Saturday, January 21, 2012

ကျွန်ုပ်၏ခေါင်းဆောင်မှုနောက်လိုက်ခဲ့ပါ

(ယနေ့ထုတ်Economistမဂ္ဂဇင်းမှFollow my Lead ကိုဆီလျော်အောင်ဘာသာပြန်ပါသည်)

by Nyi Nyi Mg on Saturday, January 21, 2012 at 8:56pm
 

ရာစုနှစ်နှစ်ဝက်အတွင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်အမေရိကန် အရာရှိကြီးများ ရဲ.ဒီဇင်ဘာလဆန်းကမြန်မာနိုင်ငံသို.သမိုင်ဝင်ခရီးစဉ်အပြီး မြန်မာ့နိုင်ငံရေးအခြေအနေတည်ငြိမ်မှု ကိုမြင်တွေ.ခဲ့ကြရပါတယ် ၊အံသြစရာကောင်းလောက်အောင်ပါပဲ .. မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ.ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာလွန်ခဲ့တဲ့သတင်းပတ်များကဖြစ်ပေါ်ခဲ့တဲ့မျက်မြင်အခြေအနေတွေအရ တိုးတက်ဖြစ်ပေါ်ခဲ့ပါတယ် … အခုတော့မြန်မာ့နိုင်ရေးပြောင်းလဲမှုဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ရှိလာပါပြီ …

မြန်မာအစိုးရဟာဇန်န၀ါရီလ ၁၃ ရက်နေ.က နိုင်ငံရေးအကျဉ်းသားအတော်များများကို လွတ်ပေးခဲ့ပါတယ်။ (မြန်မာအစိုးရရဲ.စာရင်းအရ ၃၀၂ ယောက်၊ထိုင်းနိုင်ငံတွင်အခြေစိုက်သော AAPP စာရင်းအရ ၂၈၇ယောက် ကိုလွတ်ပေးခဲ့ပါတယ်) ၊ မည်သိုပင်ဖြစ်စေကာမူ မြန်မာနိုင်ငံရေးမှာထင်ရှားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများပါဝင်ခဲ့ပါတယ် ၊ ၄င်းတို.ထဲ.မှအချို.မှာ ၁၉၈၈ အရေးတော်ပုံကာလမှစ၍ ရာစုနှစ်နှစ်ဝက်လောက်ထိထောင်ကျခဲ့သူတွေပါ ။ ကိုမင်းကိုနိုင်၊ကိုဌေးကြွယ် ၊မနီလာသိန်းစသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအ၀င်ပါ ၊အံ့သြစရာကောင်းတာတစ်ခုက ယခင်စစ်အစိုးရလက်ထက် ၂၀၀၄ ခုနှစ်တွင်ဖြုတ်ချခံရသော ၀န်ကြီးချုပ်ဟောင်းလည်းဖြစ် ၊ တပ်မတော်ထောက်လမ်းရေးမှုးချုပ်ဟောင်းလည်းဖြစ်သောဦးခင်ညွှန်.အပါအ၀င်ပြန်လည်လွတ်မြောက်လာခဲ့ခြင်းပါ .. မြန်မာအစိုးရ၏ စစ်အာဏာရှင်စနစ်မှသည်အများစုပါဝင်နိုင်သောနိုင်ငံရေး အသွင်သဏ္ဏာန်သို.ရိုးသားစွာကူးပြောင်းမှုတစ်ရပ်ပါ …

