Wednesday, December 28, 2011

ဒီမိုကရေစီအတွက် ရုန်းကန်ကြ (၂)

by Myo Thant on Wednesday, December 28, 2011 at 9:23am
 
တကယ်တမ်းမှာတော့ ၁၈ရာစုမတိုင်မှီ အနောက်နိုင်ငံများတွင် အတွေးအခေါ်ပညာရှင်တွေ၊ အုပ်ချုပ်သူတွေအနေဖြင့် လူအများစုဖြင့် အုပ်ချုပ်သောစနစ်ကို သိပ်ပြီး ရင်းနှီးကြသေးဒါတော့ မဟုတ်ပါဘူး။ အဲဒီအချိန်က အုပ်ချုပ်ရေးကိစ္စတွေဆိုဒါဟာ ခက်ခဲသော အရာဖြစ်တယ်။ သာမန်လူတွေအနေဖြင့် လုပ်နိုင်တဲ့အရာမဟုတ်ဘူး။ အင်မတန်ကို ထူးခြားသော အရည်အချင်းရှိသူတွေသာ လုပ်နိုင်တဲ့ အရာဖြစ်တယ်လို့ လူအများစုက ယုံကြည်ခဲ့ကြတယ်။

အဲဒါကြောင့်လူတွေက ဘုန်းတန်ခိုးကြီးတယ်လို ယူဆခံထားရသူတွေဖြစ်သော မျိုးရိုးကြီးမြတ်သူတွေ၊ မူးမျိုးမတ်မျိုးတွေ၊ ပညာရှိ ပရောဟိတ်တွေ၊ လက်ရုန်းရည်နှင့်ပြည့်စုံသော စစ်သူကြီးတွေဆိုသော ဒီလူနည်းစုတွေကသာ အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးဘဲ ရှိခဲ့တယ်။ လက်တွေ့မှာတော့ အဲဒီအချိန်က တော်တော်လေးကို ဒီမိုကရေစီ မစံသေးပါဘူး။

ဒီနောက်မှတော့ သာမန်ပြည်သူတွေအနေဖြင့်လည်း မိမိတို့ကိုယ်တိုင် မိမိ အုပ်ချုပ်သော အုပ်ချုပ်မှုမျိုးကို လုပ်နိုင်မယ်ဟု ယုံကြည်ယူဆမှုတွေ ရှိလာကြတယ်။ ဒီမိုကရေစီ၏ အဓိကအကျဆုံး အယူအဆချက်တစ်ရပ်က သာမန်ပြည်သူတွေအနေဖြင့်လည်း အုပ်ချုပ်ရေးအလုပ်များကို လုပ်နိုင်တယ်ဆိုတဲ့ အချက် ပါဘဲ။

ဒီမိုကရေစီ၏ အခြေခံကျသော အုတ်မြစ်က လူသားတွေ၏ အရည်အချင်း၊အသိဥာဏ်၊စုပေါင်းဆောင်ရွက်နိုင်ခြင်းမှရလာသော စွမ်းအားများကို ယုံကြည်စွာလက်ခံထားခြင်းဖြစ်တယ်။ အရာအားလုံးကိုတော့ ပြီးပြည့်စုံမယ်လို မယုံကြည်နိုင်ပါဘူး၊ဒါပေမယ့် စုပေါင်းဆောင်ရွက်နိုင်မှုအတွက် အသိပညာဥာဏ် အမျှော်အမြင်တွေဖြင့် ဆောင်ရွက်လျင် ဆောင်ရွက်လို့ရနိုင်ပါတယ်။
ဟု အမေရိကန်အတွေးအခေါ်ပညာရှင် ဂျွန်ဒီဒီ(ရ်)ကဆိုတယ်။ ဒီမိုကရေစီ၏ အယူအဆက အစိုးရဆိုဒါက ပြည်သူတွေအားလုံး၏ အစေခံသာဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေ၏ အကျိုးနှင့်တန်ဘိုးတွေကို စောင့်ထိန်းလုပ်ဆောင်ပေနိုင်ရန်ဖြစ်တယ်။ ဒါမှမဟုတ်ရင်-အာဏာသည် မတရားအုပ်ချုပ်သော သူများလက်ထဲသို့ ရောက်သွားပြီး ပြည်သူ့အကျိုးများကို ထိခိုက်လာနိုင်ပါတယ်။


တိုက်ရိုက်ဒီမိုကရေစီနှင့် ကိုယ်စားပြု ဒီမိုကရေစီ နှိုင်းယှဉ်ကြည့်လျင် ရှေ့ဂရိခေတ်က ဒီမိုကရေစီဆိုရာမှာ သာမန်ပြည်သူတွေကိုယ်တိုင် စုပေါင်းပြီး တိုက်ရိုက်အုပ်ချုပ်သောစနစ်ဖြစ်တဲ့အတွက် သူတို့တတွေ ယုံကြည်ခဲ့ကြဒါက ပြည်သူတွေကိုယ်တိုင် မျက်နှာစုံညီတွေ့ဆုံပြီးတော့၊ အရေးရာကိစ္စများကို စဉ်းစားသုံးသပ်ကာ ဆုံးဖြတ်ဆောင်ရွက်ကြရမှာဖြစ်တယ်။

