မီးပြတိုက် သတင်းစုစည်းမှု (၁၅ ။၁၂ ။၁၁)

7:22 PM (1 hour ago)
![]() | ![]() ![]() | |||
|
- နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥရောပသမဂ္ဂမှ အကြံပေးပုဂ္ဂိုလ် Mr. Robert Cooper အား လက်ခံတွေ့ဆုံ ၊
- နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စင်ကာပူသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အာ
း လက်ခံတွေ့ဆုံ ၊
- တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် ရှေ့တစ်ပတ်တွင် မြန်မာနိုင်ငံသို့ သွားမည် ၊
- ကချင်ပြည်နယ်တွင်း စစ်ရာဇ၀တ်မှုများရှိမရှိ စုံစမ်းစစ်ဆေးမည် ၊
- ခုခံခြင်းမှအပ စစ်ချီတိုက်ခိုက်ခြင်းမပြုရန် သမ္မတက ညွှန်ကြား ၊
- မြန်မာလူ့အခွင့်အရေး ကော်မရှင်က တိုက်ပွဲများ ရပ်စဲရန်နှင့် မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်စဲရန်တောင်းဆို ၊
- အမျိုးသားလူ့အခွင့်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များ ၊
- လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူမျာ
းပါသည့် ကော်မရှင်က တည်ဆဲဥပဒေများကို စိစစ်မည် ၊ - မြိုတိုင်းရင်းသားပါတီကို တည်ထောင်လိုကြောင်းလာရောက်လျှော
က်ထား ၊ - နိုင်ငံ၏ အရေးကြီးသော မဏ္ဍိုင်ကြီးသုံးရပ်အား တည့်မတ်အောင် စတုတ္ထမဏ္ဍိုင်က စောင့်ကြည့်ထိန်းသိမ်းပေးရန် လိုအပ် ၊
- အင်တာပိုလ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အကြမ်းဖက်နှိမ်နင်းရေး နည်းပညာပေးရန် စီစဉ် ၊
- ရန်ကုန် မိုးပျံရထားစီမံကိန်း မလေးလုပ်ငန်း ရှင်များ ရင်းနှီးမြုပ်နှံရန် လာရောက်မည် ၊
- ဆွစ်ဇာလန်မီးပုံးပျံအဖွဲ့ မြန်မာနိုင်ငံတွင် မီးပုံးပျံသရုပ်ပြစီးနင်းပြသမည်
၊ - ကမ္ဘာ့ အကြီးဆုံး ဗုဒ္ဓမြတ်စွာဘုရား ရုပ်ထူတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥရောပသမဂ္ဂမှ အကြံပေးပုဂ္ဂိုလ် Mr. Robert Cooper အား လက်ခံတွေ့ဆုံ |
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဥရောသမဂ္ဂ
နိုင်ငံခြားရေးနှင့် လုံခြုံရေးအကြီးအကဲ မစ္စကက်သရင်းအက်ရှ်တန်၏
အကြံပေးပုဂ္ဂိုလ် Mr. Robert Cooper အား ဒီဇင်ဘာ ၁၄ ရက် နေ့ ညနေ ၃ နာရီတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌
လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာ၌ ဥရောပသမဂ္ဂနှင့် ချစ်ကြည်ရင်းနှီးမှု
တိုးတက်ခိုင်မာရေး၊ အပြန်အလှန် အပြုသဘော ဆက်ဆံဆောင်ရွက်ရေးဆိုင်ရာ
ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ၂၀၁၁ ခုနှစ်
ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
|
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စင်ကာပူသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စင်ကာပူသမ္မတနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီး H.E.Mr.K.Shanmugam ဦးဆောင်သော
ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ ၁၃ ရက် နေ့ ညနေ ၃ နာရီခွဲတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌
လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံစီးပွားရေးနှင့်
ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း ၂၀၁၁
ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် ရှေ့တစ်ပတ်တွင် မြန်မာနိုင်ငံသို့ သွားမည်

ရှေ့တစ်ပတ်မှာ ကျင်းပမယ့် မဲခေါင်မြစ်ဝှမ်း နိုင်ငံများ အစည်းအဝေးကို တက်ရောက်ဖို့အတွက် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာ နိုင်ငံကို သွားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီအသွင်းကူးပြောင်းရေး လုပ်ငန်းစဉ်များကြောင့် အမေရိကန်ပြည်ထောင်စုက ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်ရန် ကြိုးပမ်းလာချိန်တွင် အိမ်နီးချင်းတရုတ်နိုင်ငံက မြန်မာနှင့် ပိုမိုလေးနက်သည့် ချစ်ကြည်ရင်းနှီးမှု ထူထောင်သွားရန် အဓိဋ္ဌာန်ပြုပြောဆိုလာကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများနှင့် သတင်းအေဂျင်စီများ၏ ရေးသားဖော်ပြချက်များအရ သိရပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်ကလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးပါရန် မြန်မာနိုင်ငံ၏ အဓိကမဟာမိတ် အိမ်နီးချင်း တရုတ်နိုင်ငံက ဒီဇင်ဘာလ ၁ ရက်နေ့တွင် တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဆယ်စုနှစ် အတော်ကြာ ခံစားခဲ့ရတဲ့ အထီးကျန် ဖြစ်နေတဲ့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက အနီးကပ် မိတ်ဆွေအဖြစ် နှစ်ပေါင်းများစွာ ထောက်ပံ့ကူညီခဲ့တာ ဖြစ်ပါတယ်။ "မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပြီး မြန်မာနိုင်ငံရဲ့ တည်ငြိမ်တိုးတက်အောင် လုပ်သင့်ပါတယ်"ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ ဟောင်လီက ပြော ကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေး၊ လူမှုရေး အကူအညီတွေ ဆက်တိုက် ပေးခဲ့သူ ဖြစ်ပါတယ်။ မနှစ်က တရုတ်မြန်မာ နှစ်နိုင်ငံရဲ့ ကုန်သွယ်မှုဟာ အမေရိကန် ဒေါ်လာ ၄.၄ ဘီလီယံ ရှိမြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီး မြုပ်နှံမှုဟာ ၂ဝ၁ဝ ခုနှစ်မှာ ဒေါ်လာ ၁၂.၃ ဘီလီယံထိ ရှိခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးသူရရွှေမန်းကလည်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းကောင်း မိတ်ဆွေစစ် ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အခု လည်း တရုတ်နိုင်ငံမှ ပင့်ဆောင်လာတဲ့ ဗုဒ္ဓမြတ်စွယ်တော်ဟာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ အပူစော်ခံခဲ့ပြီးနောက် မန္တလေးမြို့မှာ အပူစော်ခံနေချိန်ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယန်ဟိတ် နဲ့ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်တို့လည်း နောက်လ အတွင်းမှာ မြန်မာနိုင်ငံကို လာဖို့ ရှိပြီး ဘီလာရုစ်ဝန်ကြီးချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် နဲ့ စင်္ကာပူ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့လည်း မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ လာရောက်ခဲ့ကြပါတယ်။
ကချင်ပြည်နယ်တွင်း စစ်ရာဇ၀တ်မှုများရှိမရှိ စုံစမ်းစစ်ဆေးမည်
စိုးသန်းလင်း
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း
အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့အကြား စစ်မက်ဖြစ်ပွားမှုများကြောင့်
စစ်မက် ဧရိယာအတွင်း၌ အရပ်သားတို့အား ညှဉ်းပန်းသတ်ဖြတ် ခြင်း၊
အဓမ္မပြုကျင့်ခြင်း၊ ဖမ်းဆီးခေါ် ဆောင်သွားခြင်း၊ ရွာမီးရှို့ခြင်း စသည့်
စစ်ရာဇ၀တ်မှုဆိုင်ရာတို့ ပေါ်ပေါက်ခဲ့ခြင်း ရှိ မရှိကို
ပြည်ထောင်စုအစိုးရအနေဖြင့်လည်းအေတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)
"တတိယမေးခွန်းနဲ့ အကြံပြုချက် အပေါ် ဖြေကြားရရင်တော့ နိုင်ငံတော် အစိုးရအနေနဲ့လည်း ဒါတွေကို အဖြစ် မှန် ရှိမရှိကို စိစစ် ဆောင်ရွက် စုံစမ်းနေသလိုပဲ ကျွန်တော်တို့ ကချင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့လည်း စိစစ်ဆောင် ရွက်ဆဲပဲ ဖြစ်ပါတယ်။ "စစ် စဖြစ်လာပြီဆိုကတည်းက ရပ်ကွက်၊ ကျေးရွာတွေဟာ ကိုယ့်နေရာ မှာ စစ်မဖြစ်မီကတည်းက လုံခြုံရာကို ထွက်ပြေးလာတဲ့အခါ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေလည်း ထွက်ပြေးလာ တဲ့အထဲမှာ ပါလာပါတယ်။ ၁၇ နှစ်လုံးလုံး ငြိမ်းချမ်းရေးအရသာကို ခံစားခဲ့ကြရ တော့ အခုလို စစ်မက်ကြုံတဲ့အခါ ကြောက်ပြီး ထွက်ပြေးကြတာ။ "နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အချိန်မှာ ဒီလိုဖြစ်ရပ်တွေဟာ ဘယ် လောက်အထိ အထောက်အထားခိုင်မာလဲ၊ ဘယ်လောက်အထိ သေချာတဲ့ ဖြစ်ရပ်လဲဆိုတာကို ကျွန်တော်တို့ စနစ် တကျ စိစစ်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ ဒါပေမယ့် ဒီသတင်းတွေ ဘယ်လိုပဲ ထွက်ပေါ်နေပါစေ၊ အဲဒီဒေသမှာရှိကြတဲ့ ပြည်သူပြည်သား အားလုံးက ငြိမ်းချမ်းရေးကို လိုချင်ကြတာ အမှန်ပဲ ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လို ခိုင်မာ တဲ့ အထောက်အထားတွေပဲ ပြပါစေ၊ ဒါဟာ စစ်ကြောင့် ကြုံရတဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးတွေ မကြုံရလေအောင် ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ အားလုံး ကြိုးစားဆောင် ရွက်နေပါတယ်လို့ ဖြေကြားလိုပါတယ်" ဟု ၎င်းက ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့တော် ခန်းမ၌ ပြုလုပ်သော 'လုံခြုံရေးအတွက် ပြောင်းရွှေ့လာ သူတို့အား အလှူငွေပေးအပ်ခြင်းအခမ်းအနား'တွ
မြစ်ကြီးနားမြို့ပေါ်ရှိ ဒေသခံ ကချင် လူမျိုးနှင့် ရှမ်းလူမျိုးများအတွင်း၌ စစ်ဘေးသင့် ကျေးရွာများအတွင်း လက်နက်ကိုင်အချို့က အရပ်သားများ အပေါ် ပြုကျင့်ခဲ့သော အနိဋ္ဌာရုံကိစ္စ ကြီးငယ်များ ရှိကြောင်း သတင်းစကား များ၊ ဓာတ်ပုံမှတ်တမ်းများ ပေါ်ပေါက် လျက်ရှိသည်။
ယခုကဲ့သို့ ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးနည်းဖြင့် နှစ်ဖက် ဆွေးနွေးကြရန် ကြိုးပမ်းကြသည့်အခါ ပြည်သူတို့၏ ယုံကြည်မှု၊ အမြင် ရှင်းမှု များလည်း အရေးပါလှသဖြင့် အဆိုပါ အနိဋ္ဌာရုံသတင်းများအပေါ် မှန်မမှန် ဖြေရှင်းပေးစေလိုကြောင်း မြန်မာတိုင်း(မ်)၏ အကြံပြုချက်နှင့် မေးမြန်းချက်အား ပြည်နယ်ဝန်ကြီးချုပ်က ဖြေကြားခဲ့ခြင်းဖြစ်သည်။
ခုခံခြင်းမှအပ စစ်ချီတိုက်ခိုက်ခြင်းမပြုရန် သမ္မတက ညွှန်ကြား
စိုးသန်းလင်း
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)
၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှ
၂၀၁၁၊ ဇွန်လ ၈ ရက်နေ့အထိ ကေအိုင်အေနှင့် အစိုးရတပ်မတော် တို့အကြား ၁၇
နှစ်ကျော် အပစ် အခတ် ရပ်စဲခဲ့ပြီးနောက် ၂၀၁၁၊
ဇွန်လ ၉ ရက်မှ ပြန်လည်တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ရာ စစ်ဘေးသင့်
ပြည်သူတို့ မိမိတို့ ရပ်ရွာကိုစွန့်ကာ လုံခြုံရာသို့
ရွှေ့ပြောင်းခဲ့ရသည်များ တိုးပွားလျက်ရှိသည်။ အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)
ကချင်ပြည်နယ် ရပ်မိရပ်ဖများ ကြိုပမ်းမှုဖြင့် နိုင်ငံရေးအရ နှစ်ဦး နှစ်ဖက် တွေ့ဆုံမှုအချို့ ရှိခဲ့ကြပြီး နိုင်ဝင်ဘာလ ၂၉ ရက်၌ ရွှေလီတွင် ပြည်ထောင်စုအဆင့် တွေ့ဆုံညှိနှိုင်းမှု ပြုနိုင်ခဲ့ကြသော်လည်း နှစ်ဖက်တပ် များအကြား ပစ်ခတ်မှုများ ဆက် လက် ပေါ်ပေါက်လျက်ရှိသောကြောင့် နိုင်ငံတော်သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ထံသို့ ညွှန်ကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ကချင်ပြည် နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ပြောကြားသည်။
"လုံခြုံရေးအရ ပြောင်းရွှေ့လာရတဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေကို ပြေလည်ဖို့၊ သူတို့ဘ၀တွေ ရှေ့ဆက်ဘယ်လို ရှင်သန်နိုင်စေဖို့၊ ပြည်သူအားလုံးရဲ့ လိုလားချက်ဖြစ်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို အမြန် ရရှိဖို့အတွက် ကချင်ပြည်နယ်အတွင်း မှာ နှစ်ဖက်အပစ်အခတ်တွေ ရပ်စဲပြီးမှသာ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနိုင်မှာဖြစ်ပါတယ်။ "ပြည်နယ်အတွင်းမှာ အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံတော်သမ္မတကြီးက ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ကို စာတစ်စောင်ပေးပို့ခဲ့ပါတယ်။
စာကိုဖတ်ပြရရင်
'အကြောင်းအရာ - KIA တပ်များအား ချီတက်၊ ထိုးစစ် ဆင် တိုက်ခိုက်ခြင်းများ မပြုရေးကိစ္စ၊
နံပါတ်(၁)၊ ကချင် ပြည်နယ်အတွင်း KIA အဖွဲ့များနှင့် နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဆွေးနွေးရန် အကျိုးဆောင်အဖွဲ့များက ဆက်သွယ်ညှိနှိုင်း ဆောင် ရွက်လျက်ရှိပါသည်။
နံပါတ်(၂)၊ ထိုသို့ ဆောင်ရွက်ရာတွင် တစ်ဖက် နှင့်တစ်ဖက် ယုံကြည်မှုရရှိစေရန်အတွက် မိမိတို့ တပ်များအနေဖြင့် ခုခံကာကွယ် ရုံမှအပ ပစ်ခတ် တိုက်ခိုက်ခြင်း၊ တပ်ကူများရွှေ့ပြောင်းခြင်း၊ KIA တပ်စခန်းများအား ချီတက်၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြု လုပ်ကြရန် အကြောင်း ကြားပါသည်။ - မင်းဇော်၊ ညွှန်ကြားရေးမှူးချုပ်' ဆိုပြီး ပို့လိုက်ပါတယ်"ဟု ၎င်းက ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်တွင် ကျင်းပပြုလုပ်သော 'လုံခြုံရေးအရ ပြောင်းရွှေ့လာသူတို့အား ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ငွေလှူဒါန်းပွဲအခမ်းအနား'၌ ပြောသည်။
ပြည်ထောင်စုအစိုးရအနေဖြင့်သော် လည်းကောင်း၊ ပြည်နယ်အစိုးရအနေဖြင့်လည်းကောင်
