Thursday, December 29, 2011
ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်ကွင်း
http://8-8-88.blogspot.com/2011/12/blog-post_23.html  မှ ....
ဘယ်သူမှဘာသာမပြန်လို့ တတ်သလောက်ပြန်ပါတယ်။အမှားတွေတပုံကြီးပါ။မတတ်နိုင်ပါဘူး။ အင်္ဂလိပ်စာညံ့ပါတယ်။ဒီမိုကရေစီတော်လှန်ရေးမှာပါဝင်သူအားလုံးမမေ့သင့်တဲ့သမိုင်းတခုမို့  စာရေးသူကဗမာလို ရေးပေးနိုင် ရင်တော်တော်ကောင်းမှာပါ။ 
ဘာသာပြန်ကျွမ်းကျင်သူများ ဘာသာပြန်ပေးပါ။
(၂)
စခန်းတခုလုံး ကိုလှမ်းပြီးမြင်နိုင်တဲ့ ဒီနေရာမှာ  ကျနော်တို့ ကလွဲလို့ ဘယ်သူမှမရှိပါဘူး။ ကက်ဆက်ရီကော်ဒါကတော့ စပြီး အသံဖမ်းနေပါပြီ။ အောင်နိုင်က ထိုင်ပြီး သတင်းထောက်နဲ့ စ စကားပြော ပါတယ်။ ပထမဆုံး ရင်ဒီး က ကျနော်တို့ ရဲ့  အုပ်စုလိုက်ပုံကိုဓာတ်ပုံရိုက် တယ်။ နောက်တယောက်ပြီး တယောက် ဘယ်သူဘယ်ဝါပါဆိုပြီးမိတ်ဆက်စကားပြောကြတယ်။ 
သူရဲ့  ပထမဆုံးမေးခွန်းက   စစ်ကြောရေးလုပ်တုန်းက နှိပ်စက်ညှင်းပန်းခံခဲ့ကြရသလား ။  တဲ့
ကျနော်တို့ ခု ကျန်းကျန်းမာမာပါပဲ  ဒါကျနော့်အဖြေပါ။
မဟုတ်ဘူး။ကျမမေးတာ ရှင်တို့  စစ်ကြောရေးမှာ နှိပ်စက်ခံခဲ့ရသလားဆိုတာကိုမေးနေတာပါ။
ကျောင်းသားတပ်မတော်က ကျနော်တို့ ကို သင့်တော်တဲ့ ဆေးဝါးတွေ ထောက်ပံ့ပါတယ်ခင်ဗျ။
ကျမမေးတာ ရှင်တို့ နှိပ်စက်ခံခဲ့ကြရသလား     ဒီတခါတော့သူက အသံကိုမြှင့်ပြီးမေးလာပါတယ်။
ဒဏ်ရာကတော်တော် ဆိုးဆိုးဝါးဝါးဆိုရင် အရေးပေါ်ကုသပေးပါတယ်။ 
သူကျနော့်ကို ကြည့်လာ တဲ့အခါ ကျနော်က ရီကော်ဒါဆီမျက်ရိပ်တချက်ပြလိုက်ပြီး သူကိုတောင်းပန်တဲ့ အကြည့်နဲ့ ကြည့် ပါတယ်။(ငါ့ကိုချောင်ပိတ်မဖမ်းပါနဲ့ ။ မင်းဘာသာ သဘောပေါက်လိုက်ပါ ရင်ဒီး)
ဒါပေမဲ့ မမျှော်လင့်ပဲဒီအခြေအနေကို အောင်နိုင်က ၀င်ထိန်းလိုက်ပါတယ်။ 
ဟုတ်တယ်။ ကျနော်တို့ ဒီလူတွေကို ထိုးတယ်။ကြာပွတ်နဲ့ ရိုက်တယ်။ ကန်တယ်။ လိုအပ်လာရင် ကျင်စက်  နဲ့ တို့  တယ်။ အကုန်လုပ်တယ်ဗျာ။ ဒီကောင်တွေဟာတော်တော်ကောက်ကျစ်ယုတ်မာတဲ့အကောင်တွေဗျ။ ကျုပ်တို့  ဒီလိုမှမလုပ်ရင် သူတို့ ဘာမှကိုဖော်မှာမဟုတ်ဘူး။
ရင်ဒီး အခြေအနေကို ကောင်းကောင်းသဘောပေါက်သွားပုံရပါတယ်။
m2
နှင်းတောထဲမှာ မလှုပ်မရှား ရပ်နေကြတဲ့ကျနော်တို့ ဟာ  မြင်းရေးပြနေတဲ့ မျိုးဝင်းရဲ့ ပရိသတ်တွေပေါ့။ ခနနေတော့ သန်းဇော်က မျိုးဝင်းကိုသတင်းပို့ လာတယ်။ တယ်လီဖုန်းဆီသွားပြီးနားထောင်တယ်။ဘာ။ What? Not disappeared, healed.Well, you have to perform alluding to the order whether it is disappeared or healed, get it good. 
သူ့ စကားတွေကြောင့် ကျနော်တို့  ပဟေဌိဖြစ်သွားကြတယ်။ ဒါပေမယ့် စိုးဝင်းသန်း ကို ဆေး ကုပြီး လို့  ပြန်ပို့ လာ မယ်ဆိုတာ ကေအိုင်အေက ကျောင်းသားတပ်မတော်ကိုသတင်းပို့ ထားကိုတော့ ရိပ်ဖမ်း သံ ဖမ်းသိထားကြတယ်။
But Ta Yote Kyi, answerer of the KIA’s call, acknowledged heal as flee. So he informed it to Than Zaw. Than Zaw brought it to Myo Win. 
ကျနော်တို့ သေခြင်းနဲ့  ရင်းနှီးကျွမ်းဝင်ခဲ့တာတော့ ကြာခဲ့ပါပြီ။ ကျနော်တို့ အားလုံး သေခြင်းတရားနဲ့  မျက်နှာချင်းဆိုင်ပြီး အိမ် နီးခြင်းဖြစ် ခဲ့ကြရာက ကံကောင်းလို့ လွတ်မြောက်လာကြတာပါ။
(4)
သူ့ ဆီက ဘာမှစကားပြန်မလာဘူး။
၁၀မိနစ်လောက်ကြာတဲ့အခါ အိမ်အပြင်ဖက်က ခြေသံတွေကြားရတယ်။ လက်နက်ကိုင်ထားတဲ့ကျောင်း သားစစ်သားနှစ်ယောက် အိမ်ရှေ့ ကနေ၀င်လာတယ်။ တချိန်တည်းမှာပဲ လှဆိုင်နဲ့ ကျော်ထင်ဦး က နောက်ပေါက် ကနေ၀င်လာတယ်။
ကျနော်တို့ အားလုံးရှေ့ မှာပဲ လှဆိုင်နဲ့ ကျော်ထင်ဦးက ခင်မောင်စိုးရဲ့ ဘယ်နဲ့ ညာမှာနေရာယူလိုက်တယ်။ ခင်မောင်စိုးရဲ့  ကျောကို ငှားထားတဲ့သေနတ်ပြောင်းနဲ့ ထောက်ထားလိုက်တယ်။ လှဆိုင်က ခင်မောင်စိုးကို လက်ထိပ်ခတ်လိုက်တယ်။ လွယ်လိုက်တာ။ ဥက္ကဌရဲ့ ကိုယ်ရေးအရာရှိကို ဥက္ကဌရဲ့  ရှေ့ မှာပဲ ဥက္ကဌရဲ့ အိမ်မှာ ကြက်ကလေးငှက်ကလေးလိုဖမ်းဆီးလိုက်တာ။
ဒါဘယ်လိုဖြစ်တာလဲ။ ကျနော့်ကို ရှင်းပြပါဦး  ကျနော်သူ့ ကိုတောင်းဆိုလိုက်တယ်။
ငါ သူတို့ ကိုမီးစိမ်းပြလိုက်တာ ကိုထွန်းအောင်ကျော်က စကားပြန်လာတယ်။
မဟုတ်ဘူး။ခင်ဗျားညာနေတာ။ ဥက္ကဌတယောက်ဆီကသေနတ်ကိုပါ သိမ်းလိုက်ဖို့ ခင်ဗျားကမီးစိမ်းပြလိုက် တယ်ပေါ့လေ။ဟုတ်လား။ 
ချိုကြီးက ကျနော်တို့ နှစ်ယောက်ကြားထဲဝင်ရပ်တယ်။
ဥက္ကဌ။ဒီတခါတော့ ခင်ဗျား  စော်ကားခံရတာမဟုတ်ဘူးဗျ။ ဖင်-ိုးခံလိုက်ရတာ။
ကဲ။ကဲ။ မင်းတို့ ဥက္ကဌနဲ့ စကားပြောတဲ့အချိန်မှာ သင့်တင်လျောက်ပတ်စွာယဉ်ကျေးစွာဆက်ဆံဖို့ ငါ အမိန့် ပေးတယ်။
အိုး။ ငါဒီနေ့ ပဲဒီကိုရောက်တယ်။ ဥက္ကဌရဲ့ သူငယ်ချင်းဆီကအမိန့် ကို နာခံနေရပါပကောလား။
ကောင်းပြီ။ ဒါဆို ခင်ဗျားနဲ့ ကျနော် တရားဝင်စကားပြောမယ်။ နံပါတ်၁ ကဘာကြောင့်ခင်ဗျား အိမ်မှာ လုံခြုံရေးတယောက်မှချမထားတာလဲ။အဲဒါကျနော်ကိုရှင်းပြ။ နာက်တခုက ဒါထက်အရေးကြီးတယ်။ ကျနော် ခင်မောင်စိုး ရဲ့ ကိစ္စကို ဆက်ပြောချင် တယ်။ နိုး။နိုး။ကျေးဇူးပြုပြီး  ခင်ဗျားမီးစိမ်းပြလိုက်တယ် လို့ မပြော ပါနဲ့ ။ဒါတွေဖြစ်ပျက်တဲ့ ချိန်ထိ ခင်ဗျားဘာမှမသိဘူးဆိုတာကျနော်သိတယ်။If you knew everything before hand, it was no need for them.
