ကိုယ်ကျင့်တရားကောင်းကောင်းထား
အုန်းဝမ်(ရန်ကုန်တက္ကသိုလ်)
ဒီတစ်ပတ်မှာတော့Good Moral ဆိုတဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ်ကို ဖတ်
ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတိုလေးကို ဖတ်ပြီးတဲ့အခါမှာ လူ့လောကမှာရှိကြတဲ့
လူတွေရဲ့ ထူးခြားတဲ့၊ နက်နဲတဲ့၊ အံ့သြဖွယ် ရာကောင်းတဲ့၊ ဆန်းကြယ်တဲ့
လူ့ကျင့်ဝတ် (၀ါ) ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး အတွေးလေးတွေ
ဝင်လာခဲ့ပါတယ်။ အရင်ဆုံး အဲဒီဇာတ်လမ်းတိုလေးကို ဖတ် ကြည့်လိုက်ကြရအောင်။
Two men, both seriously ill, occupied the same hospital room.
One man was allowed to sit up in his bed for an hour each afternoon to
help drain the fluid from his lungs. His bed was next to the room's
only window. The other man had to spend all his time flat on his back.
အပြင်းအထန်နေမကောင်းဖြစ်နေ တဲ့ အမျိုးသားနှစ်ယောက်ဟာ ဆေးရုံ
အခန်းတစ်ခန်းတည်းမှာ ဆေးရုံတက်နေခဲ့ ပါတယ်။ အမျိုးသားတစ်ဦးက သူ့အဆုတ်
ထဲက အရည်တွေစစ်ထုတ်ဖို့အတွက် သူ့ ခုတင်ပေါ်မှာ မွန်းလွဲပိုင်းအချိန်တိုင်း
တစ်နာရီကြာထိုင်ခွင့်ရပါတယ်။ သူ့ခုတင် က ဆေးရုံအခန်းရဲ့ တစ်ခုတည်းသော
ပြတင်းပေါက်ဘေးမှာဖြစ်ပါတယ်။ အခြား လူနာတစ်ဦးကတော့ (သူ့ရောဂါ အခြေ
အနေအရ) ခုတင်ပေါ်မှာပဲ တစ်ချိန်လုံး ပက်လက်လှဲရင်း အချိန်တွေကုန်ဆုံးရ
ပါတယ်။
The men talked for hours on end. They spoke of their wives and
families, their homes, their jobs, their involvement in the military
service, where they had been on vacation. And every afternoon when the
man in the bed by the window could sit up, he would pass the time by
describing to his room-mate all the things he could see outside the
window.
အဲဒီလူနှစ်ယောက်ဟာ စကားတွေ ကို နာရီအတော်ကြာကြာမရပ်မနားပြောခဲ့
ကြပါတယ်။ သူတို့ရဲ့ ဇနီးတွေနဲ့မိသားစု တွေအကြောင်း၊ သူတို့ရဲ့အိမ်တွေ၊
အလုပ် အကိုင်တွေ၊ စစ်မှုထမ်းခဲ့တာတွေ၊ အားလပ်ရပ်
သူတို့သွားခဲ့ဖူးတဲ့နေရာတွေ အကြောင်း သူတို့ပြောခဲ့ကြပါတယ်။
မွန်းလွဲပိုင်းရောက်လို့ ပြတင်းပေါက်ဘေး ခုတင်က လူနာထိုင်ရတဲ့အခါ အဲဒီလူက
သူ့ရဲ့အခန်းဖော်ကို အပြင်မှာ သူမြင်တွေ့ နေရတဲ့ အကြောင်းအရာအားလုံးကို
သရုပ်ဖော်ပြောပြရင်း အချိန်တွေကုန်ဆုံး စေခဲ့ပါတယ်။
The man in other bed began to live for those one-hour periods
where his world would be broad-ened and enlivened by all the activity
and colour of the world out- side. The window overlooked a park with a
lovely lake. Ducks and swans played on the water while children sailed
the model boats. Young lovers walked arm in arm amidst flowers of
every colour of the rainbow. Grand old trees graced the landscape, and
a fine view of the city skyline could be seen in the distance. As the
man by the window described all this in exquisite detail, the man on
the other side of the room would close his eyes and imagine the
picture-sque scene.
