ဥပဒေစိုးမိုးခြင်းနှင့်လုံခြုံမှု ( Act & Safety )…..(၁)
ဥပဒေစိုးမိုးခြင်းဟာ လုံခြုံမှုကိုအမှန်တကယ်ပေးတယ်ဆိုတာကို သက်သေပြစရာ အထူးမလိုပါ
လူတိုင်းသိရှိနားလည်ထားကြပါတယ်
ဒါပေမဲ့ လုံခြုံမှုတွေရဲ့အတိုင်းအတာကိုတော့ ပြီးစလွယ်လျစ်လျူရှုတတ်ကြလို့ မြန်မာပြည်မှာ အသေးအဖွဲကိစ္စတွေကအစပြုလို့ အသက်အိုးအိမ်စည်းစိမ်တွေအများကြီး ပေးဆပ်ရတဲ့သာဓကတွေ ဒုနဲ့ဒေးပါ
လူနေတိုက်တာအဆောက်ဦ နဲ့လမ်းတံတားတွေဆောက်တဲ့နေရာမှာ
“ကြောမခိုင်းသေးဘူးပြိုပြီ”
“ဖွင့်ပွဲကြီးတွေ ဖွင့်ပွဲကြီးတွေမြိုင်မြိုင်ဆိုင်ဆိုင်…တံတားကြီးကိုကြည့်လိုက်တော့ ယိုင်တိုင်ယိုင်တိုင်”
“တိုက်ခန်းအပ်လို့ သော့ဖွင့်ဝင်လိုက်တာ ရေပိုက်ခေါင်းက ဂလောက်ဆိုပြုတ်ကြပြီး ကြမ်းခင်းကိုခလုတ်တိုက်တာ သဲတွေ ဖွါကနဲဖြစ်ပြီး ဂလိုင်ဖြစ်သွားတယ်ဆိုတာ”
“လူတွေနေစဉ်မှာ အက်ကြောင်းတွေပေါ်လို့ ကြောက်လန့်တကြားဆင်းပြေးရတာ”
“မိသားစုထမင်းစားနေစဉ်တိုက်ကြမ်းခင်းပြိုကျလို အသက်အိုးအိမ့်သေကြေပျက်ဆီးရတာ”
ဒါ..လူတွေတကယ်တွေ့ကြုံရတဲ့ လုံခြုံမှုပျက်ပြားတာတွေပါပဲ
ဘာဖြစ်လို့လဲဆိုတော့ အဆောက်အဦဆောက်တဲ့နေရာမှာရှိသင့်တဲ့ ဥပဒေ ပျက်ပြားလို့ပါ
ဘာတွေနဲ့ဥပဒေကိုပျက်ပြားစေသလဲဆိုတော့ လိုအပ်တဲ့စံချိန်စံညွှန်းကိုက်ညီမှုမရှိတာကို အကျင့်ပျက်လာဘ်စားမှုတွေနဲ့ပေါင်းစပ်ပြီး ကောင်းမြတ်တဲ့ ဥပဒေကိုပျက်ပြားအောင်ပြုလိုက်တာပါပဲ..
ဒါအဆောက်အဦဆောက်လုပ်တဲ့နေရာမှာ ဥပဒေ (Act) စိုးမိုးမှုမရှိတာပါပဲ
သေချာပါတယ် ဥပဒေစိုးမိုးမှုမရှိရင် လုံခြုံမှုမရှိပါဘူး ( No Act ,No Safety)
ဒီပြဿနာကို အခြားသောတိုင်းပြည်တွေမှာ အဓိကကျတဲ့လုံခြုံမှုအတွက် ဥပဒေစိုးမိုးအောင်ဘယ်လိုတွေဆောင်ရွက်နေကြသလဲဆိုတာကြည့်ရအောင်ပါ….
