Wednesday, December 28, 2011

အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သော မဟာယာနဗုဒ္ဓဘာသာအကြောင်း 1+2



(စုဆောင်းတင်ပြသူ- လင်းထက်ဆွေ)

မဟာယာနဗုဒ္ဓဘာသာ( Sanskrit:
महायान ) ဆိုသည်မှာ ရှေးဟောင်း
အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သောဗုဒ္ဓဘာသာ ၏ အဓိက ဂိုဏ်းကြီး နှစ်ခု
အနက်တစ်ခုဖြစ်သည်။ မဟာယာန ဟူသော ဝေါဟာရ သည် (ကြီးမြတ်သောယာဉ်) ဟု
အနက်အဓိပ္ပါယ်ရသည်။ မဟာယာန ဟူသော ဝေါဟာရ ကို တရုပ်ဘာသာစကားတွင်ဒရှန်း (大乘,
Dàshèng ) ဂျပန် ဘာသာစကားတွင် ဒိုင်ဂျို (大乗, Daijō ) ကိုရီးယား
ဘာသာစကားတွင် ဒေးဆွန်း (대승, Dae-seung ) ဗီယက်နမ် ဘာသာစကားတွင်ဒိုင် သွာ
(Đại Thừa ) တိဗက် ဘာသာစကားတွင်သဂ်ပချန်ပို ('theg-pa chen-po)
မွန်ဂိုလီးယား ဘာသာစကားတွင် ယီကီ ကိုလဂန်း (yeke kölgen) စသဖြင့် အသီးသီး
ခေါ်ဆိုကြလေသည်။

ဗုဒ္ဓဘာသာ ၏ အဓိက ဂိုဏ်းကြီး နှစ်ခု တွင် မဟာယာနဗုဒ္ဓဘာသာ သည် ပထ၀ီနယ်နမိတ်
အကျယ်အ၀န်းအရသော် လည်းကောင်း လူဦးရေအရသော်လည်းကောင်း ထေရ၀ါဒဗုဒ္ဓဘာသာ ထက်
ပိုလွန်ကြီးမား သော ဗုဒ္ဓဘာသာ ၏ အဓိက ဂိုဏ်းကြီး ဖြစ်လေသည်။
မဟာယာနဗုဒ္ဓဘာသာ ပျံ့နှံ့လွမ်းမိုးသော ဒေသမျာမှာ တောင်အာရှ
နိုင်ငံများဖြစ်သော ဘူတန် နီပေါ အိန္ဒိယ အရှေ့အာရှနိုင်ငံများဖြစ်သော
တိဗက် တရုပ် ကိုရီးယား ဂျပန် တိုင်ဝမ် စသော နိုင်ငံများ အပြင်
အနောက်ဖက်သို့လားသော် ကက်စပီယန်ပင်လယ်အတွင်းသို့
ဗော်လဂါမြစ်ကြီးစီးဝင်ရာဒေသတွင် ရှိသော ရုရှနွယ်ဖွား
ကယ်လမွတ်လူမျိုးများနေထိုင်ရာ
အရပ်ထိအောင် ပြန့်နှံ့ထွန်းကားနေသော
ဗုဒ္ဓဘာသာ ဂိုဏ်းကြီး ဖြစ်သည်။

