Thursday, December 29, 2011

29.12.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Thursday, December 29, 2011 at 10:22am
 
 
ရန်ကုန်က ပေါက်ကွဲမှု ပြင်းထန်

ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့် မြို့နယ်ဘက်က ABC စက်ဆန်းရှိ ကူးတို့ဆိပ်က ဂိုထောင်တွေမှာ ကြာသပတေးနေ့ မနက် ၂ နာရီကျော်မှာ ပေါက်ကွဲမှုနဲ့ မီးလောင်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး လူ ၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ နောက်ထပ်လည်း သေကြေ ဒဏ်ရာရသူ တွေ ရှိနိုင်သေးတယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပြီး သေကြေ ပိတ်ပိသူတွေ ရှိမရှိ ဆက်လက် ရှာဖွေနေကြပါတယ်။

မီးသတ်ကား အမြောက်အများလည်း မီးငြိမ်း သတ်ဖို့ ရောက်သွားပြီး မီးငြိမ်းသတ်စဉ် ထပ်မံ ပေါက်ကွဲမှုဖြစ်လို့ မီးသတ်ကား နှစ်စီး ပျက်စီးကာ သေဆုံးသူ တွေထဲမှာ မီးသတ်သမား တွေလည်း ပါဝင်တယ်လို့ မျက်မြင် သက်သေတွေက ဘီဘီစီကို ပြောပါတယ်။
ပေါက်ကွဲသံဟာ ပြင်းထန် ကျယ်လောင်တဲ့အတွက် ရန်ကုန်မြို့က နေရာ အတော် များများကနေ အသံကြားရပြီး ပေါက်ကွဲမှု အနီးအနားက ရပ်ကွက် တွေမှာဆိုရင် တုန်ဟီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ပြီး အနီးဝန်းကျင်က ကားမှန်တွေ၊ အိမ်ပြတင်း မှန်တွေလည်း ကွဲကုန်တယ်လို့ ပြောပါတယ်။
ဘယ်ကနေ စပြီး မီးလောင်ပေါက်ကွဲတယ်ဆိုတာတော့ မသိရသေးပါဘူး။
မနက်လင်းတဲ့အချိန်မှာ မီးကို ထိမ်းချုပ်နိုင်ပြီ ဖြစ်ပေမယ့် မီးမငြိမ်းသေးဘူးလို့လည်း သိရပါတယ်။

ရခိုင်ဓာတ်ငွေ့ကို ဒေသခံတွေ သုံးစွဲခွင့် လှုပ်ရှား
ရခိုင်ပြည်နယ်က ထွက်တဲ့ သဘာဝ ဓါတ်ငွေ့နဲ့ စွမ်းအင်ကို ရခိုင်ဒေသခံတွေ လည်း ခွဲဝေ သုံးစွဲနိုင်ရေး တောင်းဆိုမယ့် လူထုအစည်းအဝေးတစ်ရပ်ကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) က ဦးစီးပြီး ကျင်းပ မယ်လို့ ပါတီခေါင်းဆောင်က ပြောပါတယ်။
ကျောက်ဖြူမြို့မှာ ဇန်နဝါရီ ၁ ရက်နေကျရင် လူထုအစည်းအဝေး ကျင်းပခွင့် အတွက် ပြည်နယ် ရွှေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပြီ လို့ ဆိုပါတယ်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဟာ လွှတ်တော်အတွင်းမှာ တောင်းဆို ခဲ့ဖူးပေမယ့် မရခဲတဲ့အတွက် အခုလို လူထု အစည်းအဝေး ကျင်းပတဲ့ နည်းနဲ့ တောင်းဆိုတဲ့အခါ အစိုးရက အသိအမှတ်ပြု စဉ်းစားလာနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ဘီဘီစီကို ပြောပါတယ်။
ဒီပါတီကနေ ရခိုင် ပြည်နယ်ရဲ့ လိုလားချက်ကို လူထုကို ချပြပြီး လူထု အင်အားနဲ့ စုပေါင်း တောင်းဆိုဖို့ လုပ်တာဟာ အစိုးရသစ် တက်လာပြီးတဲ့ နောက် ပိုင်းမှာ ပထဆုံး အကြိမ် ဖြစ်ပါတယ်။
ရွှေးကောက်ပွဲ ကော်မရှင်က အဲဒီ လူထု အစည်းအဝေးကို လူပေါင်း ၅၀၀ ခန့် တက်ရောက် ခွင့်နဲ့ ဒေါက်တာ အေးမောင် အပါအဝင် လူပုဂ္ဂိုလ် ၆ ဦး ကို ဟော ပြောခွင့် ပြုထား တယ်လို့ ဆိုပါတယ်။