(၁)နိုင်ငံခြားမှာ အဆောက်အဦ ပဲဖြစ်ဖြစ် လမ်းတံတားတွေပဲဖြစ်ဖြစ် ဆောက်တာနဲ့တပြိုင်နက်
သစ်ပင်တွေ ပန်းခြံတွေ စိတ်လက်အပန်းဖြေနားနေဆောင်လေးတွေ(Recreation Center) ကို
အဆောက်အဦ လမ်းတွေတံတားတွေပေါ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ရာသီဥတုထိန်းသိမ်းဘို့အတွက်
Environment & Weather Control အနေနဲ့ Compulsory (မပါမဖြစ်)ထည့်ကိုထည့်ပေးရတယ် (ပုံ-၁,၂,၃)
ပြီးရင် ထိန်းသိမ်းမှုဆိုတဲ့ (Maintenance)ကိုအစဉ်ဆောင်ရွက်ဘို့ ဥပဒေနဲ့ကိုပြဋ္ဌာန်းထားတယ်
ဒါကို Under Act of Building and Construction Authority (BCA)လို့ခေါ်ပါတယ်
ဘယ်အဆောက်အဦကိုမှ သတ်မှတ်ထားတဲ့စာချုပ်(contract) ပါစံချိန်စံညွှန်းမပြည့်မီရင်
Inspection မှာ Failed ဖြစ်ပြီး ပြန်ဖျက်ပြန်ဆောက်ရတဲ့ အတွက်စရိတ်ထောင်းတဲ့အပြင် နှောင့်နှေးကြန့်ကြာမှုအတွက် ဒဏ်ကြေး(fine)ပေးရပြန်ပါတယ် အဆင်မသင့်လို့ မိမိရဲ့ performance က သူတို့ လိုအပ်ချက် (requirement)နဲ့မပြည့်မီရင် ပရောဂျက်ရပ်ဆိုင်းတာ(project terminated )လုပ်ပြစ်တာမို့
မိအေး ၂ ခါနာကိန်းဆိုက်တဲ့ အဖြစ်မျိုးကြောင့် သူတို့ဒီလမ်းကြောင်းကိုဘယ်တော့မှ မသွေဖီပါဘူး ငွေကြေးလာဘ်ထိုးပြီးလက်ခံလိုက်ရင် Contractor ရော Inspector ပါ BCA ဥပဒေအရ လုပ်ငန်းဆောင်ရွက်ခွင့်လုံးဝပိတ်သိမ်းပြီး fine & penalty နဲ့ထောင်ဒဏ် များပြားတာမို့ ဘယ်သူမှ ဒီလိုမျိုးနဲ့လုပ်ငန်းတွေ ဘ၀တွေကိုအဆုံးရှုံးမခံနိုင်လို့ မလုပ်ကြပါဘူး
(၂)နောက်တခုက အဆောက်အဦဆောက်လုပ်ခြင်းတွေမှာသုံးတဲ့ ပစ္စည်းတွေရဲ့စံချိန်စံညွှန်း (Material Quality)ကို ISO(International Standard Organization)ကဲ့သို့နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်နဲ့ချိန်ထိုးစမ်းသပ်စစ်ဆေးပြီး Inspection Report အရ approved ဖြစ်မှသာ သုံးစွဲခွင့်ရှိပါတယ် သံလုံး 1” ကို 0.75” နဲ့လဲ ညှပ်သုံးလို့မရပါဘူး ဘိလပ်မြေဖျော်စက်ရဲ့ ( Timing Control ) ကိုလဲ တုတ်နဲ့ထောက်ထားလို့မရပါဘူး
ဘတ်စ်ကားမှတ်တိုင်က အရံအတားတိုင်လုံးကို ကားဝင်အောင်းရင် တိုင်ကဘာမှ မဖြစ်ပဲ ကားက ကြေမွသွားပြီး burned ဖြစ်သွားပါတယ် (ပုံ-၄)
အဆောက်အဦရဲ့ကြံ့ခိုင်မှုအတွက်သတ်မှတ်ထားတဲ့သက်တမ်းအတွင်း မှာပြိုကျပျက်ဆီးမှု ထိခိုက်ဆုံးရှုံးနစ်နာမှုတွေအတွက် အဖြေရှာပြီး သက်ဆိုင်ရာ Inspector တွေ တာဝန်ရှိသူအဆင့်ဆင့်တွေကိုတရားစွဲပြီး face to Court နဲ့ရင်ဆိုင်ရတာပါပဲ
ဒါတွေဟာ တကယ်အတုယူသင့်တဲ့ အချက်တွေပါ..