10
ခနနေတော့ ညီညီကျော် က ကျနော်တို့ အားလုံးအတွက် လက်ဖက် ရည်ဖျော် ဖို့ သိန်းထွန်းဦး ကိုပြောလိုက်တယ်။ သိန်းထွန်းဦးထွက်သွားတော့ ညီညီကျော် ကပြောတယ်။ ဒီဖမ်းဆီးတဲ့ကိစ္စ တွေကို ကျနော်ဥက္ကဌကို အထပ်ထပ်ပြောပြီးပြီ။ သူသေချာဂရုမစိုက်ဘူးဗျ။ နောက် ဆုံးတကြိမ်ဒီကျနော်ပြောတော့ ဒီကိစ္စကို  ထပ်မပြောဖို့ တောင် ပြောတယ်။
အခုကတော့ ခင်ဗျားတို့ သူငယ်ချင်းကို ပြောဖို့   ခင်ဗျားတို့ အပေါ်မှာပဲမူတည်တယ်။ ဒီကိစ္စ တခြား မပေါက်ကြားစေချင်ဘူး။ ဒါကြောင့် သိန်းထွန်းဦးကိုအပြင်လွှတ်လိုက်တာ။
ဘာဗျ။ ဒီအလောင်းကိုတွင်းထဲထည့်။မြေကြီးပြန်ဖို့ ။
ဒါဆိုပြီးပြီးပေါ့။  ခွေးသေ၀က်သေသေပေါ့။ ကျနော်အပြင်ကို ပြေးထွက်ခဲ့တယ်။
ငါဒီကိုလာခဲ့တာမှားပြီလား။
အောင်မင်းကျနော့်နောက်ကိုလိုက်လာပြီး  ပြောနေကျစကားကိုပြောတယ် ။  ညီညီ တခုခု အချိန် မှီလုပ် ရမယ်။ ငါတို့ မှာဆင်ခြေမရှိဘူး………
(200)
ဒါနဲ့ သူနောက်တနည်းစလာပါတယ်။
ဟေး။ အောင်မင်း။ မင်းကဘာလို့ ပြုံးနေတာလည်း။
မဟုတ်ပါဘူးဆရာ။ဘာမှမဟုတ်ပါဘူး။
လှမျိုးအောင်ရဲ့ ဒေါသက ပေါက်ကွဲတော့ထွက်မလာပါဘူး။ ဒါပေမယ့်သူရဲ့ သွေးဆာနေ တဲ့၊မကောင်းတဲ့စိတ် အခံကတော့ ပွင့်ထွက်လာပါတယ်။
မင်းက သေနတ်ရှာနေတာလားကွ။သေနတ် ကိုလုချင်နေတာလား။
မဟုတ်ပါဘူးဆရာ။မလုပ်ရဲပါဘူး။ ပြီးတော့ ကျနော်က စတိုထဲရောက်နေတာသေနတ်ရဖို့ မဖြစ်နိုင်ပါဘူး။
အော်။ငါသိပြီ။ မင်းက စတိုထဲမှာမဟုတ်ရင်တော့ သေနတ်ကိုလုမယ်ပေါ့ဟုတ်လား။
ကျနော်ဒီသဘောပြောတာမဟုတ်ပါဘူးဆရာ။
လှမျိုးအောင်သူ့ ကို ကြိမ်တုတ်နဲ့ အကြိမ်ကြိမ်ရိုက်တယ်။
ပြောဦးကွ။ပြောဦး။ စတိုထဲမှာမဟုတ်ရင်မင်းသေနတ်လုမယ်လို့ ဆိုလိုတာငါသိတယ်။
အေး။စောင့်နေကြ။ငါပြန်လာခဲ့မယ်။
ကျနော်တို့ ကိုသော့ခတ်ပြီးသူ့ ဘားတိုက်ထဲကိုထွက်သွားပါတယ်။ 
လှမျိုးအောင်နံချပ်ကူနဲ့ ပြန်ရောက်လာပါတယ်။ကျနော်တို့ ရှေ့ မှာ လမ်းသလားလို့  မိန့် ခွန်းခြွေပါတယ်။ ဘာအနှစ်သာရမှမရှိလိုက်တဲ့မိန့် ခွန်း။ ရိုးသားဖို့ ။ဖြူစင်ဖို့ ။ဖြောင့်မတ်ဖို့ တဲ့။ကျောင်းသားတပ်မတော်ကို စိတ်နဲ့ တောင်မပြစ်မှားဖို့ တဲ့။ မိန့် ခွန်းခြွေနေရင်းနဲ့ သူက အောင်မင်းကျော ကိုနံချပ်ကူနဲ့ ရိုက်နေ လိုက်သေးတယ်။
.
(109)
သူတို့ ဟာ သာမန်လူတွေကြားထဲမှာတော့ သူဌေးတွေပဲပေါ့။ လက်သီးနဲ့ စန်းထွန်း အကြံဆိုးတွေနဲ ရောက် လာကြတယ်။
တရုတ်ကြီးအရက်ဝယ်ဖို့ မင်းမှာ ပိုက်ဆံနည်းနည်းမရှိဘူးလား။
ဘာလုပ်ဖို့ လည်းကွ။
မင်းအရက်ဝယ်ရင် ငါ အသားရအောင်စီစဉ်လိုကမယ်။ဘယ်နှယ့်လဲ။
စည်သူက ပြောတယ်။အသားနဲ့  ဗော့်ဒဂါနှစ်ပုလင်းနဲ့ ဆို အတော်ပဲ။
ဗော်ဒဂါ။ဘယ်ကဗော်ဒဂါရလည်း။
တရုတ်လုပ် ဗော့ဒဂါအရက်တွေပေါ့ကွာ။
အိုကေ။ငါအသားသွားစီစဉ်လိုက်မယ်။ မင်း အရက်စီစဉ်လိုက်။
သူတို့ အောက်ဆင်းပြီး အသားသွားရှာကြတယ်။ သိပ်မကြာလိုက်အသားတွဲတွေဆွဲပြီး
တက်လာတယ်။
တရုတ်ကြီးက  အသားကလတ်တယ်ကွ။တယ်ကောင်းပါလား။
စည်သူက အသားတွေကို ကြော်နေပါတယ်။ 
ညီညီ မင်းအသားမစားဘူးလား။
ဒါဘာသားလဲ။
ဒါသမင်သားကွ။
ဘယ်သူပစ်တာလဲ။ငါသေနတ်သံလည်းမကြားမိပါလား။ အသားကိုသေသေချာချာကြည့်တော့တမျိုးဆန်းနေတယ်။မဟုတ်ဘူး။အသားက ပုံမှန်ပါပဲ။ သွေးကြောတွေ က နည်းနည်းကြီးပြီး အမဲသားရဲ့  လေပြွန်ကပိုက်လိုဖြစ်နေတာ။
သူတို့ ကိုထပ်မေးကြည့်တယ်။
ဘာအသားလည်းကွ။
သမင်သားကွ။သမင်သား။ ဒါသမင်ဇော်ဝင်းချစ်ရဲ့ အသား။ သန့် ပါတယ်ကွ။ငါတို့  ပေါင်သားကိုလှီးယူခဲ့တာ..
(12)
Thangyaung (L) and Dr Naing Aung (R).—MNA
ရပြီ။ရပြီ။  ဒါတော်လှန်ရေးပဲ။
ရပြီဆိုတာ မင်းဘာကိုဆိုလိုတာလဲ။
ဒီနေရာမှာ တော်လှန်ရေးနာမည်ခံပြီးတော့ လူသတ်တာ တရားဝင်တယ်လို့ ဆိုလိုချင်တာလား။
တော်လှန်ရေးအမည်ခံပြီးတော့ ….
နိုး။နိုး။ ငါဒီလိုပြောတာမဆိုလိုပါဘူး။ အားလုံးပြီးသွားတဲ့အချိန် မင်းကိုငါအားလုံးရှင်းပြပါ့မယ် ။
သံချောင်းက ဒီလိုကတိပေးတယ်။
ဘာ။ မင်းစကားတွေက ခုလက်ရှိအခြေအနေတွေကို မင်းဘာမှာမသိဘူးဆိုတာသက်သေပြနေတယ်။
ငါ င့ါရဲ ဘော်တွေကိုယုံကြည်ပါတယ်။
ဒါဆိုငါတို့ ကရော။
ငါတို့ ကရောရဲဘော်ရဲဘက်တွေမဟုတ်ဘူးလား။ မယုံကြည်ရဘူးလား။
ငါ့ကိုချောင်ပိတ်မဖမ်းပါနဲ့ ကွာ။
ငါမင်းတို့ အကုန်လုံးကိုတော်တော်စိတ်ပျက်နေပြီ။
 ထွန်းအောင်ကျော် အိမ်ထဲကိုပြန်လာတယ်။ လူတိုင်း နေ့ လည်အိမ်မက်တွေ နဲ့  ငြိမ်နေကြ တယ်။ တော်လှန်ရေးအမည်တပ်ပြီး  အသတ်ခံရတဲ့ သူက အယောက် ၂၀  ထက်မနည်းတော့ဘူး။ချိုကြီးနဲ့ ကျနော် မန္တလေးမှာရှိစဉ်က  ခင်ချိုဦးနဲ့  နန်းအောင်ထွေးကြည်ကိုမသတ်ဖို့  လှမ်းပြီး ရာဇသံပေး ခဲ့တယ်။ ဒီလိုအချင်းချင်းသတ်နေရင် ကျောင်းသားတပ်မတော်အတွက် အလုပ်လုပ်ပေးမှာ မဟုတ်တော့ဘူး လို့ ရာဇသံပို့ ခဲ့တယ်။ အဲဒီတုန်းက မျိုးဝင်းက ကျနော်တို့ ဆီအကျိုး အကြောင်းရှင်းလင်းတဲ့စာလှမ်းပို့ ပြီး  အဲဒီအမျိုးသမီးနှစ်ယောက်လိပ်စာကိုပေးခဲ့တယ်။ ဘာပဲဖြစ်ဖြစ်သူတို့ အဲဒီတုန်းက သူတိုလုပ်နေ တာတွေကို ရပ်ခဲ့ပေမယ့် အခု ခင်ချိုဦးနဲ့ နန်းအောင်ထွေးကြည်ကိုထပ်ဖမ်း ထားပြန်ပြီ။
(16)
So it is pity that there are only 350 patriot ABSDF members in whole upper Burma. Don’t put like that, I don’t mean it.
Yes, you do mean it, but you daren’t confess.
You must not speak like that. Everybody has the right to choose one’s own way. Even me, when I feel fed-up with the situation, I have the right to go back on my own will.
ခင်ဗျားဒီလို မပြောရဘူး။ လူတိုင်းမှာ သူလမ်းကိုသူကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ်။ ကျနော်ဒီအနေ အ ထား တွေ ကို စိတ်ပျက်လာရင် ကျနော်ဆန္ဒအတိုင်းကျနော့်လမ်းကျနော်ရွေးခွင့်ရှိတယ်။
နိုး။ဒါ မဖြစ်နိုင်ဘူး။
ဘာကြောင့်မဖြစ်နိုင်ရမှာလဲ။
ဘာကြောင့်လဲဆိုတော့ ငါက မဖြစ်နိုင်ဘူးလို့ ပြောလို့ ပဲ။မင်းသဘောပေါက်လား။
ကျနော်စကားတလုံးမှ မပြောနိုင်တော့ပါဘူး။ နှလုံးသားထဲမှာနာနေတယ်။ ဒီတော်လှန်ရေးကြီးပြီးရင်တော့ တရားဝင်ရှင်းလင်းချက်လုပ်ရမယ်လို့ စိတ်ထဲကနေကိုယ့်ကိုယ်ကို ကတိပြုလိုက်တယ်။
ကျနော်တို့ အားလုံးငြိမ်သက်လို့ ။တနေ့ လုံးဘာမှမလုပ်ပဲအချိန်ကုန်သွားတယ်။
ညီညီကျော်နဲ့ ရဲလင်း ကထမင်းစားပြီးတော့ရောက်လာကြတယ်။ သူတို့ က ကေအိုင်အေ စခန်းကို သွားကြရ အောင်တဲ့ ။  ဘယ်မှာလည်း။ ဒေါ်ခင်ညိုအိမ်ကိုလေ။ ငါတို့ လက်ရည်သွားသောက်ရအောင်။
အိုကေ။သွားကြတာပေါ့။
ဒေါ်ခင်ညိုက တခါက ကျောင်းသားတပ်မတော်ရဲ့ အဖွဲ့ ဝင်တယောက်ပါ။ သူ့ က PSOကေအိုင်အို ကတ်ပ တိန် ခူးနော်Hkun Naw နဲ့ လက်ထပ်ထားပါတယ်။ သူလည်း ထိန်းသိမ်းခံရမယ့်စာရင်းမှာပါပေ မယ့် ကေအိုင် အေ က သူ့ ကို ကယ်ထားပါတယ်။ 
ကျနော်တို့ သိုက်ထွန်းဦးဆီသွားမလို့ လုပ်တော့ တချို့ ကျနော်တို့ နဲ့ လိုက်လာပါတယ်။ အသစ်ရောက် လာတဲ့သူက  Myo Thit, Baman ကဖြစ်ပြီး သူ့ နာမည်က ကိုထွန်းပါ။တချိန်က ရှမ်းလဲဗီးတပ် ကပါ။ He was once a red Shan levy, these levies were together with BSPP and against KIA.
