Saturday, January 21, 2012

လတ်တလော စီးပွါးရေးပြဿနာများကို အမြန်ဆုံးဖြေရှင်းဖို့လိုဟု ၈၈ မျိုးဆက်များကဆို

by Yangon Press International on Saturday, January 21, 2012 at 9:06pm
Recent economic problems must be solved immediately - 88 generation students

ဖန်န၀ါရီ ၂၀ ၂၀၁၂ (YPI) - လတ်တလော ဖြေရှင်းရမည့် စီးပွားရေးပြဿနာကှိုမျှမဖြေရှင်းနိုင်ဖူးဆိုလျှင် ဒီမိုကရေစီအရေး၊လူ့အခွင့်အရေးနှင့်တိုင်းရင်းသား အရေးပြဿနာများကိုဖြေရှင်းရန်လည်းလွယ်ကူလိမ့်မည်မဟုတ်ဟု ရန်ကုန်မြို့ တော်ဝင် စင်တာတွင်ယနေ့ပြုလုပ်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားများ၏သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။


"လတ်တလောမဖြေရှင်းရင် မဖြစ်တော့တဲ့စီးပွားရေးပြဿနာတွေအများ ကြီး ရှိတယ်။ကာလတိုတို လေးအတွင်းမှာ ရင်ဆိုင်ဖြေရှင်းရမဲ့ စီးပွားရေးပြဿနာတွေကိုမှကျွှန်တော်တို့မဖြေရှင်းနိုင်ဘူးဆိုရင်ကျန်တဲ့ပြဿနာတွေအကုန်လုံးကိုပါ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်တို့နားလည် ထားပါတယ်"ဟု ၈၈ မျိုးဆက်ကျောင်းသားကိုလှမျိုးနောင်ကသတင်းမီဒီယာတစ်ခု၏မေးမြန်းမှုကိုဖြေကြားခဲ့သည်။

၎င်းတို့၈၈ မျိုးဆက်အနေဖြင့် စီးပွားရေးပြဿနာကို ဖြေရှင်းရန်အထူးအလေးအနက်ထားကြောင်းကိုလည်း ပြောဆိုခဲ့သည်။
 မြန်မာနိုင်ငံအနေနှင့်၁၉၉၀ခုနှစ် နောက်ပိုင်းကာလများတွင် ဆိုရှယ်လစ်စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းပြီဟု ပြောဆိုရေးသားနေခဲ့ကြသော်လည်း အနှစ်နှစ်ဆယ်ကျော် ကျင့်သုံးခဲ့သော ဈေးကွက်စီးပွားရေးစနစ်သည်အများရည်မှန်းထားသည့်ဈေးကွက်စီးပွားရေးစနစ်မဟုတ်ကြောင်း နားလည်နိုင် လိမ့်မည်ဟု ၄င်းအနေနှင့်မျှော်လင့်သည်ဟုမီဒီယာများကိုပြန်လည်ဖြေကြားခဲ့သည်။

"ပြီးခဲ့တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို တစ်ချို့ဝေဖန်ထောက်ပြနေတာတွေရှိပါတယ် Crony Economic Policy နဲ့ သွားနေတယ်ဆိုတာကို။ Macro Economic Policy ဖြစ်ဖို့ကိုလိုပါတယ်။ဈေးကွက်စီးပွားရေးစနစ်စစ်စစ် ရဲ့မူဝါဒအစစ်အမှန်ကိုလိုချင်ပါတယ်"ဟု ကိုလှမျိုးနောင်ကဆိုသည်။

ထို့အပြင် ၄င်းတို့ ၈၈ မျိုးဆက်အနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်မည်မဟုတ်သည့် အတွက်၂၀၁၅ ခုနှစ်အထိ  လွှတ်တော်အတွင်း ၈၈မျိုးဆက်များဧ။်အသံများထွက်ပေါ်လာရန်အတွက် နည်းလမ်းများကြိုးစားသွားမည်ပြီးလတ်တလောဖြေရှင်းရမည့်စီးပွားရေးပြသာနာများကိုတင်ပြသွားမည်ဟုဆိုသည်။

"အားလုံးကို ကိုယ်စားပြုသွားတဲ့ သူတွေနဲ့ လွှတ်တော်ပြင်ပမှာညှိုနှိုင်းပြီး လွှတ်တော်ထဲမှာ တင်ပြသွားမှာပါ" ဟုဆိုသည်။