သို့သော်လည်း တိုက်ရိုက်ဒီမိုကရေစီ၏ လိုအပ်ချက်များက နိုင်ငံသားအားလုံး ဒီလိုမျက်နှာစုံညီ တွေ့ဆုံနိုင်မှုမျိုးကို ပုံမှန် ရှိနေစေရေးဖြစ်တယ်။  အရေးကိစ္စမှန်သမျှကို အပြန်အလှန်ငြင်းခုံပြီးတော့ ဆုံးဖြတ်ချက်ချကြဒါပါ။ တိုက်ရိုက်ဒီမိုကရေစီလိုမျိုးကို လုပ်လို့ရတဲ့ဆိုအချက်က ခရစ်တော်မပေါ်မှီ ၅ရာစုနှစ် အေသင်မြို့ပြနိုင်ငံအတွင်းမှာ လူဦးရည်ကိုပြန်ကြည့်လျင်- ယနေ့ခေတ်လိုမျိုး လူတွေအများကြီးရှိနေကြသေးဒါမဟုတ်ဘူး။ နောက်ပြီးတော့ ပြည်သူတွေဆိုရာမှာလည်း ယောက်င်္ကျားတွေဘဲဖြစ်တယ်။ ထိုသူတွေဘဲ စုပြီးတော့ ဆွေးနွေး သုံးသပ် လုပ်ဆောင်ကြဒါ။ မိန်းမများဆိုလျင် အိမ်မှုကိစ္စတွေလောက်ဘဲ လုပ်ကြတယ်။ ကျွန်တွေကြပြန်တော့ ထုတ်ကုန်တွေကို လုပ်ဆောင်ရဒါ။

အေသင်မြို့ပြနိုင်ငံအတွင်း ပြည်သူများစုရုံးစည်းဝေးခဲ့ကြသော နေရာတစ်ခုပုံ

http://upload.wikimedia.org/wikipedia/commons/5/54/Pnyx-berg2.png

စုပေါင်းပြီး လုပ်ဆောင်သော တိုက်ရိုက်ဒီမိုကရေစီလိုမျိုးကို  လုပ်ဖို့ဆိုဒါက သေးငယ်သော လူ့အသိုင်းအ၀န်းများအတွက်တော့၊ အလုပ်ဖြစ်နိုင်ဒါပေါ့။ နောက်ပြီးတော့ မျက်နှာစုံညီ တွေ့ဆုံနိုင်မှုအပေါ် အခြေခံပြီး လုပ်ရတော့၊ ပြည်သူတွေအနေဖြင့် အချိန်များစွာပေးရတယ်။ ယခုခေတ်လိုမျိုးမှာဖြင့် လူဦးရည်တွေက သန်းဆယ်ဂဏန်း၊ရာဂဏန်းများစွာ ရှိနေသော နိုင်ငံတွေအတွက်တော့၊ အရေးကိစ္စရှိတိုင် လူထုအစည်းအဝေးကြီးတွေလုပ်ပြီး၊ မိမိတို့ပြဿနာတွေကို သုံးသပ်ဖြေရှင်းကြဖို့ဆိုဒါက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

သွယ်ဝိုက်(သို့မဟုတ်)ကိုယ်စားပြုဒီမိုကရေစီစနစ်ကြတော့ ပြည်သူတွေက မိမိတို့ယုံကြည်ပြီး ကြိုက်နှစ်သက်သော သူများကို  ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ကြတယ်။ ထိုကိုယ်စားလှယ်များဖြင့်သာ အုပ်ချုပ်ရသော စနစ်မျိုးဖြစ်တယ်။ သို့သော်လည်း သွယ်ဝိုက်(သို့မဟုတ်) ကိုယ်စားပြုဒီမိုကရေစီကို ယနေ့ခေတ်လို လူဦးရည်များပြားထူထပ်သောနိုင်ငံတွေအတွင်း တစ်ချို့နေရာများမှာ ကောင်းမွန်စွာ ကျင့်သုံးနိုင်တဲ့ ပုံစံမျိုးဖြစ်နေဒါတွေ့နိုင်ပါတယ်။

ဒီတော့ တစ်ချို့လူတွေ ထောက်ပြကြသလို တိုက်ရိုက်ဒီမိုကရေစီဖြစ်သည့် ပြည်သူများကိုယ်တိုင်ပါဝင်ဆောင်ရွက်ရသော အသွင်အပြင် လက္ခဏာမျိုးကို နေ့စဉ်လူမှု့ဘ၀တွေဖြစ်နေတဲ့၊ လုပ်ငန်းခွင်တွေမှာ၊ ကျောင်းတွေမှာ၊ တိုက်ရိုက် ဒီမိုကရေစီစနစ်ကို ကောင်းမွန်စွာ ကျင့်သုံးနိုင်တယ်လို့ မှတ်ချက်ပြုကြတယ်။

