Tuesday, December 27, 2011

ရော်ရွက်ဝါ ညှာရွှေညောင်းခါမှ … မောင်လှဝင်း (မြင်းခြံ)

by အား မာန် on Tuesday, December 27, 2011 at 5:25pm
 
သူတို့ နဖူးပြင်ပေါ်က အရေးအကြောင်းလေးတွေကို အိုမင်းခြင်းသင်္ကေတရယ်လို့ ကျနော် မမှတ်ယူချင်ပါ။ တော်လှန်ရေးအတွေ့အကြုံရဲ့ သင်္ကေတလို့သာ ကျနော် ထင်ပါတယ်။ သူတို့ ခေါင်းထက်က ငွေရောင်ဆံဖြူပင်တွေကို အိုမင်းခြင်းမှတ် တိုင်များလို့ ကျနော် မထင်ရက်ပါ။ တော်လှန်ရေးဖြတ်သန်းမှုရဲ့ မှတ်တိုင်လို့သာ ကျနော်မြင်နေပါတယ်။
နှစ်တွေ ဘယ်လောက်ကြာခဲ့ပြီလဲ။ အခုတော့ သူတို့ အသက် ၈ဝ တန်း ရောက် နေကြပြီ။ ၁၉၄၇၊ ၄၈၊ ၄၉ ပတ်ဝန်းကျင် လောက်ကတည်းက သူတို့ တောခို (တကယ်က လူထုကို မှီခို) ခဲ့ကြတာပါ။ အဲဒီတုန်းက သူတို့ အသက် ဘယ် လောက် ရှိဦးမှာလဲ။ နှစ်ဆယ်မပြည့်တတ်သေး။ ဆယ့်ခွန်၊ ဆယ့်ရှစ်၊ ဆယ့်ကိုး လောက် ရှိဦးမှာပေါ့။ အဲဒီတုန်းက ပြည်သူ့ အတွက် အမြင့်ဆုံးစွန့်လွှတ်မှု၊ ပြည် သူ့ရန်သူကို အမြင့်မားဆုံး ပြတ်ပြတ်သာသား ဆန့်ကျင်တွန်းလှန်မှု ဟာ လက် နက်ကိုင် တော်လှန်တိုက်ခိုက်ခြင်းလို့ မှတ်ယူထားခဲ့ကြတဲ့ကာလ။ သူတို့ လက် နက်ကိုင် တော်လှန်ရေးထဲ ပါဝင်လာခဲ့ကြပါတယ်။

ကျနော်တို့ ရဲဘော်ရဲ့ဇနီး၊ ၁၉၄၉ ခုနှစ်ကတည်းကစပြီး တဘဝလုံး တော်လှန်ရေးလုပ်လာခဲ့သူ။ အပျိုဘော်ဝင်အရွယ်က စ အသက်၇ဝ ကျော် ခုအရွယ်အထိ တော်လှန်ရေးခရီးရဲ့ အကွေ့အကောက်ခရီးကြမ်းတွေမှာ ဘဝမျိုးစုံနဲ့ ပါဝင်ဖြတ်သန်း လာခဲ့သူ။ သေနတ်ကိုင်စွဲ တိုက်ပွဲဝင်ခဲ့ဖူး၊ အမျိုးသမီးသမဂ္ဂ ဥက္ကဋ္ဌလည်း လုပ်ဖူး၊ ရန်သူ့အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသူလည်း ဖြစ်ခဲ့ဖူး၊ တော်လှန်ရေးရဲ့ ကချေသည်လည်း ဖြစ်ခဲ့ဖူး၊ တော်လှန်ရေးရဲ့တေးဆိုငှက်လည်း ဖြစ်ခဲ့ဖူး၊ တော်လှန်ရေးဆေးရုံရဲ့ ဒုနိုင်ငံရေးမှူးလည်း ဖြစ်ခဲ့ဖူးသူ။ အခုတော့  နှိုင်းယှဉ်ခြင်းအရ သူ့ထက်အသက် ပိုငယ်ရွယ်တဲ့ ကျနော်တို့ရဲဘော် (သူ့ခင်ပွန်းသည်) က သူ့ကို ကြင်နာလက်တွဲ။ မေတ္တာနဲ့ ရစ်ပတ်ပွေ့ပိုက်၊ ရဲဘော်အချင်းချင်းဆိုတဲ့ စိတ်ဓာတ်ကို အခြေခံ၊ ခင့်ပွန်းသည်လိုတသွယ်၊ ဆွေမျိုးညာတိလို တနည်း၊ လက်ကတုံးတောင်ဝှေးလိုလည်း သူမရဲ့ ကျန်ရှိနေတဲ့ ဘဝခရီးတာမှာ အနီးကပ်ပြုစုစောင့်ရှောက်နေ တာပါ။