မဟာယာန ၏ဝေါဟာရရင်းမြစ်

မဟာယာန (ကြီးမြတ်သောယာဉ်) ဟူသော ဝေါဟာရ ကို ကြာပန်းသုတ္တန်
(သဒ္ဓမ္မပုဏ္ဍရိသသုတ္တန်) တွင် စတင် တွေ့ ရှိကြောင်း ပညာရှင်တို့
သတ်မှတ်ကြသည်။ ဆေရှီ ကာရာရှီးမား (Seishi Karashima) ၏ အလိုအရ ဘီစီ (၁)
ရာစုခန့် က ပြာကရစ်ဘာသာဖြင့်ရေးသားထားသော ကြာပန်းသုတ္တန်
(သဒ္ဓမ္မပုဏ္ဍရိသသုတ္တန်) တွင် တွေ့ ရသော စကားလုံးမှာ မဟာယာန
(ကြီးမြတ်သောယာဉ်) မဟုတ်ပဲ မဟာဥာဏ (ကြီးမြတ်သောဥာဏ်ပညာ) ဟူသော
စကားလုံးသာဖြစ်ပြီး တစ်ဖြည်းဖြည်းရွေ့လျောကာ မဟာယာန ဟူသော ဝေါဟာရ
ဖြစ်ပေါ်လာခဲ့ ကြောင်းဆိုပါသည်။
မဟာယာန (ကြီးမြတ်သောယာဉ်) ဟူသော ဝေါဟာရ သည် အမြတ်ဆုံးသော ဗောဓိဥာဏ် ကို
ရည်စူး ကျင့်ကြံ သော ဗောဓိသတ္တ (ဗုဒ္ဓ အလောင်းတော်) များ၏ ကျင့် စဉ် ကို
ရည်ညွန်းလေသည်။ ဗောဓိသတ္တ (ဗုဒ္ဓ အလောင်းတော်) များ၏ ကျင့် စဉ် ဟူသည် မိမိ
တစ်ဦးတည်း ၏ လွတ်မြောက်ရေး အတွက်မျှ သာ မဟုတ်ပဲ ဝေနေယျသတ္တ၀ါ အပေါင်း၏
လွတ်မြောက်ရေး အတွေက် ပါ ရည်စူး ကာ ပါရမီများ ဖြည့်ကျင့် သော
လမ်းစဉ်ဖြစ်သော ကြောင့် မဟာယာန (ကြီးမြတ်သောယာဉ်) ဟု ခေါ်ဆိုခြင်း
ဖြစ်သည်။ မဟာယာန (ကြီးမြတ်သောယာဉ်) ဟူသော ဝေါဟာရ နှင့် အတူ ဟီနယာန
(သေးငယ်သောယာဉ်) ဟူသော ဝေါဟာရလည်း ရှိသည်။ ဟီနယာန (သေးငယ်သောယာဉ်)
ဟူသည်မှာ မိမိ တစ်ဦးတည်း ၏ လွတ်မြောက်ရေး အတွက်မျှ ရည်စူး ကျင့်ကြံသော
သာဝကလမ်းစဉ် (သာဝကယာန) နှင့် ပစ္စေကဗုဒ္ဓလမ်းစဉ် (ပစ္စေကဗုဒ္ဓယာန) တို့ ကို
ရည်ညွန်းလေသည်။

ရှေးအခါက ထေရ၀ါဒ ဗုဒ္ဓဘာသာ ကို မဟာယာနဗုဒ္ဓဘာသာ နှင့်

နိုင်းယှဉ်ခွဲခြားလျက် ဟီနယာန ဗုဒ္ဓဘာသာ ဟု ရေးသားလေ့ ရှိကြသည် မှာ
မမှန်ကန်ချေ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ သည် သာဝကလမ်းစဉ် (သာဝကယာန) နှင့်
ပစ္စေကဗုဒ္ဓလမ်းစဉ် (ပစ္စေကဗုဒ္ဓယာန) တို့ အပြင် သမ္မာသမ္ဗုဒ္ဓလမ်းစဉ် (ဗုဒ္ဓယာန)
ကိုပါ ဟောကြားသော ကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ ကို ဟီနယာန (သေးငယ်သောယာဉ်)
နှင့် ထပ်တူပြု ခြင်းမှာ မှားယွင်းသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း
မဟာယာနဗုဒ္ဓဘာသာ၏ အမြင်တွင် မိမိ တစ်ဦးတည်း ၏ လွတ်မြောက်ရေး အတွက်မျှ
ရည်စူး ကျင့်ကြံသော ဘာသာရေးကျင့်စဉ်မှန်သမျှကို ဟီနယာန (သေးငယ်သောယာဉ်)
ဟု သတ်မှတ်မည်သာဖြစ်ပါသည်။

ဒေါက်တာ ဟီရုမိုတို မိဇူမို ရဲ့ အမြင်။ (ဟီနယာန မဟာယာန ကွာခြားမှု ၆ချက်)

မဟာယာနဗုဒ္ဓဘာသာ ၏ ကြီးမြတ်မှုကို ပန်းတိုင်၏ ကြီးမြတ်မှု ၊ဒဿနအမြင်၏
ကြီးမြတ်မှု၊ ကျင့်စဉ်၏ ကြီးမြတ်မှု တို့အားဖြင့်လည်း
အနက်ဝိဂြိုဟ်ပြုကြသေးသည်။