ယနေ့ဆိုရင် တိုက်ရိုက်ဒီမိုကရေစီကို ပိုမိုပြီး အဆင်ပြေစွာ တစ်ခြားသေးငယ်သော မြို့နယ် ရပ်ကွက် ကျေးရွာများလို လူ့အသိုင်းအ၀န်းများမှာ ကျင့်သုံးနိုင်ဒါကို တွေ့ရှိနိုင်ပါတယ်။ နောက်ပြီး အနာဂတ်မှာ အင်တာနက်ကို အသုံးပြုပြီး နိုင်ငံရေးဆိုင်ရာတွေမှာ လူအများပိုမိုပါဝင် ပတ်သတ်လာနိုင်ဖွယ်ရှိပါတယ်။

ကိုယ်စားပြုဒီမိုကရေစီစနစ်၏ အခြေခံမူများကို ကြီးမားသော လူ့အဖွဲ့အစည်းများတွင်ရှိသော ပြည်သူများအနေဖြင့် ဒီမိုကရေစီ၏ အနက်အဓိပ္ပါယ်တို့ကို ရှင်းလင်းစွာ သိရှိဖို့လိုအပ်ပါတယ်။ ဒီမိုကရေစီဆိုရာမှာ ပြည်သူ့အများက အုပ်ချုပ်သော အုပ်ချုပ်ရေးဟု အသိအလင်းဆိုထားပေမယ့် ပိုမိုတိကျစွာပြောထားသေးဒါ မဟုတ်ပါဘူး။ ဒီနေရာမှာ ပိုမိုပြီး တိကျစွာပြောရလျင် လူအများ နားလည်းထားသော စံချိန် လုပ်စရာ အချက်(၃)ချက်ကိုတွေ့ရှိနိုင်ပါတယ်။ ဒီစံချိန်ထိုးစရာ(၃)ချက်တွေကတော့ (၁) အများပြည်သူ၏ အချုပ်အခြာအာဏာတည်ရှိမှု၊ (၂) နိုင်ငံရေးဆိုင်ရာ ညီမျှမှုနှင့် (၃) နိုင်ငံရေးဆိုင်ရာ လွတ်လပ်မှုများဖြစ်ကြတယ်။

(၁) အများပြည်သူ၏ အချုပ်အခြာအာဏာတည် ရှိမှု ဆိုရာတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူကသာပိုင်ဆိုင်တယ် ဆိုဒါပါဘဲ။ နိုင်ငံတော်၏ အာဏာကို ပြည်သူအများက ကျင့်သုံးနိုင်မှုမရှိပါက ၄င်း၏ အာဏာသည် တစ်ဦး၊တစ်ဖွဲ့၏ လက်အောက်သို့ ကျရောက်သွားပြီး အာဏာရှင်စနစ်ပေါ်ပေါက်သွားနိုင်ပါတယ်။ ဒါဆိုရင် ပြည်သူ့အာဏာဟာ ပြည်သူ့လက်ထဲမှာ ရှိနေသလား (ဒါမှမဟုတ်) မရှိတော့ဘူးလားဆိုဒါကကို သိရှိနိုင်ရန်မှာ အောက်ဖေါ်ပြပါ အချက်(၄)ချက်ကို ကြည့်ပြီးတော့ လေ့လာအကဲဖြတ်နိုင်ပါတယ်။

(က) အစိုးရမူဝါဒတွေသည် ပြည်သူဆန္ဒများနှင့် ထင်ဟတ်မှု ရှိမရှိ။
(ခ) နိုင်ငံရေးဆိုင်ရာကိစ္စတွေမှာ ပြည်သူတွေ ပူးပေါင်းပါဝင်နိုင်မှု ရှိမရှိ။
(ဂ) မှန်ကန်တိကျသော သတင်းအချက်အလက်များနှင့် အပြန်အလှန် ငြင်းခုန် ဆွေးနွေးမှု ရှိမရှိ။
(ဃ) လူအများက အုပ်ချုပ်သော အုပ်ချုပ်မှုစနစ် ရှိမရှိ။ စသည်တို့ဖြစ်တယ်။

ကျောင်းသားများ ပညာရေးဆိုင်ရာ ထောက်ပံ့ကြေး ကိစ္စအတွက် မိမိတို့၏ ဆန္ဒများကို လမ်းပေါ်ထွက် ဖေါ်ထုတ်နေကြပုံ

http://freeartlondon.files.wordpress.com/2010/11/student-protest-in-london-001-1.jpg