(26)
Oh, we are thin skinned. ဆိုးဆိုးဝါးဝါးတခုခုတော့မကြာခင်ဖြစ်တော့ မယ်။ဥက္ကဌထွန်းအောင်ကျော်ကလွဲရင် ရဲလင်း။ညီညီကျော်နဲ့ မန္တလေးက လူတွေက အခြေအနေ ဆိုးနေပြီဆိုတာလက်ခံတယ်။  အခုကျနော်တို့ ကျောင်းသားတပ်မတော်ဟာ ကင်ဆာဖြစ်နေတဲ့ လူမမာ တယောက်နဲ့ တူနေပြီ။ အထဲထဲက အင်္ဂါအစိတ်အပိုင်းအားလုံးပျက်စီးကုန်ပြီး။ ပုတ် ကုန်ပြီ။ တော်တော်များများ အသတ်ခံလိုက်ရပြီ။ တချို့ လည်းမြို့  ကိုပြန်ပြေးကုန်ပြီ။ကျန်ရစ်ခဲ့တဲ့ လူတွေ ကရော။ ကျနော်တို့ အဖွဲ့ သုံးဖွဲ့ ခွဲလို့ ရတယ်။ အမဲလိုက်တဲ့မုဆိုး က ပထမအုပ်စု။ သားကောင်ဖြစ်ရသူကဒုတိယအုပ်စု။တတိယက ပွဲကြည့်ပရိသတ်။
တရက်မှာ ခင်ဆွေလှိုင်နဲ့ သင်တန်းခန်းနားမှာဆုံတယ်။ သူကျနော့်ကိုကောင်းကောင်းသိပါတယ်။ သူ နဲ့ သူ့ သူ ငယ်ချင်းတွေ မန္တလေးမှာထောက်လှမ်းရေးလိုက်ဖမ်းတုန်း ကျနော်အိမ်မှာဖွက်ပေး ထားပြီး အေဘီနဲ့ ချိတ်ဖို့ စီ စဉ်ပေးခဲ့ဖူးတယ်။ ခုလက်ရှိသတ်ဖြတ်နေတဲ့အခြေအနေကို သူနဲ့ ဆွေးနွေး ဖို့ ကြိုးစားကြည့်တယ်။ နားနှစ်ဖက်ကိုတောင်မယုံနိုင်ဘူး။
သူကက်ကက်လန်ပြန်ပြောတာက ဒါကျမအလုပ် မဟုတ်ပါဘူး။ 
ဒါဆို နင့် အ လုပ် ကဘာလည်း။ 
ကျမ စီအက်သံချောင်းကို ယုံကြည်တယ်။သူက ရိုး သားပြီးတော့ ဘယ်တော့မှ မမှားဘူး။
(112)
ဟေ့ ကုလား ရာဒါရာဒါလုပ်မနေနဲ့ ။  VCS အမိန့် နဲ့  လက်မ လက်ထိပ်ပဲဖြုတ်ပေးမယ်။ ကျေးဇူးပါဗျာ၊ကျေးဇူးပါ။VCS ကိုလည်းကျေးဇူးတင်ပါတယ်။ အခုတော့ နေရထိုင်ရခက်တဲ့ အနေအထားကနေ ကျနော်လွတ်မြောက်သွားပါပြီ။ တခါထပ်ပြီးကျေးဇူးတင်ပါတယ်။ ဒီအတွက်တချိန်ချိန်ကျရင် ကျေးဇူးပြန်ဆပ်ပါ့မယ်။
နောက်တော့မှကျနော်သိတာက အဲဒီအချိန်ကစလို့   ကျနော်စိတ်ဓာက်ရေးရာအနေအထား ကအဆိပ် သင့်နေပါပြီး။  ကြောက်ရွံ့ မှုနဲ့ ရိုကျိုးမှုက ရောဂါလက္ခဏာတွေ။ ကျနော်အတွင်းမှာ ကြောက်ရွံ့ မှု ကျနော်ပိုရိုကျိုးလာတယ်။အတွင်းက ကြောက်ရွံ့ မှုကဒီရိုကျိုးမှုတွေကို စိုက်ပျိုးကြီးထွားလာစေတာပါ။ အစောင့်တွေကကိုယ့်ကို ပျော့ပျော့ပြောင်းပြောင်းဆက်ဆံစေချင်တယ်။ ကျနော်ရိုကျိုးတယ်။ ရိုကျိုး ဖို့ ကြိုးစားတယ်။ ဒါ ကျနော့်မနက်ဖြန်အနာဂတ်အတွက်။
မင်းင့ါမျက်ရည်တွေကိုသုတ်ပေးမလား။
တယောက်ယောက်ကကျနော့်နာမည်လှမ်းခေါ်ရင် အရမ်းကိုသိမ်မွေ့ တဲ့ အမူအယာနဲ့ တုန့် ပြန်တယ်
No, sir, I don’t feel like eating something
(312)
ဒေါက်တာနိုင်အောင်ရဲ့ ခွင့်ပြုချက်နဲ့  ဘိုဘို။ဝဏဇော်။ညီညီအောင် တို့ ကိုလွှတ်မယ်။ ဒါပေမယ့် ကမ္ဘာ့ကြက်ခြေနီကလာရင် အဲဒီအချိန်အားလုံးကိုလွှတ်လိုက်မယ်။
သူတို့ နားထောင်တယ်။ဘာမှမပြောပဲ စာရွက်မှာလက်မှတ်ထိုးလိုက်တယ်။နောက်တော့ ကျနော်တို့ ဒါ နဲ့ ပတ်သက်ပြီး ဘာလုပ်သင့်သလဲ ကျနော်တို့ အခြေအနေကို အချင်းချင်းဆွေးနွေးကြတယ်။
They are not seemed to be slackening their stands. နောက်တချက်က CS VCS ကတို့ ကိုရှောင်နေတယ်။ ဒေါက်တာနိုင်အောင်နဲ့ ကျောင်းသားတပ်မတော်ဗဟိုအကြောင်းလည်းအရမ်းကိုပြောလွန်းတယ်။ ကြည့်ရတာ ဒေါက်တာနိုင်အောင်ဒီရောက်နေပုံပဲ။ဟုတ်တယ်။ ဒီကောင်က ဒီသတ်ပွဲကိုတာဝန်ယူနေပုံပဲ။ သူဘာလုပ်နေလဲ သူသေသေချာချာသိရဲ့ လားလို့ ကျနော်သံသယရှိတယ်။ ဒီဖြုတ်ဦးနှောက်လောက်နဲ့  ဒါ ဗဟိုကဥက္ကဌတဲ့လား။
Mg Mg, don’t left behind NLD (LA). They are one step ahead of Naing Aung. They live together in a camp.So I think we’d better bargain something out. 
တကယ်လို့ ကျနော်တို့ ညှိုနှိုင်းနိုင်ရင် တခုခုတော့ရနိုင်တယ်။
 ပြီးတော့ဒီ အငယ်သုံးယောက်က နည်း နည်းလေးပျော့တယ်။ ဘိုဘို၊၀ဏဇော်နဲ့ ညီညီအောင်ကိုပြန်လွှတ်ပေးဖို့ ပြောမယ်။သူတို့ ကအသက်ငယ်တယ်။ ပြီးတော့ သူတို့  စကားအရတော့ အရာရှိတွေမဟုတ်ကြဘူး။Then, with three young guys, they are a little bit soft. So, we will ask Bo Bo, Wa Na Zaw and Nyi Nyi Aung back. They are young and according to their words, they are not the officers. 
သူတို့ အမိန့် ကိုစောင့်နေတုန်း ကျနော်တို့ ကဒီမှာစောင့်နေမယ်။ တယောက်ပဲလွှတ်ခဲ့ရင်တောင် ကျနော် တို့ လက်ခံမယ်။
အေပရယ် ဒုတိယပတ်မှာ ကျောင်းသားတပ်မတော်ရဲ့  တာဝန်ရှိသူတွေဖြစ်ကြတဲ့     အောင်နိုင် ။ေ အာင် ကြီး။နေ ဒွန်း။သက်ထွန်း။သန်းဇော် လူ၇ယောက်နဲ့ ဆွေးနွေးပွဲ တခု စီစဉ်တယ်။ ဂျပန်သတင်းထောက်နဲ့  မိဘတွေလည်းပါတယ်။
(21)
ချိုကြီးမျက်နှာမှာသွေးတွေစီးကျနေတယ်။ မျိုးဝင်းရောက်လာပြီး ကျနော်တို့ ကို စကားပြော တယ်။ 
ဟေးညီညီ။ငါမင်း ကိုပြောဖူး တယ်မဟုတ်လား။ ငါကကျားကွ။ သမင်မဟုတ်ဘူးဆိုတာ။
ဟုတ်ကဲ့။ပြောဖူးပါတယ်။ ဒါပေမယ့်ခု ဘာတွေဖြစ်နေတာလည်း ကျနော်နားမလည်ဘူး။
ကုလား။မင်းပါးစပ်ပိတ်ထားစမ်း။ သေသွားချင်လား။   သန်းဇော် ကျနော်ကိုခြိမ်းခြောက်တယ်။
ဒါဟာ ဒီကျောင်းသားစခန်းကိုရောက်ကတည်းက ပထမဆုံးလူမျိုးရေးခွဲခြားနှိပ်ကွပ်ခံလိုက်ရတာပဲ။
(35)
I am thinking about the physical appearance and inner form. No, not exactly like this. I’ll try to put it in another way. Yes, hardware and software.
If you have learned something, the essence of the learned situated in your inner self is software. Certificate or acknowledgement or anything that indicate your skill is just hardware. Same method of thinking can apply to doctors, engineers and everything not excluding politicians.
So long as the software and hardware are matched each others, it is okay. When software is better than its hardware, it is not much of a trouble for that person. Only that fellow is too perfect to his occupation. But when hardware superiors to its software, it is finish. It is like money drawing a car or a donkey ruling the forest.
Almost all of the dictators in the past were socks. But their hardware was so great and big to be dictators.
Now, what do you think of our CEC members? What about every fucking body!
We are at the wrong play ground at the wrong time. If we try to score now, we would be like Escobar of Columbia.
Well, just Yada Yada and be fucked together.
ya·da ya·da
Variant(s):
or yad·da yad·da \ˈyä-də-ˈyä-də\ or yada yada yada or yadda yadda yadda \-ˈyä-də\
Function:
noun
Etymology:
alteration of earlier yatata idle chatter, probably ultimately from British dialect and argot yatter-yatter to chatter, of imitative origin
Date:
1980
: boring or empty talk —often used interjectionally especially in recounting words regarded as too dull or predictable to be worth repeating
The Yada Yada – Wikipedia, the free encyclopedia
Source
“The Yada Yada” is the 153rd episode of the American NBC sitcom Seinfeld. The 19th episode of the 8th season, it aired on April 24, 1997. George’s girlfriend is big on using the phrase “yada yada ya…
en.wikipedia.org/wiki/The_Yada_Yada
(129)
And the other end of the line is put on the beam.
Guards taunted the end and hook poked in the ear. Zaw Win Chit tip toed to reduce the pressure. The guards taunted further and hook went into the deeper inside. Zaw Win Chit cried loudly, “kill me, kill me. You are blood thirsty, kill me now”, like that kind of crying, he was punished badly and expired of injury sustained. 
အစောင့်ကဇော်ဝင်းချစ်နားထဲကိုသံချောင်းထိုးထည့်လိုက်တယ်။
ဇော်ဝင်းချစ် သက် သာအောင်ခြေဖျားထောက်တယ်။ အစောင့်က နားအတွင်းထဲထိရောက်အောင် ထပ်ထိုး ထည့်လိုက် တယ်။
ဇော်ဝင်းချစ် က ငါ့ကိုသတ်လိုက်ပါ။သတ်လိုက်ပါ။ မင်းတို့ သွေးဆာနေတဲ့ကောင်တွေ။ ငါ့ကိုအခုသတ်လိုက်။ အဲဒီလိုအော်ဟစ်ရင်း ဆိုးဆိုးဝါးဝါးညှင်းဆဲခံရပြီး သေဆုံးခဲ့တယ်။ ဒီကောင်တွေဟာတော်တော်ဆိုးဝါးတဲ့ အကောင်တွေ။ ရန်ရှင်းလည်းသွေးခဲပြီး သေပြီ။ ရန်ရှင်းက အိန္ဒိယ အေဘီဂျီအက်ဖ်စခန်းကိုသွားပြီး အဲဒီကနေ သံခဲကို အေဘီမှာလုပ်ဖို့ ခေါ်လာခဲ့တာ။ အိန္ဒိယကနေ ဖားကန့် ဒေ သရောက်တော့ ရန်ရှင်း နဲ့ မန္တလေးက နောက်တယောက် ခေါင်းဖြတ်သတ်ခံရတယ်။ အဲဒီကိစ္စသံခဲဘာပြောလဲ။ သူဘာမှ မသိသ လိုလုပ်နေတယ်။ သူတာဝန်ယူတယ်ဆို အိုင်စီစီကို ပြောရမယ်။ အခုသူဒီမှာ ။လက်ရှိအခြေအနေကို သူ ဘာပြောခဲ့လဲ။ လောလောဆယ်သူအ လုပ်တွေနည်းနည်းရှုပ်နေလို့ ပါ။
သူဘာလုပ်နေလဲ။
မမွှန်နေတယ်။
မင်းတကယ်ပြောနေတာလား။
နိုး။နိုး။သူမမွှန်နေလား။မွှန်မနေဘူးလား။ကျနော်သေသေချာချာမသိပါဘူး။ဒါပေမယ့်သူခင်ဆွေလှိုင်ကိစ္စနဲ့  အလုပ်ရှုပ်နေတယ်။
Good show, veteran and leftover story.
