Friday, December 30, 2011

ဇင်

by Zay Ya on Friday, December 30, 2011 at 11:33am
ငယ်စဉ်က...... ( ငယ်စဉ်က ဟူသည်မှာ ဆယ်တန်းအောင်ပြီးစ -ပြီးခဲ့သော ဆယ့်လေးနှစ် ဆယ့်ငါးနှစ်အခါက-ကို ဆိုလိုပါသည် ) သူငယ်ချင်းများနှင့် ဆုံကြပြီ ဆိုလျင် ဘာသာရေး အကြောင်းများ ပြောဖြစ်သည့်အခါလည်း ရှိသည်။ ထိုအချိန်မျိုးတွင် ဇင်ဗုဒ္ဓဘာသာ အကြောင်းကို အားလုံးက တလေးတစား ပြောဆိုမိတတ်ကြသည်။ သူတို့၏ စိတ်ထားနှင့် ကြားဖူးနားဝကလေးများကို သဘောကျကြခြင်း ဖြစ်ပါသည်။ ဇင်အကြောင်းနှင့် ပတ်သက်၍ အဲ့အချိန်က စာတိုပေစကလေးများသာ ရတတ်သည်။ တွင်တွင်ကျယ်ကျယ်သိပ်မရှိ ။ ဦးသော်ဇင် တစ်ခါ ရေးဖူးသည်။ ပြီးတော့ ဟိုနည်းနည်း ဒီနည်းနည်း။ တာရာမင်းဝေ စာအုပ်တွေ ။ ပန်းဆိုးတန်း စာအုပ် အဟောင်း တန်း ရောက်တဲ့ အခါမျိုးတွေ ဆိုရင်တော့ တခုတ်တရ ရှာဖြစ်ကြသည်။ ဇင် ( Zen ) ဟူသော စာလုံးကို မြင်လျင် အဲ့စာအုပ်ကို အငမ်းမရ ကောက်ကိုင်လိုက်သည်ချည်း ဖြစ်သည်။


အခုအချိန် ပြန်တွေးလိုက်လျင် ထိုအချိန်က ကျနော်တို့ခေါင်းထဲ ရှိသည်မှာ - ပညာကို လိုချင်တိုင်း မရသော ဒုက္ခ သာ ဖြစ်သည်။ စာအုပ်စာတမ်းများ၏ ဈေးက ခေါင်ခိုက်၍ အနားမကပ်နိုင်၊။ ကပ်နိုင်ပါသော် လည်း လုံလောက်သောအမျိုးအစားမရ။ တစ်ခါတစ်လေ D.T.Suzuki ၏ Manual of Zen Buddhism လေးမျှကိုပင် မူရင်း ရှာမရ။ မိတ္တူသာ ရှိသည်။ ဒီမြေပေါ်မှာ -ပညာရေးကို အားပေးကြသည် အားမပေးကြ သည်ကတော့. . "တကယ်လိုလား သူများ ပြည်ပထွက်သွားကြရခြင်းနှင့် လိုလားသော ပညာရပ် ( စာအုပ်များ ) ကိုယ့်နည်းကိုယ့် ဟန် ဖြင့် မှာယူ နေ ရခြင်း" ဖြင့် ဆုံးဖြတ်နိုင်သည်။

ရှိစေ၊ စကားဆက်၍ ဆိုလျင် ယင်းအချိန်က ဇင်ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ သတိပေး တားမြစ်ချက် များကလည်း မနည်းချေ။