(၁) ပန်းတိုင်၏ ကြီးမြတ်မှု ဆိုသည်မှာ မဟာယာနဗုဒ္ဓဘာသာသည် မိမိအပါအ၀င်

ဝေနေယျသတ္တ၀ါအလုံးတို့၏ ဘ၀လွတ်မြောက်ရေးကို ပန်းတိုင်အဖြစ်
ဦတည်သောကြောင့်ဖြစ်သည်။

(၂) ဒဿနအမြင်၏ ကြီးမြတ်မှု ဆိုသည်မှာ မဟာယာနဗုဒ္ဓဘာသာသည် ရုပ်နာမ် ဓမ္မ

သင်္ခါရ နှင့် အသင်္ခတဓမ္မတို့၏ လက္ခဏ၊ရသ၊ကိစ္စ။သတ္တိ၊ပကတိ၊ သဘာဝ၊ နိယာမ၊ ကာရဏ၊
နိဿတ္တ၊ အနတ္တ၊ သမ္မုတိ၊ပရမတ္ထ စသည်တို့ကို ရှုပွားဆင်ခြင်၍၊ စူးစမ်း၍၊
ထွင်းဖောက်၍ အန္တိမသစ္စာနှင့် မဟာသန္တိသုခကို ဖေါ်ထုတ်ရာတွင် အတ္တ-အတ္တနိယ
ကင်းဆိတ်မှုကို ပုဂ္ဂလသုညတာတွင်ရပ်တန့်မနေမူပဲ
ဓမ္မသဘာဝအားလုံးတို့၏အတ္တ-အတ္တနိယ ကင်းဆိတ်မှု (ဓမ္မသုညတာ) သဘောနှင့် သိအပ်သော
ဥေယျဓမ်တရားဟူသမျှ၏အတ္တ-အတ္တနိယ ကင်းဆိတ်မှုသဘော (အစ္စန္တသုညတာ) အထိ
အမြင်ပေါက် အသိဥာဏ်သန့်ရှင်းစင်ကြယ်မှု ကို ဖြစ်စေသောကြောင့် ဖြစ်သည်။

(၃) ကျင့်စဉ်၏ ကြီးမြတ်မှု ဆိုသည်မှာ မဟာယာနဗုဒ္ဓဘာသာသည် ဗောဓိသတ္တ၏

ပါရမီမဂ်လမ်းစဉ်ကို ဟောကြားသဖြင့် ဘုရားရှင်၏ အတုမရှိသော
ရုပကာယတော်ကိုရောက်ရှိရန်အတွက် ပုညသမ္ဘာရတရားများဖြည့်ဆည်းရခြင်

ဘုရားရှင်၏ အတုမရှိသော နာမကာယတော်ကိုရောက်ရှိရန်အတွက်
ဥာဏသမ္ဘာရတရားများဖြည့်ဆည်းရခြင်
း ဝေနေယျသတ္တ၀ါအားလုံးတို့၏
ဘ၀လွတ်မြောက်ရေး ကို ချေချွတ်ရသောအခါဝယ် ဝေနေယျတို့၏ ၀ါသနာ စရိုက် အလိုက်
သင့်လျှော်သော ကျင့်စဉ် အထူးထူးအပြားပြားကို
ဟောကြားနိုင်ခြင်းကြောင့်ဖြစ်ေ
လသည်။

မဟာယာနဗုဒ္ဓဘာသာပညာရှင် ဒေါက်တာ ဟီရုမိုတို မိဇူမို ၏ အမြင်အရ ဟီနယာန

နှင့် မဟာယာန ကွာခြားမှု ၆ချက်ကို အောက်ပါအတိုင်း အကျဉ်းအားဖြင့်တွေ့ရသည်။
အကျယ်ဖွင့်ဆိုမှုများကို နောက်ပိုင်း မဟာယာနဗုဒ္ဓဘာသာ၏
အယူအဆရေးရာများအပိုင်းတွင် ရှင်းလင်းဖော်ပြမည် ဖြစ်ပါသည်။
       ဟီနယာန  မဟာယာန
၁       ပန်းတိုင်=ရဟန္တာဖြစ်ခြင်း        ပန်းတိုင်=ဗောဓိသတ္တမှသည် ဘုရားဖြစ်ခြင်း
၂       ကံ-သံသရာကို အဆိုးမြင် (ပျင်းမုန်းငြီးငွေ့ခြင်း) ကံ-သံသရာကို
အကောင်းမြင် (ပါရမီဖြည့်ခြင်း)
၃       တစ်ဦးချင်းလွတ်မြောက်မှု သို့ ဦးတည်     ဝေနေယျသတ္တ၀ါအများစု လွတ်မြောက်မှု
သို့ ဦးတည်
၎       တရားသေ ကျမ်းဂန် ၀ါဒ     လွတ်လပ် ဖန်တီးမှု ၀ါဒ
၅       ပရိယတ္တိ ဦးစားပေး       ပဋိပတ္တိ ဦးစားပေး
၆       ရဟန်းဘ၀ ဦးစားပေး       ရဟန်းဘ၀ အပြင် ဥပသကာဗောဓိသတ္တဘ၀ ဦးစားပေး