ရေနံတင် သင်္ဘော အသုံးများတဲ့ ဟောမဇ်ရေလက်ကြားအမေရိကန် အီရန် ကို သတိပေး
ကမ္ဘာ့ ရေနံတင် သင်္ဘောကြီးတွေ သုံးပုံ တပုံ ဖြတ်သန်း အသုံးပြုတဲ့ ဟောမဇ် ရေလက်ကြား ကို နိုင်ငံတကာ အသုံးပြု နေတဲ့ ကြားက အီရန်နိုင်ငံက နှောက်ယှက် ဟန့်တားမှု ပြုမယ် ဆိုရင် အမေရိကန် အနေနဲ့ သည်းခံမှာ မဟုတ်ဘူး လို့ ပြောပါတယ်။
အီရန် ဒုတိယသမ္မတ က အနောက်အုပ်စု အနေနဲ့ အီရန်နိုင်ငံ က လောင်စာ ဓါတ်ငွေ့ တင်ပို့မှု ကို ပိတ်ဆို့ အရေးယူမှု ပြုခဲ့ရင် ပင်လယ်ကွေ့ထဲရှိ ဟောမဇ် ရေလက်ကြား ကို ပိတ်ထားမယ် လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။
အမေရိကန်ဘက်က အီရန်ရဲ့ ပြောဆိုမှု ကို တုံ့ပြန်ရာမှာ ချင့်ချိန်မှု နဲ့ အတူ ပြတ်သားမှု ရှိတဲ့ အကြောင်း ဝါရှင်တန်မှ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
အီရန်ဟာ ဒီရေလက်ကြားမှာ ရေတပ် စစ်ဆင်ရေး ကို မကြာခန လေ့ကျင့်လေ့ ရှိကြောင်း၊ အမေရိကန်က အသိအမှတ် ပြုထားပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ဈာပန စတင်
ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ် ရဲ့ ဈာပန ကို မြို့တော်ပြုံယမ်း မှာ တခမ်းတနား ကျင်းပ လျှက် ရှိပါတယ်။
သူ့ ရဲ့ ရုပ်ကလာပ် တင်ဆောင်လာတဲ့ ကား ဘီးလိမ့်ရုံနှုန်း နဲ့ မြို့တော် လမ်းမ တွေကို ဖြတ်သန်း လာချိန်မှာ လမ်းဘေးတလျှောက် မှာ စောင့်ဆိုင်း နေခဲ့ ကြတဲ့
မြောက် ကိုရီးယား ပြည်သူတွေ က ထိန်းမနိုင် သိမ်းမနိုင် ငိုကြွေး ကြကာ သူတို့ ခေါင်းဆောင်ကြီး ကို နှုတ်ဆက် ခဲ့ကြ ပါတယ်။
ဈာပန ကား နှင်းတွေဖုံးနေတဲ့ လမ်းမတလျှောက် ဖြတ်သန်း လာချိန်မှာ စစ်တပ် က ဦးညွှတ် အလေးပြုတာ ကို နိုင်ငံပိုင် ရုပ်မြင်သံကြား က ထုတ်လွှင့် ခဲ့သလို အော်ဟစ် ငိုကြွေး နေတဲ့ ပြည်သူတွေရဲ့ ပုံရိပ် တွေ ကို အနီးကပ် ရိုက်ပြ ကာ ထုတ်လွှင့် ပေးပါတယ်။
ဈာပန အခမ်းအနား မှာ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ အလွန်ကြီးမား တဲ့ ပုံတူ ပန်းချီကား တခု ကို လည်း ကားတစင်း ပေါ်မှာ တင်ဆောင်ပြီး ပြသ ထားတာ ကို လည်း တွေ့ရ ပါတယ်။
တနေရာမှာ တော့ မစ္စတာ ကင် ရဲ့ သားဖြစ်သူ လည်းဖြစ် မြောက်ကိုရီးယား ခေါင်းဆောင် နေရာရလာမယ့် သူလည်း ဖြစ်တ ကင်ဂျုံအွန် က ရုပ်ကလာပ် တင်ဆောင် လာ တဲ့ ကား ရဲ့ ဘေးမှာ လမ်းလျှောက် လိုက်ပါလာတာ ကို တွေ့ လိုက် ရပါတယ်။
ရုပ်မြင်သံကြား က သတင်းကြေညာ သူ က ကင်ဂျုံအွန် ဟာ မြောက်ကိုရီးယား စစ်တပ်နဲ့ အာဏာရ ကွန်မြူနစ် ပါတီ ကြီးရဲ့ ခေါင်းဆောင်ကြီးဖြစ်တယ် လို့ ထပ်ခါ ထပ်ခါ ရည်ညွှန်း ပြောဆို ထုတ်လွှင့် သွား ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ဈာပန အခမ်းအနား ကို ၂ ရက် ကြာ ကျင်းပမှာပါ။

အင်ဒိုနီးရှား ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ
မစ္စတာ မာတီ နာတာလေ ဂါဝါ ဟာ ဒေါ်အောင်ဆန်း စုကြည်ကို သူ့ နေအိမ်မှာ သွားရောက် တွေ့ဆုံ
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မာတီနာတာလေ ဂါဝါ ဟာ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်း မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ရန်ကုန်မြို့ မှာ တွေ့ဆုံ ခဲ့ပါတယ်။
တနာရီလောက် ကြာတဲ့ အဲဒီ တွေ့ဆုံမှု အပြီးမှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ မစ္စတာ မာတီတို့ နှစ်ဦးလုံး က သတင်းထောက် တွေနဲ့ ခဏ တွေ့ဆုံ ခဲ့ပါတယ်။
မစ္စတာ နာတာလေ ဂါဝါက အာဆီယံ အနေနဲ့ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက် တွေကို အရှိန်အဟုန် မပျက် ဆက်သွားဖို့ ဘယ်လို ဆောင်ရွက် နေတယ် ဆိုတာကို ဒေါ်အောင်ဆန်း စုကြည်ကို ရှင်းပြ ခဲ့ကြောင်း၊ နှစ်ဦး နှစ်ဖက် ကြားမှာ အတွေ့ အကြုံ ချင်း ဖလှယ် ခဲ့ကြကြောင်း နဲ့ မြန်မာ နိုင်ငံ ဒီမိုကရေစီ စံနစ်ဆီ ပြုပြင် ပြောင်းလဲ ရာမှာ အင်ဒိုနီးရှား နိုင်ငံ ကလည်း အားပေး ကူညီမှာ ဖြစ်ကြောင်း သတင်းထောက် တွေကို ပြန်ပြော ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကလည်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ခုလို လာရောက် တွေ့ဆုံ တာကို ကျေးဇူး တင်ကြောင်း၊ မြန်မာ နိုင်ငံအရေး မှာ အင်ဒိုနီးရှားရဲ့ စိတ်ဝင်စားမှု ကိုလည်း ကျေးဇူး တင်ကြောင်း အင်္ဂလိပ် ဘာသာနဲ့ ပြောခဲ့ပါတယ်။
သူ့အနေနဲ့ မြန်မာနဲ့ အာဆီယံ နိုင်ငံတွေ ကြားမှာ ဆက်ဆံရေး ကောင်းမွန်ဖို့ ဆန္ဒ ရှိတဲ့ အကြောင်းတွေ ကို ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့ပါတယ်။

