Thursday, December 15, 2011

ဧဟိ

by Zay Ya on Thursday, December 15, 2011 at 11:33am
Interview with KGO TV, San Francisco, California.
Answerer was OSHO.
12 August 1985 pm in Jesus Grove.


Q:         လူတွေရဲ့ အတွေးစိတ် ကို လွှမ်းမိုးဖို့ ကြိုးပမ်းသမျှ တွေက ဘယ် အယူအဆ၊ ဘယ် ယုံကြည်မှု မျိုးမှာ မဆို ရှိတယ်။ အဲ့ဒီ ယုံကြည်မှု တွေက - ဒီရာစုမှာ ၊ ရှေ့လာမယ့် ရာစု မှာ ရှေ့တန်း တစ်နေရာ က အထင်ကရ ဖြစ်လာ နိုင်ပါတယ်။ အဲ့ဒါကို ခင်ဗျား ဘယ်လို မြင်ပါသလဲ။ ခင်ဗျား သဘောတူ မတူ တော့ မသိ - ဒီလို ယုံကြည်မှု အမျိုးမျိုး တွေဟာ ယှဉ်ပြိုင် ဖြစ်တည် နေဦးမှာ။ အဲ့ဒါ ကို ခင်ဗျား ဘယ်လို မြင်ပါသလဲ။

A:         ကျနော် ရဲ့ အမြင်ဟာ- ယုံကြည်မှု မဟုတ်ပါဘူး။ လုံးဝ ကွဲပြား ပါတယ်။ ကက်သလစ် လို ခရစ်ယာန် စသည် ဘာသာရေး ယုံကြည်မှုမျိုး ဖြစ်ဖြစ်၊ ကွန်မြူနစ် လို ဒဿန ယုံကြည်မှုမျိုး ဖြစ်ဖြစ် ဘယ် ယုံကြည်မှုမျိုး မဆို၊ - အဲ့ဒီ ယုံကြည်မှု စနစ် အားလုံး ကို ချေဖျက်ပစ်တာ သက်သက်ပါပဲ။


Q:         ဘယ် “ယုံကြည်မှု” မျိုးကိုမှ မယုံကြည်ပါဘူး ဆိုတာဟာလည်း - “ယုံကြည်မှု” စနစ် တစ်မျိုးပဲ မဟုတ်လား။

A:         ဒါဟာ ယုံကြည်မှု စနစ် မဟုတ်ဘူး။ ယုံကြည်မှု စနစ်လည်း ဖြစ်နိုင်ဖို့ လုံးဝ မရှိပါဘူး။ ယုံကြည်မှု စနစ် ဆိုတာ လူတွေကို ရှေ့ဆက်မယ့် အစီအစဉ် တွေ ချပေးမယ်။ စီမံကိန်း တွေ လုပ်ပေးမယ်။ လူတွေဟာ ယုံကြည် မျှော်လင့်ချက်နဲ့ - ရှေ့ကို ခရီးဆက် ချီတက် နိုင်မယ်။ ကျနော် ပြောနေတာက - လူတွေရဲ့ အဲ့ဒီ အစီအစဉ်တွေကို ရိုးရိုးရှင်းရှင်း ချေဖျက် ပစ်တာပဲ ဖြစ်ပါတယ်။ သူတို့ကို ဘာအစီအစဉ်မှ ပေးနေတာ မဟုတ်ဘူး။ ရှိနေပါတယ် ဆိုတဲ့ အဲ့ဒီ အစီအစဉ်တွေကို ချေဖျက် ပစ်တာ သက်သက်။ သူတို့ သန္တာန်မှာ ယုံကြည်တယ် ဆိုတာတွေ ဖယ်ပစ်ဖို့၊ အရှင်းလင်းဆုံး ဖြစ်သွားဖို့ ပဲ။  သူတို့ အပေါ်မှာ ဘာမှ မရေးထားပါဘူး။ မွေးဖွား လာစက ပုံမျိုး နီးပါး - အဖြူထည်မျိုး ဖြစ်ပါတယ်။

ကျနော့ ဆီကို ဂျူး၊ ဟိန္ဒူ၊ မိုဟာမက်ဒင် စသဖြင့် ဘယ်ဘာသာဝင် ရောက်လာလာ - သူတို့ရဲ့ အတွေးစဉ် တွေကို ကျနော် ဖယ်ပစ်မှာပဲ။ ဆိုလိုတာက သူ့ သန္တာန်မှာ သယ်ဆောင်လာမယ့် ယုံကြည်မှု စနစ် မှန်သမျှ ဖျက်ချပစ်ဖို့ ကျနော် ပြောမှာပဲ ။ ဒါဟာ သူ့ယုံကြည်ချက်ကို ဖျက်ဆီးပြီး၊ ကျနော့ရဲ့ အခြား ယုံကြည်ချက် တစ်ခု အစားပြန် ထပ် ထည့်ပေးတာ မဟုတ်ဘူး။ ဖျက်ချတာ သက်သက်။ ကျန်တာ ဘာမှ လုပ်စရာ မလိုဘူး။



