ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို တဦးတည်း ကူညီမည့် ဂျော့ဆိုရော့စ် မြန်မာပြည် လာမည်
Thursday, 22 December 2011 11:22
“အဓိကကတော့ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင် ပွဲတော်အတွက် သွားတာပါ။ ဒီလိုသွားရင်း ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ ရိုက်ကူးရန် အတွက်ပါ ရုပ်ရှင် စတူဒီယိုတွေနဲ့ ပတ်သက်တာတွေ လေ့လာသွားမှာပါ။ ကမ္ဘောဒီးယားမှာ မှတ်တမ်း ရုပ်ရှင်ဇာတ်ကား ဘယ်လိုရိုက်လဲ ဆိုတာ သင်တန်းပို့ချတဲ့ Metal Film School ရှိတယ်၊ အဲဒီကို သွားလေ့လာမယ်။ မြန်မာပြည်ကို လာဖို့လဲ ဖိတ်ခေါ်မယ်” ဟု ဦးဇာဂနာက ပြောသည်။
သူကြွယ်တစ်ဦးဖြစ်သည့် ဂျော့ဆိုရော့စ် (ဓါတ်ပုံ - အင်တာနက်)
ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ ဇာတ်လမ်းရိုက်ကူးရန် ပြည်တွင်းရှိ အကြီးအကဲများနှင့် အနုပညာရှင်များ၏ ဝိုင်းဝန်းကူညီမှုများ အပါအဝင် ပြည်ပနိုင်ငံရှိ ဟန်ဂေရီဖွား ဂျူးလူမျိုး အမေရိကန် ရင်းနှီးမြှုပ်နှံသူ သူကြွယ် တစ်ဦးဖြစ်သည့် ဂျော့ဆိုရော့စ်က ဗိုလ်ချုပ် ဇာတ်လမ်းအတွက် တစ်ဦးတည်း ငွေကြေးထောက်ပံ့ရန် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ မည်ဖြစ်ကြောင်း ပြည်မြန်မာ သတင်း ဂျာနယ်တွင် ဖော်ပြထားပါသည်။
http://www.phophtaw.org/burmese/index.php/news/internation-news/951-2011-12-22-04-34-57.html
0 comments:
Post a Comment