အကျဉ်းသား တွေ သန့်ရှင်းလို့ ကျန်းမာရေးလည်း ကောင်းနေလို့ ဆို
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် က အကျဉ်းထောင် ထဲမှာ သန့်ရှင်းမှု ရှိပြီး အကျဉ်းသား တွေ ကျန်းမာရေး ကောင်းမွန်နေတယ် လို့ ပြောပါတယ်။
မြန်မာအစိုးရ က ဖွဲ့စည်းပေးထာတဲ့ အဲဒီ ကော်မရှင် ရဲ့ အတွင်းရေးမှူး ဦးစစ်မြိုင် က သူတို့ အင်းစိန် ထောင် ကို သွားရောက် စစ်ဆေး ခဲ့ကြောင်းနဲ့ အကျဉ်းသား အဆောင်တွေ၊ စားဖိုဆောင်တွေ၊ အိမ်သာတွေက လည်း သန့်ရှင်း ပြီး အကျဉ်းသား တွေ ရဲ့ တကိုယ်ရည် သန့်ရှင်းရေး လည်း အထူးကောင်းမွန် တာကို တွေ့ရ တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။
အကျဉ်းသား တွေ ကို ထောင် ဝန်ထမ်းတွေ က ဆက်ဆံ ပုံ တွေ လည်း ကောင်းမွန် ကြောင်း နဲ့ အကျဉ်းသား တွေ အပေါ် နှိပ်စက် ပြုမူ တာတွေ ရှိခဲ့တယ် ဆိုတဲ့ အထောက် အထား တွေ မတွေ့ခဲ့ရကြောင်းလည်း ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ AAPP က အတွင်းရေးမှူး ကိုတိတ်နိုင် က ဦးစစ်မြိုင် ပြောဆိုချက် တွေ ကို မယုံတဲ့ အကြောင်း နဲ့ ဒီ ကော်မရှင် ကို ဖွဲ့စည်းပေးတဲ့အစိုးရ နဲ့ ကော်မရှင် မှာ ပါဝင်နေသူ တွေ က ဘယ်သူ တွေ လည်း ဆိုတာ ကို အရင် ဆန်းစစ် ပြီး မှာ သာ သူတို့ ပြောတာ ကို ယုံသင့် တယ်လို့ ဆို ပါတယ်။

ကျောက်ဖြူက ယာမြေတွေ စစ်တပ် အရာရှိဟောင်း တယောက်က သိမ်းယူ
ကျောက်ဖြူမြို့နယ် ပျားတဲ ကျေးရွာအုပ်စုက လယ်သမားတွေ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာတဲ့ လယ်ဧက ၂၄ ဧက ကို စစ်တပ် အရာရှိဟောင်း တယောက်က အိန္ဒိယ ကုမ္ပဏီ တစ်ခုကို ကျပ်ငွေ ၂၀၅ သိန်း၊ ၄ သောင်း ရှစ်ထောင်နဲ့ (၂၉) လ ဌားရမ်းလိုက်တယ်လို့ သိရပါတယ်။
မြေထိုးစက်ကြီးတွေနဲ့ လယ်တွေကို လာထိုးမှ ပိုင်ရှင် လယ်သမားတွေက အဲသလို ဌားရမ်းလိုက်တာကို သိကြရတယ်လို့ ပြောပါတယ်။
ဒါနဲ့ သူတို့က ဘာကြောင့် လယ်တွေကို ဒီလို လုပ်သလဲ လို့ မေးတဲ့ အခါ အိန္ဒိယ ကုမ္ပဏီနဲ့ အတူ ပါလာတဲ့ ဗမာ အင်ဂျင်နီယာတွေက ဒီလယ်တွေကို အဲဒီ တပ်အရာရှိ ဟောင်း က ဌားရမ်းထားတယ်လို့ ပြောကြောင်း ဆိုပါတယ်။
အဲဒီလို လုပ်တာနဲ့ ပတ်သက်ပြီး လယ်သမားတွေက လယ်ယာနဲ့ ဆည်မြောင်း ၀န်ကြီးဌာနကို တစ်စောင်၊ ပြည်နယ်ဝန်ကြီးချုပ်ကို တစ်စောင် စာ (၂) နှစ်စောင် စာရေးသားပြီး တိုင်ကြားလိုက်ပါတယ်။
လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာနကို တိုင်တဲ့စာကို နိုင်ငံတော် သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌတွေဆီကို မိတ္တူပေးပြီး ရခိုင် ပြည်နယ် ၀န်ကြီးချုပ်ဆီကို တိုင်တဲ့ စာကိုတော့ ပြည်နယ် လွှတ်တော် ဥက္ကဌရယ်၊ ပြည်နယ် မြေစာရင်း ဦးစီးဌာနရယ်၊ ကျောက်ဖြူ ခရိုင် ဥက္ကဌတွေဆီကို မိတ္တူ ပေးပို့တယ်လို့ ပြောပါတယ်။
တိုင်ကြားတဲ့ လယ်သမား (၁၀) ဦးက မနေ့က ( ဒီဇင်္ဘာဘ ၂၆ ရက်နေ့က) တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနဲ့ အဲဒီ စစ်တပ် အရာရှိဟောင်းတို့ စာချုပ်မှာ မြို့နယ် အုပ်ချုပ်ရေး ဒု ဦးစီးနဲ့မြို့နယ် မြေစာရင်း ဦးစီးဌာနက အဲဒီ ဒေသမှာ တာဝန်ကျနေတဲ့ မြေစာရင်းက အရာရှိတွေလည်း အသိသက်သေ အဖြစ် လက်မှတ် ရေးထိုးထားပါတယ်။
မြို့နယ် မြေစာရင်း ဦးစီးဌာကို မေးတော့ ဦးစီးမှူးက အစည်းအဝေးမှာ ရောက်နေတယ် ၊ ဒီကိစ္စ သူဘဲ သိလိမ့်မယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား သန်းနဲ့ချီ ရှိနေပါတယ်။မဲဆောက်မှာ မြန်မာတွေ အတွက် ဆေးရုံ ဆောက်ဖို့ ကြိုးစား
ထိုင်း မြန်မာ နယ်စပ်က မဲဆောက်မှာ နေထိုင်တဲ့ မြန်မာ ရွှေ့ပြောင်း အလုပ် သမားတွေနဲ့ မြန်မာ နိုင်ငံဖက်က လာပြီး ဆေးဝါး ကုသမှု ခံယူသူတွေ အတွက် သီးသန့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်အောင် ကြိုးစား နေတယ်လို့ ထိုင်းကျန်းမာရေး ဝန်ကြီးက မဲဆောက် မြို့မှာ ပြောကြား ခဲ့ပါတယ်။
မဲဆောက်ဆေးရုံမှာ အဆောက် အဦတွေ တိုးချဲ့ နေပေမဲ့ နေရာ မလုံလောက်မှုတွေ ဖြစ်နေတာ ကြောင့် ထိုင်းကျန်းမာရေး ဝန်ကြီး ဌာနက မြန်မာ ရွှေ့ပြောင်း အလုပ် သမားတွေနဲ့ နိုင်ငံ ထဲက လာပြီး ဆေးဝါး ကုသမှု ခံယူသူတွေ အတွက် သီးသန့် ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။
မနေ့က မဲဆောက်ဆေးရုံက အဆောက် အဦသစ် ဖွင့်ပွဲကို ဘုရင့် သမီးတော် သီရိဒုံကဖွင့်ပေး ပြီးနောက် ထိုင်းကျန်းမာရေး ဝန်ကြီး နိုင်ဝိထယာ ဗူရနဆရီ က မြန်မာ နိုင်ငံသားတွေအများ ဆုံး နေထိုင်တဲ့ အစ္စလာမ် ဘမ်ရွမ် ရပ်ကွက်မှာ ထိုင်းတာဝန် ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို တိုးတက် လာအောင် မြန်မာ နိုင်ငံသား ညီနောင်တွေကို ကျန်းမာ ရေး စောင့်ရှောက်မှု အပြည့် အဝ ပေးနိုင်အောင် မြန်မာ နိုင်ငံသား ညီနောင်တွေ အတွက် သီးသန့် ဆေးရုံ တဆောင် ဆောက်လုပ် ပေးရမလား ဆိုတာ ကွင်းဆင်း စစ်ဆေးမှုတွေလုပ် နေပြီ လက်ရှိမှာလည်း ဆေးရုံမှာ မြန်မာ စကားပြန်တွေ ခန့်ပေးထားတယ်လို့ ပြောသွား ပါတယ်။
မဲဆောက်မြို့နဲ့ အနီး ပတ်ဝန်းကျင်မှာ အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ် သမား တသိန်း ကျော်လောက် ရှိပါတယ်။
အဲဒီထဲက မကျန်းမာသူတွေဟာ ဒေါက်တာ စင်သီယာရဲ့ မဲတော် ဆေးခန်းကို သွားပြီးဆေး ဝါး ကုသသူတွေ ရှိသလို မဲဆောက် ဆေးရုံကို သွားသူတွေလည်း ရှိပါတယ်။
ဒါပေမယ့် ရောဂါ ပြင်းထန်တဲ့ သူတွေကိုတော့ မဲတော် ဆေးခန်းကလည်းမဲဆောက်ဆေးရုံကို ပို့သလို့ ဒုက္ခသည် စခန်းတွေနဲ့ နယ်စပ် တလျှောက်က ထိုင်းဆေးရုံ လေးခုကလည်း မဲဆောက် ဆေးရုံကိုပဲ ပို့ကြပါတယ်။
ဒါ့အပြင် မြဝတီက လူနာတွေနဲ့ မြန်မာ နိုင်ငံဘက်ခြမ်းက နယ်စပ် မိုင်းဗုံး ထိတဲ့သူတွေလည်း မဲဆောက် ဆေးရုံကို သွားကြပါတယ်။
အဲဒီလို မဲဆောက် ဆေးရုံကို သွားပြီး ဆေးဝါး ကုသမှု ခံယူရာမှာ အလုပ် လုပ်ခွင့် လက်မှတ် ရှိတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ် သမားတွေနဲ့ ထိုင်းနိုင်ငံမှာ ယာယီ နေထိုင်ခွင့် ရထားတဲ့ သူတွေကတော့ အခမဲ့ ဆေးဝါး ကုသမှု ခံယူခွင့် ရှိပါတယ်။
ဒါပေမယ့် မြဝတီနဲ့ မြန်မာ နယ်စပ် တလျှောက်က လာတဲ့ သူတွေကတော့ ပိုက်ဆံ ပေးရ ပါတယ်။
ဆေးဖိုးဝါးခ အပြည့် မပေးနိုင်တဲ့ သူတွေကို ဆေးကုခ လျှော့ပေးသလို လုံးဝ မတတ်နိုင်တဲ့ သူတွေကိုတော့ လုံးဝ ငွေမယူတာတွေလည်း ရှိပါတယ်။