(က) အစိုးရမူဝါဒတွေသည် ပြည်သူဆန္ဒများနှင့် ထင်ဟတ်မှု၏ အမှတ်လက္ခဏာတစ်ခုကတော့ အစိုးရ၏ လုပ်ဆောင်ချက်တွေနဲ့
ပြည်သူ့တွေ လိုလားချက်များဟာ အပြန်အလှန်ချိတ်ဆက်မိနေစေရေးဖြစ်တယ်။  အဲဒီကိစ္စတို့ကို စဉ်းစားကြည့်ရန်တော့ ခက်ခဲပါတယ်။ အကြောင်းက အစိုးရ၏လုပ်ဆောင်ချက်နဲ့ ပြည်သူ့ဆန္ဒများ တစ်မျိုးစီဖြစ်နေသောကြောင့်ဖြစ်တယ်။ ဒီနေရာမှာ ပြည်သူဆန္ဒကို
ရောင်ပြန်ဟတ်ရန် အစိုးရအပိုင်းရော ပြည်သူအပိုင်းကပါ နှစ်ဘက်က ကြိုးစားကြရမှာဖြစ်တယ်။

ဒီမိုကရေစီ စံ အရပြောလျင်- အစိုးရဆိုသည်မှာ ပြည်သူ့လိုချင်သော အရာများကို တိကျစွာ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ရုတ်ခြည်ပေါ်လာသော စိတ်ကူးစိတ်သန်းတွေကို ချက်ချင်း တုန့်ပြန်ပေးရမှာလား။ဆိုဒါသောမေးခွန်းမျိုးကိုတော့ ဒီမိုကရေစီရေးရာများကို ဆင်ခြင်တွေခေါ်ကြသူတွေအတွက်တော့ အဖြေပေးရန် ခက်ခဲရှိနိုင်ပါတယ်။ ဒါပေမယ့် ပြည်သူ့က ရွေးကောက်ထားသော ကိုယ်စားလှယ်များ၊ အစိုးရ၀န်ထမ်းများအနေဖြင့် ပြည်သူ့ဆန္ဒကို အကောင်အထည်ဖေါ်ပေးနိုင်ရန်တာဝန်အပြည့်ရှိပါတယ်။ ဒီမိုကရေစီဟာ
ပြည်သူ့ဆန္ဒများကို အစိုးရမူဝါဒအဖြစ် ဖြစ်လာစေရေးပါဘဲ့။နောက်ပြီးတော့ ကာလတစ်ခုအတွင်းမှာ ၄င်းမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရသော စနစ်တရပ်ဖြစ်တယ်။

(ခ) နိုင်ငံရေးဆိုင်ရာကိစ္စတွေမှာ ပြည်သူတွေ ပူးပေါင်းပါဝင်နိုင်မှုများ ရှိလာအောင် ဘယ်လို လုပ်နိုင်မလဲ။ ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်များနှင့် အလိုဆန္ဒများကို နိုင်ငံရေးခေါင်းဆောင်တွေ ဆီသို့ပို့ဆောင်ရန်အတွက် ဦးတည်နေရမှာဖြစ်တယ်။ ဒါတွေဟာ ကျယ်ပြန့်သည့် နိုင်ငံရေးရာကိစ္စတွေမှာ ပြည်သူ၏ ပူးပေါင်းပါဝင်မှုကို ဖေါ်ဆောင်ပေးသော ပုံစံဖြစ်နေဒါကြောင့် အားကောင်းလာရမှာ
ဖြစ်တယ်။ ပြည်သူများအနေဖြင့် ကျယ်ပြန့်စွာသော ပူးပေါင်းနိုင်မှုမရှိလျင် ပြည်သူတွေ ဘာကို လိုလားနေတယ် ဆိုဒါကို အစိုးရတစ်ရပ်အနေဖြင့် ဘယ်လို ခန့်မှန်းသိရှိနိုင်မလဲ။ နောက်ပြီးတော့ ဒီလို ပူးပေါင်းမှုမျိုး မရှိဘဲနဲ့တော့ အစိုးရက ပြည်သူလိုလားချက်တွေကို ဘယ်လို့မှ အကောင်အထည်ဖေါ်ဆောင်နိုင်ဖို့ရာ အာမခံနိုင်မယ် မထင်ပေ။

နောက်ပြီးတော့ ကြီးမားသော ပူးပေါင်းဆောင်ရွက်မှုဖြစ်နိုင်တဲ့၊ နောက်တစ်ချက်က အချိန်မှန်မှန်ကျင်းပသည့် ရွေးကောက်ပွဲတွေမှာ
ပြည်သူတွေ့က မဲပေးခြင်းဖြစ်တယ်။ အဲဒါမှ တာဝန်သိတတ်သော ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်နိုင်မှာဖြစ်တယ်။ ပြီးတော့ ပြည်သူ့၏ လိုလားချက်များကို ဆက်လက်၍ အာရုံစူးစိုက်နိုင်ရေးလည်းဖြစ်တယ်။ အကြောင်းကတော့ ကျယ်ပြန့်စွာသော ပူးပေါင်းမှုသည့် အချုပ်အချာအာဏာ၏ ဗဟိုချက်မ ဖြစ်နေသောကြောင့်- နိုင်ငံတစ်ခု၏ လူ့အဖွဲ့အစည်းတစ်ရပ်တွင် ပြည်သူများက နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လျော့နည်းလာလျင် ဒီမိုကရေစီဖြစ်တည်နေမှုသည်လည်း အားနည်းကျဆင်းလာနိုင်ပါတယ်။