နောက်တယောက်ကတော့ ပြောက်ကျားဒေသမှာ သူ့ဘဝတသက်တာကို မြှုပ်နှံလာခဲ့သူ ရဲဘော်ကြီး၊ ၁၉၄၈-၄၉ လူပျို လူရွယ်ဘဝကအစ တော်လှန်ရေးထဲ လိုက်ပါလာတာ အခု အသက် ၈ဝ နား နီးနေပြီ။ မြို့ပြယဉ်ကျေးမှုဆိုတာကိုတောင် မယဉ်ပါးခဲ့ရလို့ တောထဲကနေပဲ လေ့လာသင်ယူဖို့ ကြိုးစားခဲ့ရသူပါ။ ပြောက်ကျားဘဝမှာပဲ ချစ်သူရခဲ့။ ဒီချစ်သူနဲ့ လက် ထပ်ခဲ့။ ပြောက်ကျားဘဝနဲ့တော်လှန်ရေးမုန်တိုင်းကပဲ သည်ချစ်သူများကို တကွဲတပြားစီ လွင့်ထွက်သွားစေခဲ့တယ်။ တ ပြည်စီခြားလို့ တမြေစီ ဝေးနေကြရပြီလေ။ သူ့ဇနီးနဲ့ သူ့သားက တမြို့တရွာ။ သူက တပြည်တရွာမှာ။ ကိန္နရီ ကိန္နရာ ချောင်းခြားက ချောင်းတချောင်းတည်း ခြားတာပါ။ သူတို့မှာခြားထားတဲ့ ချောင်းတွေကတော့ မြောက်မြားစွာ။ သဘာဝ ချောင်းတွေက ချစ်သူတွေကို ခြားထားသလို အခက်အခဲချောင်းတွေက အဖနဲ့သား၊ လင်နဲ့မယားကို ခြားထားခဲ့ပြီလေ။
သူ့မှာ ဇနီးသည်နဲ့ ဆယ်စုနှစ်များစွာ ဝေးကွာနေရ။ သားသမီး အထောက်အခံ မရှိ။ ဒါပေမဲ့ ရဲဘော်တွေတော့ ရှိနေပါ တယ်။
ကျနော်နဲ့သူ ဘာဆွေမျိုးမှ မတော်။ ဒါပေမဲ့ ရဲဘော်ချင်းပါ။

ဆရာ ပါရဂူ ဘာသာပြန်တဲ့ “မဟာလူသားဗုဒ္ဓ” စာအုပ်ထဲက အကြောင်းအရာလေးတခုကို သွားသတိရမိတယ်။
ရဟန်းတပါး ဝမ်းသွားတဲ့ရောဂါကြောင့် ကျင်ကြီးကျင်ငယ်ရေထဲမှာ ဝေဒနာနဲ့ လဲလျောင်းနေရချိန်။ ဗုဒ္ဓဘုရားရှင်က အာနန္ဒာကို မိန့်တော်မူသတဲ့။ “အာနန္ဒာ၊ သွား.. ရေယူလာခဲ့၊ ဒီရဟန်းကို ရေချိုးပေးကြမယ်။”

ရေကို ယူလာခဲ့တယ်။ ဗုဒ္ဓဘုရားရှင်က ရေလောင်းပေးတယ်။ လူနာရဟန်းအား ကုတင်ပေါ် တင်ပေးကြတယ်။
