Friday, December 30, 2011

သားအိမ်ခေါင်းကင်ဆာ (သို့မဟုတ်) Silent Killer

by သက်တန့်ချို on Friday, December 30, 2011 at 5:53pm



ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးထုကြီးတရပ်လုံးကို ဖွဲမီးလို တငွေ့ငွေ့လှိုက်စားပြီး အသက်ဇီ ၀ိန်ခြွေချနေ တဲ့ ကြောက်စရာအကောင်းဆုံးရောဂါတစ်ခုကို ပြပါဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာကို လက်ညိုးထိုးပြ ရပါလိမ့် မယ် ။ သားအိမ်ခေါင်းကင်ဆာကို အင်္ဂလိပ်လိုဆိုရင်တော့ Cervical cancer လို့ခေါ်ပါတယ် ။ သား အိမ်ခေါင်း ကင်ဆာဟာ သားအိမ်ရဲ့ အ၀ Cervix uteri မှာ အခြေခံတဲ့ ဆဲလ်တွေကနေ ကင်ဆာ ဖြစ်ပွားစေသော ဆဲလ်များ ဖြစ်ပွားမှု Malignant neoplasm ကို ခေါ်ဆိုခြင်းဖြစ်ပါတယ် ။ သားအိမ်ခေါင်း ကင်ဆာရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုကတော့ မူမမှန်သွေးဆင်းခြင်းဖြစ်ပါတယ် ။
ဒါပေမယ့်လည်း ကင်ဆာ ဟာ အရမ်းကို ဆိုးရွားတဲ့အဆင့်ရောက်တဲ့အထိတိုင်အောင် ဘာမှသိသာထင်ရှားတဲ့ လက္ခဏာ မပြပဲနဲ့လည်း ဆက်လက်ဖြစ်ပွားနေတာတွေရှိပါတယ် ။ စောစောအဆင့်ပိုင်းတွေမှာတော့ ခွဲစိတ်ကုသလို့ရနိုင်ပြီး ပိုဆိုးရွား တဲ့ နောက်ပိုင်းအဆင့်တွေဖြစ်နေပြီဆိုရင်တော့ ကင်ဆာဆေးသွင်းခြင်းနဲ့ ဓါတ်ရောင်ခြည်ပေး၍ ကုသခြင်းတွေ ပြုလုပ်ရမှာဖြစ်ပါတယ် ။


ကင်ဆာရှိမရှိစစ်ဆေးခြင်းဖြစ်တဲ့ Pap smear ယူပြီးစစ်ခြင်းဟာလည်း သားအိမ်ခေါင်းမှာ ရှိတဲ့ဆဲလ်တွေ နဲ့တစ်ရှူးတွေ မှာ ကင်ဆာအဆင့်မရောက်ခင် precancerous အခြေအနေနဲ့ပြောင်းလဲမှုတွေကို ကြိုတင်ပြီး သိရှိနိုင် ပါတယ် ။ တိုးတက်ဖွံ့ဖြိုးနေတဲ့တိုင်းပြည်တွေမှာဆိုရင် Cervical screening ကို ကျယ်ပြန့်စွာ အသုံးပြုနေကြပြီး ဒီလိုစစ်ဆေးခြင်းအားဖြင့် အလွန်အမင်းဆိုးရွားသောအဆင့် Invasive cervical cancer ဖြစ်ပွားမှုနှုန်းကို ၅၀ % အထက် လျော့ချပေးနိုင်ပြီဖြစ်ပါတယ် ။ သားအိမ်ခေါင်းကင်ဆာရဲ့ ရာခိုင်နှုန်း ကိုးဆယ်ကျော်လောက်အောင် Human Papillomavirus (HPV) ကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါတယ် ။ US , Canada နဲ့ EU မှာဆိုရင် ဒီ HPV vaccines ဟာ သားအိမ်ခေါင်းကင်ဆာကို ၇၀% လောက်အ ထိဖြစ် ပွားစေနိုင်တဲ့ ဗိုင်းရပ်အမျိုးအစား မျိုးကွဲ ၂ မျိုး ( two strains) ကို ကာကွယ်ပေးနိုင်ပါတယ် ။ ဒါပေမယ့် လည်း Vaccines ဆိုတာဟာ အဖြစ်များတဲ့ အမျိုးအစား HPV နဲ့ကင်ဆာကို သာကာ ကွယ်ပေးနိုင် တာဖြစ်တဲ့အတွက် အမျိုးသမီး အားလုံးဟာ ကာကွယ်ဆေးထိုးပြီးတာတောင်မှပဲ ဒီလို Pap Smear Screening ကို ပုံမှန်ပြု လုပ်သင့်ပါတယ် ။ သားအိမ်ခေါင်း ဆိုတာဟာ သားအိမ်ရဲ့ အကျဉ်းဆုံးအစိတ်အပိုင်းဖြစ်ပြီး မိန်းမ ကိုယ်အ၀ Vagina နဲပဆက်သွယ်ထားတဲ့ နေရာလည်းဖြစ်ပါတယ် ။

သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေလဲ ။

အစောပိုင်းအဆင့်တွေမှာတော့ သားအိမ်ခေါင်းကင်ဆာဟာ ဘာလက္ခဏာမှ မပြပဲနဲ့ရှိနေနိုင်ပါတယ် ။ ဒါ့အပြင် မူမမှန်သွေး ဆင်းမှု ၊ အမျိုးသားနဲ့အတူနေသည့်အခါ သွေးဆင်းခြင်း တခါတရံ သွေးခဲဆင်းခြင်း ( ရှားတော့ ရှားပါတယ် ဒါပေမယ့် ကင်ဆာအဆင့် ဖြစ်တယ်ဆိုတာ ပြသနေခြင်း ) စသည်တို့ဖြစ်တတ်ပါတယ် ။ ဒါ့အပြင်မှာ အမျိုးသားနှင့်အတူနေသည့်အခါ နာကျင်ခြင်း နှင့် သွေးဆင်းခြင်းတွေဟာလည်း သားအိမ်ခေါင်း ကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ် ။ ပိုမိုးဆိုးရွားတဲ့အဆင့်ရောက်နေပြီဆိုရင်တော့ ၀မ်းဗိုက် ၊ အဆုတ်နဲ့နေ ရာတော်တော် များများမှာ ပျံ့နှံ့ခြင်း Metastases တွေကို တွေ့ရမှာဖြစ်ပါတယ် ။ ပိုမိုးဆိုးရွားတဲ့ သားအိမ်ခေါင်း ကင်ဆာ ရဲ့လက္ခဏာတွေကတော့ အစားအသောက်ပျက်ခြင်း ၊ ပိန်ချုံးခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ တင်ပ ဆုံရိုးအ တွင်းကိုက်ခဲခြင်း ၊ ခါးနာခြင်း ၊ ခြေထောက်များနာခြင်း ၊ ခြေထောက်များရောင်လာခြင်း ၊ သွေးအလွန် အမင်းဆင်းခြင်း ၊ အရိုးကျိုးခြင်းများ ၊ တခါတရံ မိန်းမကိုယ်မှ ဆီး သို့မဟုတ် မစင်များ ထွက်ကျခြင်း စတဲ့လက္ခဏာတွေ ကြုံတွေ့ရနိုင်ပါတယ် ။

သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်ပွားရတာလဲ ။

Human Papilloma Virus ဟာ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအချက်ဖြစ်ပါတယ် ။ ဒါ့အပြင် လိင် ဆက်ဆံဖက်များခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ HIV ပိုးစတာတွေဟာလည်း သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေ ရခြင်းရဲ့ risk factor တွေဖြစ်ပါတယ် ။ ဒါ့အပြင် အခြားအကြောင်းအရာတွေကတော့ Chlamydia ပိုးဝင်ခြင်း ၊ စိတ်ဖိစီးမှုနှင့်ဆက်နွယ်နေသောအခြေအနေများ ၊ အစားအသောက် ၊ ဟော်မုန်းပါသော သား ဆက်ခြားဆေးများ ၊ ကိုယ်ဝန်ပေါင်းများစွာ ယူခြင်း ၊ မျိုးရိုးထဲတွင် သားအိမ်ခေါင်းကင်ဆာရှိခြင်း စတဲ့အ ချက်တွေဟာလည်း သားအိမ်ခေါင်းကင်ဆာဖြစ်စေခြင်းရဲ့ Cofactors အနေနဲ့ပါဝင်နေပြန်ပါတယ် ။ အသက် ငယ် ရွယ်စဉ်တွင် လိင်ဆက်ဆံခြင်း နဲ့ အသက်ငယ်ရွယ်စဉ်တွင် ကိုယ်ဝန်ဆောင်ခြင်း ၊ အသက်ငယ် ရွယ်စဉ်တွင် သားဆက်ခြားဆေးများသောက်သုံးခြင်းဟာလည်း risk factors တွေ ထဲမှာပါဝင်နေ တာကိုတွေ့ ရပါတယ် ။