အခြားခုတင်မှာရှိတဲ့ လူနာကတော့ (ပြတင်းပေါက်ဘေးကုတင်က လူနာပြော
ပြလို့) အပြင်လောကက လှုပ်ရှားမှုတွေနဲ့ အရောင်အသွေးတွေကြောင့် သူ့ဘ၀၊
သူ့ကမ်္ဘာဟာ သက်ဝင်လှုပ်ရှားပြီး အဲဒီ တစ်နာရီကြာ အချိန်ကာလများအတွက်
အသက်ရှင်ရပ်တည်နေခဲ့ပါတယ်။ ကလေး လေးတွေ လှေရုပ်တွေကို ရွက်လွှင့်နေချိန်
မှာ ဘဲတွေနဲ့ ဘဲငန်းတွေဟာ ရေပြင်ပေါ် မှာ ဆော့ကစားနေခဲ့တယ်။ ငယ်ရွယ်တဲ့
ချစ်သူစုံတွဲတွေကတော့ သက်တံ့ရောင်လို အရောင်အသွေးစုံတဲ့ ပန်းပွင့်တွေရဲ့
အလယ်မှာ တစ်ဦးကိုတစ်ဦး လက်ချင်း ချိတ်ပြီး လမ်းလျှောက်ကြတယ်။ ခမ်းနား
တဲ့ သစ်ပင်အိုကြီးတွေက တောတောင် ရေမြေရှုခင်းကို ပနံရစေပြီး
မြို့ပြရဲ့လှပတဲ့ အဆောက်အဦတွေကို မိုးကုတ်စက်ဝိုင်း နောက်ခံပြီး
ခပ်လှမ်းလှမ်းအကွာအဝေး မှာ မြင်တွေ့နိုင်ပါတယ်။ ပြတင်းပေါက် ဘေးက လူက
အသေးစိတ်လှပသိမ်မွေ့ စွာ ဖော်ပြပြောဆိုတာကြောင့် အခန်းရဲ့ အခြားတစ်ဖက်က
လူလည်း သူ့မျက်လုံး တွေကို မှိတ်ပြီး လှပတဲ့ ရှုခင်းကို စိတ်ကူး
ပုံဖော်မှန်းဆကြည့်ခဲ့ပါတယ်။
One warm afternoon the man by the window described a parade
passing by. Although the other man couldn't hear the band-he could see
it in his mind's eyes as the gentleman by the window portrayed it with
descriptive words. Days and weeks passed. One morning, the day nurse
arrived to bring water for their baths only to find the lifeless body
of the man by the window, who had died peacefully in his sleep.
နွေးထွေးတဲ့ မွန်းလွဲပိုင်း တစ်ချိန်မှာ တော့ ပြတင်းပေါက်ဘေးက လူက
ဘေးကနေဖြတ်သွားတဲ့ အခမ်းအနားနဲ့ စီတန်းလမ်းလျှောက်ချီတက်တဲ့အြေ
ပြောပြပါတယ်။ ပြူတင်းပေါက်ဘေးက လူက ကွင်းကွင်းကွက်ကွက် သရုပ်ဖော်ပြ
တဲ့အတွက် အခြားတစ်ဖက်က လူအနေနဲ့ ဘင်ခရာတီးမှုတ်သံမကြားရပေမဲ့လည်း သူ့ရဲ့
စိတ်မျက်စိအာရုံမှာ အဲဒါကို မြင်တွေ့ ခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေ
ကုန်ဆုံးသွား ခဲ့ပါတယ်။ တစ်မနက်မှာတော့ သူတို့ချိုးဖို့ ရေယူလာတဲ့
နေ့တာဝန်ကျသူနာပြု ဆရာမရောက်လာတော့ အိပ်နေရင်း ငြိမ်းချမ်းစွာသေဆုံးနေတဲ့
ပြတင်းပေါက် ဘေးက လူရဲ့ အသက်မဲ့ ကိုယ်ခန်္ဓာကို တွေ့သွားပါတယ်။
She was saddened and called the hospital attendants to take the
body away. As soon as it seemed appropriate, the other man asked if he
could be moved next to the window. The nurse was happy to make the
switch, and after making sure he was comfortable, she left him alone.
Slowly, painfully, he propped himself up on one elbow to take his
first look at the world outside. Finally, he would have the joy of
seeing if for himself.
သူမဟာ စိတ်မကောင်းဖြစ်သွားပြီး ဆေးရုံဝန်ထမ်းတွေကို ရုပ်အလောင်း
သယ်သွားဖို့ ခေါ်လိုက်ပါတယ်။ သင့်တော် တယ်လို့ထင်တာကြောင့် အခြားတစ်ဖက် က
လူက ပြတင်းပေါက်ဘေးကို သူ့ကို ရွှေ့ပေးဖို့ပြောလိုက်ပါတယ်။ သူနာပြု
ဆရာမကလည်း ၀မ်းသာစွာနဲ့ ပြောင်းလဲ ပေးပြီး အဲဒီလူသက်သောင့်သက်သာရှိ အောင်
ပြုလုပ်ခဲ့ပြီးနောက် သူ့ကို တစ်ယောက်တည်းထားခဲ့ပါတယ်။ ပြင်ပ လောကကြီးကို
ပထမဆုံးကြည့်ဖို့ နာကျင် စွာနဲ့ တဖြည်းဖြည်းချင်း သူ့ရဲ့ တံတောင် ဆစ်
တစ်ဖက်ကို ထောက်ကန်ရင်းအားပြု လိုက်ပါတယ်။ နောက်ဆုံးမှာတော့ ပြင်ပ
လောကကြီးကို သူ့ဘာသာသူ မြင်ပြီး ပျော်ရွှင်ရတော့မှာပါ။
He strained to slowly turn to look out the window beside the bed.