ဒီအကြောင်းနဲ့ စပ်လျဉ်းပြီး ဗုဒ္ဓဘုရားရှင်က ရဟန်းအားလုံးကို စုဝေးစေပြီးလျှင် ဒီလိုမိန့်တော်မူခဲ့သတဲ့။ “ရဟန်းတို့… သင်တို့ကို ပြုစုမည့် အမိလည်း မရှိ၊ အဖလည်း မရှိ။ အကယ်၍ သင်တို့ တဦးနှင့်တဦး မပြုစုကြလျှင် မည်သူက လာ၍ ပြုစုမည်နည်း၊ လူမမာကို ပြုစုသူသည် ငါ့ကို ပြုစုသူ မည်၏…”
ထပ်တူပြု နှိုင်းယှဉ်နေတာ မဟုတ်ပါ။ ဒါပေမဲ့ ကျနော်တို့လည်း အလားတူပါပဲ၊ အမိလည်း မရှိကြ၊ အဖလည်း မရှိကြ၊ ဆွေမျိုးညာတိလည်း မရှိကြတဲ့ တော်လှန်ရေးသမားတွေ၊ ကျနော်တို့ချင်း မပြုစုလျှင် ဘယ်သူက ပြုစုမှာလဲ။ တော်လှန် ရေးသမားချင်း ပြုစုစောင့်ရှောက်တာ၊ အလုပ်အကျွေးပြုတာဟာလည်း တော်လှန်ရေးကို တစိတ်တပိုင်း အလုပ်အကျွေး ပြုတာလို့  ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။
သည်စာကို တစိမ့်စိမ့် ရေးနေမိတာပါ။ သူတို့နဲ့ အတူနေရတာမို့ နေ့စဉ်ထိတွေ့နေရ။ ဒီတော့ သူတို့အကြောင်း တစိမ့်စိမ့် တွေး ပြီးတော့ တစိမ့်စိမ့်ရေး။ ပြောသာ ပြောနေရ။ ကျနော်တို့လည်း အသက်အရွယ် ငယ်ကြတော့တာမဟုတ်။ ဒါပေမဲ့ တော်လှန်ရေးထဲမှာ နှိုင်းယှဉ်ခြင်းအရ ပိုမို ငယ်ရွယ်သူက ပြုစုကြစတမ်းလေ။ မြန်မာ့စိတ်ဓာတ်ကလည်း ဒီလိုပဲ မဟုတ် လား။ လူလေးယောက်နေကြတဲ့ ဒီအိမ်လေးဟာ ပြောရမယ်ဆိုရင် လူအိုရုံ အငယ်စားကလေးလိုပါပဲလေ။
သည်တော့ ကျောက်စိမ်းလုပ်ငန်းပါ တွဲလုပ်နေတဲ့ တော်လှန်ရေး ရဲဘော်ကြီးတယောက်ကို သွားသတိရမိပြန်ရော။ “ဒီတ ခါ ကျောက်အောင်လို့ကတော့ တော်လှန်ရေး လူကြီးသူမတွေအတွက် ရိပ်သာတခု ဆောက်မယ်။ အားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ အေးအေးချမ်းချမ်း နေနိုင်အောင် အစစအရာရာ စီစဉ်ပေးမယ်။ ကိုယ့်ဘာသာ ထမင်းမချက်စေရတော့ ဘူး။ မလျှော်ဖွပ်စေရတော့ဘူး၊ သူ့အချိန်နဲ့သူ စားသောက်နိုင်အောင် စီစဉ်မယ်။ ကောင်းကောင်းနေစေရမယ်။ ကျန်းမာ ရေးအတွက် အမြဲတမ်း ဆေးစစ်ကုသပေးမယ်” စသည်..စသည်ဖြင့် ဒီစကားကို အမြဲတမ်း တဖွဖွ ပြောနေခဲ့တာပါ။ သူ့ စေတနာကတော့ အမှန်အကန်ပါ။ ဒါပေမဲ့ နှလုံးရောဂါနဲ့ ဒီရဲဘော်ကြီး ကွယ်လွန်သွားခဲ့တယ်။ သူ့အိပ်မက်ကို အကောင် အထည် ဖော်မပေးခဲ့နိုင်။ သူလည်း လူကြီးသူမတယောက်ပဲ၊ သူ့အိပ်မက်ကို အကောင်အထည် မဖော်နိုင်သေးတော့ သူ လည်း တော်လှန်ရေးအခြေအနေ ခွင့်ပြုသလောက်ပဲ ဆေးကုသမှု ခံစားခဲ့ရ။ အခြေအနေက ခွင့်ပြုသလောက်ပဲ စား သောက်နေထိုင်ခဲ့ရ။ သည်အခြေအနေမျိုးထဲမှာပဲ ကွယ်လွန်သွားခဲ့ရရှာတာပါ။