KIA နဲ့ အစိုးရ စစ်တပ် တိုက်ပွဲ ဆက်ဖြစ်
အစိုးရ စစ်တပ်ဘက်က သိမ်းဆည်းရမိတဲ့ လက်နက်နဲ့ ကျည်များ
ရှမ်းပြည်မြောက်ပိုင်းကေအိုင်အေတပ်မဟာ လေး နယ်မြေမှာခရစ္စမတ်နေ့ကစပြီး မနေ့ ကထိ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။
လက်နက်ကြီးတွေနဲ့ အစိုးရဘက်က စပစ်လာပြီး အဆိပ်ငွေ့ ပါတဲ့ ဗုံးသီးတွေပါ အသုံးပြုတာတွေ့ ရတယ်လို့ KIA တပ်မဟာ လေး တာဝန်ခံ ဗိုလ် မှုးကြီး ဇော်ရော်က ပြောပါတယ်။
စစ်တပ်ဘက် လက်နက်ကြီးတွေနဲ့ရှစ်ချက်ပစ် ခတ်ခဲ့ပြီး မနေ့ကတော့ သုံးဆင့်ကွဲ လက်နက်ကြီးတွေ အသုံးပြုခဲ့သလို အဆိပ်ငွေ့ ပါတဲ့ ဗုံးသီးတွေကြောင့် ကေအိုင်အေ တပ်သားတွေ မူးဝေ အော့အန်တာတွေ ရှိတယ်လို့ ပြောပါ တယ်။
ဒါပေမယ့် KIA ဘက်က အထိအခိုက် အကျ အဆုံး မရှိဘူးလို့ ပြောပြီး စစ်တပ်ဘက်က တော့ လေးငါးဆယ် လောက်ထိ ကျနိုင်တယ်လို့ ဗိုလ်မှုးကြီး ဇော်ရော်က ခန့်မှန်း ပါတယ်။
တကယ်တော့ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က အပစ် ရပ်ဖို့ စစ်တပ်ကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် တိုက်ပွဲတွေ ကြိုကြား ဆက်ဖြစ် နေသလို ခုရက်ပိုင်း အတွင်းမှာ ဆက်တိုက်ဆို သလို စစ်တပ်ဘက်က စ တိုက်လာတာကြောင့် အံ့အား သင့်မိတယ်လို့ ဗိုလ်မှုးကြီး ဇော်ရော်က ဘီဘီစီကို ပြောပြ ခဲ့ပါတယ်။

