စံပြုထိုက်ပါတဲ့ တို့ရဲ့ ဖေဖေ။

အဖေ…

အမိုးပေါက် ထရံပျက်ပျက်

ပုဆိုးပြဲ စွတ်ကျယ်ပေါက်ပေါက်

မင်းတို့ရဲ့ စိတ်ဓါတ် အောက်တမ်းမရောက်အောင်နေ

အ၀တ်အစားဆိုတာ ကွပ်ထားရုံသပ်သပ် အချိန်မရွေး ပြောင်းလို့ကာ ဆင်နိုင်သကွဲ့

ယုတ်ညံ့စိတ်ဓါတ် စွဲကပ်တတ်သဘော စောကြောမနေနဲ့ အဲ့ဒါအဟုတ်ကွဲ့

လူ့ဘ၀ ခဏနေချိန်ကာလ တပါးသူ(အများသူငါ) ကိုယ်၊စိတ်ဒုက္ခမရောက်အောင်ရှောင်ကွ

လူလား လားမြောက်တဲ့ လူဖြစ်အောင်နေကြ အစဉ်ဆိုဆုံးမ

လေးစားလောက်ပါတဲ့ တို့ရဲ့ ဖေဖေ။

အဖေ…

ပညာရဲ့ တန်ဖိုး မြတ်နိုးကာလေးစား

ပညာမငတ်ရစေဖို့ စာအုပ်စာပေ၀ယ်ကာဖတ်ပြ

စာပေကျင့်သားရအောင် သမီး သားတို့အား ပေးဝေမျှ

မျိုးစေ့ရင့်သန်အောင် ရှေ့ ဆောင်လမ်းပြ

စံပြုထိုက်ပါတဲ့ တို့ရဲ့ ဖေဖေ။

အဖေ…

ရောင်စုံကောက်ကြောင်းများထဲ အနုပညာအသွေးချယ်သ

သားသမီးတွေရဲ့ ပုံတူကြအောင် ဆွဲချယ်ကာဖေါ် ပြ

နူးညံ့ခြင်း သဘောအဆင်းတွေ ကူးဆက်စေ

ထူးမြတ်ခြင်း ကဗျာ့ဓါတ်ခံတွေ ပေးဝေမျှ

အစ အလယ် အဆုံး သေသပ်စွာပြီးဆုံးစေဖို့လမ်းညွှန်ပြ

ကျေးဇူးကြီးမြတ်ပါတဲ့ ချစ်ဖေဖေ
See More

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...