ရိပ်သာတခုဆိုတာက အလှမ်းဝေးတဲ့ အိပ်မက်တခုသာ ဖြစ်ပေမယ့် အစဉ်အလာရှိခဲ့တဲ့ တော်လှန်ရေးလူကြီးသူမတွေကို တတ်နိုင်တဲ့ ရဲဘော်တွေက တတ်နိုင်သလောက် စောင့်ရှောက်ကြတာလည်း မင်္ဂလာတပါးပါပဲလေ။
ဒီနေ့မှာပဲ ရဲဘော် လင်မယားစုံတွဲတတွဲနဲ့ အခြားရဲဘော်မတဦး အိမ်ကို ရောက်လာကြတယ်။ ကထိန်ပွဲလှည့်တာ မလိုက် တော့ဘဲ သည်မှာ ကုသိုလ်လာယူကြတာတဲ့။ လူကြီးတွေရဲ့ အဝတ်တွေအားလုံး အပြင်ထုတ်၊ ခြံထဲက ရေတွင်းမှာ သွား လျှော်ဖွပ်ကြ၊ တယောက်က အိမ်ခန်းတွေထဲ သန့်ရှင်းရေးလုပ်ပေး၊ စောင်တွေလျှော်ရင်း ဆောင်းတွင်း စောင်မလုံ လောက်မှာစိုးလို့ စောင်ဝယ်ပေးသွားကြသေးတယ်။ သာဓု… ကောင်းလေစွ။
ဒီလိုမျိုး ရဲဘော်တွေရဲ့ အကူအညီတွေကတော့ ရှိနေတတ်ပါတယ်။ နေမကောင်းရင် တော်လှန်ရေးသမားဖြစ်တဲ့ အမျိုး သမီးဆရာဝန်က လာကုပေးတယ်။ အဝေးအနီးက ရဲဘော်တွေက ငွေပေးပို့ လှူဒါန်းတယ်။ စားစရာ သောက်စရာ မုန့်ပဲ သွားရည်စာနဲ့ ဟင်းချက်စရာ စည်သွတ်ဘူးနဲ့ အခြောက်အခြမ်းတွေ ဝယ်ပို့ကြတယ်။ တချို့က တခါတရံ ဆန်အိတ်က လေး၊ ဆီပုံးကလေး ပို့ပေးတတ်ကြတယ်။
ဒီလိုမျိုးတွေလည်း ရှိဦးမှ၊ ဒီ ဇရာအို တော်လှန်ရေးသမားကြီးတွေက ဘာစီးပွားရေးမှ ဘဝတလျှောက်လုံး လုပ်ခဲ့ဖူးတာ မဟုတ်။ လူကြီးသူမ အမျိုးသမီး ရဲဘော်ကြီးဆိုရင် ဟိုးတချိန်တုန်းက ထောင်ကလွတ်ခါစ ရန်ကုန်မှာ သခင်ဗဟိန်းဇနီး၊ တခြားခေါင်းဆောင်တွေရဲံ ဇနီးသည်…စတဲ့သူတွေနဲ့အတူ စက်ချုပ်သင်တန်းလေးဖွင့်ြ့ပီး ရပ်တည်ခဲ့ဖူးတယ်။