ဆီးရီးယား နဲ့ အာရပ် အဖွဲ့ချုပ်
ဆီးရီးယား မှာ အာရပ် အဖွဲ့ချုပ်က အကြမ်းဖက်မှု တွေ ချုပ်ငြိမ်းစေဖို့ စောင့်ကြပ် လေ့လာရေး ခရီးစဉ် ထွက်လာစဉ် မှာ ဘဲ အကြမ်းဖက်မှု တွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
Homs မြို့၊ Derra နဲ့ Idlib မြို့ တွေမှာ လူ ၁ဝ ဉီး ခန့် အစိုးရ တပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ သေဆုံးကြောင်း အတိုက်အခံ တွေက ပြောပါတယ်။ ကလေးတဦး ရဲ့ အလောင်း ကို အာရပ် အဖွဲ့ချုပ်ဝင်တွေ စီးလာတဲ့ ကားရဲ့ ဘောနက်ပေါ်မှာ တင်ပြီး အင်တာနက်ပေါ် မှာ တင်ကြပါတယ်။
အာရပ် အဖွဲ့ချုပ်ဝင် တွေက ဆီးရီးယား လုံခြုံရေး အစောင့်တွေ မပါဘဲ Homs မြို့ က ဆိုးဆိုးဝါးဝါး တိုက်ခိုက်မှု ခံရတဲ့ နေရာတွေ ဆီ သွားရောက် လေ့လာကြပါတယ်။
အာရပ်အဖွဲ့ချုပ် ဘက်ကတော့ လေ့လာစရာတွေ အများကြီး ကျန်သေးတယ်လို့ ဆိုပါတယ်။ လူပေါင်း ၇၅၅ ဦး ကိုတော့ အစိုးရ က လွှတ်ပေးလိုက်ပါတယ်။

အာဖဂန် မှာ တရုတ်ရေနံတူးခွင့် သဘောတူညီချက်ရ
စီးပွားရေး ဖွံ့ဖြိုးလာတဲ့ တရုတ် က လောင်စာ စွမ်းအင် များစွာ လိုနေ
အာဖဂန်နစ္စတန် နိုင်ငံ က သူ့ရဲ့ ရေနံ သယံဇာတ နဲ့ ပတ်သက်ပြီး နိုင်ငံခြားနဲ့ အကြီးဆုံး စီးပွားရေး စာချုပ် အဖြစ် တရုတ်နိုင်ငံ ကို ရေနံ ရှာဖွေ တူးဖော်ခွင့် ပေးမယ့် အကြောင်း စာချုပ်ချုပ် လိုက် ပါတယ်။
အာဖဂန်နစ္စတန် မြောက်ပိုင်း အမူ ဒါယာ မြစ်ဝှမ်း မှာ တရုတ်အစိုး ရပိုင် National Petroleum Corporation NPA က ရေနံ ရှာဖွေ တူးဖော် မှာပါ။
အာဖဂန်နစ္စတန် က ရေနံ ထွက်ကုန် အကျိုးအမြတ်ရဲ့ ၇၀ ရာခိုင်နှုန်း ကို ရရှိမှာပါ။
တကယ်လို့သာမှန်းဆ တဲ့ အတိုင်း ရေနံတွေထွက်ခဲ့ရင် အာဖဂန် အတွက် ဒေါ်လာ ၇ ဘီလီယံ ထိ အကျိုးအမြတ် ရှိလာ နိုင် ပါတယ်။
အာဖဂန် သတ္တုတွင်း ဝန်ကြီး က အခု စာချုပ်ဟာ နိုင်ငံ အတွက် အင်မတန် များပြားတဲ့ အကျိုးကျေးဇူး ကို ရမှာ လို့ ပြောပါတယ်။