အမေရိကန်ပြည်ထောင်စုအနေနဲ. မြန်မာအစိုးရနဲ. သံတမန်ဆက်ဆံရေးအပြည်အ၀ပြန်လည်ထားရှိရေးစဉ်းစားမှုမှာ နိုင်ငံရေးအကျဉ်းသားလွတ်ပေးရေးကိစ္စဟာအရေးပါတဲ့ကိစ္စတစ်ရပ်ဖြစ်ခဲ့ပါတယ် … ၁၉၈၈ မှာအမေရိကန်ဟာမြန်မာနိုင်ငံအပေါ် သံတမန်ဆက်ဆံရေးအဆင့်လျော့ချခဲ့ ပြီး ၊ ၁၉၉၀ မှာအစိုးရဲ.အတိုက်အခံဒီမိုကရေစီအင်အားစုတွေအပေါ်ရက်ရက်စက်စက်ဖြိုခွဲမှုတွေကိုဒဏ်ခတ်တဲ့အနေနဲ.သံတမန်အဆက်အဆံဖြတ်တောက်ခဲ့တာပါ ၊အမေရိကန်အနေနဲ.လအတန်ကြာကတည်းက နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးမှုပေါ်မှာဆုလဒ်အနေနဲ.မြန်မာအစိုးရလိုလားတောင့်တဟန်ရှိခဲ့တဲ့ အထီးကျန်မှုတွေကိုအဆုံးသတ်စေဖို.သတိထားပြီးတူညီတဲ့ တုန်.ပြန်မှုတွေလုပ်ဆောင်သွားမယ်ဆိုတာကတိက၀တ်ပြုခဲ့ပြီးသားဖြစ်ပါတယ်၊ ကတိပေးခဲ့တဲ့အတိုင်းအတိအကျပါပဲ ၊ နိုင်ငံရေးအကျဉ်းသားတွေလွတ်ပြီးတဲ့နောက်မှာပဲ မြန်မာနဲ.အမေရိကန်သံတမန်ဆက်ဆံရေးအပြည့်ပြန်လည်ထားရှိမည်ဖြစ်ကြောင်း အချိန်ကိုက်ကြေငြာခဲ့ပါတယ်၊ အမေရိက အဆင့် မြင့်သံတမန်တစ်ဦးရဲ.အဆိုအရ မြန်မာဘက်ကမြင်သာပြီးခိုင်မာတဲ့အပြောင်းအလည်းလက္ခဏာတွေအတွက် အမေရိကန်ဘက်ကတူညီသောတုန်.ပြန်မှုတစ်ရပ်လို.ဆိုပါတယ်၊

အခြားသောနိုင်ငံတွေအနေနဲ.လည်းအလားတူလုပ်ဆောင်နေကြတာပါ … ဥပမာ…ဇန်န၀ါရီလ ၁၄ရက်နေ. ကနော်ဝေနိုင်ငံအနေနဲ.မြန်မာနိုင်ငံမှာရင်းနှီးမြုပ်နှံမှုတွေမလုပ်ကြဖို. တားမြစ်ပိတ်ပင်ထားတာတွေ ကို ရပ်ဆိုင်းလိုက်ကြောင်းကြေငြာခဲ့တာရယ် ၊ သြစရေးလျ က ၄င်း၏အချို.သော မြန်မာနိုင်ငံသားများအပေါ် ဘဏ္ဏာရေးနှင့်ခရီးသွားခွင့်အကန်.အသတ်တွေ ပယ်ဖျက်လိုက်တာတွေပါ … ပိုမို၍ထင်ရှားတာတစ်ခုကတော့ ပြင်သစ်နိုင်ငံခြားနေးဝန်ကြီး အလန်ဂျက်ပီက ဥရောပသမဂ္ဂနေနဲ. မြန်.မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေအတွက်အပြုသဘောတုန်.ပြန်သွားမည်ဖြစ်ကြောင်းပြောကြားသွားခြင်းပင်ဖြစ်ပါသည်။ဥရောပသမဂ္ဂအနေနှင့်လက်ရှိတွင် မြန်မာနိုင်ငံအပေါ်စီးပွားရေးဒဏ်ခတ်ပိတ်ဆို.မှုများအပေါ်ပြန်လည်သုံးသပ်နေပြီဖြစ်ပါသည်။လအနည်းငယ်အတွင်းဒဏ်ခတ်ပိတ်ဆို.မှုရုတ်သိမ်းရန်အလားအလာရှိပုံရပါသည်။

မစ္စတာဂျက်ပီဟာ လအနည်းငယ်အတွင်းမြန်မာနိုင်ငံကိုသွားခဲ့တဲ့ အဆင့်မြင့်သံတမန်တွေထဲကနောက်ဆုံး အရာရှိဖြစ်ပါတယ်၊ သံတမန်ရေးရာပျော့ပြောင်းမှုပြယုဒ် နောက်တစ်ခုကတော့ မစ္စတာဂျက်ပီမတိုင်ခင် မြန်မာနိုင်ငံရောက်ရှိခဲ့တဲ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဟိတ်ရဲ.ခရီးစဉ်ပါ ၊ သူတို.တွေအားလုံးဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ.တွေဆုံခဲ့ပြီး ၊ မြန်မာနိုင်ငံအနေနဲ. လုပ်ဆောင်စရာတွေအများကြီးကျန်သေးပေမယ့် ၊အားလုံးဟာ မြန်မာအစိုးရရဲ.ပြုပြင်ပြောင်းလဲရေးကြို.စားဆောင်ရွက်မှု တွေကိုအားရကျေနပ်ခဲ့ကြပါတယ်၊