မဟာယာနဗုဒ္ဓဘာသာ၏ စတင်မြစ်ဖျားခံရာ

မဟာယာနဗုဒ္ဓဘာသာ ၏ စတင်ဖြစ်ထွန်းရာနှင့် ပတ်သက် ၍ သုတေသီပညာရှင်များ
ယခုတိုင် သဘောတူညီသော အမြင်ကို မရနိုင်ကြသေးပါ။ အစောဆုံးပေါ်ပေါက်ခဲ့သော
အမြင်များအရ မဟာယာနဗုဒ္ဓဘာသာ သည် ဟီနယာနဂိုဏ်းများ ကွဲထွက်သော
အချိန်ကာလတွင် ယင်း ဟီနယာနဂိုဏ်းများ နှင့် အပြိုင် ပေါ်ပေါက်လာသော ဂိုဏ်း
ဖြစ်ကြောင်းဆို ကြလေသည်။ စင်စစ်အားဖြင့် ထေရ၀ါဒ နှင့် နိုင်းယှဉ်ပါက
မဟာယာနဗုဒ္ဓဘာသာ သည် မည်သည့် အခါကမှ အယူဝါဒရေးရာ အရ တစည်းတစ်လုံးတည်း
တည်ရှိခဲ့ သည်မဟုတ်ချေ။ မဟာယာနဗုဒ္ဓဘာသာ သည် သီးခြားဂိုဏ်း တစ်ခု အဖြစ်ထက်
ကျယ်ပြန့်သော အရောင်အသွေးအမျိုးမျိုး လောကအမြင် အမျိုးမျိုး ပါဝင်သော
ဘာသာရေးလှုပ်ရှားမှု တစ်ခု ဟု ဆိုပါက ပိုပြီး မှန်ကန်ပေလိမ့်မည်။

ထေရ၀ါဒ၏ သာသနာသမိုင်းဆိုင်ရာစာပေအထောက်
အထားများအရ သာသနာတော်နှစ် ၁၀၀၊
ခရစ်မပေါ်မီ ( ဘီ၊စီ ) ၃၈၇ အရောက်တွင် ဝေသာလီပြည် ၀ဇ္ဇိတိုင်းသား
ရဟန်းတို့သည် ၀ိနည်းတော်နှင့် မညီသော အဓမ္မ၀တ္တု ၁၀ ပါး ( ဒသ၀တ္တုက )အကျင့်
ကျင့်ကြံပြုမူလာကြသည်။ ထိုအခါ ဓမ္မ၀ါဒီမထေရ်တို့သည် အဓမ္မ၀ါဒီတို့၏
ဝိနည်းဒေသနာ ပြုပြင်ကျင့်သုံးမူ့ကို ပယ်ရှားလိုသောကြောင့်လည်းကောင်း

ဓမ္မ၀ါဒီကို ကျစ်လျစ်ခိုင်မာစေလိုသောကြောင့်
လည်းကောင်း သံဂါယနာတင်ရန်
စီမံကြရပြန်သည်။

ထိုသံဂါယနာတင်ပွဲကို ရှင်အာနန္ဒာ၏ တပည့်သာဝကကြီးများဖြစ်သော သက်တော် ၁၈၀

ရှိ အရှင်ရေ၀တမထေရ်၊ အရှင်သဗ္ဗကာမိမထေရ်၊ အရှင်သာဠမထေရ်၊
အရှင်ခုဇ္ဇသောဘိတမထေရ် အရှင်မဟာယသမထေရ်၊
အရှင်သမ္ဘူလမထေရ်တို့သည်လည်းကော
င်း၊ အရှင်အနုရုဒ္ဓါ၏
တပည့်သာဝကကြီးများဖြစ်သော အရှင်ဝိသဘဂါမိမထေရ်၊
အရှင်သုမနမထေရ်တို့သည်လည်းကောင်
း ဒုတိယသံဂါယနာတင်ပွဲအတွက်
ဦးဆောင်ဦးရွက်ပြုသူများ ဖြစ်ကြသည်။ ထိုအထဲမှ အချို့မထေရ်တို့သည်
ဗုဒ္ဓဘုရားရှင်ကို တွေ့ကြုံ ဖူးမြင်ခဲ့ရသူများဖြစ်သည် ဟု အဆိုရှိလေသည်။