ရှေးရိုးစွဲ ဂျူးဘာသာဝင်တွေရှေးရိုးစွဲဝါဒီ ဂျူးတွေရဲ့လုပ်ရပ် ဆန္ဒပြ ရှုတ်ချခံရ
အစ္စရေးမှာ အမျိုးသား အမျိုးသမီး သက်သက်စီ ခွဲခြားချင်တဲ့ အစွန်းရောက် ရှေးရိုးစွဲ ဂျူး ဘာသာဝင် တွေရဲ့ လုပ်ရပ်တွေကို ထောင်သောင်းချီတဲ့ လူတွေ စုရုံးချီတက် ရှုတ်ချ ခဲ့ကြပါတယ်။
ဂျေရုဆလင်မြို့နားက Beit Shemesh မြို့မှာ ဆန္ဒပြသမား တွေကို အစ္စရေး အတိုက်အခံ ခေါင်းဆောင် Tzipi Livni က မိန့်ခွန်းပြောရာမှာ ဘာသာရေး အစွန်းရောက် ဝါဒီတွေဟာ သူတို့ အမြင် အယူအဆ တွေကို တခြားသူတွေ လက်ခံလာအောင် အတင်းအကျပ် ကြိုးပမ်းမှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ အခုလို ဆန္ဒပြရတာလို့ ဆိုပါတယ်။
မကြာသေးခင်တုန်းက ဘစ် ရှမစ်ရှ်မြို့မှာ အသက်ရှစ်နှစ် အရွယ် မိန်းကလေးကို အစွန်းရောက် ဂျူး အမျိုးသား တစုက လုံလုံခြုံခြုံ ဝတ်စားဆင်မှု မရှိဘူး ဆိုပြီး တံတွေးနဲ့ ထွေး နှောက်ယှက်ခဲ့ တာ ဖြစ်ပါတယ်။
အဲဒီနောက် ကလေးမလေးဟာ အကြောက်လွန်ပြီး အပြင်မထွက်ရဲဘဲ ကျောင်းသွားဖို့ ကြောက်နေခဲ့တဲ့ ဖြစ်ရပ် တခု ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကလည်း ဘစ် ရှမစ်ရှ်မြို့မှာ ဘာသာရေး တင်းမာမှုတွေ ဖြစ်နေကြောင်း သတင်းယူနေတဲ့ ရုပ်မြင်သံကြား အဖွဲ့သားတွေကို အကာအကွယ်ပေးတဲ့ ရဲတွေနဲ့ အစွန်းရောက် ဂျူးတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် မီးခိုးတလိမ့်လိမ့် တက်နေတဲ့ Homs မြို့ဆီးရီးယား လေ့လာအကဲဖြတ်ရေး ကော်မရှင်
ဟုမ်းမြို့မှာ တိုက်ခိုက်မှု တွေ ပြင်းထန် ခဲ့တဲ့ ဒီဇင်ဘာ လ အစောပိုင်း က အချိန် မှာ တွေ့ရပုံ
အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ထဲမှာ ပါဝင်ခဲ့ပြီး ထိန်းသိမ်းခံထားရတဲ့ လူပေါင်း ၇၅၀ ကျော် ကို ပြန်လွှတ် ပေးဖို့ ဆီးရီးယား အစိုးရ က ဆုံးဖြတ် လိုက်ပြီ လို့ ဆီးရီးယား ရုပ်မြင်သံကြား က ဗုဒ္ဓဟူး နေ့ က ကြေညာခဲ့ပါတယ်။
ဒါပေမယ့် တချို့လူတွေ ကို တော့ပြန်လွှတ်မပေးဘူး လို ဆိုပါတယ်၊ အဲဒီ လူတွေ ကတော့ သူတို့ ထုတ်လွှင့်တဲ့ အတိုင်း ပြောရမယ် ဆိုရင် သူတို့လက်မှာ ဆီးရီးယား သွေး တွေ စွန်းထင်း နေတဲ့ လူတွေ လို့ ဆိုပြီး သူတို့ကို ပြန်လွှတ် မပေးဘူး လို့ ပြောသွား ပါတယ်။
အာရပ် အဖွဲ့ချုပ် က လေ့လာစောင့်ကြည့်ရေး ကော်မရှင် တွေ ဆီးရီးယား ကိုရောက်လာပြီး ၂ ရက် မြောက်နေ့ မှာ အခုလို ကြေညာချက် ထွက်လာတာပါ။
အစောပိုင်းတုန်း က အာရပ်အဖွဲ့ချုပ် က လာ ခဲ့တဲ့ စောင့်ကြည့်ရေး ကော်မရှင် အကြီးအကဲ ဗိုလ်ချုပ်ကြီး မူစတာဖာ အယ်ဒါဘီ က ဟုမ်းမြို့ က အခြေအနေတွေ ကို သိတ် မစိုးရိမ် ကြဖို့ သဘောမျိုး ပြောခဲ့ပါတယ်၊ အင်္ဂါနေ့ က သူတို့ ရောက်သွား စဉ်မှာ ငြိမ်သက်နေ ပြီး တိုက်ခိုက်မှု တွေ မရှိဘူးလို့ သူ ကပြောပါတယ်။
အဲဒီနေ့ ကပဲ လုံခြုံရေးတပ်ဖွဲ့ တွေ က သောင်းနဲ့ချီတဲ့ ဆန္ဒပြ လူအုပ်ကို မျက်ရည်ယိုဗုံးတွေနဲ့ ပတ်ခတ် ဖြိုခွဲ့ခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။

ဆီးရီးယားမှာ သေနတ်သံ ကြားနေရဆဲ
ဆီးရီးယားမှာ ငြိမ်းချမ်းရေး သဘောတူညီချက် အတိုင်း လုပ်ဆောင်နေရဲ့လား ဆိုတာကို စောင့်ကြည့် လေ့လာဖို့ Homs မြို့ကို အာရပ်အဖွဲ့ချုပ်က စစ်ဆေးရေးမှူးတွေ ရောက်လာတဲ့ အခါ သောင်းနဲ့ချီတဲ့ လူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ ကြပါတယ်။
ဒေါသထွက်နေတဲ့ ဒေသခံတွေက အနီးက သွေးအိုင်တခုကို ခေါ်ပြပြီး ဆီးရီးယား အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ဖို့ စစ်ဆေးရေးမှူး တွေကို တိုက်တွန်း လိုက်ပါတယ်။
အဲဒီလို စုံစမ်း စစ်ဆေးရေးမှူးတွေ လှည့်လည် ကြည့်ရှုချိန် အတွင်းမှာကို သေနတ်သံတွေ ကြားနေရပါတယ်။
ဒီနေ့ အစိုးရက အားကစားရုံမှာ ပန်းခြံတွေမှာ တင့်ကားတွေကို ဖွက်ထားတယ်လေ ဒါပေမယ့် အစိုးရ အားလုံးကိုတော့ ဖုံးကွယ် မထားနိုင်ပါဘူးလို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တယောက်က ဆိုပါတယ်။

တရုတ်အရှေ့ပိုင်း အလုပ်သမားထောင်ချီ ဆန္ဒပြ
By ဗွီအိုအေ (မြန်မာဌာန)
တရုတ်နိုင်ငံအရှေ့ပိုင်း၊ နန်ကျင်းမြို့က တောင်ကိုရီးယားနိုင်ငံပိုင် အီလက်ထရောနစ် လျှပ်စစ်ပစ္စည်း စက်ရုံက အလုပ်သမားထောင်ကျော်ဟာ အလုပ်မဆင်းဘဲ သပိတ်မှောက် ဆန္ဒပြနေကြတယ်လို့ LD ကုမ္ပဏီကရော တရုတ်အစိုးရအရာရှိတွေကပါ အတည်ပြုလိုက်ပါတယ်။
LD ရုပ်မြင်သံကြား၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံက အလုပ်သမား ၈ ထောင်ခန့်ဟာ နှစ်သစ်ကူး ရာသီ၊ ဆုကြေးငွေပေးဝေမှု မတရားတာကြောင့် အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
အဲဒီစက်ရုံက တောင်ကိုရီးယားနိုင်ငံသား အလုပ်သမားတွေက နှစ်သစ်ကူးဆုကြေးအဖြစ် ၆ လစာနဲ့ ညီမျှတဲ့ ငွေကြေးပမာဏကို ရရှိကြပြီး ဒေသခံတရုတ်အလုပ်သမားတွေကတော့ တလစာပဲ ဆုကြေး ရရှိကြတာကြောင့် မကျေနပ်လို့ ဆန္ဒပြ သပိတ်မှောက်နေကြတာလို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားလွှတ်ရင် ပြုပြင်ပြောင်းလဲရေး အရှိန်မြင့်မည်
By မစုမြတ်မွန်
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးခြင်းဖြင့် ပြုပြင် ပြောင်းလဲရေးကို အရှိန်နဲ့ ဆက်ပြီး လုပ်ဆောင်သွားလိမ့်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကိုလာတဲ့ နေ့ချင်းပြန်ခရီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး အာဆီယံအဖွဲ့ရဲ့ ဖြစ်ပေါ် တိုးတက်မှုတွေကိုလဲ ပြောပြခဲ့တဲ့အကြောင်း ရန်ကုန်မှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက ပြောခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က သတင်း ပေးပို့ထားပါတယ်။