(ဂ) မှန်ကန်တိကျသော သတင်းအချက်အလက်များနှင့် အပြန်အလှန် ငြင်းခုန် ဆွေးနွေးမှုများအတွက် စစ်မှန်သော ပြည်သူ့ဆန္ဒများကို ဖေါ်ဆောင်နိုင်ရန် လိုအပ်ချက်များမှာ ပြည်သူတွေဟာ နိုင်ငံရေးနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ၊ ပကတိ ဖြစ်ပေါ်နေသော အခြေအနေအမှန်များနှင့် စွမ်းအားကောင်းသည့် အငြင်းအခုန်များကို တိကျစွာ သိရှိမှုရှိနိုင်ရေးများလိုအပ်တယ်။  

အစိုးရအရာရှိ(၀န်ထမ်း)တွေရယ်၊အတိုက်အခံနိုင်ငံရေးပါတီတွေရယ်၊ ထင်မြင်ချက်များကို ပေးနိုင်သောသူတွေရယ်၊ မီဒီယာတွေရယ်၊ ၄င်းတို့အားလုံးမှာ တာဝန်ရှိနေသော အချက်တစ်ရပ်က အကယ်၍ မှားယွန်းနေသော ဘက်လိုက်ထားသော သတင်းများကိုသာ
ပြည်သူများအား ပေးနေမယ်ဆိုလျင်၊ အကယ်၍ မှန်ကန်သော မူဝါဒများချမှတ်ရန်အတွက် စိန်ခေါ်မှုများမရှိနိုင်တော့ဘူး ဆိုလျင် ဒါမှမဟုတ် အငြင်းအခုန်များမရှိနိုင်တော့ဘူး ဆိုလျင်၊ အကယ်၍ နိုင်ငံရေးလောကမှာ အဓိပ္ပါယ် လွဲမှားနေမှုများဖြင့်သာ ပြည့်လျှံနေမယ် ဆိုပါလျင်၊ပြည်သူများအနေဖြင့် မိမိတို့၏ ရှိနေသော တန်ဖိုးအတိုင် မိမိတို့၏ အကျိုးစီးပွားအတွက် မှန်ကန်သော တွေးတော ထင်မြင်ချက်များကို မလုပ်နိုင်တော့ပေ။ အဆုံးမှာဖြင့် ပြည်သူ၏ အချုပ်အချာအာဏာဟာ မတည်မြဲနိုင်ပေ။

(ဃ) လူအများက အုပ်ချုပ်သော အုပ်ချုပ်မှုစနစ်အတွက် နိုင်ငံသားတစ်ဦးချင်ဆီက ၄င်းတို့၏ထင်မြင်ချက်တွေ၊ ကိုးကားချက်တွေဖြင့်  ဆုံးဖြတ်ချက်တစ်ခုကို တူညီစွာ ဘယ်လိုလုပ် ချမှတ်နိုင်မလဲ။ ဆုံးဖြတ်ချက်တစ်ခုကို ရရှိဖို့၊ ၄င်းဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖေါ်နိုင်ဖို့အတွက် မူဝါဒသစ်တွေ ထွက်ပေါ်လာရန်လိုအပ်ပါတယ်။ လူအများက တညီတညွှတ်တည် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ရန်အတွက် တစ်စိတ်တစ်ဝမ်းတည် စွဲစွဲမြဲမြဲရှိဖို့ကတော့ လွယ်လွယ်နဲ့တော့ ဖြစ်နိုင်ဖွယ်ရှိမှာ မဟုတ်ပါဘူး။

အကယ်၍ အစိုးရတစ်ရပ်၏ လုပ်ဆောင်ချက်သည် ပြည်သူများ၏ ဆန္ဒကို တုန့်ပြန်နိုင်ဖို့ဆိုလျင် နိုင်ငံသားအားလုံးကို ညီမျှစွာ ဆက်ဆံရမည်သာဖြစ်တယ်။ အစိုးရက ဆုံးဖြတ်အချက်ချပြီး အကောင်အထည်ဖေါ်ရာတွင် အများပြည်သူက လက်ခံသဘောတူထားသော ကိစ္စများကို လုပ်ဆောင်နိုင်ရမယ်ဖြစ်တယ်။ ထိုသို့သော အုပ်ချုပ်မှုသည် ပြည်သူများကို လက်တွေ့မှာ ကိုယ်စားပြုနေသော အစိုးရ၊ ထိုအစိုးရ၏ လုပ်ဆောင်ချက်များသည် လူအများစုက လိုလားနေမှုကို ရောင်ပြန်ဟတ်နေမှာ ဖြစ်တယ်။