No, no. I really don’t know whether he is tomcatting or not. But he is busy in courting Khin Shwe Hlaing.
Good show, veteran and leftover story.
Anyhow, he cannot be clean by keeping. Blind eyes and guilty of encouraging Myo Win and Than Chaung.
Sure thing.When the work is finished. We are a little busy but it is worth working.
(40)
ဒီနေရာမှာသီချင်းမဆိုပါနဲ့ ။ ကျနော်မကြားချင်လို့ ပါ။ ကျနော်အိပ်ချင်လို့ ပါ။
သူ့ ကိုမအိပ်ခိုင်းနဲ့ ။ နှိုးလိုက်စမ်း။
ခဏလေးပါ။ခဏလေးအိပ်ပါရစေ။
Even the lion sleeps likes an eagle. Sure, fishing is the naughty fame. ငါးတွေကငါးမြှားချိတ်ကိုမြင်နိုင်ဘူး။Then, it is a trick. It is not a fair game. ဒါမျှတတဲ့ကစားပွဲတခုမဟုတ်ဘူး။
မင်းဘာလို့ လပ်ကီးစထရိုက်မကြိုက်တာလည်း။
ကျနော်အစီခံမပါတာပိုကြိုက်တယ်။ 
မနက်ဖြန်ရမယ်။ 
ငါတို့ လွတ်တော့မယ် ။
နိုး။နိုး။ကျနော်ရေမချိုးချင်ဘူး။အရမ်းအေးလွန်းတယ်။
ဘေးမှာဇော်ဇော်မင်းကရပ်ပြီး စပ်ဖြဲဖြဲမျက်နှာနဲ့ ။ ရေပုံးအခွန်ကိုကိုင်လို့ ။ ထိုင်နေတဲ့ အနေအထားမှာ ကျနော်စိုရွှဲလို့ ။ အခြေအနေကိုခုထိ ရေရေလည်လည်သဘောမပေါက်သေး။ ဒါပေမယ့်သေချာတာက နာကျင်မှု။ နာကျင်မှုဝေဒနာက တကိုယ်လုံးမှာ။ခေါင်းထဲကထိုးတယ်။ငယ်ထိပ်ကထိုးတယ်။ ဘာကိုမှ သဲသဲကွဲကွဲမမြင်နိုင်ဘူး။
ဒီကနေ့ နည်းနည်း သက်သာတယ်။ ဘာလို့ လည်းဆိုတော့ အခုပဲ အဆုံးသတ်အထိတွေးလိုက်လို့ ။ သူတို့ ငါ ဆီ ရောက်လာတယ်။ မန္တလေးက ထောက်လှမ်းရေးဗိုလ်မှူးမောင်မောင်ချိုလို့  တံဆိပ် ကပ်သွားတယ်။ညီအကိုဝမ်းကွဲ ထွန်းအောင်ကျော်ကလည်းအဲဒီဌာန ဗိုလ်မှူးပဲ။
သောက်ရူးတွေ။ မှတ်ပုံတင်မှာငါနာမည်က အောင်သန်း။ မန္တလေးက မစ်ရှင်ကျောင်းသွားတော့ ဖရက်ဒီ။ ချိုကြီးဆိုတာရင်းနှီးသူတွေခေါ်တာ။ သူတို့ အခုငါ့ကိုနာမည်သစ်တခုပေးတယ်။
(45)
ဒီကိစ္စကိုကျနော်ချဲ့ ကားမပြောဘူး။ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ကိုကောက်ကြောင်းတ ခုဆွဲပြမယ်။ သေသွားတဲ့ပြည်စိုးနိုင် နဲ့ ခင်ချိုဦးတို့ အကြောင်းပါ။ ပြည်စိုးနိုင်က စစ်ကြောရေးလုပ်တုန်း ညှင်းဆဲခံရတယ်။စစ်ကြောရေးမှာဝန်ခံလာအောင်အရိုက်ခံရ။ညှင်းဆဲခံရတယ်။ သူ့ နောက်ဆုံးစကားက  ကျောင်းသားတပ်မတော်ကိုငါ မရွံရှာ။မစက်ဆုပ်ချင်ဘူး။
His last words were “I don’t want to disgust ABSDF.”
ဒီစကားပြောပြီးနောက် သတိလစ်ပြီး နောက်တော့သေဆုံးသွားတယ်။ပြည်စိုးနိုင်ဘာမှ ၀န်မခံပဲသေ ဆုံးသွားတော့ သူတို့ ဒီအခြေအနေကိုမကျေနပ်ဘူး။ခင်ချိုဦးကို အလောင်းဘေး ကိုခေါ်လာ တယ်။ ပြည်စိုးနိုင်ရဲ့ အလောင်းကိုဖက်ခိုင်းတယ်။ငိုခိုင်းတယ်။ ဒါကိုဗီဒီယိုမှတ်တမ်းယူတယ်။ဒါ ဟာ စီအီးစီ အဖွဲ့ ဝင်၊ ကျောင်းသားတပ်မတော်ထောက်လှမ်းရေးအဖွဲ့ ဝင်တွေရှေ့ မှာဖြစ်ခဲ့တာပါ။ ဂျူဂျူး။သိမ့်ဆွေ နဲ့ တင်စမ်းဦးဆိုတဲ့ အ မျိုးသမီးအဖွဲ့ ဝင်တွေပါရှိတယ်။ ခင်ဆွေဦးကို  ပြည်စိုးနိုင် အလောင်း က ယောက်ျား အင်္ဂါကို orall sex လုပ်ခိုင်းတယ်။
သူတို့ ကအဖမ်းဆီးခံ ထားရတဲ့သူတွေဟာ  ခွေးတွေလိုပဲ ၀ါဒဖြန့် တယ်။ကြည့်ကြ။ ခင်ချိုဦးဟာ ဥပမာ တခုပဲ။      သေသွားတဲ့သူ့ ရည်းစား စပိုင် ရဲ့ အလောင်း ကိုတောင်ဒါမျိုး မစဉ်းစားရဲစရာမဖွယ်မရာတွေ လုပ် တယ် လို့ ဝါဒဖြန့် တယ်။
 (48)
၁၂၃၄
ခေါင်းကသွေးတွေ မျက်နှာပေါ်သွေးတွေစီးကျလာတယ်။
 ၂၈ ၂၉ ၃၀ ၃၁ ၃၂
ဒီနေရာမှာ တခုပြောဖို့ မေ့နေတာက စစ်ကြောရေးလုပ်နေစဉ်ကာလ မှာလေးလက်မသံချောင်း ကို ပြည်စိုးနိုင် ရဲ့ စ အိုထဲရိုက်ထည့်ထားပြီး ၂၂၀ ဗို့ အားလည်းရှော့ရိုက်ထားတယ်။ ကျနော်အတွက်တော့ ရုပ်ပိုင်းအရ မခုခံနိုင်ဘူး။
I have never asked extra treatment. I have already enough.မနက်ဖြန်ဆို ကျနော်တို့ ကိုရှင်းတော့မယ်လို့  သိထားတယ်။ကောင်းကောင်းအိပ်ပြီးဒီ အတွက်ပြင်ဆင်ရမှာ ပဲ။ကောင်းကောင်း အိပ်တာနာကျင်မှုကိုသက် သာစေတဲ့ဆေးပဲ။ နာကျင်မှုကိုတောင်အရ သာတွေ့  သလိုလို ဖြစ်လာသလားပဲ။ အိုကေ။ အတိုက်အခံခေါင်းဆောင်တွေနဲ့ အင်အယ်လ်ဒီ အယ်အေ ဘာလုပ်မ လဲကြည့်ကြရအောင်။
(50)
အမျိုးသမီး ၂ ယောက်ကို ကားစင်ပေါ်တင်ပြီး ကြာပွတ်နဲ့ တကိုယ် လုံးကိုရိုက်တယ်။ မျက်နှာတွေပါမချန်ဘူး။ စကားလုံးတွေနဲ့ ဘလက် ကာယလုပ် တယ် ။ဒါ တကယ့် မဟာအကြံအစီနဲ စီစဉ်ထားတဲ့စတိတ်ရှိုးပဲ။ မတော်တဆဖြစ်တာမဟုတ်။ သေသေချာ ချာအကွက်ချပြီး ဒါတွေဖြစ်လာတာ။ ကျနော့်မှာ ရှင်းပြဖို့ အ ချက်အလက်တွေအပြည့်ပဲ။ ဒီအမျိုးသမီး ၂ယောက်အပြင် ဖမ်းခံရတဲ့အထဲမှာတခြား မိန်းကလေး သုံးယောက်ရှိသေး တယ်။
နန်းစော။သင်းသင်းညီနဲ့ တူးတူး။ သင်းသင်းညီက မကြာခင်လွတ်တောမယ် လို့ ။ မကြာခင်လွတ်တော့မှာမို့ သင်းသင်းညီကို ရိုက်ခွင့်မပြုဖူး အစောင့်တွေကပြောပါတယ်။ ဒါမှ အပြကောင်းမယ်။သူ ကို ခပ်ဆဆလေး ငါးချက်လောက်ပဲရိုက်ရမယ်။
မနက်စာစားအပြီး ထွန်းအောင်ကျော်နဲ့ ကျနော့်ကို သတ်ဖို့ တောင်ကုန်းကိုခေါ်သွားတယ်။ လက်ဝါး ကပ်တိုင် ၂ ခုက တခုနဲ့ တခု ၁၀ ပေအကွာ။ အဖမ်းခံရတဲ့အထဲက တချို့ ရောက် လာပြီး သက်သေထွက်ကြတယ်။အဲဒီအချိန် မျိုးဝင်းကအားလုံးကို ဒီကိစ္စဆွေးနွေးဖို့ ပြောတယ်။ ခင်မောင်ဇော် နဲ့ မိုးကြီးကလွဲလို့ ဘယ်သူက မှဘာပြောရမှန်းမသိဘူး။ မျိုးကြီးနဲ့ ခင်မောင်ဇော် က ကျနော်တို့ ဟာ အစိုးရသူလျှိုတွေဖြစ်ကြောင်း၊အသက်မဆုံးရှုံးချင်ရင် ကျောင်းသားတပ်မတော်နဲ့ တော်လှန်ရေးမှာ ပါဝင်ရမယ်ဖြစ်ကြောင်းပြောပါတယ်။
(52)
သူတို့ ကခင်ဗျားကို နည်းနည်းအနားပေးလိမ့်မယ်။ နို့ မိုဆိုရင်တော့ ခင်ဗျားကိုသေတဲ့အထိရိုက်သတ်လိမ့် မယ်။ ဒီကောင်တွေက ဒီစကားလုံးမျိုးတွေကို ကြိုက်တာသဲခြေခိုက်ပဲ။  ဒီစကားတွေကြားရင်သူတို့  ကျေနပ် သွားတယ်။ဒါမှမဟုတ်ရင်တော့ သူတို့ ဒေါသက ရူးသွပ်မှုကိုပြောင်းသွားတယ်။
ဇော်ဇော်မင်းက အော်ဟစ်ရယ်လိုက်ပြီး လေးလက်မသံကို သူအိင်္ကျီ အိတ်ထဲ ကထုတ်လိုက် တယ်။ မောင်ဌေး က အောက်ကိုသွားပြီး တူသွားယူတယ်။ ဇော်ဇော်မင်းက ထွန်းအောင်ကျော် လက်ဖ၀ါးနှစ် ဖက်စလုံးထဲကို လက်ဝါးကပ်တိုင်မှာကပ်ပြီး သံရိုက်ထည့်လိုက်တယ်။
Myo Zaw and Win Myint would not be left out.