ယခင်က ဘတ်စ်ကားများခေါင်းခန်း၌ - ရေးဆွဲ၍ တစ်မျိုး ၊ ချိတ်ဆွဲ၍တစ်ဖုံ ထားလေ့ရှိသည့် “ ဥုံ မဏိ ပဒ္မေဟုံ “ ဆိုသည့် ဂါထာ။ ယင်းဂါထာသည် ထေရ၀ါဒ ဗုဒ္ဓဘာသာမှ မဟုတ်ဘဲ အပြင်ပ ဂိုဏ်းဂဏ မတူ သော တန်တြ၊ မန္တရ တို့မှ ထေရ၀ါဒ အယောင်ဆောင် ဆင်းသက်လာခြင်း ဖြစ်ကြောင်းကို ( ထေရ၀ါဒ ဗုဒ္ဓ သာသာနာ အကျိုးကို ရည်သန်သော ) မြန်မာ ဘုန်းတော်ကြီးတစ်ပါး ဟောကြားခဲ့ဖူးသည်။ ထို့အပြင် ၀ဋံသကာ နှင့် သိရောမဏီ - ဆရာ ဦးရွှေအောင်ကလည်း ၎င်း၏ “ဗုဒ္ဓဝါဒ ပေါ်ထွန်းခြင်း “ ကျမ်းငယ် နောက်ဆုံးပိုင်း တွင် ဇင်ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ အနည်းငယ်ရှင်းထားခဲ့ပြန်သေးသည်။ Zen ကို ထေရဝါဒ ရေရေလည်လည် ထွန်းကားနေ ( သည် ဟု ဆို ) သော မြန်မာနိုင်ငံတွင် ထုတ်ဝေခွင့် မပြုသင့် ( တနည်း ) တားမြစ်ပိတ်ပင်သင့်သော စာပေသာ ဖြစ်သည် ဟူ၍ပင် ပါရှိသေးသည်။ ( PDF page - 117 - "မြန်မာနိုင်ငံနှင့် ဇင်ဝါဒ" ဆောင်းပါး ကို ရှု )


Mediafire download -  http://www.mediafire.com/?xxoae206pu8j0m1

ပသို့ပင်ရှိစေ။ အခြားခြံမှ စပျစ်သီး နည်းနည်းပို ချိုသလိုလို ရှိတတ်သော ကျနော်တို့ ထုံးစံအတိုင်း ဆရာ့ဆရာများက တားမြစ် သတိပေးနေကာမှ ပိုသိချင်လာကြသည်။ လက်လှမ်းမှီသမျှ တစ်ဆုံးနှိုက် ကြည့်သည်။ ဖိနှိပ်ထားလေ ပိုလုပ်ချင်လေ ဖြစ်သော သဘောကို တားဆီးနိုင်မည် မထင်။ ပန်ဒိုရာ သေတ္တာသည် ဤနည်းဖြင့်ပင် ပွင့်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။

ဇင်နှင့်ပတ်သက်၍ ၀ယ်ယူထားမိသမျှ စာအုပ်များထဲမှာ အနောက်တိုင်း ဒဿနဆရာ Allan Watts ၏ The Way of Zen က အထောက်အကူများစွာ ပေးခဲ့သည်ကို အမှတ်ရမိပါသေးသည်။ ဂျပန်ပြည် ဇင်သည် တရုတ် ရှေးဟောင်းအတွေးအခေါ်များ နှင့် အိန္ဒိယ ဗုဒ္ဓဘာသာ အယူအဆများအပေါ် အရင်းခံကြောင်း ဆရာက တစ်စချင်းစီ ရှင်းထုတ်ပေးခဲ့ဖူးသည်။

ယင်းတို့မှတစ်ဆင့် သိချင်သည်များက ဇင်တစ်ခုတည်း မဟုတ်တော့ ။ တရုတ်ရှေးဟောင်း အတွေးအခေါ်များထဲက “I Ching” ( ပြောင်းလဲခြင်း သဘောတရားကျမ်း၊ သင်္ခါရကျမ်း )၊ “Tao Teh Ching”( ဓမ္မနှင့် ကျင့်စဉ်တော် ကျမ်း )၊ Chaung Tzu ‘s Writings စသည်ဖြင့် ၊ ဗုဒ္ဓဘာသာမှ ဆိုလျင် - ဓမ္မပဒ( စိတ္တ၀ဂ် ) - ဦးရွှေအောင်၊ မာလုကျပုတ္တသုတ် ( မဟာစည်ဆရာတော်ဘုရား )၊ ဒိဋ္ဌေဒိဋ္ဌ မတ္တံ (ရွှေဥဒေါင်း ) စသည် ။

ထိုအချိန်က ကျနော်တို့ ကွန်ပျူတာ ဆိုသည်ကိုမသိသေး ၊ အွန်လိုင်းဆိုသည်ကို အသံသာကြားဖူးသည် ၊မမြင်ဘူးသေး ။ ရှိစု မဲ့စု စာအုပ်များနှင့်သာ လုံးလည်လိုက်နေ၍ ဒိတ်အောက်သည် ဟုပင်ဆိုဆို အွန်လိုင်း အနား လုံးဝ မကပ်ခဲ့သည်ကား အမှန် ဖြစ်သည်။