လက်တွေ့အခြေအနေတွင် လူအများစု ဆန္ဒအရသာ သေချာစွာလုပ်ဆောင်ဖို့အတွက်မှာ အများပြည်သူလူထု၏ဆန္ဒများ၊ပြဿနာကိစ္စများ စသည်တို့ကို ဖေါ်ထုတ်ဖြေရှင်းပေးနိုင်ရန်ဖြစ်တယ်။ ဒီနေရာမှာ အများစု၏ အုပ်ချုပ်ရေးသည် လူနည်းစု၏ ဆန္ဒကို ကျော်လွှားစေနိုင်ပါတယ်။

အများစုဖြင့် အုပ်ချုပ်သော အုပ်ချုပ်ရေးထဲတွင် မြင့်မြတ်သော ဂုဏ်အင်္ဂါရပ်များစွာရှိနေပါတယ်။အဲဒီထဲက တစ်ခုကိုပြောရလျင်
နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ဆောင်ရွက်ရာတွင် တန်းတူညီမျှမှုအပေါ် အခြေခံပြီးဆောင်ရွက်ကြရန်ဖြစ်တယ်။ အကြောင်းက နိုင်ငံသားတိုင်၏
မွေးရာပါ ပင်ကိုယ်တန်ဘိုးများနှင့် လူသားများအားလုံးသည် တန်တူညီမျှစွာ ရှင်သန် တည်ရှိမှုကို အသိအမှတ်ပြုထားသောကြောင့်ဖြစ် တယ်။ အခြားသော ဘယ်နည်းတွေဘဲဖြစ်ဖြစ် ဆုံးဖြတ်များကို ချမှတ်ရာမှာ အများစု၏ ဆန္ဒများဖြင့်သာ ချိန်ဆလုပ်ဆောင်ကြရမှာဖြစ်တယ်။

အခြားနောက်တစ်ခုက လူများစုအုပ်ချုပ်ရေးဖြစ်ဖို့ရာ လူအများပါဝင်လာနိုင်အောင် ဆောင်ကျဉ်းပေးထားမှု၊ ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုတို့အတွက် လမ်းဖွင့်ပေးထားရပါမယ်။ဒီအချက်တွေက အများပြည်သူအုပ်ချုပ်ရေးအတွက် အရေးကြီးသော အချက်တစ်ရပ်ဖြစ်နေပါတယ်။

လူအများစု၏ အုပ်ချုပ်ရေးဆိုဒါဟာ အားလုံးက သဘောတူ ဆုံးဖြတ်ချက်ချမှတ်နိုင်မူတွေရယ်၊ ပူးပေါင်းဆောင်ရွက်မှုတွေမှာပါ လူအများစုက ပါဝင် ပတ်သတ်နေရမှာဖြစ်တယ်။ ဒီအချက်တွေဟာ အများပြည်သူအုပ်ချုပ်ရေးဖြစ်စေရန်အတွက် အရေးကြီးနေတယ်။

နောက်တစ်ချက်က လူအများက အုပ်ချုပ်သော အုပ်ချုပ်မှုသည် တိကျသော နေရာမှ လာသောကြောင့် မှန်ကန်သော ဆုံးဖြတ်ချက်များကို ရရှိနိုင်ပါတယ်။ အကြောင်းက တိကျသော သုံးသပ်ချက်များကို ပြုလုပ်နိုင်သောကြောင့်ဖြစ်တယ်။ ဒီလိုမျိုးဖြစ်ဖို့အတွက် ကျယ်ပြန့်လေးနက်သော သတင်းစီးဆင်းမှု၊ ထင်မြင်ချက်များကို သိရှိလေ့လာထားနိုင်မှု၊ ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ရေးလောက်သာ မက ကျွမ်းကျင်းသော အရည်အသွေးများရှိနေမှုတွေပါ ပါဝင်နေဒါဖြစ်တယ်။

နောက်ဆုံးမှာတော့ အများပြည်သူတွေ၏ အုပ်ချုပ်မှုအောက်မှာ ပြည်သူအများက ဖြတ်ဆုံးချက်များချမှတ်ရန်အတွက် ကိုယ်တိုင်ပါဝင်ပတ်သတ်နေရဒါဖြစ်တယ်။ မူဝါဒရေးရာများတွင် အခြားနည်းလမ်းများဖြင့် ဆုံးဖြတ်ချက်ချခြင်းထက် အများသဘောတူပြီးတော့ ဆုံးဖြတ်ချမှတ်ဆောင်ရွက်မှု၏ ရလဒ်တွေဒါဖြစ်တယ်။

နယူးယောက်မြို့တစ်နေရာ၏ မဲရုံတစ်ခုတွင် ၂၀၀၈ အမေရိကန်သမ္မတကောက်ပွဲအတွက် မဲဆန္ဒရှင်များ မဲပေးရန် တန်းစီနေသောပုံ
http://upload.wikimedia.org/wikipedia/commons/1/1a/2008_voting_line_in_Brooklyn.jpg