(၃)နောက်တခုကတော့ အဆောက်အဦဆောက်လုပ်တဲ့နည်းပညာအဆင့်ခေါ်တဲ့ (Architectural Technique Level) တွေမှာ မော်တော်ကားတွေကို model ပေါ်မူတည်ပြီးအနိမ့်အမြင့် ခွဲခြားနိုင်သလို အဆောက်အဦဆောက်တဲ့ နည်းပညာတွေမှာ လဲ Level Standard တွေ သတ်မှတ်ထားတဲ့အတိုင်း Drawing တွေကို Architectural Standard တွေနဲ့ control လုပ်ထားပါတယ်
ဒါဟာဘာကြောင့်အရေးကြီးသလဲဆိုရင် အဆောက်အဦတွေရဲ့ ဒီဇိုင်း(Design)နဲ့ခိုင်ခန့်မှုတွေဟာ အဲ့ဒီ နိုင်ငံတခုရဲ့ဂုဏ်သိက္ခာကို ဖေါ်ညွှန်းလို့ပါပဲ (ပုံ-၅,၆)
ရှေးဟောင်းအဆောက်အဦတွေကိုသမိုင်းအမွေအနှစ်အဖြစ်ထိန်းသိမ်းတာနဲ့တပြိုင်နက် ခေတ်မီဆန်းသစ်တဲ့အဆောက်အဦတွေနဲ့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ပြသပြီးဂုဏ်ဆောင်ကြပါတယ်(ပုံ-၇)
(ဒါကြောင့် နိုင်ငံရပ်ခြားမှာ Civil Engineer မှာ Architect ဘာသာရပ်ဟာ professional ဖြစ်သလို ၀င်ငွေလဲတအားကောင်းပါတယ်)
ဒါကိုကြည့်ခြင်းအားဖြင့် သူတို့တိုင်းပြည်တွေမှာ ဘာကိုပဲလုပ်လုပ် Safety လုံခြုံမှုအတွက် Act ဥပဒေ ကို စိုးမိုးစေဘို့ အာဏာဆိုတဲ့ Authority နဲ့ထိန်းချုပ်ထားပါတယ်
မြန်မာပြည်မှာ Authority ဆိုတဲ့အာဏာကို လုပ်စားပြီး Act တဲ့ ဥပဒေကို ပျက်ပြားစေကာ လုံခြုံမှုဆိုတဲ့ Safety ကိုလျစ်လျူရှုကြတယ်…ဆိုတော့
၁၈၀ံ ဒီဂရီ ပြောင်းပြန်ပက္ခဖြစ်နေသလို..တိုင်းပြည်တိုးတက်မှု လူနေမှုဘ၀တွေပာာလဲ အခြားတိုင်းပြည်တွေနဲ့ယှဉ်လိုက်ရင် တော်တော်ရှက်စရာဖြစ်နေတာမို့...
မြန်မာပြည်ရဲ့အရေး..တွေးချင့်လို့ …၀ိုင်းဝန်းထိန်းသိမ်းကြပါစို့ အသိပညာအတတ်ပညာရှင်အပေါင်းတို့ဟု စေတနာဖြင့်နှိုးဆော်လိုက်ပါသည်၊
ပြန်ပြောရင်သံယောဇဉ်တွေဖြစ်မှာမို့၊ ဝေဒနာကိုတော့မကြေငြာတော့ပါဘူး၊ ကိုယ့်တိုင်းပြည်အတွက်မို့ရှေ့သာဆက်ကြပါစို့ရဲ့။ ။
မြန်မာပြည်သူလူထုအားလုံး လူနေမှုဘ၀လုံခြုံမှုရရှိကြပါစေ
သုံနြေ္ဒဦး
၂၂ ဇန်န၀ါရီ ၂၀၁၂
0 comments:
Post a Comment