မြန်မာအစိုးရကိုအစဉ်တစ်စိုက်ပြင်းပြင်းထန်ထန်ဝေဘန်ခဲ့တဲ့ အမေရိကန် ရီပတ်ပလစ်ကန်လွတ်တော်အမတ်ခေါင်းဆောင် မစ်ခ်ျမတ်ကောနယ် ကတောင်မြန်မာသမ္မတဦးသိန်းစိန်ကို အစစ်အမှန်ပြောင်းလဲရေးသမား ဟုတောင် အရင်သတင်းပတ်သူ၏ ခရီးစဉ်အတွင်းက ချီးကျူးခဲ့ပါတယ်။

ဒီတန်ဖိုးရလဒ်တွေအားလုံးဟာလည်း အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ဆက်စပ်ပတ်သပ်မှုရှိနေပါတယ် ၊ဒီအပြောင်းအလဲတွေဟာ ပြည်တွင်းမှာ ထင်ရှားတဲ့ခေါင်းဆောင်နေရာ ကိုကျယ်ကျယ်ပြန်.ပြန်.ရရှိထားပြီး၊ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုမှာအဓိကကျသော၊ ရာစုနှစ်နှစ်ခုနီးပါးမျှ အကျယ်ချုပ်ကျခံခဲ့ရပြီး၊ အစိုးရထိန်းချုပ်သောမီဒီယာများတွင်ပင်ဖေါ်ပြခွင့်မပြုခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်ရဲ. ရပ်တည်မှုကဏ္ဏတို.ကိုပိုမိုတိုးစေပါတယ်၊ ဒီနေ.တော့သူမရဲ.အပြုံးမျက်နှာပါတဲ့မဂ္ဂဇင်းတွေကို မြို.တော်ရန်ကုန်ရဲ.လမ်းဘေးတွင်ပင်ရောင်းချနေကြပါပြီ ..

သမ္မတအနေနဲ.လည်း အနောက်နိုင်ငံတွေရဲ.ရင်းနှီးမြုပ်နှံမှု ၊ မြန်မာသမ္မတလိုလားနေတဲ့ အစိုးရအပေါ်အသိမှတ်ပြုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ. ထောက်ခံအသိမှတ်ပြုမှုပေါ်မှာမှီတည်ဆက်စပ်နေတယ်ဆိုတာသိပါတယ်၊

အစိုးရအနေနဲ. နောက်ထက်ကြီးကြီးမားမားဖြတ်ကျော်ရမဲ့အဆင့်တစ်ခုကတော့လာမည့်ဧပြီလမှာ ပါလီမန်နေရာအတွက်ကျင်းပမဲ့ကြားဖြတ်ရွေးကောက်ပွဲပဲဖြစ်ပါတယ်၊ ယခင်တရားမ၀င်အဖြစ်ပိတ်ပင်ခံထားရတဲ့ အန်လယ်ဒီပါတီအနေနဲ.လည်းတရားဝင်မှတ်ပုံတင်ပြီး လွတ်လပ်နေတဲ့၄၈ (မူရင်းဆောင်းပါးမှာ ၄၀ ဟုရေးထားပါသည်) နေရာကိုဝင်ပြိုင်မှာဖြစ်ပါတယ်၊


ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရန်ကုန်တိုင်းအတွင်းရှိမဲဆန္ဒနယ်တစ်ခုကနေ၀င်ရောက်ယှဉ်ပြိုင်မယ် ဆိုတာကြေငြာခဲ့ပြီးဖြစ်ပါတယ် ၊ ဒီရွေးကောက်ပွဲဟာယုံကြည်ရဖွယ်ရှိရင်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ.ပါလီမန်အတွင်မှာနေရာတစ်နေရာရနိုင်ဖွယ်ရာရှိပြီး အစိုးရအဖို.နိုင်ငံတစ်ကာက နေထိုက်တန်တဲ့ဆုလဒ်တွေရရှိလာမှာ သေချာပါတယ်၊ အစိုးရအနေနဲ မကြာသေးခင်ကလွတ်ပေးမှုအပြင် ၊ ၂၀၀၇ /၂၀၀၈ ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင်ကထက်မနည်းသော ကျန်ရှိနေသေးသည့်နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးခြင်းဖြင့် နာမည်ကောင်းထပ်ရအောငါလုပ်ဆောင်ဖို.လိုပါသေးတယ် ၊