(၂) နိုင်ငံရေးဆိုင်ရာ ညီမျှမှု သည် ဒုတိယမြောက်ဒီမိုကရေစီ စံချိန်ပြုစရာမူဖြစ်တယ်။ စိတ်ကူးမှုပုံသဏ္ဌန်က လူတိုင် မဲပေးခြင်းနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စများတွင် ပါဝင်ဆုံးဖြတ်နိုင်ခြင်းတို့ဖြစ်တယ်။ စဉ်းစားကြည့်ပေါ့လေ။ လူတစ်ယောက် တစ်ခါမှာ အကြိမ်တစ်ရာ မဲပေးနိုင်မယ်၊ နောက်တစ်ယောက်က တစ်ချိန်တည်းမှာ အကြိမ်ငါးဆယ် မဲထည့်နိုင်မယ်၊နောက်အခြားတစ်ယောက်က
နှစ်ဆယ်ငါးကြိမ် မဲထည့်နိုင်မယ်၊ နောက်ထပ်တစ်ယောက် တစ် မဲဘဲ့ထည့်နိုင်မယ်၊ ကျန်သောသူတွေက လုံးဝမဲ မထည့်နိုင်ဘူးဆိုလာလျင် ခင်ဗျာစိတ်ကူးကြည့် ဘာကြောင့် အဲဒီလိုဖြစ်နေတယ်ဆိုဒါကို ကျွန်တော်တို့တတွေ သေချာစွာသိချင်မှာ အမှန်ပါဘဲ။

အထူးသဖြင့် ဒီမိုကရေစီ၏ သဘောဖြင့် နိုင်ငံ၏ လူ့အဖွဲ့အစည်းတရပ်ကို တည်ဆောက်ထားလျင်- ဒီမိုကရေစီ၏ သဘောမှာက ညီမျှမှုကို ဗဟိုပြုထားသောကြောင့်- ဒီမိုကရေစီဆိုသည်မှာ လူတိုင်သည် မိမိ၏ ဆန္ဒသဘောတို့ကို ဖေါ်ထုတ်ဆုံးဖြတ်ရာတွင် လူတစ်ယောက် တစ်မဲနှုန်းဖြင့် အားလုံးတန်းတူညီမျှရှိနေရမှာ ဖြစ်တယ်။ 

လူတစ်ဦး (သို့မဟုတ်) လူတစ်စု (သို့မဟုတ်) လူမျိုးတစ်မျိုး (သို့မဟုတ်) လူတန်းစားတစ်ရပ် (သို့မဟုတ်) ဘာသာတူညီသောသူများက အခြားသော လူတစ်ယောက်၊လူတစ်စု၊လူမျိုးတစ်မျိုး၊လူတန်းစားတစ်ရပ်၊ တခြားဘာသာ မတူသောသူများ၏ အခွင့်အရေးများကို ကန့်သတ်ခြင်း၊ ချုပ်ချယ်ခြင်းတို့ကို လုံးဝဿုံ မရှိနေစေရေးဖြစ်တယ်။ ဥပဒေထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်များနဲ့ တရားရုံးများတွင်လည်း တန်းတူညီမျှစွာ နိုင်ငံသားများကို ဆက်ဆံရမယ်ဖြစ်တယ်။

ဒီမိုကရေစီ၏ အခြားသော လိုအပ်ချက်တစ်ရပ်က ၀င်ငွေနှင့် ချမ်းသာကြွယ်ဝမှုအပေါ် အခြေခံပြီးတော့ ခိုင်မာသော ညီမျှမှုများ ရှိနိုင်မလား။ စီးပွားရေးရာ မညီမျှမှုရှိလျင်- နိုင်ငံရေးရာမှာပါ မညီမျှမှုကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ငွေများတရားနိုင်သော အချက်မျိုးကို ဆိုလိုနေဒါ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်၍ မရပေ။ နိုင်ငံရေးဆိုင်ရာတွင် ညီမျှမှု မက စီးပွားရေးဆိုင်ရာ လူ့မှုရေးဆိုင်ရာ အရပ်ရပ်တို့တွင်မှာပါ ညီမျှနေရမှာဖြစ်တယ်။

(၃) နိုင်ငံရေးဆိုင်ရာ လွတ်လပ်မှုသည် ဒီမိုကရေစီအတွက် တတိယ စံချိန်ထိုးကြည့်ရမယ့် ကိစ္စဖြစ်ပါတယ်။ နိုင်ငံရေးဆိုင်ရာ လွတ်လပ်မှုတွင် အများပြည်သူအတွက် သတင်းလွတ်လပ်မှုနှင့်လွတ်လပ်စွာဖေါ်ထုတ်မှု ဆိုသော လွတ်လပ်မှုတွေရှိဖို့လိုအပ်ပါတယ်။ သတင်းများ လွတ်လပ်စွာ စီးဆင်းနိုင်ပါမှ အများပြည်သူဆန္ဒတွေကို မူဝါဒများအဖြစ် အသွင်ကူးပြောင်းလာနိုင်မှာ ဖြစ်တယ်။