အထက်ပါ မထေရ်တို့အထဲက အရှင်မဟာယသမထေရ်ကို အမှူးထား၍ ရဟန္တာ ၇၀၀ တို့သည်

ဝေသာလီပြည် ၀ါဠိကာရုံကျောင်းတော်ကြီး၌ ၈ လတိုင်တိုင် ဒုတိယအကြိမ်
သံဂါယနာတင်ပွဲကို ကျင်းပကြသည်။ ၀ဇ္ဇီတိုင်းသားရဟန်း များ သည် မဟာသံဃိက
ဂိုဏ်း အဖြစ်သီး ခြားခွဲ ထွက် ခဲ့ကြသည်ဟုဆိုပါသည် ။မဟာသံဃိကဂိုဏ်း ၏ ရှေ
့ဆောင်လမ်းပြမှူကြောင့် ဂိုဏ်းကွဲများ ဆက်ကာဆက်ကာ ပေါ်ထွက်ခဲ့သည်။
မဟာသံဃိကဂိုဏ်း မှ ဂိုဏ်းကွဲ ၅ခု ထွက်ပေါ်ခဲ့၍ ထေရ၀ါဒမှ ၁၁ ဂိုဏ်း ကွဲ
ထွက်ပြန်သည်။ ဂိုဏ်းကွဲ အသေး အဖွဲ့များကိုပါ ထည့်သွင်းရေတွက်ပါက
သံဃာဂိုဏ်းပေါင်း ၃၀ အထက် အကွဲ အပြဲခေတ်စားခဲ့ သည်။

သို့ရာတွင် ထေရ၀ါဒမဟုတ်သော ဗုဒ္ဓဘာသာဂိုဏ်းခွဲများ၏ မှတ်တမ်းများတွင်မူ

မဟာသံဃိက ဂိုဏ်း အဖြစ်သီး ခြားဖြစ်ပေါ်လာရခြင်းမှာ
ဝေသာလီပြည်ဒုတိယသံဂါယနာတင်ပွဲ အပြီး ဆယ်စုနှစ်အနည်းငယ်အကြာတွင်
ပါဋလိပုတ်မြို့တွင် ကျင်းပခဲ့သော သံဃအစည်းအဝေးကြီးတွင်မဟာဒေ၀အမည်
ရှိသော
ရဟန်းတော်တစ်ပါးတင်ပြသော အချက်(၅)ချက်ကြောင့်ဖြစ်သည် ဟုဆို၏။
ယင်းအချက်များမှာ အဓိကအားဖြင့် ရဟန္တာပုဂ္ဂိုလ်၏ တရားသိရှိမှု
ကိလေသာစင်ကြယ်မှုတို့ နှင့်ပတ်သက်သော အချက်များသာဖြစ်၏။ ရဟန္တာပုဂ္ဂိုလ်၏
တရားသိရှိမှု ကိလေသာစင်ကြယ်မှုတို့ သည် အကန့်အသတ်ရှိကြောင်း
မပြည့်စုံသေးကြောင်း ပြန်လည်ရွေ့လျောနိုင်ကြောင်းတို
့နှင့် ပတ်သက်သော
ငြင်းခုံမှုများ သံသယ ဖြစ်မှုများ နှင့်သက်ဆိုင်၏။ မဟာဒေ၀၏အချက်(၅)ချက် ကို
လက်ခံသူ သံဃာ အများစုက မိမိတို့ကိုယ်ကို မဟာသံဃိကဂိုဏ်း အဖြစ်
ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပြီး လက်မခံသူသံဃာတို့က မိမိတို့ကိုယ်ကို
ထာဝီရ၀ါဒဂိုဏ်း (Sthaviravadins) အဖြစ် ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည်ဟုဆိုပါ
သည်။
ထာဝီရ၀ါဒဂိုဏ်း သည် ထေရ၀ါဒအနေဖြင့် ဖြစ်ပေါ်လာမည့် ရှေးဟောင်း
ဗုဒ္ဓဘာသာဂိုဏ်းဖြစ်လေသည်။ ဤမှတ်တမ်းများ အရ မဟာသံဃိကဂိုဏ်း သည်
ဝိနည်းတော်နှင့် မညီသော အဓမ္မ၀တ္တု ၁၀ ပါး ( ဒသ၀တ္တုက )အကျင့်ကို
ကျင့်သုံးသော ၀ဇ္ဇီတိုင်းသားရဟန်း များ နှင့် ပတ်သက်ခြင်မရှိသည့် အပြင်
ဝဇ္ဇီတိုင်းသားရဟန်း များ၏ အယူအဆများကိုလည်း ထာဝီရ၀ါဒဂိုဏ်း နည်းတူ
ဆန့်ကျင်သူများဖြစ်သည်ဟု ဆိုပါသည်။