ဥက္ကဌအောင်နိုင်။ ဒီစစ်ရုံးထဲမှာအခုရှိနေတဲ့သူတွေအားလုံးတယောက်မှ အစိုးရသူလျှိုတွေမဟုတ်ဘူးဆိုတာ ဒီကောင်သိတယ်ဆိုတာ ကျနော်လောင်းရဲတယ်။ Even the glorious chairman Aung Naing; I will bet that he knows that everybody in this war office is not the government agents. ဒီအောင်နိုင်ဆိုတဲ့ကောင်ဟာ သူ့  လုံခြုံဖို့ အတွက်ဆိုသူ့ အမေကိုတောင်ရောင်းစားဖို့ ဝန်မလေးတဲ့ကောင်။ ခင်မောင်ဇော်နဲ မျိုးကြီးက မသိနားမလည်တဲ့ကျောင်းသားတွေကို  ဖမ်းဆီးခံထားရတဲ့သူတွေကို လက်ညိုး ထိုးပြီး သူတို့ ဟာ အေဘီအက်ဒီအက်ဖ် ကို ဖြိုခွဲဖို့ လာခဲ့တာ လို့ ပြောကြတယ်။
ရပြီ။ရပြီ။ ဒီလောက်ဆိုလုံလောက်ပါပြီ။
(175)
ကျနော်က ဆန္ဒပြတဲ့ကာလတုန်းက ခေါင်းဆောင်တွေထဲမှာဝင်ရောပြီး စစ်တပ်အာဏာပိုင်တွေကို အားလုံးသ တင်းပို့ ရ ပါတယ်။ သူတို့ ကျနော်လုပ်ဆောင်ချက်တွေ ကိုသဘောကျလို့ ရာထူးတိုးပေးပါတယ်။
မင်းအဆင့်ကဘာလည်း။ 
ကျနော်တပ်ကြပ်ကြီးကနေ ဒုဗိုလ်အဖြစ်ရာထူးတိုးပေးပါတယ်။
အိုး
ဂျမ့်ပ်ပရိုးမိုးရှင်းပါလားကွ။(သေလိုက်စမ်း။ငါဘယ်လောက်နမော်နမဲ့နိုင်လိုက်သလဲ။နာကျင်မှုတွေကြောင့်ဖြစ်မယ်ထင်တယ်။ မတတ်နိုင်ဘူး။ကိုယ့်ကိုယ်ကို ရာထူးခုန်ကျော်ပြီးတိုးပေးလိုက်တယ်။)
မင်းကိုငါ ကျေနပ်ပြီ။ကျေနပ်ပြီ။ မင်းစစ်မြေပြင်တွေဘာတွေကိုရောသွားဖူးသလားကွ။
တခါမှမသွားဖူးပါဘူး။ဒါကကျနော့်အလုပ်မဟုတ်ပါဘူး။ 
ဒါဆိုမင်းအလုပ်ကဘာလည်း။
ကျနော်က  upgrading section ကပါ။
ဘာတုန်းကွ   Upgrading section ဆိုတာ။
ကျနော်တို့ က စစ်ရေးထက်နိုင်ငံရေးဖက်ကိုပိုအလုပ်လုပ်ရပါတယ်။We were upgraded there, in that section.
ဒီမှာ တွေ့ တဲ့ကော်လန်တွေကဘာတွေလည်းကွ။ 
ဘာသာစကားပါ။ တရုတ်။ထိုင်း။ဟင်ဒီ။အင်္ဂလိပ်။ရုရှား၊စီးပွားရေးနဲ့ နိုင်ငံရေးပါ။ ကျနော်က အင်္ဂလိပ်စာဌာ နက ကျူ တာပါ။
အော်။အော် ဒါကြောင့်မင်းအင်္ဂလိပ်စာကောင်းတာကိုး။ အင်္ဂလိပ်စာဘယ်မှာသင်ခဲ့လည်း။
ကျနော်တို့ ဌာနက ဗိုလ်မှူးဆီမှာပါ။ 
မင်းကိုဒီကိုဘယ်သူကလွှတ်လိုက်တာလည်း။
မန္တလေးက ဗိုလ်မှူးမြင့်ဦးပါ။ကျနော့်ကိုဒီကိုလွှတ်တော့ဗိုလ်အဖြစ်ရာထူးတိုးပေးပါတယ်။
(ဗိုလ်မှူးမြင့်ဦးက မန္တလေးထောက် လှမ်းရေး ၁က ဗိုလ်မှူးပါ။)
 (67)
မျိုးဝင်းနဲ့ အောင်နိုင် ရီပြီး အပြင်ထွက်သွားကြတယ်။
မင်းဒီကိုလာတော့ အထူး  သင်တန်းတွေတက်ခဲ့ရလား။
ဟုတ်ကဲ့။ တက်ရပါတယ်။ တက်ရောက်သူ ၁၃ ယောက်ပါပါတယ်။ ကျနော်ကခြောက်ယောက်မြောက် ပါ။(တကယ်တော့ ညီအကိုမောင်နှမတွေကြားမှာ ကျနော်က ခြောက်ယောက်မြောက်ပါ။)
ပြော။အဲဒီသင်တန်းသားတွေကို။
တင်မောင်။တင်မောင်ညွန့် ။တင်စိုး။ ချစ်ပို။ချစ်ဖေ။ လှရွှေ။ရဲမြင့်။ မျိုးလွင်။ခင်မောင်မြင့် နဲ့ …အကုန် မမှတ်မိတောဘူးဗျ။
အိုကေအိုကေ အကုန်ပြောစရာမလိုပါဘူး။ 
ထောက်လှမ်းရေး ၁ ကို ဘယ်လိုသတင်းကပို့ သလဲ။
(
ဘယ်လို။ ငါက ထောက်လှမ်းရေး ၁က ဗိုလ်ပါလို့ ပြောခဲ့ပြီးပြီလေ။ ငါ့ရုံးကိုငါ သတင်းအချက် အလက်တွေ ပို့    ဖို့ အထူးအထွေနည်းစနစ်တွေလိုသေးလို့ လားကွ) 
ပုံမှန်အားဖြင့် တပတ်တခါ သတင်းပို့ ပါတယ်။ညီမင်းလို့  ခေါ်တဲ့ မူဆလင်ကားပြင်ဝပ်ရှော့နားက ကားအစိတ်အပိုင်းတွေရောင်းတဲ့သူက ကျနော့်ဆက်သားပါ။
အရေးပေါ်ဆိုရင်ကော
မျိုးလွင် ၂၉လမ်းနဲ့ ၉၃လမ်းဒေါင့်က  သူ ကအရေးပေါ်အတွက်ပါ။
ရေဒီယိုထရန်စ္စမစ်တာတို့ တယ်လီဖုန်းတို့ ……
(69)
ငါမင်းကိုအခွင့်အရေးတခုပေးမယ်။ သေနတ်တွေ အဆိပ်တွေ ထုတ်ပေးစရာမလိုဘူး။ငါလိုချင်တာက မင်းဝန်ခံဖို့ ပဲ။ ၀န်မခံရင်တော့သေပြီလို့ သာမှတ်တော့။ 
စီအက်စ်   ကျနော်သူလျှိုမဟုတ်ပါဘူး။ 
ကျနော်တကိုယ်လုံးကို ထိုးကြိတ်ကန်ကျောက်တာတွေလာပါတော့တယ်။
ခွေးမသား။ထပ်မေးဦးမယ်။ မျိုးဝင်း ကတ္တရာဘုတ်ကြီးသယ်လာပါပြီ။
ငါအသက်ကိုကယ်ဖို့ ငါတယောက်ပဲရှိတယ်။အသက်ဥာဏ်စောင့်ပဲ။ ဒီနေရာမှာ အသေခံပြီးသူရဲကောင်း မလုပ်ချင်ဘူး။  
ပူတယ်။  ပူတယ်။ ပူတာထက်ပိုပူတယ်။ ဒီထက်ပိုပြီးငါသည်းမခနိုင်တော့ဘူး။ရပ်ပါတော့။ရပ်ပါတော့။ ကျနော်အကုန်ပြောပါတော့မယ်။
အိုကေ။မင်းက မင်းဟာ ဗိုလ်မှူးပါလို့ ဝန်ခံတယ်။
ဟုတ်ပါတယ်။ဟုတ်ပါတယ်။
သူ့ ကိုကြိုးဖြေပေးလိုက်။အခုမင်းတော်တော်သဘောပေါက်လာပြီ။ စောစောဝန်ခံရင် မင်းဒီလိုအသားမနာ ဘူး။ ခင်မောင်ဇော်လိုတောင်ဖြစ်တယ်။  
ကျနော်ဘာမှထပ်မကြားလိုတော့ဘူး။တကိုယ်လုံးနာကျင်နေသလို စိတ်ထဲမှာ လည်းနာကျင်နေတယ်။ သူတို့ ကျနော်တို့ အားလုံးကို စစ်ရုံးပြန်ပို့ ကြတယ်။
(71)
စစ်ကြောရေးကာလမှာ ကျနော်ဟာကျောင်းသားစစ်စစ်ပါ။စစ်တပ်နဲ ဘာမှမပတ်သက်ပါဘူးဆိုတာ ကျိန်တွယ်ပြီးပြောခဲ့ပါတယ်။ ပြသနာက သူတို့ ကကျနော်ကို ဗိုလ်မှူးလို့ တံဆိပ်ကပ်ပြီးဖြစ်နေတာပါပဲ။ ဖမ်းဆီးခံရသူတွေအတွက်ကျနော်ဝမ်းနည်းပါတယ်။တကယ်ကိုဝမ်းနည်းကြေကွဲရပါတယ်။သူတို့ ကျနော်တို့ ကို ယုံကြည်အားကိုးကြတယ်။အထူးသဖြင့်ထွန်းအောင်ကျော်ကိုပေါ့။
အခု ကျနော်တို့ ဟာကိုယ့်ကိုယ်ကိုတောင်မကယ်နိုင်တဲ့အခြေအနေ။ညှင်းပန်းမှုတွေကြံ့ကြံ့မခံနိုင်တဲ့နောက် ကိုယ်ကိုယ့် ကိုယ်မုန်းတဲ့အစိုးရရဲ့ သူလျှိုအဖြစ်ဝန်ခံရတဲ့အဖြစ်ပါ။ ဒီဝန်ခံချက်တွေက ဖမ်းဆီးခံရ သူတွေ ပိုလို့ ညှင်း ပန်းမှုခံလာရတယ်။ညှင်းပန်းခံရလို့ ဝန်ခံ။ဝန်ခံလို့ ပိုညှင်းပန်းနဲ့ ကျောင်းသားတပ်မတော်ပျက် သုဉ်းတဲ့ အထိဒီသံသရာလည်ရပ်တော့မယ်ထင်ပါတယ်။ ဒါကသေချာပါတယ်။
Those confessions would bring further torture among the detainees and it will bring further confession till to the devastation of ABSDF.This is the most sure thing. Later, there will be a Red Shan Army in the place of ABSDF.