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်နိုင်သလဲ ။

၁ ။ Screening ပြုလုပ်ခြင်း

Pap smear ပြုလုပ်ကာ သားအိမ်ခေါင်းကင်ဆာကိုစစ်ဆေးခြင်းဖြစ်ပါတယ် ။ ၃ နှစ်တစ်ကြိမ် ငါးနှစ်တစ်ကြိမ် စစ်ဆေးပေးခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်းကို ၈၀% အထိလျော့ချပေးတာတွေ့ရပါတယ် အကယ်၍ မူမမှန်သော အဖြေတွေတွေ့ခဲ့ရင်လည်း Precancerous change ကိုကြိုတင်သိရှိနိုင်ပြီးတော့ လိုအပ် တဲ့ ကာကွယ်ကုသမှုတွေပေးနိုင်မှာဖြစ်ပါတယ် ။ အကယ်၍ သားအိမ်ခေါင်းကင်ဆာကို စောစီးစွာ သိရှိပါက လည်း အနည်းငယ် မျိုးပွားနိုင်မှု စွမ်းရည်ကို ထိခိုက်နိုင်ယုံကလွဲလို့ မခွဲမစိတ်ရပဲ ကုသမှုတွေပေးနိုင်ပါတယ် )

၂ ။ Vaccine ထိုးခြင်း

HPV vaccine နှစ်မျိုးရှိပါတယ် ။ Gardasil နဲ့ Cervarix ဇြစ်ပြီး ဒီဗက်ဆင်းတွေက သားအိမ်ခေါင်းနဲ့ စအိုဝတ ဂှိုက်မှာ ကင်ဆာဖြစ်ပွားနိုင်မှုကို ၉၃% အထိ လျော့ချပေးနိုင်တာကိုတွေ့ရပါတယ် ။ HPV Vaccine ကို အသက် ၉ နှစ်မှ ၂၆ နှစ်အတွင်းအမျိုးသမီးတွေကို ပိုးမ၀င်မှာ ကြိုတင်ထိုးထားနိုင်ပြီး ဒါကလည်း ရောဂါပိုးမရှိမှသာလျှင် ထိရောက်မှုရှိတာဖြစ်ပါတယ် ။ Vaccine တွေဟာ လေးနှစ်မှ ခြောက်နှစ်အထိ စွမ်းဆောင်နိုင်မှုရှိပြီး ဒီထက်ပို စွမ်းသလား booster ထပ်ထိုးဖို့လိုအပ်သလားဆိုတာကိုတော့ မသိရှိရသေးပါဘူး ။ ဈေးနှုန်းကြီးမားမှုက ပြဿနာ တစ်ခုဖြစ်နေပြီး နိုင်ငံပေါင်းများစွာကတော့ HPV Vacinnation Fund တွေ တည်ထောင်ဖို့ ကြိုးစားနေကြပါပြီ ။

၃ ။ ကွန်ဒုံးအသုံးပြုခြင်း

ကွန်ဒုံးအသုံးပြုခြင်းဟာ အချို့သော သားအိမ်ခေါင်းကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ် ။ ကွန်ဒုံးဟာ HPV ကိုကာကွယ်ပေးနိုင်တာမပေးနိုင်တာအသာထား အနည်းဆုံးတော့ genita wart (လိင်အဂါင်္တွင်ဖြစ်သော ကြွက်နို့ ) နဲ့တ ခြား ရောဂါပိုးတွေကိုတော့ကာကွယ်ပေးနိုင်ပါတယ် ။ ( ဥပမာ STD , Chlamydia ) သုတ်ရည် Semen ဟာ Precancerous changes (CIN 3) ကို ပြောင်းလဲစေနိုင်တဲ့ risk ရှိတဲ့အတွက် ကွန်ဒုံးအ သုံးပြုခြင်းအားဖြင့် ကာကွယ်ပေးရာရောက်ပါတယ် ။

၎ ။ အာဟာရ

ဗီတာမင်အေ ၊ ဗီတာမင် ဘီတွဲ ၊ ဗီတာမင်စီ ၊ ဗီတာမင်အီးနဲ့ ဘီတာကာရိုတင်းတွေဟာ သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေတဲ့ အာဟာရဓါတ်တွေဖြစ်ပါတယ် ။

ဖြစ်ပြီးမှ ကုသတာထက်စာရင် မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းဟာ လွန်စွာထိရောက်လှပါတယ် ။ တတ်နိုင်သမျှ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကိုလျော့ချပြီး အမျိုးသမီးအားလုံး Pap smear ပြုလုပ်ဖို့ တိုက်တွန်းလိုပါတယ် ။ ကာကွယ်ဆေးထိုးထားကြဖို့လည်း တိုက်တွန်းလိုပါတယ် ။ အားလုံးပဲ ကျန်းမာ သုခ ပြည့်ဝကြပါစေ ။

Ref : http://en.wikipedia.org/wiki/Cervical_cancer

သက်တန့်ချို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...