မဟာသံဃိကဂိုဏ်း တွင် ရှေးဦးမဟာယာနဆိုင်ရာ အယူအဆများ (အထူးသဖြင့်

ဗုဒ္ဓဘုရားရှင်၏ လူသားအဖြစ်ထက် လွန်ကဲထူးမြတ်သော
မဟာတန်ခိုးရှင်အဖြစ်ယုံကြည်ခြင်
း) စတင်ပေါ်ပေါက်နေပြီဖြစ်သော်လည်း
မဟာသံဃိကဂိုဏ်း မှ  မဟာယာနဗုဒ္ဓဘာသာ ဖြစ်ပေါ်လာခဲ့သည်မဟုတ်ပါ။
မဟာသံဃိကဂိုဏ်း၏ ဗုဒ္ဓ၀င်ကျမ်းစာဖြစ်သော မဟာဝတ္တု ကျမ်း တွင်
ဗုဒ္ဓဘုရားရှင်၏ လူသားအဖြစ်ထက် လွန်ကဲထူးမြတ်သော မဟာတန်ခိုးရှင် အသွင်ကို
တွေ့ရပါသည်။ ထေရ၀ါဒ၏ ကထာဝတ္ထုကျမ်းအလိုအရ မဟာသံဃိကဂိုဏ်း ၏ ဗုဒ္ဓဘုရားရှင်၏
လူသားအဖြစ်ထက် လွန်ကဲထူးမြတ်သော မဟာတန်ခိုးရှင်အဖြစ်ယုံကြည်ခြင်

အယူအဆသည် ပိဋကတ်လာ မြတ်စွာဘုရားသည် လောကတွင် မွေးဖွားခဲ့သော်လည်း
လောကနှင့်ကပ်ငြိမှုမရှိဟူသော ဟောကြားချက်ကို
တိုက်ရိုက်အနက်ကောက်ယူဖွင့်ဆို
ရာမှ ပေါ်ပေါက်လာသော အယူအဆ ဖြစ်နိုင်ပါသည်။
မဟာသံဃိကဂိုဏ်း၏ အလိုအရ--

•       ဗုဒ္ဓဘုရားရှင်သည် လောကမှလွန်မြောက်သော လောကုတ္တရာဖြစ်

•       ဗုဒ္ဓဘုရားရှင်၏ ကာယ၀စီမနောဟူသမျှ အကြွင်းမဲ့ သန့်ရှင်းစင်ကြယ်
•       ဗုဒ္ဓဘုရားရှင်၏ ရူပကာယတော်သည် အကန့်အသတ်မရှိ အနန္တသဘောကိုဆောင်
•       ဗုဒ္ဓဘုရားရှင်၏ ရူပကာယတော်သည် ဖျားနာခြင်းမရှိ
•       ဗုဒ္ဓဘုရားရှင်၏ အာယုသက်တမ်းသည် အကန့်အသတ်မရှိ အနန္တသဘောကိုဆောင်
•       ဗုဒ္ဓဘုရားရှင်၏ ဘုန်းတန်ခိုးအာနုဘော်သည် အကန့်အသတ်မရှိ အနန္တသဘောကိုဆောင်
•       ဗုဒ္ဓဘုရားရှင်သည် ဝေနေယျတို့ကို ကယ်တင်ရာတွင် မောပန်းမှု မရှိ ရပ်တန့်မှုမရှိ
•       ဗုဒ္ဓဘုရားရှင်၏ စိတ်တော်သည် သမာဓိတွင် အမြဲတည်နေ အိပ်စက်ခြင်းမရှိ
•       ဗုဒ္ဓဘုရားရှင်၏ စိတ်တော်သည် စိတ္တက္ခဏတွင် အလုံးစုံကို သိမြင်နိုင်
•       ဗုဒ္ဓဘုရားရှင်၏ သင်္ကန်း နှင့် ပရိက္ခရာတို့သည် လောကုတ္တရာဖြစ်
•       ဗုဒ္ဓဘုရားရှင်သည် စင်စစ် အိုခြင်း နာခြင်း သေခြင်း မရှိ

ဤသို့ ဗုဒ္ဓဘုရားရှင်၏လောကုတ္တရာဖြစ်ြ
ခင်းအယူအဆသည် နောင်ကာလတွင်
မဟာယာနဗုဒ္ဓဘာသာ၏ ဓမ္မကာယ-သမ္ဘောဂကာယဆိုင်ရာ အယူအဆများ ဖြစ်ပေါ်လာရန်
တင်ကြိုလမ်းခင်းခဲ့သည်ဟု ဆိုရပေမည်။

မဟာယာနဗုဒ္ဓဘာသာ၏ သမိုင်းကြောင်း

မဟာယာနဗုဒ္ဓဘာသာ သည် သမိုင်းအချိုးအကွေ့တွင် ရုတ်တရက် ပေါ်ပေါက်လာသော
သီးခြားဂိုဏ်း တစ်ခု မဟုတ်ပဲ ရာစုနှစ်ပေါင်းများစွာအတွင်း
တစ်ဖြည်းဖြည်းတစ်ရွေ့ရွေ့ တိုးတက်ပြောင်းလဲလာသော ဘာသာရေးလှုပ်ရှားမှု
တစ်ခုသာဖြစ်လေသည်။ မဟာယာနဗုဒ္ဓဘာသာ၏ တိုးတက်ဖြစ်ထွန်းမှုသည်
မဟာယာနဗုဒ္ဓဘာသာ၏ သုတ္တန်တရားတော်များ နှင့် မဟာယာနဗုဒ္ဓဘာသာ၏
ပိဋကတ်စာပေများ တိုးတက်ဖြစ်ထွန်းမှု နှင့် အပြိုင် ဖြစ်လေသည်။