It faced a blank wall. The man asked the nurse what could have
compelled is deceased roommate who had described such wonderful things
outside this window. The nurse responded that the man was blind and
could not even see the wall. She said, "Perhaps he just wanted to
encourage you."
ခုတင်ဘေး ပြတင်းပေါက်ကနေ အပြင်ကို ကြည့်ဖို့ သူဟာ အားစိုက်ပြီး
တဖြည်းဖြည်းချင်းလှည့်လိုက်ပါ
နံရံအလွတ်ကြီးတစ်ခုပါပဲ။ ကွယ်လွန် သွားတဲ့ သူ့အခန်းဖော်ပြောပြခဲ့တဲ့
ပြတင်း ပေါက်ရဲ့အပြင်က ထူးဆန်းအံ့သြဖွယ်ရာ တွေနဲ့
စိတ်ဝင်စားဖွယ်ဆွဲဆောင်တဲ့ အရာ တွေနဲ့ ပတ်သက်ပြီး သူနာပြုဆရာမကို သူက
မေးလိုက်တယ်။ အဲဒီလူက မျက် မမြင်တစ်ယောက်ဖြစ်ပြီး အဲဒီနံရံကို တောင်မှ
မြင်နိုင်စွမ်းမရှိပါဘူးလို့ သူ့အမေး ကို သူနာပြုဆရာမက တုံ့ပြန်လိုက်တယ်။
“သူက ရှင့်ကို အားတက်စေချင်လို့ပဲဖြစ် မယ်”လို့ သူမက ပြောလိုက်တယ်။
(Source-http://www.crystal- reflections.com/stories/story-
ဆေးရုံအခန်းတစ်ခန်းထဲမှာ ဆေးရုံ အတူတူတက်တဲ့ သူအချင်းချင်း ကူညီ
ရိုင်းပင်းသွားတဲ့ စိတ်ဓာတ် ဒါမှမဟုတ် ကွယ်လွန်သွားတဲ့ လူနာရဲ့
ကိုယ်ကျင့် တရား(၀ါ)ကောင်းတဲ့ လူ့ကျင့်ဝတ်လေးကို အရမ်းလေးစားသွားမိပါတယ်။
သူ့ရောဂါ ဝေဒနာအတွက် မွန်းလွဲပိုင်းမှာ တစ်နာရီ လေးပဲထိုင်ရတာကိုတောင်မှ
အမြဲပက် လက် လဲလျောင်းနေရတဲ့ လူနာကို စိတ်အားတက်ကြွအောင်၊ စိတ်ပျော်ရွှင်
အောင်၊ စိတ်ကြည်လင်လန်းဆန်းအောင်၊ စိတ်ကျေနပ်အောင်၊ စိတ်ချမ်းသာအောင်၊
စိတ်ဓာတ်မကျအောင် သူမျက်စိမမြင်ပေမဲ့ လည်း သူတတ်နိုင်သလောက် စွမ်းဆောင်
ပေးခဲ့ပါတယ်။ နောက်ဆုံးအချိန်ထိ ကူညီ ဖေးမ အားပေးသွားခဲ့ပါတယ်။
စက်္ခုနှစ်ကွင်းအလင်းမရရှာတဲ့ အဆုတ်ရောဂါဝေဒနာသည်တစ်ဦးက သူ့ ဘေးက
တစ်ခန်းတည်းအတူ ဆေးရုံ တက်နေတဲ့ လူနာအပေါ်Good moral ထားနိုင်ခဲ့ပါတယ်။
သူလိုလူမျိုးကတောင် ဒီလိုစိတ်ဓာတ်မျိုး(၀ါ)ကောင်းတဲ
ကျင့်ဝတ်ရှိသေးရင် ဒီနေ့ကမ်္ဘာလောကကြီး မှာ တစ်ရပ်ကွက်တည်း တစ်လမ်းတည်း
နေကြသူ အချင်းချင်း၊ စာသင်ကျောင်း တစ်ကျောင်းတည်းမှာ ကျောင်းတက်ကြသူ
အချင်းချင်း၊ စာသင်ခန်းတစ်ခန်းတည်းမှာ စာအတူသင်ကြ သူအချင်းချင်း၊
ကုမ်္ပဏီ/ အဖွဲ့အစည်း တစ်ခုတည်းမှာ၊ ဌာန တစ်ခုတည်းမှာ အတူတူ အလုပ်လုပ်
နေကြတဲ့ လုပ်ဖော်ကိုင်ဖက်(colleagues) အချင်းချင်း သူ့လို စိတ်ထားမျိုး၊
သူ့လို ကောင်းတဲ့ ကိုယ်ကျင့်တရား(Good moral)ထားနိုင်ကြရင် ဘယ်လောက်
ကောင်းမလဲ...။
ကျွန်တော်တို့တွေလည်း အဲဒီလို စိတ်ထားမျိုး၊ ကိုယ်ကျင့်တရားမျိုးထားရော
ထားနိုင်ကြပါ့မလား...။
0 comments:
Post a Comment