မြန်မာနဲ့ အင်ဒိုနီးရှားကြား နှစ်နိုင်ငံကိစ္စတွေကို အပြန်အလှန် ဆွေးနွေးကြတဲ့ ပူးတွဲကော်မရှင် စည်းဝေးပွဲကို နေ့ချင်းပြန် လာတက်တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလေဂါဝါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးစဉ်မှာရော ရန်ကုန်ကနေ မပြန်ခင် ဆီဒိုးနားဟိုတယ်မှာပါ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်ဖြစ်ဖို့နဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေဟာ အကောင်းဖက်ကို ရောက်မယ်လို့ မျှော်လင့်တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေးနဲ့ ပါတ်သက်လို့လဲ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက ခုလိုပြောခဲ့တာက -

“နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခြင်းဟာ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြုပြင်ပြောင်းလဲမှု အရှိန်ပိုရှေ့တိုးစေမှာဖြစ်ပါတယ်။ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှု ရှိဖို့နဲ့ ဒီမိုကရေစီ နည်းလမ်းကျကျနဲ့ မြန်မာ့လူအဖွဲ့အစည်း အလွှာစုံက လူတိုင်း ပါဝင်နိုင်ဖို့အတွက် မျှော်လင့်တယ်လို့ ပြောသွားတာဖြစ်ပါတယ်။”

အာဆီယံ အလှည့်ကျ ဥက္ကဌအနေနဲ့ အာဆီယံရဲ့ အခြေအနေတွေကိုလဲ ဒေါ်အောင်ဆန်းစုကြည်ကို အင်ဒိုနီးရှား နိုင်ငံခြား ရှင်းပြခဲ့ပါတယ်။

“အာဆီယံအဖွဲ့ရဲ့ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြခဲ့ပါတယ်။ အာဆီယံဥက္ကဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့  အားထုတ် ကြိုးပမ်းမှုတွေ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ စည်းဝေးတိုင်ပင်ပြီး မြန်မာနိုင်ငံက ဒီမိုကရေစီစနစ်ဆီ ပြုပြင် ပြောင်းလဲမှုတွေမှာ ပိုပြီး အရှိန်ရအောင် စည်းစည်းလုံးလုံး လုပ်ပေးနိုင်တဲ့ အကြောင်းတွေအပြင်၊ အာဆီယံ ဥက္ကဌတာဝန် မြန်မာကိုပေးဖို့ ဘာကြောင့် ဆုံးဖြတ်ရသလဲ ဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောသွားတာပါ။"

မြန်မာနိုင်ငံက အာဆီယံ ဥက္ကဌတာဝန်ကို ယူရတဲ့အတွက် ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းတဲ့နေရာမှာ တွန်းအားတခု ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်းကိုလဲ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါသေးတယ်။

အာဆီယံ နိုင်ငံတွေကြားမှာ မြန်မာ့ ဒီမိုကရေးစီရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ ကူညီမှုတွေနဲ့ ပါတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာက -

“အာဆီယံ နိုင်ငံတွေကြားမှာ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆယ်စုနှစ်နဲ့ချီထဲက ရင်းနှီးလာခဲ့တဲ့ နိင်ငံ တခုဖြစ်တယ်၊ မြန်မာ့ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေ အပေါ်မှာလဲ အင်ဒိုနီးရှားဟာ အမြဲ စစ်မှန်တဲ့ စိတ်စေတနာထားတဲ့ နိုင်ငံဖြစ်လို့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကူညီတာကို အမြဲတမ်း ကြိုဆိုပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။”

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ နှစ်နိင်ငံဆက်ဆံရေး တိုးတက်ဖို့ ရည်ရွယ်တဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲကော်မရှင် စည်းဝေးပွဲကို တက်ခဲ့ပါတယ်။ မြန်မာနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နှစ်ယောက် ဦးဆောင်တဲ့ စည်းဝေးပွဲမှာ နှစ်နိုင်ငံက ဒီမိုကရေစီ အဆောက်အအုံတွေ ခိုင်မာအောင်လို့ မျှဝေစရာတွေမျှဝေ၊ လက်တွဲလုပ်စရာတွေ လုပ်သွားကြဖို့အတွက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ခုလို ကမ်းလှမ်းခဲ့ပါတယ် -

“အင်ဒိုနီးရှား ရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာရွေးကောက်ပွဲ ကော်မရှင်ကြား၊ တခါ နှစ်နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တွေကြားမှာ  ပူးပေါင်းဆောင်ရွက်ဖို့၊ သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းတွေမှာလဲ အတူ လက်တွဲလုပ်ဖို့ ကူညီနိုင်တာကို ကူညီဖို့အတွက် အင်ဒိုနီးရှားက ကမ်းလှမ်းခဲ့ပါတယ်လို့ ပြောခဲ့တာပါ။”

ဒါ့အပြင် မြန်မာနိုင်ငံလိုပဲ စစ်အစိုးရစနစ်ကနေ ဒီမိုကရေစီစနစ်ဆီကို အသွင်ပြောင်းခဲ့တဲ့ အင်ဒိုနီးရှားက မြန်မာနဲ့ အတူလက်တွဲသွားဖို့ အဆင်သင့် ဆိုတာကိုလဲ နှစ်နိုင်ငံ ပူးတွဲကော်မရှင် စည်းဝေးပွဲမှာ အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အင်ဒိုနီးရှားနိုင်ငံ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေမျိုး အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့  ဒီမိုကရေစီ ဖော်ဆောင်ရေး အားထုတ်မှုတွေကို အားရှိ ခိုင်မာစေဖို့အတွက် မြန်မာနဲ့ ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေး ထားရှိသွားဖို့ အင်ဒိုနီးရှားဖက်က အသင့် ဖြစ်နေပါပြီလို့ ပြောသွားတာဖြစ်ပါတယ်။”