နယ်စပ်ဒေသတွေမှာဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ. ဖြစ်နေတဲ့ပတိပက္ခတွေကိုကြည်ခြင်းအားဖြင့် ၁၉၆၂ ကနေပြီးခဲ့တဲ့နှစ်အထိမြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့သောစစ်တပ် ကိုယ်တိုင်ကလက်ရှိအချိန်တိုင်အောင်အင်အားသုံးမှုတွေရှိနေဆဲပါ …ဒီပတိပက္ခ အကြပ်အတည်းတွေဟာတိုင်းပြည်ကိုမတည်ငြိမ်စေတဲ့အဓိကအကြောင်းအရာတွေပဲဖြစ်ပါတယ်၊

ဇန်န၀ါရီလ ၁၃ရက်နေက ကရင်အမျိုးသားအစီးအရုံး(ကေအန်ယူ) နှင့်လက်မှတ်ရေးထိုးခဲ့သောအပစ်အခတ်ရပ်ဆဲရေးသဘောတူညီချက် စတာတွေဟာလဲအစိုးရအပေါ်ကောင်းမြင်လာနိုင်စေတဲ့အကြောင်းတစ်ရပ်လဲဖြစ်ပါတယ်၊

ကေအင်ယူဟာ ၁၉၄၈ ဗြိတိသျှလက်ကိုလိုနီလက်အောက်ကလွတ်လပ်ရေးကတည်းက မြန်မာအစိုးရနဲ.တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကမ္ဘာအရှည်ကြာဆုံးပြည်တွင်းစစ်ဆင်နွဲခဲ့တာလည်းဖြစ်ပါတယ်။

အကယ်၍သာကရင်နဲ.အပြစ်ခတ်ရပ်ဆဲရေးသဘောတူညီမှုသာ ကြာရှည်ခံသောငြိမ်းချမ်းမှုဖြစ်မယ်ဆိုရင်အမှန်တစ်ကယ်တိုးတက်မှုလိုဆိုရမှာပါ ၊

အားလုံး (နိုင်ငံတစ်ကာ) ကတော့ ဒီသေးငယ်သောစစ်ပွဲလေးတွေသာအဆုံးသတ်သွားမယ်ဆိုရင် မြန်မာဟာကြွယ်ဝတဲ့တိုင်ပြည်ပြန်လည်ဖြစ်လာမယ်ဆိုတာအမှန်တကယ်ပင်သိရှိကြပါတယ် ၊

မြောက်ပိုင်းမှာရှိတဲ့ ကချင်လူမျိုး ၅၀,၀၀၀ ကျော်စစ်ပြေးဒုက္ခသည်ဖြစ်စေခဲ့ပြီး ၊အချို.မှာတရုတ်နိုင်ငံဘက်ကိုထွက်ပြေးခိုလုံခဲ့ရမှုကိုဖြစ်စေခဲ့တဲ့ မြန်မာစစ်တပ်ရဲ.ထိုးစစ်တွေကြောင့်ဖြစ်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲဖြစ်ခဲ့သောစစ်ပွဲများဟာလည်းပို၍ဆိုးရွားနေဆဲဆိုတာလည်းထည့်သွင်းစဉ်းစားရမှာပါ ၊တရုတ်ပြည်ထဲမှာ မြန်မာအစိုးရနဲ.ကေအိုင်အေအကြားအပြစ်အခတ်ရပ်ဆဲရေးအတွက်ဆွေးနွေးပွဲတွေဟာလည်း သိသာမြင်သာစွာပဲ ဆက်လက်လုပ်ဆောင်နေဆဲပါ၊ကဏ္ဏတိုင်းမှာ မျော်လင့်ချက်ရှိနိုင်သောလက္ခာဏာတွေတိုးတက်ဖြစ်ပေါ်နေချိန်တွင်းမှာတောင်ဖြစ်သင့်သည်မှာကြာခဲ့ပြီဖြစ်တဲ့ ငြိမ်ချမ်းသာယာတဲ့မြန်မာနိုင်ငံအဖြစ်ကနေဘယ်တော့မှာနောက်ပြန်မလှည့်သွားနိုင်တော့ပါ …

မည်သူမဆိုလွတ်လပ်စွာရှယ်နိုင်ပါသည်။

(ဘာသာပြန်ဆိုမှုအမှားအယွင်းရှိခဲ့ပါကကျွန်တော်၏ချွတ်ယွင်းချက်သာဖြစ်ပါသည်)

ညီညီမောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...