မဟာယာနဗုဒ္ဓဘာသာ၏ ပိဋကတ်စာပေများ အစောဆုံး အထောက်အထား ကို ခ၇စ်နှစ် (၁)

ရာစုကာလ ဟု သတ်မှတ်ရသော  ဥဂ္ဂပရိပုစ္ဆာသုတ္တန် တွင် စတင်တွေ့ ရှိရကြောင်း
ပညာရှင်တို့ သတ်မှတ်ကြသည်။  ဥဂ္ဂပရိပုစ္ဆာသုတ္တန် တွင် စတင်တွေ့ရသော
မဟာယာနဗုဒ္ဓဘာသာ ဆိုင်ရာ အယူအဆများများ မှာ ရှေးဦးမူလ
ဗုဒ္ဓ၀ါဒအယူများနှင့် များစွာ ကွာခြားခြင်းမရှိသေးပဲ
ဂေါတမမြတ်စွာဘုရားရှင်၏ အတုကိုယူလျှက် ဘုရားဖြစ်ရန်
ဆုပန်ကျင့်ကြံခြင်းဆိုင်ရာ အကြောင်းများသာ ဖြစ်လေသည်။ တစ်နည်းအားဖြင့်
မဟာယာနဗုဒ္ဓဘာသာဟူသည်မှာ ဗုဒ္ဓဘာသာ အသစ်တစ်မျိုးမဟုတ်မူပဲ ဗုဒ္ဓဘာသာ၏
ကျင့်စဉ်ဟူသမျှကို တန်းကုန်ကမ်းကုန်ဋ္ဌာန်ကုန်အောင် ကျင့်ကြံအားထုတ်ရန်
ရည်သန်ခြင်းသာဖြစ်သည်ဟု ဥဂ္ဂပရိပုစ္ဆာသုတ္တန် က ညွှန်ပြလေသည်။

မဟာယာနဗုဒ္ဓဘာသာ တွင် သီးခြား ၀ိနည်းကျင့်ဝတ် မရှိခြင်း ကလည်း ရှေးဦး

မဟာယာနဗုဒ္ဓဘာသာ လှုပ်ရှားမှုသည် သီးခြား ဂိုဏ်းခွဲထွက်သော
ဗုဒ္ဓဘာသာဂိုဏ်းခွဲ တစ်ခုမဟုတ်ကြောင်း    ပေါ်လွင်ထင်ရှားနေလေသည်။
မျက်မှောက်ခေတ် မဟာယာနဗုဒ္ဓဘာသာ တွင် ကျင့်သုံးသော ၀ိနည်းကျင့်ဝတ်များမှာ
တိဗက်ပြည်တွင် မူလသဗ္ဗတ္တိဝါဒ ၀ိနည်း တရုပ် ကိုရီးယား ဂျပန် စသည်တို့တွင်
ဓမ္မဂုတ္တက ၀ိနည်း တို့ ကို လိုက်နာကျင့် သုံးနေကြကြောင်းတွေ့ နိုင်ပါသည်။
ခရစ်နှစ် (ရ) ရာစုတွင် အိန္နိယသို့ ရောက်ခဲ့သော တရုပ်ရဟန်းတော် ယိချင် ၏
မှတ်တမ်းများတွင်လည်း ဟီနယာန-မဟာယာန ရဟန်းတော်များအားလုံး
ကျောင်းတိုက်တစ်ခုအတွင်းတွင် အတူတူ သီတင်းသုံး နေထိုင်ကြကြောင်း တူညီသော
ဝိနည်းကျင့်ဝတ် ကိုသာ လိုက်နာကျင့်သုံးကြကြောင်း ဂရုဓမ္မသီလ-သစ္စာလေးပါး
မဂ္ဂင်ရှစ်ပါး တို့ ကို ကျင့်သုံးကြရာတွင် အတူတူ ဖြစ်ကြကြောင်း
မှတ်တမ်းတင်ထားခဲ့သည်။မဟာယာန ရဟန်းတော်များ မှာ မဟာယာနဗုဒ္ဓဘာသာ၏
ပိဋကတ်စာပေများ ကို လေ့လာသင်ယူခြင်း ဗောဓိသတ္တများကို ကိုးကွယ်ပူဇော်ခြင်း
ပြုကြပြီး ဟီနယာနရဟန်းများက မူ ထိုကဲ့သို့ ပြုလုပ်ခြင်းမရှိကြကြောင်း
တွေ့ရသည်ဟု ဆိုပါသည်။