သူလာတက်တဲ့ နှစ်နိုင်ငံကိစ္စတွေ ဆွေးတွေးတဲ့ စည်းဝေးပွဲမှာ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ဖို့ကိစ္စ၊ ဘဏ်လုပ်ငန်း ဆိုင်ရာမှာ အင်ဒိုနီးရှားက အကူအညီပေးဖို့ ကိစ္စတွေကိုလဲ ဆွေးနွေးခဲ့ကြတယ် ဆိုတာကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက သတင်းထောက်တွေကို အသိပေးခဲ့ပါတယ်။

ရန်ကုန်မှာ အစည်းအဝေးတက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့ ဗုဒ္ဓဟူးနေ့ ညပိုင်းမှာပဲ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားပါတယ်။

အီရန် ရေလက်ကြားပိတ်ဆို့မှု အမေရိကန်သည်းခံမည်မဟုတ်
By ဗွီအိုအေ (မြန်မာဌာန)
ဟော်မုဇ် (Hormuz) ရေလက်ကြားထဲမှာ သွားလာခုတ်မောင်းနေတဲ့ ရေနံတင်သင်္ဘောတွေကို ပိတ်ဆို့မယ်လို့ အီရန်က ခြိမ်းခြောက်နေတာကို အမေရိကန် ရေတပ်က နည်းနည်းမှ သည်းညည်းခံမှာ မဟုတ်ဘူးလို့ ဘာရိန်းမှာ အခြစိုက်တဲ့ အမေရိကန်အမှတ်(၅)ရေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အမျိုးသမီးအရာရှိ ဗိုလ်ကြီး ရေဘက္ကာ ရေဘာရစ်(ခ်ျ) Rebecaa Rebarich က ဒီဇင်ဘာ (၂၈) ရက်နေ့မှာ ဗီအိုအေကို ပြောကြားခဲ့ပါတယ်။
ဟော်မုဇ် ရေလက်ကြားထဲမှာ ကုန်စည်အမျိုးမျိုး ဖြတ်သန်းစီးဆင်းနေတာကြောင့် ဒီရေလက်ကြားဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စည်ပင် ဝပြောမှုအတွက် အရေးပါနေပြီးတော့ ဒီရေလက်ကြားမှာ လွတ်လပ်စွာကူးသန်းသွားလာနေမှုကို ထိခိုက်စေမယ့် ဘယ်လို ရန်လိုလုပ်ဆောင်မှုကိုမဆို ရင်ဆိုင်တုန့်ပြန်သွားဖို့ အမေရိကန်ရေတပ်က အဆင်သင့်ရှိနေတယ်လို့လည်း ဗိုလ်ကြီး ရေဘက္ကာက ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့အစောပိုင်းက အီရန်ရဲ့ ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟာဗီဘိုလာ ဆေ ရာရီ (Admiral Habibollah Sayyari) က ဟော်မုဇ် ရေလက်ကြားထဲကို ပိတ်ဆို့လိုက်ဖို့ အီရန်ရေတပ်အတွက် အလွန်လွယ်ကူတဲ့ အလုပ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် ချက်ချင်းတော့ ဒီလို လုပ်စရာမလိုသေးဘူးလို့လည်း ဆိုခဲ့ပါတယ်။
အီရန်ရဲ့ အငြင်းပွားဖွယ် နျူကလီယား အစီအစဉ်ကြောင့် အီရန်ရဲ့ ရေနံတင်ပို့ရောင်းချမှုကို အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့ဒဏ်ခတ်တာကို တုန့်ပြန်တဲ့အနေနဲ့ ပါရှန်ပင်လယ်ကွေ့ (Gulf of Persian) ရဲ့ အ၀င်ဝ ဟော်မုဇ် (Hormuz) ရေလက်ကြားကို အီရန်ရေတပ်က ပိတ်ဆို့ထားဖို့ ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီးတော့ အီရန် ဒုတိယသမ္မတ မိုဟာမက်ရီဇာ ရာဟီမီ (Mohammad Reza Rahimi) ကလည်း အင်္ဂါနေ့က ပြောဆိုတာမှာ အီရန်ရဲ့ ရေနံတင်ပို့မှုကို ပိတ်ဆို့ဒဏ်ခတ်ရင် ဟော်မုဇ်ရေလက် ကြားထဲမှာ ရေနံတစ်စက်မှ ဖြတ်သန်းလို့ မရဘူး ဖြစ်သွားစေရမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေန့က စပြီးတော့ ဟော်မုဇ် ရေလက်ကြားနဲ့ အနီးတ၀ိုက်ရေပြင်ထဲမှာ အီရန်ရေတပ်ရဲ့ (၁၀) ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပါတယ်။

၂၀၁၂ခုနှစ်မှာမြန်မာ့ လူ့အခွင့်အရေး စိန်ခေါ်ချက်များရှိနေ
By ကိုသားညွန့်ဦး
အခု ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ အရင်ကထက် သိသိသာသာ တိုးတက်လာတယ်ဆိုပေမဲ့ စိန်ခေါ်ချက်တွေ၊ အကဲစမ်းမှုတွေတော့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောပါတယ်။ အထူးသဖြင့်တော့ ပြီးခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် တာဝန်ယူဖြေရှင်းလိုစိတ် အာဏာပိုင်တွေမှာရော၊ အခြား လူမှုအဖွဲ့အစည်းတွေမှာပါ မတွေ့ရတဲ့အချက်ဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ အထူးကိုယ်စားလှယ်က ပြောသွားတာပါ။ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
မြန်မာအစိုးရအနေနဲ့ အခုနှစ်အတွင်းမှာ နိုင်ငံတကာရဲ့ ကြိုဆိုမှုတွေနဲ့ လိုလိုလားလား ဆက်ဆံမှုတွေ ရတဲ့နှစ်လို့ ပြောရမှာဖြစ်သလို ဒါဟာလည်း တဘက်က လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အခြေအနေ အချို့ တိုးတက်လာတာကြောင့်လို့ ပြောနိုင်ပါတယ်။ြ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...