Q:         အဲ့တော့ - ခင်ဗျား ဆိုလိုတာက - သဘာဝမှာ Vacuum လို့ခေါ်တဲ့ ဗလာနယ်ချည်း သက်သက်တွေ ရှိသလို၊ စိတ်အတွေးထဲကို ဗလာချည်း သက်သက် ထားဖို့ ပြောနေတာမျိုး အဲ့လို မဟုတ်လား။

A:         မဟုတ်ပါဘူး။ ဒီစကားက မှားနေပါတယ်။ အကြောင်းက -
အခု ကျနော်  ဆိုပါတော့။  သုံးဆယ့်နှစ်နှစ် မှာ ကျနော်ဟာ ဘာမှ မဟုတ်ဘူး။ အပြည့်အဝ “ဘာတစ်ခုမှ မဟုတ်” ပါဘူး။ ဒီလို ပြောလိုက်တာဟာ - သိပ္ပံ ( ရုပ်ပိုင်းဆိုင်ရာ ) သဘောအရ သာလျင် - ဓမ္မဓိဌာန်ကျကျ မှန်ကန်လိမ့်မယ်။ “သဘာဝဟာ စင်စစ် ဗလာချည်းသာ ဖြစ်နေပါတယ်” ဆိုတဲ့ မှန်နည်းမျိုး မှန်ကန်မယ် ။ နို့ ပေမယ့် နာမ်ပိုင်းဆိုင်ရာ သဘောနဲ့ ဆိုရင် ဆန့်ကျင်ဘက် ဖြစ်သွား ပါတယ်။


ခင်ဗျား ရဲ့ သန္တာန်အတွင်း ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း တိုးဝင်ကြည့်ပါ။ ခင်ဗျား တိုးဝင်ကြည့် လေလေ - ခင်ဗျား ကိုယ် ခင်ဗျား ဘာမှမဟုတ်ဘူး ဆိုတာ သိလာရ လေလေပဲ။ ဗလာချည်၊ အချည်းနှီး သက်သက်ကို မြင်ရမယ် ။ နောက်ဆုံးမှာ - ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် သုညတ ၊ လုံးဝ ကင်းပြတ် နေကြောင်း တွေ့လိုက် ရမယ်။ အဲ့ဒါကို Enlightenment - ဥာဏ်လင်းပွင့်မှု ရရှိတဲ့ ခဏလို့ ခေါ်ဆိုပါတယ်။ အဲ့အချိန်မှာ ခင်ဗျား အတ္တမ ( အတ္တ၊ ထင်ယောင်ထင်မှား ) ပျောက်ကွယ် သွားတယ်။ ခင်ဗျား ရဲ့ လိုချင်တပ်မက်မှု ၊ အာသာ ဆန္ဒ အကုန်လုံး - အဝေးလွင့်သွားတယ်။ ဆိုလိုတာက - ခင်ဗျား ကိုယ်တိုင်ပါ ပျောက်ဆုံး သွားပါတယ်။ အလင်းချည်း သက်သက်၊ ဘဝ သက်သက်၊ အဆုံးအစမဲ့ - ထာဝရသက်သက် ... စသည် ဘယ်လို ခေါ်ခေါ် “အဲ့ဒါ” သက်သက်ပဲ ရှိနေတယ်။ အဲ့ဒါက - အဲ့အချိန်မှာ ခင်ဗျားဟာ လူ တစ်ယောက် မဟုတ်ဘူး လို့ မြင်သွားတယ် - သန့်စင်တဲ့ သိမှု သက်သက်ကလေး။ စိတ် အတွေးအကြံ မဟုတ်ဘူး။ စိတ် အတွေးအကြံ ၊ သန္တာန် အားလုံး ငြိမ်းသွားမှု သက်သက် ကလေး။ ဗုဒ္ဓဟာ ဒါကို “ချုပ်ငြိမ်းမှု” ( နိဗ္ဗာန : Nirvana ) လို့ အတိအကျ အမည် ပေးခဲ့တယ်။ အဓိပ္ပာယ်က Nothingness - ဘာမှ မဟုတ်ခြင်း၊ ဖြစ်ခြင်း-ပျက်ခြင်း မှ ကင်းလွတ်ခြင်း။ ကင်းပြတ် ချုပ်ငြိမ်းသွားခြင်း။ ( Nothing ကို ရံဖန်ရံခါ သုံးတတ်တဲ့  -
“အလေနတော ၊ အလဟဿ ဘာမှ မဟုတ်မှုမျိုး” အဓိပ္ပာယ် မဟုတ်ဘူး။ No-thingness - ရုပ်၊နာမ်၊ ( ပစ္စည်း- ပစ္စယ ) ဖြစ်ခြင်း ပျက်ခြင်း သဘော တို့က ကင်းပြတ်ခြင်း ကို ဆိုလိုပါတယ်။ )

