Monday, January 16, 2012
ဘားရက်ဦးသိန်းစိန်
    နိင်ငံခြားသား ပြည်ပဆောင်းပါးရှင်တစ်ဦးက သမ္မတဦးသိန်းစိန်ကို
ပြောင်းလဲရေးသမားဂေါ်ဘာချက်နဲ့  နှိင်းယှဉ်ခံရတာထက် bottom to up ..,
change ဆိုတဲ့ ကြွေးကြော် သံတွေနဲ့  လူဖြူသမ္မတလောင်းတွေအပေါ် ကျော်ဖြတ်
အနိင်ယူနိင်ခဲ့ တဲ့ လူမည်းနွယ်ဖွား၊ ပထမဦးဆုံးအမေရိကန်သမ္မတဖြစ်တဲ့
ဘားရက်အိုဘားမားလို သာမာန်ပြည်သူအများရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေး
လိုစိတ် ပြင်းပြတဲ့  သမ္မတတစ်ဦးအဖြစ် မြင်တွေ့ ချင်ပါတယ်..။
     မြန်မာပြည်သူအများစုကတော့ မိသားစုဘ၀တွေ လုံခြုံအေးချမ်းပြီး အလုပ်
အကိုင်အဆင်ပြေပေါများစေချင်ကြပါတယ်..။ ဒါတွေဖြစ်လာဖို့ က နိင်ငံရေး
အကျဉ်းသားလွတ်ပေးရေးနဲ့  ပြည်တွင်းငြိမ်းချမ်းရေးရယူတည်ဆောက်နိုင်မှုနဲ
့တိုက်ရိုက်ပတ်သက်နေပြန်ပါတယ်..။ ဒါတွေ မြန်မြန်လုပ်နိင်လေ နိင်ငံတကာက
စီးပွားရေးပိတ်ဆို့ မူ့ လျှော့ချဖို့ မြန်ဆန်ပြီး မြန်မာနိုင်ငံထဲကို နည်းပညာနဲ့ 
အရင်းအနှီး ရောက်နိုင်မှု မြန်ဆန်နိင်မှာပါ..။
    နိုင်ငံရေးအကျဉ်းသားလွတ်ပေးမှုက အစိုးရဲ့ သဘောထားနဲ့ လုပ်ဆောင်ပေးမှု
အပေါ်မှာသာ အများကြီးတည်မှီနေပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှု
ကတော့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေရဲ့ ရပ်တည်မှုနဲ့ 
သဘောထားအပေါ်မှာလည်း မူတည်နေတဲ့ အတွက် တကယ်ကို အရေးတကြီးနဲ
့နားလည်စိတ်ရှည်မှုတွေနဲ့ ဖြေရှင်းရတာမျိုးပါဘဲ..။ ဒါကိုသာ သမ္မတဦးသိန်းစိန်က
အခုလက်ရှိသူ့ ရဲ့ သမ္မတသက်တမ်းအတွင်းမှာအောင်မြင်အောင် ဆောင်ရွက်နိင်မယ်
ဆိုရင် ခေတ်အဆက်ဆက်က မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ သမ္မတွေကို
ကျော်ဖြတ်ပြီး မြန်မာပြည်သူတွေက ဘားရက်ဦးသိန်းစိန်လို့ နှိုင်းယှဉ်သတ်မှတ်
ကြမှာပါ..။
    မြန်မာနိုင်ငံ အမြန်ဆုံး အေးချမ်း ချောင်လည် ဖွံ ဖြိုးတိုးတက်ပြီး နိုင်ငံတကာ
အလည်မှာ ဂုဏ်ယူစွာ ရပ်တည်နိင်စေဖို့  မြန်မာနိင်ငံသားတိုင်းက ပြင်းပြင်းပြပြ
ဆန္ဒရှိကြမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးက မဖြစ်လာနိုင်စရာ အကြောင်း မရှိပါဘူး
လို့  ယုံကြည်မိပါတယ်။
                                                   ( S ခင်ဇိုင် )
-အသံတွေက ပြောင်းလဲလာတယ်၊ ဒေါင်းဇာဏီကို ချစ်ကြတာ
ကြောင့်ထင်တယ်၊ ကောင်းတာနဲ့ ဖြန့်ပေးလိုက်တယ်။
                                                                     ကိုပီတာ
စမ်းချောင်း
I pray for you. please pray for me.
                                   peter l ure
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...