ကျနော်တို့ စေတနာ မြင်ပါစေ။
by Wai Maw on Monday, December 12, 2011 at 3:59pm
-ကိုပီတာ (စမ်းချောင်း)
-၁၂-၁၂ -၂၀၁၁
၁၉၈၈ နှစ်ဦးပိုင်းလောက်မှာ ကျနော်တို့ ရန်ကုန်တက္ကသိုလ် အရှည်ကြီးဆိုင်မှာ ထိုင်ဖြစ်ကြသည်။
ပိုက်ဆံသိမ်းသည် ကိစ္စကို ပြောဆိုဝေဖန်မိကြသည်။
မကောင်းသော အယူအဆများ အကြောင်း၊ မြန်ပြည် တိုးတက်ရာ တိုးတက်ကြောင်းကို အနှောက်ယှက် ဖြစ်စေ သောအရာများ၊ အကြောင်းများ ပါလာသည်။
ကို မင်းထက်မောင်၊ ကို ဖေသက်နီ ၊ မောင်မာန်ထက်၊ စသည့် မိတ်ဆွေများ ပါဝင်ကြသည်။ စာပေ အားသန် ကြသဖြင့် စာပေ အကြောင်းကို ဝေဖန်ကြသည် လေကန်ကြသည်။
ကျနော်က သူတို့ဝိုင်းမှာ နားထောင်သမား သက်သက်ပါ။
တိုင်းပြည်တိုးတက်မူကို အနှောက်ယှက်ပြုပြီး၊ပြည်သူ အားမာန် အချိန်များကို ဖျက်ဆီးနေသော စာအုပ်များကို ယူလာပြီး အကြောင်းအရာ ကို ပြောပြီး မီးပုံရှို့ ကြရင်ကောင်းမည် ဟု တိုင်ပင်ကြသည်။
သိုင်းစာအုပ်ပါသည် အချစ်ဝတ္တူ တချို့ပါသည်။
စာပေစီစစ်ရေး ကိုလည်းဘယ်လိုထည့် မီးရှို့ရင် ကောင်း မလဲ ဟုမေးချင်လာသည်၊ မမေးဖြစ်ပါ၊
ကောင်းမွန် တိုးတက်သော အမြင်စာပေများကို ဖျက်ဆီးနေသော ပင်မ အမြစ်ကို မနှုတ်ပစ်ပဲ မသုတ်သင်ပဲ ထားခြင်းသည် အကျိုးမရှိနိုင်၊ အားလုံးလည်း သိသည်၊
ဒါကြောင့် ၈၈၈၈ တွင် ကျရာ နေရာ ရောက်ရာ အရပ်ကနေ ပါဝင်ခဲ့ကြသည်။
မနေ့က နာမည်ကျော်မင်းသား တစ်ဦး၏ ပညာရေး ရံပုံငွေပွဲမှ အငြိမ့်ပွဲ့ အသံလွင့်ဌာန တစ်ခုက လွင့်ပြသည်၊
နာမည်ရ မင်းသားများပါဝင်သည်၊
ပညာရေးအတွက် အထောက်ကူ ဖြစ်စေလို၍ ပါဝင်ကြ သည်၊
စေတနာက တော့ ကြည်ညိုလေးစားမိပါသည်၊
ရည်ရွယ်ချက်ကောင်းပါသည်။
နောက်လူများ အားကျစရာပါ။
ဒါပေမယ့် ကပြပုံကိုတော့ အောံနုလုံးနာမိပါသည်။
လူငယ်များ လေးစား အတုခိုးရသည့် အနုပညာရှင် ဘ၀မှာ အသက်ရှုအမှား မခံပါ၊
လူရွှင်တော်များ ဆိုရင် ဘာမှ မဖြစ်ပါ။
ပညာရေး ရံပုံငွေပွဲက ပညာပေး ရံပုံငွေပွဲဖြစ်သင့်သည်။
ခုတော့ မင်းသမီး တစ်ဦးကို လူရွှင်တော် သရုပ်ဆောင် မင်းသားများက မဟားဒယား ပိုးစိုးပက်စက် ၀ိုင်း ပြောနေကြသည်၊
ရုပ်ရှင်ထဲ တွင် မိန်းခလေး တစ်ဦးကို စော်ကားနေကို ၀င်ရောက် ကာကွယ်ကယ်ဆယ် ခဲ့သော မင်းသားများက လူလုံးထွက်ပြသည့် ပွဲမှာ ကိုယ်တိုင် ပက်ပက စက်စက် ပြောဆို နေခြင်းသည် လူငယ်များ အတွက်ရင်လေး စရာပါ။
လမ်းတွင် သွားလာနေသော မိန်းမငယ်များကို လူငယ်များက ၀ိုင်းပြီး မစာနာပဲ နှောင်ပြောင်ဖို့ အားပေးသလို ဖြစ်နေပါသည်။
ကျနော်တို့ တိုင်းပြည် အောင်မြင်တိုးတက်မူရရှိရန် အတွက် ကျနော်တို့တွင် အမြင်တိမ်ဖုံးနေသော အမှားများ အယူအဆ များကို ဖျက်ဆီးရပါမည်။
ယနေ့ ပြည်သူကြိုက်နှစ်သက်သော ကားများထဲ တွင် လူငယ်ထု ကို အချောင်လမ်းပြပေးသော ကားများ လည်း အများပြား ပါရှိနေ ပါသည်။
ခေတ်စနစ် အခြေနေအရ တိုင်းပြည်အာဏာကို အချောင်ရဖို့ ကြံစည်အားထုပ်ခဲ့သော အာဏာရှင်များ ကြောင့် ဆိုးဝါးစွာ ထွက်ပေါ်လာသော ခံစားမူများကို လက်မခံပဲ ပြန်လည်တိုက်ဖျက်ရပါမည်။
ထောင်ထဲ ရောက်နေသော ၈၈ ကျောင်းသားကိုဌေးကြွယ် ပြောဖူးသလို အဓမ္မကို ဓမ္မနှင့် တိုက်ဖို့လိုသည်။
ကို အံဘွယ်ကျော် ပြောခဲ့သလို အမှားကို ကြောက်ပြီး လက်မခံပါနဲ့။
ကိုမင်းကိုနိုင် စကားလို သွေးစွန်းလက်များကို မနှုတ်ဆက်မိပါစေနဲ။
နောက်ဆုံး ခင်ဗျာတို့ စေတနာကို ကျနော်တို့ ရင်ထဲမှာ မြတ်မြတ်နိုးနိုး တန်းဖိုးထား ပါသည်။
ကျနော်တို့ စေတနာကို မြင်ပါစေ။
ကိုပီတာ
(စမ်းချောင်း)
0 comments:
Post a Comment