လက်ရှိအစိုးရသစ်လက်ထက်တွင် စီးပွားရေးပြုပြင်မှုအနေဖြင့်ပို့ကုန် အခွန်အချို့ လျော့ပေါ့ပေးလိုက်ခြင်း၊တရားဝင်ငွေလဲနှုန်းသတ်မှတ်ရန် စီစဉ်နေခြင်း ၊ဘဏ္ဍာရေး လုပ်ဆောင်ချက် အချို့ ပြုပြင်လာခြင်း ၊ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအလုပ်ရုံဆွေးနွေးပွဲပြုလုပ်လာခြင်းစသည့်ပြောင်းလဲမှု အချို့ ဆောင်ရွက်လျက်ရှိသော်လည်းထင်လင်းမြင်သာသည့်တိုးတက်မှု မရရှိသေးချေ။

ဝါရှင်တန်ပို့(စ)သတင်းစာနှင့်လတ်တလော ပြုလုပ်ခဲ့သည့် အင်တာဗျူး တွင် စီးပွါးရေးပိတ်ဆို့မှုများက အစိုးရအပေါ်သက်ရောက်မှုမရှိပဲပြည်သူလူထုဆင်းရဲနွမ်းပါးမှုကိုသာဖြစ်စေသည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်ကဖြေကြားခဲ့သည်။
စီးပွါးရေးပိတ်ဆို့မှုနှင့်ပါတ်သက်သည့်မေးမြန်းချက်ကို ၈၈မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သော ကိုကိုကြီးကယခုလိုဖြေကြားသွားခဲ့သည်။

“မကြာသေးသောကာလအထိ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘာပေါ်မှာဈေးအကြီးဆုံးတယ်လီဖုန်း ကမ္ဘာပေါ်မှာဈေးအကြီးဆုံးမော်တော်ကားတွေဖြစ်အောင် ဥရောပသမဂ္ဂက Sanction လုပ်တာမဟုတ်ပါဘူး။ Sanction ကိစ္စကိုပြောရင် ကျွန်တော်တို့ကပဲ လူထုကိုဆင်းရဲနွမ်းပါးအောင် ဒီဟာကိုလက်နက်တစ်ခုအဖြစ်နဲ့နိုင်ငံရေးအရထိုးနှက်ဖို့ဆိုပြီးတော့ အသုံးချနေတယ်လို့ဆိုရင်တော့ လက်မခံပါဘူး၊ ပြည်သူကိုနစ်နာမဲ့ကိစ္စမျိုးကို ဘယ်တော့မှလည်းမလုပ်ဘူးနောင်လဲလုပ်မှာမဟုတ်ဘူး”

“Sanction လုပ်တဲ့ ကာယကံရှင်နိုင်ငံတွေနဲ့အခုထိတွေ့ဆက်ဆံနေပြီပဲ၊ အဲဒီတော့ Sanction ဖြစ်ရတဲ့အကြောင်းရင်းကို ဖြေရှင်းရန် Sanction က သူ့ဟာသူပြေလည်သွားမှာပါ။ အဲဒီတော့ Sanction လုပ်ရတဲ့အကြောင်းရင်းတွေကိုကျွန်တော်တို့ပါပူးပေါင်းပြီးတော့ ဖြေရှင်းမယ်။ ပူးပေါင်းပြီးတော့ဆောင်ရွက်မယ်”

သတင်းစာရှင်းလင်းပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားများဖြစ်သော ကိုအောင်သူ၊ ကိုမင်းဇေယျ၊ကိုမြအေး၊ကိုကိုကြီး၊ကိုမင်းကိုနိုင်၊ကိုဌေးကြွယ်၊ကိုလှမျိုးနောင်၊ကိုဂျင်းမီ၊ကိုထွန်းမြင့်အောင်နှင့် ကိုစိုးထွန်းတို့ တက်ရောက်ကာသတင်းမီဒီယာများကမေးမြန်းသည်များကိုဖြေကြားခဲ့ကြပြီး ၈၈ မျိုးဆက်ဧ။်သဘောထားထုတ်ပြန်ချက်၉ ချက်ကိုလည်းထုတ်ပြန်ခဲ့သည်။

၈၈မျိုးဆက်များ၏သဘောထားထုတ်ပြန်ချက်များတွင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်အားဝန်းရံသွားရန်၊ အမျိုးသားစီးပွါးဖွံ့ဖြိုးတိုးတက်ရေး၊နိုင်ငံတကာဆက်ဆံရေးနှင့် ငြိမ်းချမ်းရေး တို့အတွက် လက်တွဲဆောင်ရွက်သွားကြရန် စသည်တို့ပါရှိသည်။

end//

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...