ရေခဲဆီးနှင်းတို့ ဖုံးလွှမ်းထားရာ ကချင်တောင်တန်း ပန်းဝါဒေသဘက်မှာ ရပ်တည်ရေးအတွက် ရက်တချို့ လတချို့ အ ကြော် ရောင်းခဲ့ရရှာဖူးတယ်။ ဒါကလွဲလို့ ဘာစီးပွားရေးမှ လုပ်ခဲ့ဖူးတာ မရှိ။ ပြောက်ကျားဒေသကလာတဲ့ ရဲဘော်ကြီးဆို ဘဝတလျှောက်လုံး ဘာစီးပွားရေးမှ လုပ်ခဲ့ဖူးတာ မရှိ။ ဆိုလိုတာက နိုင်ငံရေးနဲ့ တော်လှန်ရေးကို ရိုးရိုးသားသားလုပ်ခဲ့ဖူး သူ သူတို့မှာ တော်လှန်ရေးထောက်ပံ့ငွေကလွဲလို့ အပို ငွေမရှိ။ အသက်အရွယ် အိုမင်းလာချိန် ချိုချဉ်ဖန်ခါး အရသာလေး များ စားသောက်ဖို့၊ ဆေးဝါးကုသဖို့ အပို ဝင်ငွေမရှိ။ ဒါပေမဲ့ ရဲဘော်အချင်းချင်း စာနာကူညီမှု၊ လှူဒါန်းမှုလေးတွေ ရှိနေ တဲ့အတွက် တော်သေးတယ်လို့ ဆိုချင်တာပါ။
သူတို့မှာ ငွေမရှိ။ ဒါပေမဲ့ သူတို့ မှာ တော်လှန်ရေးယုံကြည်ချက် စွဲစွဲမြဲမြဲ ရှိနေသေးတယ်။ မျက်စိအမြင်တွေ မှုန်ဝေရီဆိုင်း လာကြပြီ။ မျက်လုံးတွေလည်း ခွဲထားကြရပြီ။ ရဲဘော်ကြီးက ကျည်ဆန်မှန်ထားတဲ့ဒဏ်ရာက တခါတလေ မိုးအေးတဲ့ အ ချိန်များမှာ ကိုက်ခဲတတ်တယ်။ ကျနော်တို့ရဲဘော်ရဲ့ဇနီး ရဲဘော်မကြီးက လေဖြတ်ထားဖူးတယ်။ လေ့ကျင့်ခန်း ကြိုးစား လုပ်ရင်း ပြန်လည် သက်သာခဲ့ရ။ လဲကျလို့ ခါးရိုးကျိုးခဲ့ရဖူး၊ လက်မှာ ဒဏ်ရာရခဲ့ဖူး၊ ဇရာအို လူကြီးသူမ နှစ်ယောက်စလုံး က သွေးတိုးရောဂါ ရှိနေကြ။ ဒါပေမဲ့ စိတ်ဓာတ်ကတော့ မကျ။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ လမ်းလျှောက် တာတွေ အံခဲလုပ်နေကြဆဲ။
အစစ်အမှန် ဗမာပြည်ဒီမိုကရေစီ ပန်းတိုင်မရောက်သေးရင် အိမ်ပြန်ဖို့ဆိုတာ အိပ်မက်ထဲတောင် ထည့်မမက်ကြ၊ စကား ထဲတောင် ထည့်မပြောကြ။ ဒါသာမက သူတို့အတွေ့အကြုံတွေကို သူတို့အသက်ရှင်နေစဉ်ကာလမှာ နောင်မျိုးဆက်အ တွက် ပြောပြချင်လို့ စာအုပ်တွေ ရေးခဲ့ကြတယ်။ ပြောက်ကျားရဲဘော်ကြီးက “၄၉-တော်လှန်ရေး မျိုးဆက်တဦး၏ ဘဝ ဒိုင်ယာရီ” စာအုပ်။ ကျနော့်ရဲဘော်ရဲ့ဇနီး ရဲဘော်မကြီးက “အရုဏ်ဦး ခရီးသည်” ဆိုတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်၊ နှင်းဆီလွင်ပြင် စာပေကနေ တတ်နိုင်သလောက် ထုတ်ဝေဖြန့်ချိခဲ့ကြတယ်။