မရှိမဖြစ်လိုအပ်နေသော အခြေခံလွတ်လပ်မှုများထဲတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဝေဖန်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာ စုရုံးခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ တွေးခေါ်ပြီး အကောင်အထည်ဖေါ်နိုင်ခွင့်များ ပါဝင် ပါတယ်။

အထက်ဖေါ်ပြပါလွတ်လပ်ခွင့်များအပြင် မတရားဖမ်းဆီးချုပ်နှောင်ခြင်းမှ ကင်းဝေးခြင်းနှင့် ရွေးကောက်ပွဲများတွင် လွတ်လပ်စွာ ပါဝင် အရွေးခံပိုင်ခွင့်တို့ကို နိုင်ငံသားများ ညီမျှစွာ မရရှိလျင်- ဒီမိုကရေစီ၏ အခြေခံကျသောမူများ မတည်ရှိနိုင်တော့ပေ။

အကယ်၍ ပြည်သူတွေ၏ နိုင်ငံရေးဆိုင်ရာပူးပေါင်း ပါဝင်ဆောင်ရွက်မှုတွေကို ကန့်သတ်ချုပ်ချယ်ခံနေရပြီဆိုလျင် (ဒါမှမဟုတ်) အတိုင်ခံတွေကို အာဏာပိုင်တွေက မတရားဖမ်းဆီးနှိပ်စပ်မှုများဖြစ်လာပြီဆိုလျင် အများပြည်သူ့၏ အာဏာတည်ရှိမှုကိုပါ အာမခံနိုင်တော့မယ် မဟုတ်ပေ။

ပြည်သူ့အသံများကို ပိတ်ဆို့ခံနေရပြီဆိုလျင် (ဒါမှမဟုတ်) နိုင်ငံသားများ မိမိ၏ ကိုယ်ပိုင်စိတ်ကူးစိတ်သန်များအရသော်လည်းကောင်း၊ တန်ဘိုးအတိုင်သော်လည်းကောင်း၊ ကိုယ်ပိုင်ယုံကြည်ချက် ပုံစံအရသော်လည်းကောင်း၊ မိမိ၏ ထင်မြင်ချက်တို့ကို အခြေခံပြီးတော့  လွတ်လပ်စွာ ငြင်းခုန်နိုင်မှုများ မရှိတော့လျင် အများပြည်သူ၏ အာဏာတည်ရှိနိုင်မှုသည်လည်း အောင်မြင်စွာရှိနိုင်လိမ့်မယ် မဟုတ်ပေ။

ယနေ့တွင် လူအများအတွက် လွတ်လပ်မှုနှင့် ဒီမိုကရေစီကို ခွဲခြား၍ မရနိုင်တော့ပေ။ နိုင်ငံရေး၊လူမှုရေးလုပ်ရှားမှုတို့တွင် မိမိတို့ ကိုယ်တိုင် မိမိအုပ်ချုပ်ရတဲ့ အယူအဆတစ်ရပ်အတွက် လွတ်လပ်စွာ မိမိကြိုက်နှစ်သက်သော သူများကို မဲပေးနိုင်ခွင့်ရှိယုံလောက်နဲ့
ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ခွင့်ရှိယုံလောက်တို့သာမက အာဏာရ အစိုးရတို့ကိုပါ အတိုက်ခံပြု ပြောဆိုခွင့်၊ လုပ်ရှားပိုင်ခွင့်များနှင့် အစိုးရကိုပါ ပန်ကြားလွှာတင်ခွင့်များရှိပါတယ်။

ဥပမာပြောရလျင် အရှေ့ဥရောပ ကွန်မြူနစ်စနစ်ကြီး ပြိုကြသွားချိန်တွင် ပြည်သူတွေ တောင်းဆိုကြခဲ့သလို ရွေးကောက်ပွဲတွေမှ
ပေါ်ထွက်လာသော အစိုးရမျိုးဖြစ်ပေါ်လာနိုင်ရေးသာမက နိုင်ငံရေးလွတ်လပ်ခွင့်များကို အာမခံထားသော အခြေအနေတွေ တည်ရှိလိုအပ်ပါတယ်။ အဲဒါမှ အဓိပ္ပါယ်ပြည့်ဝသော ရွေးကောက်ပွဲများဖြစ်လာနိုင်မှာ ဖြစ်တယ်။ တနည်းအားဖြင့်ဆိုရသော်
နိုင်ငံရေးပါတီတစ်ရပ်အတွက်သော်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးအတွက်သော်လည်းကောင်း၊ နိုင်ငံရေးဆိုင်ရေးအရ ကန့်သတ်ချုပ်ချယ်ထားသော ဥပဒေများနှင့် အာဏာပိုင်များ၏ ဥပဒေမဲ့နှောက်ယှက်မှုများမှ ကင်းဝေးစေရေးဖြစ်တယ်။


ဆက်ရန် မျှော်.....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...