Wednesday, December 28, 2011

အမွေးရိတ်ခြင်း၊ နုတ်ခြင်းနှင့် ပတ်သက်ပြီး သင်သိထားသော အယူအဆ အမှားများ

by Moenge Aung on Wednesday, December 28, 2011 at 1:12pm
By Good Health Originally posted 

ခန္ဓာကိုယ် သန့်ရှင်းစေဖို့ အမွေးရိတ်ကြပါတယ်။ အမွေးရိတ်ရာမှာ ပြုလုပ်လေ့ရှိတဲ့ အယူအဆ အမှားတွေ ရှိပါတယ်။
 အရင်ဆုံး သန့်စင်မှု မပြုလုပ်ခြင်း
 အမွေးမရိတ်ခင် သင့်အရေပြားနဲ့ အမွေးတွေကို အရင်ဆုံး ကြေးချွတ်သန့်စင်မှု ပြုလုပ်ပေးသင့်ပါတယ်။ ဒီလို ပြုလုပ်ထားတာကြောင့် အမွေးရိတ်ချိန်မှာ အရေပြား မျက်နှာပြင်ဟာ ချောမွေ့နေကာ နာကျင်မှုလည်း ကင်းစေပါတယ်။ အမွေးရိတ်ပြီးသား မျက်နှာပြင်ကိုလည်း အရက်ပြန် မပါဝင်တဲ့ လိုးရှင်းနဲ့ လိမ်းထားပေးသင့်ပါတယ်။ ဒါမှ အရေပြားကို ကျန်းမာ ဖွံ့ဖြိုးစေနိုင်ပါတယ်။ ကြေးချွတ် သန့်စင်တာကို အမွေးမရိတ်ခင် နှစ်ရက်လောက် ကတည်းက ပြုလုပ်သင့်ပြီး အမွေးရိတ်ပြီးချိန်မှာလည်း လိုးရှင်းကို လိမ်းထားပေးသင့်ပါတယ်။


 အမွေးနုတ်ချိန် အရေပြားကို တင်းထားခြင်း
 အမျိုးသမီး အများစုဟာ မျက်ခုံမွေး နုတ်ချိန်မှာ အရေပြားကို တင်းနေအောင် ဆွဲထားပြီး အမွေးကို နုတ်လေ့ရှိပါတယ်။ တကယ်တော့ အရေပြားက တင်းနေရင် အမွေးနုတ်ရတာ ပိုပြီး နာကျင်တတ်ပါတယ်။ ဒါကြောင့် မျက်ခုံးမွေး မနုတ်ခင် ရေခဲကပ်ပေးကာ သက်သောင့်သက်သာ အနေအထားဖြစ်ဖို့ စိတ်ကို လျှော့ထားပါ။

နံနက် အိပ်ရာနိုးချိန်တွင် အမွေးရိတ်ခြင်း
 ခြေသလုံးနေရာက အမွေးတွေကို ရိတ်တဲ့အခါ မနက်မိုးလင်း အိပ်ရာထပြီး ရေချိုးချိန်မှာ ရိတ်တတ်ကြပါတယ်။ အိပ်နေတဲ့ အချိန်မှာ ခြေထောက်က အမွေးတွေရဲ့ ဖွံ့ဖြိုးမှု အပိုင်းတွေက မွေးညင်းပေါက်တွေထဲမှာ ရှိနေတတ်တဲ့ အတွက် မနက်ပိုင်း သင် အမွေးရိတ်ချိန်မှာ ပြီးပြည့်စုံအောင် ရိတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ညနေခင်းမှာသာ ရိတ်ပါ။

 ရေနွေးထဲ စိမ်နေချိန် အမွေးရိတ်ခြင်း
 ရေနွေးနဲ့ ရေစိမ်ချိုးချိန်မှာ အမွေးရိတ်လိုက်ရင် ပိုကောင်းတယ်လို့ သင်ထင်နေပါသလား။ တကယ်တော့ ရေနွေးစိမ်ချိန်မှာ အမွေးရိတ်တာဟာ သင့်ကို သက်သောင့်သက်သာ မဖြစ်စေပါဘူး။ ရေနွေးနဲ့ ရေစိမ်ချိုးပြီး ၁၀ မိနစ်ကြာမှသာ အမွေးရိတ်ပေးသင့်ပါတယ်။

 အမွေးရိတ်သော ဓားကို ထပ်ကာ ထပ်ကာ ပြန်သုံးခြင်း
 တစ်ခါ အသုံးပြုပြီးသား ဓားကို ထပ်ကာထပ်ကာ အသုံးပြုတာဟာ သန့်ရှင်းမှုရှိဖို့ မလွယ်ပါဘူး။ ဒါကြောင့် တစ်ခါသုံးဓားဟာ အကောင်းဆုံးပါ။ တစ်ခါ အသုံးပြုပြီး ပစ်လိုက်ပါ။ နောက်ထပ် တစ်ကြိမ် ပြန်မသုံးပါနဲ့။

 အမွေးရိတ်ခရင်မ် အသုံးမပြုခြင်း
 အမွေးရိတ်ချိန်မှာ အမွေးရိတ်ခရင်မ် တစ်မျိုး သုံးပေးတာဟာ အရေပြားကို ချောမွေ့စေနိုင်သလို မွေးညင်းပေါက်တွေအထိ ထိရောက်တဲ့ ရိတ်သင်နိုင်မှုကို ရရှိစေနိုင်တာကြောင့် သုံးပေးသင့်ပါတယ်။

 ခဏ ခဏ ရိတ်နေခြင်း
 တကယ်တော့ ခြေထောက်နေရာက အမွေးတွေကိုဆိုရင် သုံးပတ်လောက်ကြာမှ တစ်ကြိမ် ရိတ်ပေးသင့်ပါတယ်။ နှုတ်ခမ်းမွေး ဆိုရင်တော့ တစ်ပတ်တစ်ကြိမ်ပါ။ အမွေးထွက်တာ မြန်သူဆိုရင်တော့ သုံးရက်တစ်ကြိမ်ဆို ရပါပြီ။ နေ့စဉ်ဆိုရင် သင့်အရေပြားကို ပျက်စီးစေပါတယ်။

 နည်းစနစ်မှားခြင်း
 အမွေးရိတ်ရာမှာ ဓားနဲ့ ရိတ်တာမျိုး မဟုတ်ဘဲ ဖယောင်းကိုကပ်ပြီး ပြန်ခွာတဲ့ ကုထုံးကို အလှပြင် ခန်းမတွေမှာ သုံးတတ်ကြပါတယ်။ တချို့က အိမ်မှာ ကိုယ့်ဟာကိုယ်ဝယ်ပြီး အသုံးပြုကြပါတယ်။ နည်းစနစ်မှန်ဖို့တော့ လိုပါတယ်။ အထူးသဖြင့် ဖယောင်းဆီကို လိမ်းချိန်မှာရော ပြန်ခွာတဲ့ အချိန်မှာပါ မွေးညင်းတွေရဲ့ ဆန့်ကျင်ဘက်ကို မလုပ်မိစေဖို့ပါ။ မဟုတ်ရင် အရေပြား နာကျင်မှုနဲ့အတူ ပေါက်ပြဲတာတွေအထိ ဖြစ်နိုင်ပါတယ်။

 သဲသဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...