ဒါပေမဲ့ အခုတော့ တဖြည်းဖြည်းချင်း စိတ်သွားတိုင် ကိုယ်မပါနိုင်ကြတော့ပြီ။ နှေးကွေးလေးလံ လာကြပြီ၊ အသိတွေ အာ ရုံကြောတွေ အားနည်းနွမ်းရိလာကြပြီ၊ အယုယ ခံချင်လာကြပြီ၊ ဒါ အိုမင်းလာချိန် ဖြစ်တတ်တဲ့ သဘာဝလေးတွေ ထင်ပါ ရဲ့။ သည်တော့ တခါတလေ စိတ်မရှည်နိုင်တဲ့ စိတ်ကလေးတွေ ပေါ်လာတတ်တယ်။ သည်အခါ ပြန်စဉ်းစားမိတယ်။
“သူ အသက် ၆ဝ ကျော် ၇ဝ နားနီးချိန်မှာ ပြောက်ကျားဒေသ ပြန်ဆင်းခဲ့သေးတာပဲ။ ရန်သူလာဝိုင်းချိန်မှာ အတွေ့အကြုံ သိပ်မရှိသေးတဲ့ ရဲဘော်တွေကို အရင် တိမ်းရှောင်ခိုင်းပြီး သူက ရန်သူကို ခုခံဖို့ အခိုင်အမာ တာဝန်ယူခဲ့တာပဲ။ အခု ရုပ် ဘဝ ချည့်နဲ့ ယိုယွင်းလာချိန်ကျမှ သူ့ကို စိတ်မရှည်နိုင်ဖြစ်နေလို့ သင့်တော်ပါ့မလား”
မိမိကိုယ်ကို သည်သို့ ပြန်လည်ဆုံးမတဲ့အခါ လူမင်း စီစဉ်ညွှန်ကြားရိုက်ကူးတဲ့ “အိုပယ်” ဇာတ်ကားလေးကလည်း အကူ အညီပေးတယ်။ “အို”မင်းလာသော လူကြီးသူမတွေကို “ပယ်” မထားဖို့ ဘိုးဘွားရိပ်သာတခုအကြောင်း ရိုက်ကူးထားတဲ့ သည်ဇာတ်ကားလေးထဲမှာ အလွန်လှပသော စကားတွေ ပါရှိတယ်။ သည်ဇာတ်ကား မကြည့်ရခင် (အတွေးအမြင် စာ စောင်လို့ ထင်တယ်) စာအုပ်တအုပ်ထဲမှာ သည်စကားတွေကို ဖတ်ခဲ့ရဖူးတယ်။ စေတနာနဲ့ မေတ္တာအပေါ်မှာ အရင်းခံ ထားတာမို့ ရိုးရှင်းတဲ့ ဒီစာသားလေးတွေ လှပလာတာလို့လည်း စိတ်ထဲမှာ ထင်နေတယ်။ ဘာတဲ့ …

“ငါ အိုသွားသောအခါ”
ငါ အိုသွားသောအခါ
ငါဟာ အရင်ကငါ မဟုတ်တော့ဘူး။
နားလည်ပေးပါ
စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချည့်နဲ့နဲ့ လက်တွေနဲ့
ထမင်းဟင်းတွေ အက်ႌေပၚ ဖိတ္စဥ္သြားတဲ့အခါ…
အက်ႌ လုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ….
ငါ့ကို မရွံပါနဲ့။
ငယ်ငယ်တုန်းက ငါ သုတ်သင်ပေးခဲ့တာတွေကို
သတိရပေးပါ။
အပ်ကြောင်းထပ်မက
ပြောဖူးခဲ့တဲ့ စကားတွေ ပြန်ပြောမိတဲ့အခါ…
စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း
တစ်ထောင့်တည ပုံပြင်တွေ
ငါးရာ့ငါးဆယ် နိပါတ်တော်တွေ
ဇာတ်ကြီးဆယ်ဘွဲ့တွေ …စတဲ့ ပုံပြင်တွေ
မရိုးအောင် ပြောရင်း
ငါ ချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ..
