Sunday, January 1, 2012

စိတ်ရင်းအတိုင်းဆို ဘုရင်မပဲ ဖြစ်ချင်တာ မိဖုရား ဖြစ်လာတော့လည်း မိဖုရားကောင်း တစ်ယောက်ဖြစ်အောင် နေထိုင်ရတာပေါ့ (ခိုင်ဝါ)

by Moenge Aung on Sunday, January 1, 2012 at 4:43pm
8 Days Journal

မိန်းမတစ်ယောက်ဟာ သူ့ဂုဏ်ပုဒ်၊ သူ့စွမ်းဆောင်ချက်၊ သူ့အတတ်ပညာနဲ့ သူရပ်တည်လာခဲ့ပေမယ့် အိမ်ထောင်ပြုတဲ့အခါ ယောက်ျားဖြစ်သူရဲ့ အရိပ် လွှမ်းမိုးမှုကို အနည်းနဲ့အများ ခံစားရပါတယ်။  ဒါကြောင့် နာမည်ကျော်ကြား ထင်ရှားတဲ့ မိန်းမတစ်ယောက်ရဲ့ ရင်တွင်းစကားကို တူးဖော် ကြည့်မိလိုက်ပါတယ်.... ပါရမီဖြည့်ဖက် ဆိုတာက အများကြီး ဖွင့်ဆိုလို့ ရတာပေါ့။ ကိုယ့်အနေနဲ့ ကိုယ့်ခင်ပွန်းသည်ကို လက်တွေ့ကျကျ ပါရမီဖြည့်တာက သူစိတ်ချမ်းသာအောင်ရယ် ချစ်တဲ့ကလေးတွေကို လိမ္မာရေးခြားရှိအောင် သွန်သင်ပေးတာ။ သူ့ရဲ့ အခက်အခဲတွေကို နားထောင်ပေးတာပေါ့။
သူမနှစ်သက်တဲ့ အပြုအမူတွေကိုတော့ ကိုယ်က အလုပ်ဘူးပေါ့။ ပါရမီဖြည့်ဖက်မှန်ရင် စိတ်ညစ်တယ်ဆိုတာ မရှိပါဘူး။
 အန်တီတို့ဆို ငယ်ငယ်က အိမ်ထောင်ကျပြီး တစ်ပတ်အကြာမှာ ဦးက ရှေ့တန်း ထွက်သွားရတယ်။ စစ်ဆင်ရေး ခြောက်လပေါ့။ တစ်လပဲ အနားရတယ်။ အဲဒီ အနားရတဲ့ အချိန်လေးမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရှိ ကြည်ကြည်နူးနူး ပျော်ပျော်ရွှင်ရွှင်ပဲ ဘဝကို ဖြတ်သန်းခဲ့တယ်။ ဦးတာဝန်ကျတဲ့ နေရာက သိမ်ဇရပ် ခ.လ.ရ (၂) မှာ၊ သူစစ်ဆင်ရေး ထွက်သွားပြီ ဆိုရင် အန်တီက ရန်ကုန်ကို ပြန်တယ်။ ရန်ကုန် ရောက်ပြီဆို ကိုယ်ဝါသနာပါတဲ့ အနုပညာ သီချင်းတွေ ဆက်ဆို၊ အဲဒီလိုနဲ့ စစ်ဆင်ရေး ခြောက်လပြည့်ရင် သူပြန်လာမယ့် အချိန်လေးကို သီချင်းဆိုရင်းနဲ့ စောင့်နေရတာပေါ့။ အဲဒီလို နေခဲ့ရတာလေးကို စိတ်ညစ်စရာလို့တော့ မတွေးဘူး။ ဒါက ဘဝနဲ့ ရင်ဆိုင်ရမယ့် ကိစ္စတစ်ခုလိုပဲ ခံစားရပါတယ်။
 အန်တီတို့နှစ်ယောက်မှာ အဲဒီအချိန်တုန်းက ဖိတ်စာလာရင် အနုပညာ သမားတွေထဲကဆိုရင် အန်တီ့နာမည် တပ်ပြီး လာတတ်တယ်။ အများဆုံး ဖိတ်စာက ဌာနဆိုင်ရာ အနေနဲ့ ဆိုတော့ ဦးနာမည် တပ်တာ များတယ်။ အန်တီကတော့ မြန်မာ့စကား ဆိုရိုးလေးအတိုင်း သားကိုသခင်၊ လင်ကို ဘုရားဆိုတဲ့ အတိုင်းပဲ ကျင့်ကြံ နေထိုင်ပါတယ်။ အိမ်ထောင်စု တစ်ခုကို တိုင်းပြည်နဲ့ တင်စားပြီး ကိုယ့်ကို ဘာဖြစ်ချင်လဲမေးရင် ကိုယ့်စိတ်ရင်းအတိုင်းဆို ဘုရင်မပဲ ဖြစ်ချင်တာပေါ့။ ဗိသာနိုး ဘုရင်မကြီးလိုလေ။ သဘောကျတယ်။ တကယ်တမ်းကျတော့ ဘဝမှာ စိတ်ကူးယဉ်ရတာ အရသာ အရှိဆုံးပဲ။ ဒါပေမဲ့ မိဖုရား ဖြစ်လာတော့လည်း မိဖုရားကောင်း တစ်ယောက် ဖြစ်အောင် နေထိုင်ရတာပေါ့။ အန်တီလည်း ပြည့်စုံတဲ့ အိမ်ထောင်ရှင်မ တစ်ယောက်တော့ မဟုတ်သေးပါဘူး။ ကြိုးစားနေဆဲပါပဲ။ သာယာ ပျော်ရွှင်တဲ့ အိမ်ထောင်စုဖြစ်ဖို့က စိတ်ရှည်သည်းခံမှု ရှိဖို့က အရေးကြီးဆုံးပါပဲ။
 မေသက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...