Saturday, December 31, 2011

ကျောင်းသားတစ်ဦးအတွက် ကျောင်းစရိတ် တာဝန်ယူဖို့ ပြေတီဦး ဖောင်ဒေးရှင်းမှာ လှူဒါန်းမယ့် ဝတ်မှုံရွှေရည်


by General Knowledge on Saturday, December 31, 2011 at 12:10pm

By Popular Journal, On 31 December, 2011 - 11:16 |  phyo may




ဝတ်မှုံရွှေရည်က ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ “နင်စေရင်” ရုပ်ရှင်ဇာတ်ကားကြီးကို ပြေတီဦးနဲ့ သရုပ်ဆောင်နေပါတယ်။

ဒီဇာတ်ကားက ဝတ်မှုံရွှေရည်အတွက် တအားထူးခြားတဲ့ ဇာတ်လမ်းဖြစ်ပြီး ဇာတ်ရုပ် သုံးဆင့်ပြောင်းပြီး သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ “နင်စေရင်” ဇာတ်ကားနဲ့ ပတ်သက်ပြီး ဝတ်မှုံရွှေရည်က “အခုရိုက်နေတဲ့ ဇာတ်ရုပ်က စပွန်ဆာ အချီကြီးမိသွားတဲ့ ပုံစံမျိုး၊ ဒီဇာတ်ရုပ် မလာခင် ဇာတ်ရုပ် နှစ်ခု ရှိသေးတယ်။
နယ်မှာ ကောင်မလေးက ရိုးရိုးလေး၊ ဖြူဖြူစင်စင်လေး။ အဲဒီကနေ ကာရာအိုကေဆိုင်မှာ အလုပ်လုပ်တယ်။ ဒီကောင်မလေးကို သူများတွေက မိန်းမပျက်လို့ ထင်တာပေါ့။ သူ့မှာ နာကြည်းချက်တွေ ရှိတယ်။ ခံစားချက် ရှိတယ်။ ဖုံးကွယ်ထားတာတွေ ရှိတယ်။ အမာဇာတ်ရုပ်ပေါ့။ ကောင်မလေးရဲ့ ဘဝက စရိုက်ဆန်တယ်။ အရင်တုန်းက အဲဒီလို မဟုတ်ဘူး။ ဖြူဖြူစင်စင်လေးနဲ့ သနပ်ခါး ပါးကွက်ကြားလေးနဲ့ ဇာတ်ရုပ်သုံးဆင့် ပြောင်းရပါတယ်” လို့ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်တွေကို ပြောပြပါတယ်။

ဝတ်မှုံရွှေရည်က ဒီဇာတ်ကားကြီးက သူမအတွက် ခက်ခက်ခဲခဲ၊ ထူးထူးခြားခြားနဲ့ လုပ်ရမယ့် ဇာတ်ရုပ်ဖြစ်ပြီး အရင်ရိုက်နေကျ သူမပုံစံနဲ့ ကွဲထွက်နေတဲ့ ဇာတ်ရုပ်မျိုးကို သရုပ်ဆောင်ရတဲ့ အတွက် သဘောကျ၊ ကျေနပ်မိတယ်လို့ ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့အတွက် တာဝန်ကြီးမှုတွေရှိပြီး ပိုပြီး အားစိုက်ထုတ်ထားကြောင်းလည်း ပြောပါတယ်။ ဝတ်မှုံရွှေရည်က ပြေတီဦးဖောင်ဒေးရှင်းမှာ ကျောင်းသား တစ်ဦးရဲ့ ကျောင်းစရိတ်ကို တာဝန်ယူ လှူဒါန်းမှာ ဖြစ်ကြောင်း သိရပါတယ်။ ပညာရေးကုသိုလ် လိုချင်တဲ့အတွက် လှူဒါန်းရခြင်း ဖြစ်ကြောင်း ပြောတဲ့ ဝတ်မှုံရွှေရည်က “ကစ်ကစ်က အစက ပြေတီဦးဖောင်ဒေးရှင်းမှာ အလှူငွေထည့်ချင်တယ်။ ကုသိုလ် လိုချင်တယ်လို့ ကိုပြေတီဦးကို ပြောတော့ ကျောင်းသား တစ်ဦးကို တာဝန် ယူလိုက်ပါလားတဲ့။ သူစာမေးပွဲ အောင်တဲ့အထိ တာဝန်ယူလိုက်သလို ဖြစ်သွားတာပေါ့။ သူစာမေးပွဲ အောင်သွားတော့လည်း ကုသိုလ်ရတာပေါ့။ ပညာရေးဒါနလည်း ရတယ်” လို့ ပြောပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...