Wednesday, December 28, 2011

အယ်ဒီတာစကားကို ဝေဖန်ခြင်း

by Nyein Soe Oo on Wednesday, December 28, 2011 at 12:24pm

http://www.nyeinsoeoo.com/2011/12/blog-post_28.html

                    
ဇန်န၀ါရီလ ၊ ၂၀၁၂ - ခုနှစ်ထုတ် ကလျာမဂ္ဂဇင်း ကို ဖတ်ခဲ့ရပါတယ်။
အဲဒီမှာ အယ်ဒီတာ့စကားဟာ ချွတ်ချော်နေတယ်လို့ ယူဆပါတယ် ။ ပထမဆုံးအနေနဲ့ ပြောရရင်

 `` ဒီနေ့ခေတ်မှာ လူငယ်တွေ ၊ ကလေးတွေက အင်တာနက်ရောဂါ အလွန်ထလာကြပါတယ် ။´´

ဆိုတဲ့စကားဟာ မှားပါတယ် ။ အင်တာနက် ဆိုတာဟာ ရောဂါ မဟုတ်ပါခင်ဗျား ။
လူသားရဲ့ တီထွင်မှုကို အသုံးချခြင်းသာ ဖြစ်ပါတယ် ။


 `` ရသ ´´ စာပေဘက်ကို သိပ်လှည့်မကြည့်ဖြစ်ကြတာတော့ ၀မ်းနည်းစရာကောင်းလှပါတယ် ။

 ... ဆိုတဲ့စကားဟာလည်းအင်တာနက်အသုံးပြုနေကြသူတွေနဲ့ တော်တော်လေး ကွာလှမ်းနေပါတယ် ။
ယနေ့ခေတ်မြန်မာ အင်တာနက်သုံးသူတွေဟာ အချက်အလက် ရှာဖွေရုံ ၊ ဆက်သွယ်ရုံမျှသာ
အသုံးပြုနေကြတာ မဟုတ်တော့ပါ ။ ရသစာပေများကို ဖန်တီးခြင်း ၊ ဆွေးနွေးခြင်း၊ မျှဝေခြင်းများဖြင့်
မြိုင်ဆိုင်နေကြပါပြီ ။ တီထွင်ဆန်းသစ်မှုများကိုပင် စာမျက်နှာများပေါ်မှာ မရနိုင်သည်များကို ထိတွေ့နေနိုင်ကြပါတယ် ။
ရသ စာပေဟူသော ကဗျာ ၊ အက်ဆေး ၊ ၀တ္ထု ၊ ဘာသာပြန် များမှသည်တရားဓမ္မများကိုပါ
ခံစား မှတ်သား ရှာဖွေနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါတယ် ။

အင်တာနက်ပဲ နှိုက်ကြရုံနှင့်တော့  လူငယ်တွေအတွက် ပြီးပြည့်စုံခြင်း မရှိနိုင်ပါဘူး ။

... ဆိုတာလည်း ပြီးပြည့်စုံမှုကို ယနေ့ခေတ်မှာ စာအုပ်ဖတ်ရုံမျှနှင့် မလုံလောက်တော့ပါ  လို့သာ ပြောပါရစေ ။
 ဘယ်သူမှလည်း လောကမှာ ပြီးပြည့်စုံခြင်းမရှိနိုင်တာကိုလည်း မေ့မထားစေချင်ပါ ။
 ယနေ့တွင် အင်တာနက်သည် မသုံးမဖြစ် နည်းပညာတစ်ခုဆိုတာကိုလည်း သတိပြုစေချင်ပါတယ် ။

ပညာခေတ်ကို သွားမည်ဆိုလျှင် အင်တာနက်မပါ၍ မပြီးနိုင်ကြောင်း သတိပြုရပါမယ်။

` ရသစာပေ ´ များပါဖတ်ရှုလေ့လာခံစား ၊ တွေးခေါ်နိုင်မှ ထူးချွန်တဲ့သူတွေဖြစ်လာနိုင်ကြမှာပါ ။
ဒီနေ့လူငယ်တွေ ရသစာပေများများဖတ်ကြဖို့လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါတယ် ။ ...

... ဆိုတာကိုတော့ သဘောတူပါတယ် ။ တိုက်တွန်းသင့်ပါတယ် ။
သို့သော် ... ယနေ့ အင်တာနက်တွင် ရသစာပေများမှာ စာအုပ်စာတမ်းပုံနှိပ်မှုများကဲ့သို့ များပြားစွာရှိနေပြီဆိုတာကိုလည်
အယ်ဒီတာအဖွဲ့က
ခေတ်အခြေအနေကို မျက်ခြေမပြတ်စေရန် သတိပေးလိုက်ရပါတယ် ။

သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
ငြိမ်းစိုးဦး
( 23 ; 12 ; 2011 )
http://nyeinsoeoo.multiply.com/journal/item/416

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...