မငြိုငြင်ပါနဲ့။
ငယ်ငယ်တုန်းက
ချော့တလှည့် ခြောက်တလှည့်
ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင်…
မလှောင်ပါနဲ့။
ငယ်ငယ်တုန်းက
ဘာ့ကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို
စိတ်ရှည်စွာ ငါ ပြန်ဖြေခဲ့တာကို
သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး
လမ်းမလျှောက်နိုင်တဲ့အခါ…
ခွန်အားပါတဲ့ လက်တစုံနဲ့ ငါ့ကို ကူတွဲပေးကြပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက
တလှမ်းချင်း လမ်းလျှောက်သင်ခဲ့တာတွေကို သတိရပေးပါ။
တနေ့ထက်တနေ့ အိုစာသွားတဲ့ ငါ့ကို ကြည့်ပြီး
ဝမ်းမနည်းပါနှင့်။
နားလည်ပေးပါ။ အားပေးပါ။
အရင်တုန်းက လူ့ဘဝတက်လမ်းအတွက် ငါ လမ်းညွှန်ခဲ့သလို…
အခုအချိန်မှာ ငါ့ဘဝ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။
ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို
ငါ ပြုံးပြုံးလေး လက်ခံသွားမှာပါ။
အဲဒီအပြုံးတွေထဲမှာ
မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ … တဲ့၊

သားသမီးတွေက အိုမင်းရင့်ရော်သွားတဲ့ မိဘတွေအပေါ် နားလည်မှုပေးစေဖို့ ရေးထားတဲ့ လှပတဲ့ စာသားလေးတွေပါ။
ဒီစာသားလေးတွေကို နားလည်ခံယူရင်းနဲ့ သူတို့ သားသမီးမဟုတ်ပေမယ် သူတို့အပေါ် စာနာစိတ်မွေးမြူရင်း ကိုယ့် ကိုယ်ကို ဆုံးမမိပါတယ်။ သက်ကြီးရွယ်အိုတွေကို ကူညီစောင့်ရှောက်ရာမှာ မငြိုငြင်မိဖို့ ကိုယ့်ကိုယ်ကို သွန်သင်မိပါ တယ်။ ဒီလို ကိုယ့်ကိုယ်ကို ဆုံးမရင်း တခြားသူများလည်း အိုမင်းရင့်ရော်သွားတဲ့ တော်လှန်ရေးသမားကြီးတွေကို နား လည်ပေးကြဖို့ ပန်ကြားလိုစိတ်တွေ ပေါ်ပေါက်လာမိတယ်။
သူတို့ဟာ မသေလို့ ကျန်နေရစ်ခဲ့သူများ ဖြစ်ပါတယ်။ သူတို့နဲ့ အတူတူ သူတို့ခေတ်ကတည်းက တော်လှန်ရေးလုပ်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေ ရာထောင်ချီပြီး အသက်စွန့်လွှတ်သွားခဲ့ကြပြီ။ သူတို့ဟာ သူတို့ရဲ့ ရဲဘော်တွေ ဖြစ်ကြတဲ့ ကျဆုံးသူ တွေရဲ့ ဝိညာဉ်ကို လေးစားပြီး ကျဆုံးသူတွေရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ဆက်လက်ဆုပ်ကိုင်ကာ ဆက်လက်အ သက်ရှင် ရပ်တည်နေကြတာပါ။
တော်လှန်ရေး အဖွဲ့အစည်းတိုင်း (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအပါအဝင်) မှာ တော်လှန်ရေး သက်ကြီးရွယ်အိုတွေ ရှိကြမှာချည်းပါပဲ၊ ရှမ်း၊ ကချင်၊ ကရင်၊ ပအို့ဝ်၊ ဗမာ စသဖြင့် လူမျိုးစုံ သက်ကြီးရွယ်အိုတွေ ရှိနေကြ မှာပါ။ သူတို့တတွေဟာ သမိုင်းအကွေ့အကောက်အမျိုးမျိုး၊ ခေတ်ကာလ အကွေ့အကောက်အဖုံဖုံကို ဖြတ်သန်းဖူးခဲ့ကြ ပြီ။ သူတို့ကို စာနာကြပါ။ လေးစားကြပါ။ ကူညီကြပါ။ အနည်းဆုံးတော့ သူတို့ကို မစော်ကားမိပါစေနဲ့။ သူတို့ရဲ့ တော်လှန် ရေးယုံကြည်ချက်ကို မစော်ကားမိပါစေနဲ့။ သူတို့ရဲ့ စိတ်ဓာတ်ကို စော်ကားမိရင် သူတို့ အသည်း အပ်ဖျားနဲ့ ထိုးဆွသလို သူတို့ နာကြည်းခံစားကြရမှာပါ။ သူတို့ရဲဘော် ကျဆုံးသွားသူ ရဲဘော်အထောင်အသောင်းကို စော်ကားတာပဲလို့ သူတို့ ခံယူကြမှာပါ။
သူတို့ဟာ သူတို့ခေတ် သူတို့ကာလမှာ သူတို့ရဲ့ သမိုင်းပေးတာဝန်အတွက်၊ သူတို့ရဲ့ ယုံကြည်ချက်တွေအတွက် တော် လှန်ရေး မိုးသက်မုန်တိုင်းတွေကြားမှာ ဆေးသားတင်ခဲ့ကြသူတွေပါ။ သူတို့ ယုံကြည်ရွေးချယ်ထားတဲ့ တော်လှန်ရေး လမ်းကြောင်းအတိုင်း မမှိတ်မသုန် လျှောက်လှမ်းခဲ့တဲ့သူတွေပါ။ တဘဝလုံး နောက်ဆုံးထွက်သက်အထိ လျှောက်လှမ်း သွားတော့မှာပါ။
ယုံကြည်ရာ လျှောက်လှမ်းရာ လမ်းကြောင်းချင်းကတော့ တူချင်မှ တူကြမှာပါ။ ဒါပေမဲ့ သမိုင်းကို ဖြတ်တောက်မပစ်ကြ ပါနဲ့။ လွတ်လပ်ရေးလွန်ခေတ်ကတည်းက အမျိုးသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကလည်း အမျိုးသား ဒီမိုကရေစီတော်လှန်ရေးကို ယုံကြည်လို့ အမျိုးသား ဒီမိုကရေစီတော်လှန်ရေးဆင်နွှဲခဲ့ကြ၊ ယခုထိ ဆင်နွှဲနေဆဲ။ ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးကို ယုံကြည်သူတွေကလည်း ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကို ဆင်နွှဲခဲ့ကြ၊ ယခုထိ ဆင်နွှဲ ဆဲ။ သည့်နောက်ပိုင်း သမိုင်းခေတ်တွေမှာလည်း ရှစ်လေးလုံး အရေးတော်ပုံ စသဖြင့် ဒီမိုကရေစီအရေးတော်ပုံတွေ လှုပ် ရှားမှုတွေ ပေါ်ထွန်းခဲ့ကြ၊ ဂုဏ်ပြောင်ခဲ့ကြ၊ အရောင်တောက်ခဲ့ကြ။ သမိုင်းကြောင်းဆိုတာကလည်း နွယ်ကူးဆက်စပ်နေ တာပါ။ ခေတ်တိုင်း ခေတ်တိုင်းမှာ ပေါ်ထွန်းခဲ့တဲ့ တိုင်းပြည်ကိုချစ်တဲ့။ ဒီမိုကရစီကိုလိုချင်တဲ့။ ကိုယ်ကျိုးစွန့်ပြီး တော်လှန် ရေး လုပ်တဲ့သူတွေအားလုံးကို လေးစားတန်ဖိုးထားရမှာပါ။
သည်ရာသီမှာ ခြံထဲက သစ်ပင်တွေက အံသြစရာ ကောင်းနေတယ်။ တချို့ပင်ပျိုတွေမှာ ရွက်နုတွေနဲ့ စိမ်းစိမ်းဝေလို့၊ တ ချို့အပင်တွေမှာလည်း ပုရစ်ဖူးလေးတွေ ငွားငွားစွင့်လို့၊ အားမာန်သစ်နဲ့ ချစ်ခင်မြတ်နိုးဖွယ်ပါ။
တချို့အပင်ကြီးတွေမှာက အရွက်တွေဟာ ရော်ဝါနေပါပြီ။ ဒါပေမဲ့ မြင့်မတ်တဲ့ ပင်စည်ပေါ်မှာ သူ့ဂုဏ်ရည်နဲ့သူ ရင့်ကျက် အိနြေ္ဒနဲ့ ခိုင်ရွှေညှာ ဝင်းနေဆဲပါ။
မောင်လှဝင်း (မြင်းခြံ)

photo… http://artbistro.monster.com/news/articles/11911-the-craziest-art-heists-of-2010?print=true

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...