နောက်ပိုင်း - မရဲတရဲနှင့် ( ဘာမှမသိဘဲ ) ၀င်ကြည့်ရာက ကိုယ်လိုလားသော အရာကို အပြည့်အ၀ မဟုတ်တောင် အထိုက် အလျောက် တော့ ရကြောင်းတွေ့လာရသည်။ ပျော်ပါသည်။ ယခင်က သိချင်သော ဤဇင် ဗုဒ္ဓ ဘာသာစာအုပ်များ တွေ့ရသည်။ နကိုဆိုလျင် အမည်သာ ကြားဖူးသည် ။ ဖတ်ဖို့ ဝေးစွ၊ မျက်နှာဖုံး လေးပင် မမြင်ဖူး။  ( ပညာ ရေး တွင် လိုချင်တိုင်းမရသော ဒုက္ခကို အခြားနယ်ပယ်မှ လူများ နားလည်ချင်မှ နားလည်ပါမည် )

အခု ရရှိလာသည်များကို ကြည့်ပြီး ယင်းအချိန်များက ကိုယ်ရောစိတ်ပါ ညစ်ခဲ့ရသည်ကို သတိရသည်။  ကျနော်တို့နှင့် ထပ်တူ ဒုက္ခကိုယ်စီရှိကြမည့် လိုလားသူများအတွက် ကိုယ်ချင်းစာ ပါသည်။

ယခုလည်း ယင်းအတွက် ရှာရဖွေရခက်ခဲလှသည်ဆိုသူ မိတ်ဆွေ တစ်ဦးကို ရည်ရွယ်၍ လည်းကောင်း၊ အခြားသူများ ရှိခဲ့လျင်လည်း အတိုင်းအတာ တစ်ခုအထိ အကျိုးသက်ရောက်ပါစေရန် မျော်မှန်း၍ လည်းကောင်း ကျနော်ရသည်များကို ရှယ်ပါသည်။
( Zen နှင့်ပတ်သက်၍ Open minded ဖြစ်စေရန်နှင့် ၊ ရှိသည်များကို အလိုရှိက လေ့လာနိုင်ရန် ပြန်လည်ဝေငှခြင်း ဖြစ်ပါသည်။ )
..............................................

1/the Zen in Modern Cosmology



ကျနော်တို့သိကြတဲ့ထုံးစံ သိပ္ပံ က ကျနော်တို့ စကြာဝဠာဟာ လွန်ခဲ့တဲ့ နှစ် ၁၃.၇ ဘီလျံထဲက စဖြစ်တာပဲလို့ဆိုတယ်။ ဒြပ်ဝထ္ထုမရှိဘူး၊ စွမ်းအင်ဆိုတာပဲ ရှိတယ်။ တနည်းအားဖြင့်ပြောရင်တော့ ဗလာနတ္ထိနီးနီးပေါ့။ ဒီလိုသာ မှန်ခဲ့ရင် ကြယ်တွေ ၊ ဂြိုလ်တွေ ဘယ်လိုဖြစ်လာသလဲ၊ အခုလက်ရှိ စကြာဝဠာကြီး ဘယ်လို ဖြစ်လာရသလဲ ။ ခေတ်သစ်သိပ္ပံကလည်း အဖြေရှာသလို..ရှေး -ဇင်ဗုဒ္ဓဘာသာမှာလည်း အဖြေရှာနေပါတယ်။

Download Here - http://www.megaupload.com/?d=60CSYXZC
......................................................
2/Taking the Path of Zen





ဇင်ဗုဒ္ဓဘာသာရဲ့ အကျင့်အကြံပိုင်းများကို အသားပေးထားပါတယ်။ အသေးစိတ်ကျလွန်းတယ်လို့ ကျနော်ထင်တယ်။ တစ်ချို့နေရာတွေမှာ ကျနော်တို့နားလည်တာတွေနဲ့မကိုက်ညီတာတွေလဲ တွေ့ရပါတယ်။ ဖတ်ပြီး မိမိဘာသာ စိစစ်ကြည့်တာပဲ ကောင်းပါလိမ့်မယ်။

Mediafire Download - http://www.mediafire.com/?q5t4ptpq5dtdnb2
..........................................................