ကျနော့်ထွက်ဆိုချက်ကြောင့်ကျောင်းသားဘယ်နှစ်ယောက်အနှိပ်စက်ခံခဲ့ရလည်းကျနော်မသိနိုင်ပါဘူး။ ဒီကျောင်းသားတွေဟာ တော်လှန်ရေးမှာပါဝင်ဖို့ လာခဲ့ကြသူတွေ။ခုလိုညှင်းဆဲခံဖို့ ၊ခေါင်းဖြတ်ခံရဖို့ ရောက် လာကြသူတွေမဟုတ်ဘူး။အခုတော့အားလုံးနောက်ကျကုန်ပါပြီ။
ဆေးတပ်ဖွဲ့ ကကျနော့်ဒဏ်ရာကို ကုဖို့ လာတယ်။တချို့ ကထွန်းအောင်ကျော်အနားမှာ။ အနာကိုဆေးလိမ်းတော့ ဒီအနာက ဒီအနာရတုန်းကလိုပဲနာတယ်။ ရင်ထဲမှာလည်းနာနေပါ တယ်။ရင်ထဲ ကအနာကို သူတို့ ဆေးမလိမ်းပေးနိုင်ပါဘူး။ ထွန်းအောင်ကျော်ဆီကလည်း နာလို့ အော်တဲ့အ သံကြားရတယ်။ ဒါပေမယ့်ဂရုမစိုက်နိုင်ဘူး။
(77)
ဖြစ်စဉ်တခုလုံးကိုဘာတွေဖြစ်နေလည်း ကောက်ကြောင်းချနေမိတယ်။ ဒီမိုကရေစီချစ်မြတ်နိုးပါတယ် ဆိုတဲ့ ကျောင်းသားတွေက ဒီမိုကရေစီချစ်မြတ်နိုးတဲ့ကျောင်းသားတွေကိုညှင်း ဆဲနေတယ်။ အသက်ကြီး တဲ့ဒီမိုကရေစီ ချစ်မြတ်နိုးပါတယ်ဆိုတဲ့သူတွေနဲ့ ပရိသတ်က မျက်စိပိတ်မသိ ချင်ယောင်ဆောင်နေကြ တယ်။ 
ဒီပွဲမှာပါတဲ့သူတိုင်းကဒီမိုကရေစီချစ်မြတ်နိုးတဲ့ တော်လှန်သမားတွေချည့်။တန်ဖိုးရှိတဲ့ဒီမိုကရေစီအမည်ခံပြီး ဒီမှာလူသတ်နေကြတယ်။နှိပ်စက်ညှင်းပန်းနေကြတယ်။ရာဇ၀တ်တခုကျူးလွန်ပြီးတဲ့နောက်အဲဒါကိုဖုန်းကွယ်ဖို့  နောက်ထပ်ရာဇ၀တ်မှုနဲဖုံးကွယ်ဖို့ လုပ်ရတယ်။
At that time he had to commit more crime in order to challenge the opposition to shut the mouths. I am giving you the detail mental progression of ABSDF (NB)
(83)
တချို့ ကိုပြန်လွှတ်ချင်တယ်။ လွှတ်လိုက်ရမှာလည်းကြောက်နေတယ်။အဓိကကတော့ကျနော်တို့  မြို့ ကိုပြန် သွား မှာကြောက်နေတာ။ဒီပွဲကို ဘယ်လိုအဆုံးသတ်ရမလည်းသူတို့ သိပုံမရဘူး။ သူတို့ အရမ်းကို ကျွံသွားခဲ့ပြီးဆိုတာသူတို့ ကိုယ်သူတို့ သိတယ်။ ထပ်လည်းမသတ်ရဲ။ သူတို့ လုပ်ခဲ့တဲ့ရာဇ၀တ်မှုကြောင့် လွှတ်လည်းလွှတ်မပေးရဲ။မိုးကြီးနဲ့ ခင်မောင်ဇော်က ဒီနေရာမှာ အခရာ။ သူတို့ ကကျောင်း သားတွေ ယုံကြည်လာ အောင်ပြောကြတယ်။ မအေလိုးနှစ်ကောင်။သူလျှိုကွင်းဆက်ကြီးကိုဖော်ထုတ်ခဲ့ပြီး ဒီသတ် ပွဲကြီး က တရားဝင်သယောင်။ ဘာအမှားမှမရှိခဲ့သယောင်။
သူတို့ ကြောင့်ပဲ ဥက္ကဌအသစ် အောင်နိုင်က
လူတယောက်ယောက်ကိုပဲမှားယွင်းဖမ်းခဲ့ရင်ဖြစ်ဖြစ်၊မှားယွင်းပြီးတယောက်ယောက်ကို သတ်ခဲ့ရင်ပဲဖြစ်ဖြစ် ငါတို့ အားလုံးကိုယ့် ဆန္ဒနဲ့ ကိုယ့်ဘာသာကြိုးစင်ပေါ်တက်သွားမယ်  တဲ့ ။
“If we do a single mistake in detaining and killing a single man, we will climb up to the gallows with our own will, without any legal examination”.
(83) A
ဒီနေ့ ကတကယ့်မှတ်မှတ်ရရနေ့ ပဲ။အစောင့်တွေက ဖမ်းခံထားရသူတွေကို လက်ဝှေ့ ပွဲလုပ်ဖို့ စီစဉ်တယ်။ ထိန်းသိမ်းခံထားရသူတွေ တယောက်ကိုတယောက်တကယ်ထိုးရမယ်။ တချို့ ကတော့ အချင်းချင်း တကယ်ကန်ကြ။တကယ်ထိုးကြ။ အချင်းချင်းတယောက်ကိုတယောက်ဒီလို ထိုးကြိတ်နေကြတာကြည့်တာ  သနားစရာ။ ဆိုးတယ်။တကယ်ဆိုးဝါးပါတယ်။ ကျနော့်အလှည့်။  လှမျိုးအောင် ကဒီပွဲကို သေသေချာချာကြည့်တယ်။ မျိုးဇော်က ချိုးကြီးကိုခေါ်လာတယ်။ ၀င်းမြင့်က ကျနော့်ကို စည်းဝိုင်းထဲဝင်ဖို့ ခေါ် တယ်။ ချိုကြီးဟာ တခါက ကျနော်ကရာတေးကစားတုန်းက ကျနော့်သင်တန်းဆရာ။ သူက သုံးဘက်ခ်ျလောက် ဟိုင်ကာရီ ကရာတေးကလပ်မှာ စီနီယာကျတယ်။တက္ကသိုလ်တက်တော့ ဓာတုမေဂျာမှာ ကျနော်တို့ က အတန်းဖော်တွေ။ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ အခုအတူတူ အဖမ်းခံနေ ရတယ်။သူကဖျားနေတယ်။ကျနော်သူ့ ကိုဘယ်လိုနာအောင်လုပ်ရက်ပါ့မလဲ။ တယောက်နဲ့တယောက် မျက်နှာချင်းဆိုင်လိုက်တော့
ချိုကြီးက သူ့ ကိုကန်ဖို့  နာအောင်လုပ်ဖို့ ပြောတယ်။ ဒါပေမယ့်ကျနော့်လိပ်ပြာနဲ့ သိက္ခာက ဒါကိုခွင့်မပြုဘူး။ ဘယ်လိုလုပ်နိုင်မှာလည်း။ ဖျားနေတဲ့ ကျနော့်သူငယ်ချင်းကို ကျနော်ဘယ်လိုလုပ်နာကျင်အောင်လုပ်ရက်မှာ လည်း။အထူးသဖြင့် အထူးသဖြင့်လွန်ခဲ့တဲ့ ၁၅နှစ်က ကရာတေးအခြေခံနဲ့ နင်ဂျာရွှေ့ ကွက်တွေ ကိုသင်ပေးခဲ့တဲ့ သင်တန်းဆရာကိုဘယ်လိုနာကျင်အောင် လုပ်ရက်မှာလည်း။
ရပ်လိုက်တော့။ရပြီ။ 
ဆရာ ဒီကုလားကဘာမှသောက်သုံးမကျဘူး။
အေး။ဘာမှသုံးမရတဲ့ကုလားပဲ။ မျိုးဇော်က ၀င်းမြင့်နဲ့ သဘောတူတယ်။ကျနော့်မျက်နှာကိုထိုးတယ် ။ကောင်းကောင်း မချလို့ ပေါ့။ ဒီတခါအထိုးခံရတာ ကျနော်နာပေမယ့် ကျေနပ်တယ်။ အိပ်ယာ ကိုစောစော ၀င်ခဲ့တယ်။ သီချင်းကိုအရင်ထက်ပိုကြာကြာဆိုရမယ်။ အိမ်မက်ထဲမှာခင်ဝမ်းရဲ့  ဘုရင်အာချာ သီချင်းကိုဆိုမိ တယ်။ သီချင်းရဲ့ အဓိကကတော့ မမျှမတ။မတရားခံရတဲ့ သူတွေကိုအားပေးထားတဲ့သီချင်းပါ။
(86)
ကျနော်တခုတောင်းဆိုချင်ပါတယ်။ 
သူကျနော်စကားကို သေသေချာချာနားစိုက်ပြီး ငါမင်းကိုဘာလုပ်ပေးရမလဲ။ သူ့ ငါးမျှားချိတ်ထဲငါး တကောင်တော့ လာမိပြီလို့ တွေးနေတာလည်းဖြစ်နိုင်ပါတယ်။
အော်ကျနော် ဆေးပေါ့လိပ်တလိပ်လောက် လိုချင်လို့ ပါ။
ရမယ်။ရမယ်။ မင်းကိုဆေးလိပ်သောက်ခွင့်ပေးဖို့ သူတို့ ကိုပြောလိုက်မယ်။
(အေး။ သံချောင်း။ မင်းရဲ့ ကောက် ကျစ်မှုမှာ ငါတို့ ပထမအကြိမ်မိခဲ့ပြီ။ နောက်တကြိမ်ကတော့ငါအလှည့်ပဲ။ အဲဒီအခါမင်းခုလိုပဲနေနိုင်ပါစေ။)
သိန်းထွန်းနဲ့ ဒေါက်တာနိုင်အောင်ကဒီလို။ ဒေါက်တာနိုင်အောင်ကသိန်းထွန်းကို ကောင်းကောင်းသိလို့ သိ
(88)
It also may bring further accusation because they surely will cont the fled as an indirect confession.Everybody agree on that point and agree to live till the ship sinks.