အနောက် နိုင်ငံက ဘယ်ဘာသာရေးမှ ဒီနေရာကို ဦးတည်မနေဘူး။ အနောက် နိုင်ငံက ဘာသာတွေထဲက အထင်ကရ သုံးခု - ခရစ်ယာန်၊ ဂျူး ( ဂျုဒ ) ၊ မိုဟာမက်ဒင် - ဒီ သုံးခုဟာ အိန္ဒိယ ရဲ့ ပြင်ပမှာ ပေါ်ပေါက်တယ်။ အဲ့ဒီ သုံးခု စလုံး ဟာ အခု အချက်ကို ဦးတည် မနေပါဘူး။ အိန္ဒိယ အတွင်း မှာ ပေါ်ပေါက်တဲ့ ဘာသာ သုံးခု ရှိတယ်။ - ဟိန္ဒူ၊ ဂျိန်း၊ ဗုဒ္ဓ ။ - ဒီသုံးခုက  အဲ့ဒီ အချက်ကို မိမိတို့ ပုံစံ အမျိုးမျိုး နဲ့ ဦးတည် ထားပါတယ်။ ဆိုလိုတာက ခင်ဗျား ရဲ့ အတွင်း သန္တာန်ကို နှစ်ဝင် ရှာဖွေ ကြည့်ဖို့ပဲ။  ခင်ဗျား ရဲ့ စင်စစ် တကယ့်အဖြစ် ကို သိမြင်ဖို့ ဟာ - ဒီ ဘာသာတွေ ရဲ့ အန္တိမ ပန်းတိုင် ဖြစ်ပါတယ်။ အဲ့ဒါဟာ အခြား အရာ တစ်ခုခု ၊ အခု ခင်ဗျား ပြောတဲ့ ဗလာနယ် ဆိုတာကို သပ်သပ် ထပ်ဖြည့် ထားတဲ့ အဓိပ္ပာယ် မသက်ရောက်ဘူး။

Q:         ခင်ဗျား ပြောတာကို ကျနော် နားမလည်ဘူး ဆိုရင် - ခင်ဗျား သိပ်အံ့ဩမှာ မဟုတ်ဘူး ထင်တယ်။

A:         ခင်ဗျား နားမလည်ရင်လည်း ကျနော် မအံ့ဩပါဘူး။ ဘာလို့ဆိုတော့ - ခင်ဗျား ကိုယ်တိုင် မတွေ့သိ ဖူးတဲ့ အရာတစ်ခုကို ခင်ဗျား ဘယ်လို ပုံစံ နဲ့ နားလည်နိုင်မလဲ။  ဥပမာ - ခင်ဗျား သကြား အရသာ တစ်ခါမှ မြည်းမကြည့် ဖူးဘူး ။ အဲ့ဒါကို ကျနော် က ဘယ်လိုနည်းနဲ့ ဘယ်လို ရှင်းပြပြ၊ ခင်ဗျား အဲ့အရသာ ကို သဘောပေါက် သွား၊ သိသွားမှာ မဟုတ်ဘူး။ ခင်ဗျား သိအောင် လုပ်ချင်ရင် တစ်နည်းပဲ ရှိတယ် - ကျနော့ အပေါင်းအသင်းတွေ ကို ခေါ်၊ ခင်ဗျားကို အတင်းချုပ်၊ ခင်ဗျား ပါးစပ်ထဲ သကြား လောင်းထည့်မှ ရမယ်။ ဆိုလိုတာက - အရာတစ်ခုကို ခင်ဗျား မတွေ့သိ ဖူးရင် ၊ အဲ့ဒီအရာကို ခင်ဗျား အပြည့်အဝ နားလည်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် အခု ပြောတဲ့ အတွင်းသန္တာန်ရဲ့ အဖြစ် ဆိုတာ ကို - ခင်ဗျား တကယ်စင်စစ် နားလည်ချင်တာပါ ဆိုရင် - ( တိုက်တွန်းချင်တာက ) လာပါ၊ ဘာဝနာ ပွားကြည့် လှည့်ပါ။ အဲ့ဒါပဲ ဖြစ်ပါတယ်။

Youtube Link - http://www.youtube.com/watch?v=FWEhqST0Dyk
.........................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
.........................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...