3/ Zen Masters


Zen ဗုဒ္ဓဘာသာမှာ နာမည်ကြီးထင်ရှားလှတဲ့ ဆရာကြီးများအကြောင်းပါ။ သမိုင်းလို့လည်း ပြောလို့ရမယ်။ ဒီစာအုပ်မှာ ခုနှစ်သက္ကရာဇ်က အစ မျိုးနွယ်နာမည်တွေနဲ့ တိတိကျကျ ရေးတယ်၊ မှတ်တမ်းတင်ထားတယ်။ လိုအပ်တဲ့နေရာမှာ ဇင်ဗုဒ္ဓဘာသာရဲ့ သဘောလေးတွေကို အခွင့်ရသလိုတင်သွားတာ ချစ်ဖို့ကောင်းတယ်

Mediafire Download - http://www.mediafire.com/?2w2a3s9d7iap69h
............................................................

4/ Zen Ritual





ဂျပန်ဇင်ဗုဒ္ဓဘာသာတို့ရဲ့ ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်းတွေအကြောင်း၊ပြီးတော့ သူတို့ရဲ့ စိတ်ဓါတ်ဓါတ်ခံနဲ့ လက်တွေ့သဘောတရားများ အကြောင်း ဖြစ်ပါတယ်။

Download Here - http://www.filesonic.com/file/23416917/Zen%20Ritual%20Studies%20of%20Zen%20Buddhist%20Theory%20in%20Practice.rar

Mediafire Download - http://www.mediafire.com/?p2c42b4qmpda0ou

ပထမဒေါင်းလုပ်က ifile ကပါ။ အဲ့မှာ မြန်မာပြည်တွင်း က အချို့အဆင်မပြေတတ်ကြလို့ Mediafire မှာပါ ပြန်လုပ်ထားတာ။
....................................................
5/ Zen Classics



Zen ဗုဒ္ဓဘာသာရဲ့ ဂန္ဓ၀င်ကျမ်းစာအချို့အကြောင်းတွေဖြစ်ပါတယ်။ တကယ်က ဇင်ဗုဒ္ဓဘာသာ ဆရာများအဆိုမှာ - ဇင်အတွက် ကျမ်းစာမလိုဘူး။ကျမ်းစာ မရှိဘူးလို့ ကြားဖူးတယ်။
ဒါပေမယ့် ဒီစာအုပ်မှာပါတဲ့ အချို့က သူတို့တွေ တန်ဖိုးထားကြတဲ့ ၊ အလေးအမြတ်ပြုကြတဲ့ကျမ်းကိုပဲ ဂန္တ၀င်ကျမ်းစာများအဖြစ် သတ်မှတ်ထားပါတယ်။ သမိုင်းကြောင်းကို အနည်းငယ်ဦးစားပေးထားတယ် ။


Mediafire Download - http://www.mediafire.com/?rhh338tkc1ph6aa
..............................................................
6/OSHO - Zen: The Path of Paradox Vol 1,2,3.





ကျနော့ကို ဇင်နဲ့ ပတ်သက်လို့ အရှင်းလင်းဆုံး လမ်းပြပေးနိုင်တဲ့ စာအုပ်ပါ။ ကျနော့အတွက် အိုရှိုးဟာ အင်မတန် ချစ်ဖို့ ကောင်းတဲ့ ဘော်ဒါကြီး တစ်ယောက် ဖြစ်ပါတယ်။ ကျန်တဲ့သူတွေ အတွက်တော့ မသိ။

Mediafire download - http://www.mediafire.com/?dqadzuoldc17ltp

အိုရှိုး၏ အခြား ဇင်စာအုပ်များ ကျန်ရှိပါသေးသည်။ လိုအပ်လျင် ပြောခဲ့နိုင်သည်။

----------------- ရေးထားခဲ့ဖူးတာ နှစ်နှစ်လောက်ရှိပါပြီ၊ နည်းနည်း ပြန်ဖြည့်ပြီး ရှယ်ပါတယ်---------------

  1 comment:

  1. Link တွေ အကုန်သေနေတယ်ရော။ အဆင်ပြေရင် ပြန်တင်ပေးစေလိုပါတယ်။ thanks ^^

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...