Saturday, December 31, 2011

ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

by Kyaw Thu on Saturday, December 31, 2011 at 1:17pm

၂၉.၁၂.၂၀၁၁ ရက်နေ့ညသန်းခေါင်ယံ၌ ဖြစ်ပွားခဲ့သောရန်ကုန်တိုင်းဒေသကြီးပုဇွန်တောင်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်မှ မီးလောင်ပေါက်ကွဲမှုကြောင့်  ကမ္ဘာပျက်သလိုအဖြစ်ဆိုးကြီးနှင့် ကြုံတွေ့ ကြရပြီး  မျက်ရည်ပင်လယ်ဝေကာ  အတိဒုက္ခရောက်နေကြသော ဒုက္ခသည်များအားနာရေးကူညီမှုအသင်း (ရန်ကုန်) မှ  ဥက္ကဌဦးကျော်သူဦးဆောင်သောအသင်းသူ/သားများကစာနာကရုဏာစိတ်ထားဖြင့်  သွားရောက်အားပေးခဲ့ကြပြီး  ၄င်းဒုက္ခသည်များအတွက်  ဆေးဝါးနှင့် ထောက်ပံ့ငွေများလိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများကိုရန်ကုန်ဆေးရုံကြီးနှင့် ကယ်ဆယ်ရေးစခန်းများသို့  သွားရောက် လှူဒါန်း ပေးခဲ့ကြပါသည်။


ယနေ့၃၀.၁၂.၂၀၁၁ ရက်နေ့များမှာတော့   ၄င်းအဖြစ်ဆိုးကြီးနှင့် ကြုံတွေ့ကာ ပျော်ရွှင်စရာ မိသားစု ဘ၀လေး   ရုတ်တရက်ပျောက်ဆုံးပြီး   ၀မ်းနည်းကြေကွဲစရာ  သေကွဲကွဲခဲ့ကြရရှာသော မိသားတစ်စု၏ နောက်ဆုံးခရီးကိုနာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌဦးကျော်သူနှင့် အသင်းသူ/ သားများ စိတ်မကောင်းစွာဖြင့် သယ်ယူပို့ဆောင်ပေးခဲ့ကြရပြန်ပါသည်။

မိသားစု (၆) ယောက်ရှိသည့်အနက်မှ  ဖခင်ဖြစ်သူနှင့် အစ်မအကြီးဆုံးဖြစ်သူတို့သာအသက်ရှင်ကျန်ရစ်ခဲ့ပြီးသနားစဖွယ် အပြစ်မဲ့ကလေးငယ်များဖြစ်ကြသောမောင်ဖိုးအော် (၁၃)နှစ်၊မောင်သိန်းဇော် (၉)နှစ်၊မနွယ်လေးဟန် (၇)နှစ်နှင့် မောင်စိုင်းမောင်မောင် (၃)နှစ်တို့ကတော့ ဖခင်နှင့်အစ်မဖြစ်သူတို့အားနှုတ်မဆက်ပဲရုတ်တရက် ခွဲခွာသွားခဲ့ကြရှာသည်။

ဖခင်နှင့်အစ်မဖြစ်သူတို့၏ ပဋာမြေလူးသလိုရင်ကွဲမတတ် ကြေကွဲထိခိုက် ငိုရှိုက်သံများကရန်ကုန်ဆေးရုံကြီး အအေးတိုက်ဝင်းထဲမှာ ခြေချစရာမရှိအောင် ပြည့်ကြပ်တိုးဝှေ့ ရောက်ရှိနေကြသောပရိသတ်များ၏ ရင်ထဲသို့ အဆီးအတားမရှိ စိမ့်ဝင်ကူးစက်ကာ သနားဂရုဏာစိတ်ဖြင့် အားလုံး၏ မျက်ဝန်းများမှာမျက်ရည်ကြည်များပင် ဝေသီလာခဲ့ကြလေသည် ။

ကံဆိုးရှာသောကလေးငယ်များအားနာရေးကူညီမှုအသင်း(ရန်ကုန်)မှ တစ်ဦးလျှင် ဈာပနယာဉ်တစ်စီးစီဖြင့် (၃)နှစ်သားလေးမောင်စိုင်းမောင်မောင်၏ ရုပ်ကလာပ်ကိုတော့ ကလေးဈာပနသယ်ပို့ယာဉ်ဖြင့် ရေဝေးသုသာန်အအေးခန်းသို့ ဂရုတစိုက်ဖြင့် စည်စည်ကားကားခမ်းခမ်းနားနားသယ်ပို့ပေးခဲ့ကြပါသည်။

လာမည့်နှစ်သစ် (၂၀၁၂)ခုနှစ်မှာတော့ မြန်မာပြည်သူ/သားများအားလုံး“ဥပါဒ်ရန်ဘေးကင်းစင် ဝေး ငြိမ်းအေးကြပါစေ။”















































0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...