Facebook ပေါ်တွင် Like လုပ်တတ်သူများကို လေ့လာကြည့်သောအခါဝယ်......
Facebook တွင် Like လုပ်သူများကိုလေ့လာကြည့်သောအခါအောက်ပါအတိုင်း အမျိုးအစားငါးမျိုး တွေ့ရှိမိပါသည်။
၁။ ကိုယ့်ဟာကိုယ် Like လုပ်သူများ
- ထိုသူတို့သည်ကိုယ်တင်သမျှအရာအားလုံးကို ကိုယ့်ဟာကိုယ်အမြဲတန်း Like လုပ်တတ်ကြပြီး သူတပါးမှ
Like ခြင်း၊ မ Like ခြင်းကိုသိပ်စိတ်မဝင်စားတတ်ကြချေ။ (ထိုသူများကိုတော့ ကိုယ့်ကိုယ်ကိုအားပေးတတ် သူများ၊ ကိုယ်ကြိုက်တာကိုယ်ပွင့်ပွင့်လင်းလင်း express လုပ်တတ်သူများအဖြစ်မြင်မိပေသည်။)
၂။ မျက်စိထဲမြင်သမျှ Like လုပ်သူများ
- ထိုသူများထဲမှအချို့သည်အမြဲတန်းမိမိ Facebook Homepage တွင်တွေ့သမျှမြင်သမျှ post များကို
Like လုပ်တတ်သူများဖြစ်သည်။အချို့မှာတော့စိတ်ညစ်၍၊ပျင်း၍ (သို့) ဒေါသထွက်နေ၍
Like button ကိုစိတ်ဖြေစရာစိတ်ထွက်ပေါက်အနေအဖြစ်သဘောထားကာ Like လုပ်ကြသူများဖြစ်သည်။
သို့ရာတွင်အများစုမှာတင်ထားသော post ကိုသေချာမကြည့် Like button ကိုအရင်ရှာ Like ကြသူများဖြစ်၍
တစ်ခါတစ်ရံ မLike သင့်သည်များကို Like မိကြပြီး post တင်သောသူနှင့်ပြသနာဖြစ်ရလေ့ရှိကြသည်။
(ထိုသူများကိုတော့သူတစ်ပါးကိုစိတ်ချမ်းသာစေလိုသူများ။
ဘုမသိဘမသိအားပေးတတ်သူများအဖြစ်မြင်မိပေသည်။)
၃။ ရည်ရွယ်ချက်ဖြင့် Like လုပ်သူများ
- ထိုသူများထဲမှအချို့သည်ဆန့်ကျင်ဘက်လိင်တို့၏ post များကိုအများဆုံး Like လုပ်တတ်သူများဖြစ်သလို
post ကိုကြိုက်ကြိုက်မကြိုက်ကြိုက်လူကိုကြိုက်၍ Like လုပ်ကြခြင်းဖြစ်ပြီး Like အလုပ်ခံရသူ၏
သတိထားမှုကိုခံလိုသဖြင့် Like ကြသူများဖြစ်သည်။သို့သော်၎င်းတို့ Like သောဆန့်ကျင်ဘက်တို့၏
post များမှာ Like ပေါင်းများစွာရှိနေပြီးသားဖြစ်တတ်၍၎င်းတို့သည်အများထဲမှတစ်ယောက်ဖြစ်ဖြစ်သွားကြပြီး
ခဲလေသမျှသဲရေကျရသည်ကသာများသည်။
အချို့မှာတော့သူများ post တွေကို Like လုပ်သည့်အတွက်
ကိုယ်တင်သော post များကိုလည်းသူများတွေပြန် Like လုပ်ပေးကြမှာပဲဆိုသောမျှော်လင့်ချက်ဖြင့် Like လုပ်
တတ်သူများဖြစ်သည်။ (ထိုသူများကိုတော့အပေးအယူသမား၊မျှော်လင့်ချက်ကြီးသူများအဖြစ်မြင်မိပေသည်။)
၎။ လူမှုရေးအရ Like လုပ်သူများ
- ထိုသူများထဲမှအချို့သည်ကိုယ်၏မိသားစုဝင်(သို့)ချစ်သူ(သို့)သူငယ်ချင်းများ
တင်ထားသော post များဖြစ်ပါကကြိုက်ကြိုက်မကြိုက်ကြိုက် Like လုပ်ကာကိုယ့်ငါးချဉ်ကိုယ်ချဉ်ပေးကြသူများဖြစ်သည်။
အချို့မှာတော့ post တင်ထားသူမှ Like လုပ်ပေးပါဟုလာရောက်နားပူနားဆာလုပ်ခြင်းကြောင့်မ Like ချင် Like ချင်ဖြင့်
Like ရသူများဖြစ်သည်။ (၎င်းတို့ကိုတော့လူမှုရေးသိတတ်သူများ၊ပေါင်းသင်းဆက်ဆံရေးကောင်းသူများအဖြစ်မြင်မိပေသည်။)
၅။ အမှန်တကယ်ကြိုက်၍အမှန်တကယ် Like သူများ
- ထိုသူများသည် Like လုပ်တတ်သူများတွင်တော့အင်အားအတောင့်ဆုံးနှင့်သမာသမတ်အရှိဆုံးသူများဖြစ်သည်။
တကယ်ကြိုက်မှတကယ် Like တတ်ကြပြီးမကြိုက်ပါကမည်သူမည်ဝါတင်ထားသည်ဖြစ်စေ Like လုပ်ခြင်းမပြုကြချေ။
သို့သော်ထိုသူများသည်အတွေးလွန်၊အတွေးချော်တတ်သော၊မိမိကိုယ်ကိုအထင်ကြီးတတ်သော post ပိုင်ရှင်များထံတွင်တော့
- မျက်စိထဲမြင်သမျှ Like လုပ်သူ
- ရည်ရွယ်ချက်ဖြင့် Like လုပ်သူ
- လူမှုရေးအရ Like လုပ်သူများအဖြစ်အထင်အမြင်ခံရတတ်သည်ကတော့စိတ်မချမ်းသာစရာပင်ဖြစ်ပေသည်။
ကျွန်တော်ကိုယ်တိုင်မှာအထက်ပါအချက် ၅ ချက်လုံးနှင့်
ကိုက်ညီခဲ့ဖူးသူတစ်ယောက်ဖြစ်ပါကြောင်းဝန်ခံအပ်ပါသည်။
ကျွန်တော်၏ post များကို Like လုပ်သူများကိုတော့
အမှန်တကယ်ကြိုက်၍အမှန်တကယ် Like သူများအဖြစ်သာ
အမြဲတန်းယုံကြည်လက်ခံပါသည်။
PS: အချို့အချို့သောလူနည်းစုကတော့သူများတင်သမျှ post မှန်သမျှကို Like လည်းမလုပ် credit လည်းမပေးတတ်ကြပဲ
မျက်နှာပြောင်တိုက်၊ copy ကူးမိမိ profile တွင်ပြန်တင်ကာမိမိ၏ Original post ဖြစ်သယောင်ယောင်ဖြင့်သူများတွေပေးသမျှ
Like ပေါင်းများစွာကိုပြုံးပြုံးကြီးမရှက်မကြောက်ခံယူတတ်ကြသည်။ထိုသူများသည်လူနည်းစုဖြစ်ပြီးထိုလူနည်းစုကြောင့်ပင်
original post publisher များမှာ copy ကူးသူများဖြစ်သယောင်ယောင်အထင်ခံရတတ်ကြသည်။
( တိုးမြတ်သူ )

0 comments:
Post a Comment