Tuesday, December 27, 2011

"အကျင့်"


အဆိုးဆုံးကိုရင်ဆိုင်ရပြီ ဆိုရင်တော့
စိတ်ထဲမှာမှာ မဏ္ဍိုင်ထားတဲ့ယုံကြည်မှု တရားလေးတွေ
ရွတ်ဖတ်ပြီး ဖြတ်သန်းမိတယ်


စိတ်ရှုပ်စရာဇာတ်ထုပ်တွေ လာငြိနေရင်တော့
ဖြူဖြူ သီချင်းနဲ့ အော်ဟစ်ပြီး လွှင့်ထုတ်ပစ်တယ်

ပျော်ရွှင်ကြည်နူးပြီး အရာရာကို ကာလာတွေ
ခြယ်လို့ရတဲ့နေ့ စိတ်ကလေးကို သတိကပ်ပြီး
ဘယ်လောက်ကြာသလဲ ငါ ရပ်ကြည့်နေတတ်တယ်

ဖြည့်လို့ မပြည့်တဲ့ အရာတွေထဲမှာ "ဆန္ဒ " က
ပမာဏ အများဆုံးပါ။ ။ ။
သိပြီး အကျင့်ပါတွဲ မပါနိုင်ရင် အရာရာဟာ
"အဆိပ်" တဲ့ ...........
ငါဘယ်နှစ်ခွက်လောက်သောက်ခဲ့ပြီလဲ????

နှင်းဆီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...