အာဆိုက်ကတော်တော်အခြေအနေဆိုးနေပြီ။ သူ့ အနာက လောက်တွေတွယ်နေတာ ကျနော်တို မြင်နေ ရတယ်။ သူကကိုထွန်းအောင်ကျော်ဘေးမှာထိုင်တယ်။ ကိုထွန်းအောင်ကျော် ၀ါးစတစ ယူပြီးသူ့ အနာ က လောက်ကို ဖယ်ပေးနေတယ်။ ဒီမှာရှိတဲ့သူအားလုံး ဒဏ်ရာကိုယ်စီနဲ့ ။ ကျနော်က ဗိုက်မှာ လောင်ထား တဲ့ဒဏ်ရာ။ ကိုထွန်းအောင်ကျော်က ဘယ်ဖက်ဒူးခေါင်း။ ကျော်ဝေ ကလက်တဖက်ပဲရှိတော့ တယ်။အောင်ဖြိုး မှာလဲလက်တဖက်ပဲ ကျန်တော့တယ်။ တခါတခါ ၀န်ထမ်းတွေလာပြီး ညီညီကျော်ခေါင်းကို ထပ်ခါထပ်ခါရိုက်နှက်တယ်။
ဇော်ဇော်မင်းကမေးတယ်။ ဘယ်မှာလည်း ဆက်သွယ်ရေးစက်တွေ။တခါတလေ နီးစပ်ရာလူကိုရိုက်သွား တတ်သေး တယ်။ သေနတ်တွေဘယ်မှာလည်း။ အဆိပ်တွေဘယ်မှာလည်း။  ဒီတခါတော့အာဆိုက်နာ လွန်းလို့ အော်တယ်။ သံချောင်းကသူကို တော်တော်ဆိုးဆိုးဝါးဝါးရိုက်တယ်။ချောင်းဆိုး ပြီး ချွဲတွေ သ လိပ်တွေနှာခေါင်းကထွက်လာတယ်။လက်နဲ့ ဖယ်ထုတ်ပြီးရှင်းတော့လက်မှာ ချွဲသလိပ်တွေ ကပ်ပါ လာ တယ်။ ၀ါးချောင်းလေးနဲ့ လက်က ချွဲတွေ ရှင်းဖို့ လုပ်တော့   
မအေလိုး။ ပြန်စားပစ်စမ်း။မျိုချပစ်။ မငြင်းဆန်ရဲ ပါဘူး။ မျိုချဆိုတော့ ပြန်မျိုချလိုက်ရတာပဲ။
91
ဒီကောင်တွေ့ သွေးဆာနေတုန်းပဲ။ ဒီအဖြစ်အပျက်ပြီးရင် ဘယ်လို ရက်စက်မှုမျိုးလာဦး မလဲကျနော် မသိဘူး။ကျနော်အကောင်းမြင်သမားတယောက်မဟုတ်ပါဘူး။ ဒါပေမယ့် ကြွက်အနံ့ ရတယ်။ တခုခု မကြာခင်ဖြစ်တော့မယ်။
ဒါစိတ်ရောဂါ။ ဒီကောင်တွေသူတို့ ရဲ့  မကောင်းဆိုးဝါးစိတ်ကို သူတို့ မထိန်းသိမ်းနို င် ဘူး။  ကျောင်းသား တပ်မတော်ထောက်လှမ်းရေး  နောက်လိုက်တွေက ဒီလိုရက်စက်တဲ့လုပ်ရပ်တွေကို ပူဇော်ပသကြနေတယ်။ ဒီလိုလုပ်တဲ့သူတွေရဲ့ လုပ်ဆောင်ချက်ကိုအားကျနေကြတယ်။ သူကို ကိုးကွယ်နေကြတယ်။ ငယ်တဲ့သူတွေ က ကြီးတဲ့သူတွေကိုအတုခိုးကြတယ်။ သံချောင်းနဲ့ မျိုးဝင်းက အလွန်အကျွံဖြစ်လာတော့ ၀န်ထမ်းတွေ အစောင့်တွေလည်းအလွန်အကျွံဖြစ်လာကြတယ်။ ဒါကူးစက်ရောဂါပဲ။ 
ဒေါက်တာအောင်နိုင်ကဒီကိစ္စမှာပရိသတ်ပါ။ သူ့ မိတ်ဆွေ အောင်နိုင်ဦးကဖမ်းခံထားရတဲ့ ကျော်နိုင်ဦးကိုလာတွေ့ တော့  ငါမင်းကို ဒီမှာ စစ်တပ်အရာရှိအဖြစ်တွေ့ ရတာတော်တော်အံ့သြတယ်လို့ ပြော တယ်။ ကျော်နိုင်ဦးက ငါလည်းမင်းပါးစပ်ကဒီ စကားမျိုးထွက်လာ တာတော်တော် အံ့သြ တယ်။ ငါအိမ်မှာလပေါင်း များစွာပုန်းသွားပြီး မင်းပါးစပ်က ခုလိုစကားမျိုးထွက်လာတာ ငါလည်းတော်တော်အံ့သြ တယ်။ အောင်နိုင်ဦး ပြန် ထွက်သွားတယ်။ သူဘာကိုဆိုလိုသလဲ ကျနော်သိပ် မသေချာ ပါဘူး။ ဒါပေ မယ့် အေဘီ အက်ဒီအက်ဖ်အဖွဲ့ ဝင် တွေကြားထဲ မှာ အောင်နိုင်ဦး က ကျော်နိုင်ဦးကို အစိုးရသူလျှိုအဖြစ်လက်ခံတယ် ဆိုလို့ သဘောပေါက် သွားကြပါ တယ်။အဲဒီအချိန် ဒီပွဲ မှာ ဒေါက်တာနိုင်အောင်က ကြားနေ။နောက်တော့ သူလည်း သံချောင်း၊ မျိုးဝင်းတို့ ကို အတု ခိုးပါတော့ တယ်။
94
အောင်ဖိုး။မင်းအရူးပဲ။ မင်းတိတ်တိတ်နေရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ ချိုကြီး ငါ အာဆိုက်လို အဖြစ်မခံနိုင် ဘူး။ဒီ ကောင်တွေသွေးဆာနေတာ။ ကျနော် မဟုတ်ပဲတခြားတယောက်ဆို ပြတ်သွားပြီ။ သူ တို့ ကျနော့် ကို သတ်မှာသေ ချာ တယ်။ ဒါကြောင့် ဒါကိုကျနော် လုပ်တာ။ နောက်ထပ် ကျနော့် သူငယ်ချင်း တယောက်ယောက် ကိုယ် လက်အင်္ဂါမဆုံးရှုံးစေချင်ဘူး။ ကျနော်ကကံဆိုးတဲ့သူ။ ကံကောင်းတဲ့သူတွေကို ကျနော်ကယ်ချင်တယ်။
I was an unlucky person and I want to save lucky ones not to be unlucky.
ညီညီကျော်အလှည့်။ ဘယ်မှာလည်း ဆက်သွယ်ရေးစက်နဲ့ သေနတ်တွေ။
အခုငါမပြောနိုင်ဘူး။
ခွေးသား။ဘယ်မှာလည်း။ည်ီညီင်္ကျော်အော်တယ်။ ဒါပေမယ့်နိုးပဲ။ 
ငါအခုပြောတော့မင်းတို့  ကငါ့ကိုဘာအခွင့်အရေးပေးမှာမို့ လည်း ။ အခုငါပြောရင် မင်းတို့ ငါ့ကို အခုပဲ သတ်မှာ။ ဒါကြောင့် ဗီစီအက်စ်လာမှ ငါဖြေမယ်။
နာတယ်ကွ။ အေးရိုက်ထား။မင်းတို့ လုပ်တာတွေကို ဗီစီအက်စ်အတွင်းရေးမှူးကိုသတင်းပို့ မယ်း။ မင်းတို့ ငါ ကိုသေ နတ်ဘယ်မှာလည်းမေးနေတာမဟုတ်ဘူး။သတ်နေတာ။ 
ညီညီကျော်ဒီလိုပြောတော့ သန်းဇော်နဲ့ ဇော်ဇော်မင်း သူ့ ကိုရိုက်နှက်တာရပ်သွားတယ်။ ဒါက ဘာနဲ့ တူမလည်းဆိုတော့ အရေးပါတဲ့ သက်သေကို မားဖီးယားက ရဲ စခန်းမှာ သုတ်သင် သလိုဖြစ် သွားနိုင် တယ်။ မျိုးဝင်းရဲ့ ဒေါသကိုတော့သူတို့ ကြောက်ရတယ်။
အေး။ကောင်းပြီ။မင်းဒဏ်ရာတွေကိုကုဖို့ လုပ်။
96
ထမင်းစားတော့ ကျနော်တို့ လေးယောက်တစုပါ။ ထွန်းအောင်ကျော်ဟိုဝိုင်းဝင်ဒီဝိုင်းဝင်နဲ့ နောက်ဆုံး ကျနော်တို့ နဲ့  ထိုင်ပါတယ်။ ကျနော်တို့ အဖွဲ့ က ထွန်းအောင်ကျော်၊၀ဏဇော်၊ကျနော်။ တ၀ိုင်းမှာသုံးယောက် ပဲရှိတာ ကျနော်တို့ အစုတစုထဲပါ။
ထမင်းစစားတော့ ကိုထွန်းအောင်ကျော် ကခေါင်းငုံ့ ပြီးစားချင်ယောင်ဆောင်ပါတယ်။သူကျနော့်ကိုပြော တယ်။
ဟေးညီညီ။ ချိုကြီးနဲ့ ငါကတော့မကြာ ခင်အသတ်ခံရတော့မယ်။
ဟာဗျာ။ ဒါမဖြစ်နိုင်တာပဲ။ ချိုကြီးတော့ထားတော့။ ဒါပေမယ့် ခင်ဗျားက မြို့  က ကျောင်းသားတွေကြား မှာ လူသိများတဲ့ကျောင်းသားခေါင်းဆောင်တယောက်ပဲ။ မသတ်လောက်ပါဘူး။
ကျေးဇူးပြုပြီးတော့  ငါ့စိတ်သက်သာရာရအောင် မပြောပါနဲ့ ကွာ။အခြေအနေကိုငါသိတယ်။ ငါ့မှာအချိန်နည်း နည်း ပဲရှိတော့တယ်။ နားထောင်။မင်းဘာမှပြန်မပြောနဲ့ ။ သူတို့ စ ကားအရ မင်းကိုတော့သတ်မှာမဟုတ် ဘူး။ မင်းဒီရာဇ၀တ်မှုကိုဖော်ထုတ်ပေးပါ။ I also want our name to be dignified back.
လုပ်မယ်လို ငါ့ကိုကတိပေးပါကွာ။
ခင်ဗျားဟာမန္တလေးမှာတယောက်ထည်းမဟုတ်ပါဘူးဗျာ။You are not the lone wolf from Mandalay.
သူတို့ ခင်ဗျားကိုဒီလိုပုံစံနဲ့ သေးသိမ်အောင်လုပ်လို့ မရပါဘူး။ ဒါပေမယ့်ကျနော်ကတိပေးတယ်။ ကျနော် ဒီကောင်တွေကိုလက်စားချေမယ်။
But I promise to revenge them and save your names back.
ငါရဲဘော်လေးတွေကိုလည်းမင်းတာဝန်ယူစေချင်တယ်။
စိတ်ချပါကိုထွန်းအောင်ကျော်။စိတ်ချပါ။
သူကြည့်ရတာစကားပြောတာနဲ့ တောင်မောနေတယ်။ ငါဘာလုပ်နိုင်လဲ။ ငါဘာလုပ်သင့်သလဲ။
ဝဏဇော် ကျနော်တို့ စကားတွေကို ဆိတ်ဆိတ်ပဲနားထောင်နေတယ်။
နောက်ဆုံး ကိုထွန်းအောင်ကျော်က ကျနော်သူ့ ကို အကြံပေးခဲ့တာတွေကို နားမထောင်ခဲ့မိတာတောင်း ပန် တယ်။ 
ညီညီ နောက်တခုက ကျောင်းသားတပ်မတော်ကို တနည်းနည်းနဲ့ 
Nyi Nyi, next thing is try your best to dismantle ABSDF by any means.သူတို့ ဟာ အစိုးရစစ်တပ်ထက်ပိုဆိုးလာလိမ့်မယ်။ ကျနော်ဒါမျိုးဘယ်လိုလုပ်နိုင်မှာလည်း။If there is a revolt, you can.
THE STORY
ကိုထွန်းအောင်ကျော်၊ချိုကြီး၊ကျော်ဝေနဲ့ ဇော်ထွန်းဟာဖေဖော်ဝါလရဲ့ လေအေးအောက်မှာ ခိုက်ခိုက်
တုန်နေ   ပါတယ်။ ဒီဒေသ အပူချိန်က သုညအောက်အထိညအချိန်ဆိုအေးတယ်။ ဒီလေးယောက်မှာ ဘာ အနွေး ထည်မှဝတ်မထားဘူး။ တကယ်တမ်းပြောရရင် ဒီလေးယောက်သင့်တင့်လျောက်ပတ်တဲ့  တဲ့အ၀တ် အစား တယောက်မှမရှိဘူး။ တယောက်မှ ရှူးတို့ ဘွတ်ဖိနပ်တို့ စီးမထားဘူး။ သူ တို့ ညှပ်ဖိနပ် အစုတ်တွေ နဲ့ ပဲ။ သံချောင်း၊မျိုးဝင်းနဲ့ အဖွဲ့ ကတော့ လိုအပ်တာအပြည့်အစုံ။လိုတာထက်တောင်ပိုနေတယ်။ ၀ါးရင်း တုတ်တွေ၊ သေနတ်တွေ၊ဓားမြှောင်တွေ နဲ့ ..
They have solid bamboo sticks, hand guns, autos, daggers and everything.