မဟာယာနဗုဒ္ဓဘာသာ နှင့်ပတ်သက်သော အစောဆုံးတွေ့ရသော ကျောက်စာအထောက်အထား မှာ

၅-၆ ရာစု ကာလဖြစ်သည်ကိုတွေ့ရ၏။ မထုရာ ဒေသတွင် တူးဖော်တွေ့ရှိရသော
ခရစ်နှစ် (၁၈၀) ၀န်းကျင်ခန့် ဟုယူဆရသော အမိတာဘဗုဒ္ဓဆင်းတုတော် တစ်ဆူတွင်
မဟာယာနဗုဒ္ဓဘာသာနှင့်ပတ်သက် သည့် ရှေးအကျဆုံးတွေ့ရှိရသော
ကျောက်စာအရေးအသားများ ပါရှိ လေသည်။(ဘုရင် ဟုဗိရှက နန်းစံသက် (၂၈)
နှစ်တွင် ထုလုပ်-ဟူသောစာသားကို ဗြဟ္မီ အက္ခရာဖြင့်ရေးထိုးထား
သည်ကိုတွေ့ရပါသည်(Mathura Museum)

ဗုဒ္ဓဘာသာ သမိုင်းပညာရှင် ဂရီဂိုရီ ရှိုပင် (Gregory Schopen) ၏

သုံးသပ်ချက်အရဆို ရလျှင် ခရစ်နှစ် (၅) ရာစု မတိုင်မီကာလ အထိ
အိန္နိယနိုင်ငံတွင် မဟာယာနဗုဒ္ဓဘာသာ၏ အသွင်အပြင်များ ထင်ရှားစွာ
ပေါ်လွင်နေခြင်း မရှိသေးပေ။ ယင်းကာလတွင် မဟာယာနဗုဒ္ဓဘာသာ စတင် ပေါ်ပေါက်
လာခဲ့ ပြီဆိုလျှင်တောင် အိန္နိယနိုင်ငံ၏ ဗဟိုအချက်အချာကျသော နေရာများတွင်
မဖြစ်နိုင်ပဲ မထင်မရှား ဝေးလံခေါင်ဖျား ကျောင်းတိုက်များတွင်သာ
ဖြစ်ပေလိမ့်မည်ဟု ဂရီဂိုရီ ရှိုပင် က ယူဆပါသည်။
အချို့သောပညာရှင်များအလိုအရ ရှေးအကျဆုံးသော မဟာယာနသုတ္တန်များ သည်
ပညာပါရမိတာသုတ္တန် များဖြစ်နိုင်ပြီး ဘီစီ (၁) ရာစုဝန်းကျင်တွင်
ယင်းသုတ္တန်များကို စုဆောင်းခဲ့ကြသည်ဟု ခန့်မှန်းသည်။ လောကခေမ အမည်ရှိသော
ဂန္ဓာရတိုင်းသာ ကုရှန်ရဟန်းတော် တစ်ပါးက တရုပ်ပြည်သို့ ရောက်ရှိခဲ့ပြီး
ထိုအခါက တရုပ်နိုင်ငံ၏ မင်းနေပြည်တော် ဖြစ်သော လိုယန် (Luoyang) တွင်
မဟာယာနသုတ္တန်များ ကို ဘာသာပြန်ဆိုခဲ့သည်။ ခရစ်နှစ် ၁၇၈ မှ ၁၈၉ အတွင်း
ပြန်ဆိုခဲ့သော မဟာယာနသုတ္တန်များ မှာ အဓိက အားဖြင့် အောက်ပါတို့
ပါဝင်လေသည်။

၁။ အဋ္ဌသာဟာရှရိကာ ပညာပါရမိတာသုတ္တန်

၂။ ၀ိမလကိတ္တိ နိဒ္ဒေသ သုတ္တန်
၃။ မဟာ သုခ၀တီဗျူဟာ သုတ္တန်
၎။ အက္ခောဘတထာဂတဗျူဟာ သုတ္တန်
၅။ ဥဂ္ဂပရိပုစ္ဆာသုတ္တန်
၆။ မဉ္ဖူသိရီပရိပုစ္ဆာသုတ္တန်
ရ။ သုရင်္ဂမသုတ္တန်
၈။ ဘဒ္ဒပါလသုတ္တန်
၉။ အဇာတသတ္တုကောတျဝိနောဒနသုတ္တန်
၁၀။ ကဿပ ပရိဗာတသုတ္တန်
၁၁။ လောကာနုဝါတနသုတ္တန်
၁၂။ အ၀ဋံသကသုတ္တန်

(ဆက်လက်ဖေါ်ပြပါမည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...