ကဲ။ မင်းကအကြီးဆုံး။ဆိုတော့ မင်းတာဝန်ယူရမယ်။ဘယ်မှာလည်းအဆိပ်တွေ။ ဆက်သွယ်ရေးစက်တွေ။ လက်နက်တွေ။အဲဒီအချိန် အုန်းခိုင်ကို လက်နှစ်ဖက်ကြိုးချဉ်ပြီး ခေါ်လာတယ်။ သေနတ်ပြောင်းနဲ့ တေ့ထား တယ်။ အုန်းခိုင် ကဇဝေါဇ၀ါ အခြေအနေကို နားမလည်နိုင်ဘူး။ 
မျိုးဝင်း။   ။ကဲ အခုအုန်းခိုင်ဒီမှာ။ ဘယ်မှာလည်း စက်တွေ။ဟေ့ချိုကြီး။ငါမေးနေတယ်။
အုန်းခိုင်။    ။ဘာလဲ။
vcsကျနော်ဘာမှမသိပါဘူး။  ချိုကြီး ။မင်းပြသနာမင်းရှင်းပါ။ ငါဒီကိစ္စနဲ့ ဘာမှ မဆိုင်ဘူး။ ပြသနာထဲငါ့ကိုဆွဲမထည့်ပါနဲ့ ။
ချိုကြီး။   ။ ကိုထွန်းအောင်ကျော်။ခင်ဗျားက ခေါင်းဆောင်ပါ။ ခင်ဗျားပြသနာကိုယ်ဘာသာရှင်းပါ။
ငါတို့ နာ လှပြီ။ ဒီလောက်ဆိုတော်ပါတော့။လုံလောက်ပါပြီ။ နာလွန်းလို့ ငါတို့ ဒါတွေလျှောက်ပြောတာ  တခြားလူငယ်တွေဒုက္ခရောက်ကုန်ပြီ။ငါ့စကားကြောင့်ဘယ်သူ့ ကိုမှဒုက္ခမရောက်စေချင်ဘူး။တကယ်လို့ ဒီဒုစရိုက်မှုကိုမင်းတို့ တသက်လုံးဖုန်းထားလို့  ရမယ်ထင်ရင်ငါ တို့ ကိုသတ်လိုက်။
နေဦး။နေကြဦး။ ထွန်းအောင်ကျော်။ မင်းညီပြောတာက မင်းကခေါင်းဆောင်။ အဲဒီတော့ ငါတို့ ကြားချင် တာ လေး တွေ မင်းငါတို့ ကိုပြောစမ်း။
သေဖို့ အသင့်ပြင်ဆင်ပြီးသွားတဲ့ပုံ ။တည်ငြိမ်တဲ့အမူအယာ။တည်ငြိမ်တဲ့လေသံနဲ့  ကိုထွန်းအောင်ကျော် စကားစပြော ပါတယ်။
မျိုးဝင်း။ သေချာတာက မင်းတို့ ငါတို့ ကိုသတ်ချင်နေတာပဲ။ သတ်လိုက်ပါ။ ဒါပေမယ့် ကျန်တဲ့သူတွေ ကိုတော့ပြန်လွှတ်လိုက်ပါ။ တော်လှန်ရေးကိုဆက်လက်သယ်ဆောင်သွားပါ။ တော်လှန်ရေးကို သေးသိမ်အောင်မလုပ်နဲ့ ။
ချိုကြီး
ဒီကောင်တွေကိုခပ်ပျော့ပျော့ပြောမနေနဲ့ ။ ဘယ်သူမှနှစ်ခါမသေဘူးကွ။အေး။သံချောင်း။မျိုးဝင်း မင်းတို့  ၂ ယောက်လည်းနောက်ဆုံးတယောက်ကိုတယောက်သတ်ကြဦးမှာပဲ။ခွေးမသားတွေ။
မလုပ်နဲ့ ။မလုပ်နဲ့ ဦး  မျိုးဝင်း။ သူ့ ကိုအခုမသတ်နဲ့ ဦး။ငါတို့ နေ့ ရောက်တဲ့အထိစောင့်ဦး။
ဒီလိုဆို ငါတယောက်တော့သတ်မယ်။ ဇော်ထွန်းကို တွင်းဝကိုတရွတ်တိုက်ဆွဲလာပြီး ခေါင်းဖြတ်တဲ့ပုံစံမှာ ထား လိုက်ပါတယ်။
မအေလိုးတွေ။မင်းတို့ ငါတို့ အားလုံးသူလျှိုမဟုတ်ဘူးဆိုတာသိတယ်။ ငါတို့ ဟာတော်လှန်ရေးသမား စစ်စစ်တွေကွ။မင်းတို့ တွေ…….
ကျော်ဝေစကားကိုမဆက်နိုင်ပါဘူး။ မျိုးဝင်းရှေ့ ကိုတချက်တိုးလာပြီး ကျော်ဝေခေါင်းကိုဖြတ်ချလိုက်ပါတယ်။ခေါင်းကပြတ်ပြီး တလိမ့်တ လိမ့်။နွားတကောင်ကို သားသတ်သလိုပါပဲ။ ကျန်ခဲ့တဲ့ခန္ဒကိုယ်က မြေပေါ်လဲကျပြီး သွေးတွေက လည်ချောင်း ကပန်းထွက်လာတယ်။နဂိုကမျက်လုံးပြူးတဲ့ ကျော်ဝေ မျက်လုံးတွေ။ခုပိုပြူးလာပုံရပြီး မျိုးဝင်း နဲ့ သံချောင်းကို စိုက်ကြည့်နေသလို။
ဇော်ထွန်းကို သူတို့ လုံးဝမေ့နေကြပါတယ်။ ဇော်ထွန်းက တွင်းဝကနေ နောက်ဆုတ်နောက်ဆုတ်ရွှေ့  လိုက်ပါတယ်။ပထမဆုံးစလှုပ်ရှားသူတွေကတော့ ကျောင်းသားထောက်လှမ်းရေးတွေပါ။ 
သူတို့ အ သက်မရှိတော့တဲ့ ခန္ဒာကိုယ်ကြီးကို ခြေထောက်ကနေဆွဲ တွင်းထဲပစ်ချလိုက်ကြတယ်။ မျိုးဝင်းက ခုမှအသက်ပြန၀င်လာပြီး ခေါင်းပြတ်ကို ဘောလုံးလိုကန်ပြီးတွင်းထဲ ကန်ချတယ်။ လူတိုင်းတိတ်ဆိတ်။ သံချောင်းကတိတ်ဆိတ်မှုကိုမေးခွန်းမေးပြီးစဖြိုခွဲလိုက်တယ်။
ကဲ။ချိုကြီး။မင်းအခုဘာပြောချင်သေးလဲ။ 
အဲဒီမေးခွန်းကိုမင်းငါ့လို ကံကြမ္မာကြုံလာရင်ပြောဖို့  မျိုးဝင်းအတွက်သိမ်းထားလိုက်
သံချောင်းကဘာမှ မပြောနိုင်ခင်မှာပဲ မျိုးဝင်းကသူ့ ဒေါသတွေကိုထုတ်ပြပါတော့တယ်။
မင်းလက်ရှေ့ ထုတ်လိုက်စမ်း။
မင်းလက်ရှေ့ ထုတ်လိုက်စမ်း။ 
ချိုကြီးကဒီအမိန့် က ဂရုမစိုက်ဘူး။ အစောင့်တွေရိုက်နှက်ထားတာလည်းမွနေပြီ။
ငါအမိန့် ပေးနေတယ်။ ခုမင်းလက်ရှေ့ ဆန့် လိုက်စမ်း။ 
ချိုကြီး သူ့ ဘယ်ဖက်လက်ရှေ့ ဆန့် ထုတ်လိုက်တော့  မျိုးဝင်းက သူ့ ဓားနဲ့  လက်ကောက်ဝတ်က ခုတ်ဖြတ် လိုက်ပါတယ်။ ပြီးတော့ လက်ပြတ်ကို ဓားဦးနဲ့ ထိုးပြီး မြှောက်လိုက်တယ်။
ထွန်းအောင်ကျော် ကိုက်ထားစမ်း။ အဲဒီသွေးတွေမျိုချ။  အေး။ ငါလိုး။ ထွေးမထုတ် နဲ့ ။ ထွေးထုတ်ပစ်တာနဲ့  မင်းဇက်အပြတ်ပဲ။ ကဲ။အကုန် ထောင်ထဲပြန်ပို့ လိုက်။ ချိုကြီးကိုဆေးခန်းပို့ လိုက်။ ငါသူ့ ကို သွေး လွန်ပြီးမသေစေချင်သေးဘူး။ အကုန်လုံးကိုခေါင်းဖြတ်သတ်ပစ်ဖို့ ဆန္ဒရှိတယ်။
သွားကြ။
........................................................................................................
စာရေးသူက စာအုပ်ထုတ်ဝေချင်ပါတယ်တဲ့။သူကသူ့ စာအုပ်ထဲက ဟိုတဖြတ်ဒီတဖြတ် ဖြတ်ပြီး  တင်ပြထားတာပါ။ မူရင်းကအင်္ဂလိပ်လိုပဲရေးထားပါတယ်။ စာရေးသူကို ဗမာလို ရေးပေးပါလို့ တောင်းဆိုချင်ပါတယ်။ အင်္ဂလိပ်စာထော့ကျိုးနဲ့  ဒီစာတွေကို ဘာသာပြန်ပါတယ်။ တကယ်တော့ တော်လှန်ရေးကြီးထဲမှာ အင်္ဂလိပ်စာကောင်းသူများ ဒုနဲ့ ဒေးပါ။ ဒီမှတ်တမ်းကိုဖတ်လို့ ရအောင်ပြန်ပေးပါလို့  ပြောချင်ပါတယ်။ ဒီစာအုပ်ကိုလည်း သက်ဆိုင်သူများထုတ်ဝေဖို့ ကြိုးစားကြပါခင်ဗျား။အကျဉ်းထောင်ထဲကနှိပ်စက်ညှင်းပန်းမှုတွေအကြောင်း စာအုပ်တွေ ပလူပျံအောင်ထွက်နေချိန်မှာ ကျောင်းသားခေါင်းဆောင်ကိုထွန်းအောင်ကျော်တို့ အကျဉ်းထောင်ထဲနှိပ်စက်ညှင်းပန်းခံ ရတာတွေဟာစာအုပ်တအုပ်အဖြစ်နဲ့ ထွက်လာသင့်တယ်လို့ ယူဆပါတယ် ။
သူတို့ ဟာနိုင်ငံရေးအကျဉ်းသားတွေဖြစ်တာမို့  အေအေပီပီဘီက တာဝန်ခံပြီးထုတ်ဝေပေးနိုင် ရင်ကောင်းမှာပါ။
ဒါမှမဟုတ်ရင်လည်း ကျောင်းသားတပ်မတော်က လက်ရှိတာဝန်ယူနေတဲ့သူတွေက ဒီဖြစ်ရပ်တွေကို မှတ်တမ်း စာအုပ်တအုပ်ထုတ်ဝေနိုင်ရင်ကောင်းမှာပါ။
 မြန်မာပြည်ဒီမိုကရေစီရေးအတွက် ဒီလောက်ပက်ပက်စက်စက် စတေးခံခဲ့ရသူတွေအတွက် ကျနော်တို့ တတ်နိုင်သလောက်တခုခုမှတော့လုပ်သင့်ကြပါတယ်။
အောက်ကစာက 
ဒီစာအုပ်ကိုရေးတဲ့သူရဲ့ စကားပါ။
 Dear other bloggers, editors and publishers,
I hope some of you could remember the following true story occurred during 1990/1995 at the ABSDF, upper Burma student rebel camp, in the Burma’s Kachin State, near the China border. There were some 40 anti-government activists, unjustly tortured and sadly killed by fellow activists. I was one of them and this could be called as the memoirs of a student revolutionary.
Please kindly read to taste some selected pages of my chronicle and if you wish to publish this teaser, please feel free to do so.
I would like to discuss the future publisher who would be interested to publish the full book. I wrote it into a story form rather than as a plain diary to attract the reader’s attention and for easier and pleasurable reading.
As some of you may be experienced authors and may be the experts in Burma politics, I hope any one of you would be interested to edit the whole book and find a publisher for me. We could discuss about the terms and conditions if you are interested.
Thanking You,
Yours Sincerely,
SMAR Nyi Nyi
The Forgotten Justice under the shadow of the curse
By SMAR
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...