ဒီဇင်ဘာ ၁၄ ရက် နံနက်တွင် KIO/KIA အဖွဲ့ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံ ကြမည့် ကချင်ပြည်နယ် ရပ်မိရပ်ဖ လေးဦး တို့မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်တွင် နှစ်ဖက် ခေါင်းဆောင်များ တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးနိုင်ရန် ကချင် ပြည်နယ် အစိုးရနှင့်အတူ ကြိုတင်စီစဉ်ဆောင်ရွက်ခဲ့ကြသော မြစ်ကြီးနားမြို့မှ ဦးယွပ်ဇော်ခေါင် (U Yup Zau Khawng) ၊ ဦးလမိုင် ဂွမ်ဂျာ (Lamai Gum Ja)၊ ဦးခပရာခွန်းအောင် (Khapra Khun Awng) ၊ ဦးအင်ရှန်းဆန်အောင် (N Shan San Awng) တို့ ဖြစ်သည်။
အဆိုပါ လုံခြုံရေးအရ ပြောင်းရွှေ့လာသူများ အခမ်းအနားသို့ တက်ရောက်လာသည့် ကချင် ပြည်နယ် ရပ်မိရပ်ဖ ကိုယ်စားလှယ် လေးဦးထဲ မှ ဦးလမိုင်ဂွမ်ဂျာက ဤသို့ ဖြေကြားသည်။
"ပြီးခဲ့တဲ့နှစ်ရက် (၁၀-၁၂-၁၁)က KIO ဘက်က ခေါင်းဆောင်တွေဆီကို ကျွန်တော်တို့ ကချင်ပြည်နယ် ရပ်မိရပ်ဖအဖွဲ့က ဖုန်းနဲ့ ညှိနှိုင်း ပါတယ်။ အဲဒီနေ့ တစ်နေ့လုံး အဆင်မပြေဘူး။ တပ်မတော်ဘက်က စစ်ဆင်ရေးတွေ ဒီလောက် လုပ်နေတာ၊ ခင်ဗျားတို့ လာတွေ့ဖို့မလိုတော့ ဘူးလို့ပဲ သူတို့က ပြန်ဖြေတယ်။ ညဦးပိုင်း ၈ နာရီခွဲရောက်တော့မှ သူတို့ကို လာတွေ့မှာကို လက်ခံသွားတယ်။ သမ္မတကြီးရဲ့ ညွှန်ကြားစာကြောင့် ရှေ့တန်းကတပ်တွေ အခြေအနေ ပြောင်းသွားပြီး အခုလို သူတို့ဘက်က လက်ခံတာပါ"ဟု ၎င်းက ဖြေကြားသည်။
၎င်းတို့အဖွဲ့အနေဖြင့် KIA/KIO ခေါင်းဆောင်များနှင့် နိုင်ငံတော်ဘက်မှ ငြိမ်းချမ်းရေးအတွက် သမ္မတက တာဝန်ပေးထားသော ခေါင်းဆောင်များ မည်သို့တွေ့ဆုံကြမည်၊ မည်သည့်နေရာ၊ မည်သည့်အချိန်တွင် တွေ့ဆုံကြမည်ဆိုသည်ကို ကြိုတင် ညှိနှိုင်းရေး အတွက် သွားရောက်ကြမည်ဖြစ်သည်။
မြန်မာလူ့အခွင့်အရေး ကော်မရှင်က တိုက်ပွဲများ ရပ်စဲရန်နှင့် မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်စဲရန်တောင်းဆို
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ ကချင်ပြည်နယ် ကိစ္စနဲ့ ပတ်သက်တဲ့
ကြေညာချက်ကို ဒီနေ့ထုတ် အစိုးရ သတင်းစာများမှာ ဖော်ပြထားပါတယ်။
အဲဒီ
ကြေညာချက်မှာ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်သုံးဦးဟာ
ကချင်ပြည်နယ်ကို ဒီဇင်ဘာလ ၈ ရက်နေ့ ကနေ ၁၀ ရက်နေ့ အထိ သွားရောက်ပြီး
တွေ့ရှိချက်များကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ကြေညာချက်မှာ လူ့အခွင့်ရေး ကော်မရှင်က တွေ့ရှိချက်များကို အခုလို ဖော်ပြထား ပါတယ်။
၁။
ပြည်နယ် အတွင်းက စခန်း ၅၉ ခုမှာ ရပ်ရွာစွန့်ခွာ ထွက်ပြေးလာသူ ၁၄၁၁၃ ဦးကို
ပြည်နယ် အစိုးရက စောင့်ရှောက် ထားတယ်။ ပြည်နယ်အတွင်းမှာ တိုက်ပွဲကြောင့်
စာသင်ကျောင်း ၅၁ ကျောင်းပိတ်ထား ရပြီး ကျောင်းသား ၇၈၇၂ ဦး စာမသင်
နိုင်ဘူး။ အဲဒီအထဲက ကယ်ဆယ်ရေး စခန်းကို ရောက်လာတဲ့ ကျောင်းသား ၃၁၅၃ ဦးကို
စာသင်နိုင်အောင် လုပ်ပေး ထားတယ်။
၂။
ပြည်နယ်အစိုးရက စောင့်ရှောက်ထားပေမယ့် ဆောင်းရာသီ အတွက် အနွေးထည်လိုတယ်။
လူတွေစုပြီး နေရတဲ့ အတွက် အခက်အခဲရှိတယ်၊ ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ
ထိခိုက်မှု ရှိနေတယ်။ လူကြီးပိုင်း ကလည်း စိတ်ပိုင်း ဆိုင်ရာ
လုံခြုံမှုမရှိတဲ့ အဖြစ်ကို ခံစားနေရတယ်။
၃။
ကေအိုင်အေ ထိန်းချုပ်နယ်မြေမှာ ရှိတဲ့ ဒုက္ခသည်များ အတွက် ထောက်ပံ့ရေး
ပစ္စည်းတွေကို ဗန်းမော်က တဆင့် လိုင်ဇာကို ပို့ပေးနိုင်အောင် ကော်မရှင်က
ညှိနှိုင်း ပေးနိုင်ခဲ့တယ်။
၎။ တိုက်ပွဲများ အတွင်းဒဏ်ရာ ရသူ၊ မိုင်းထိသူ ပြည်သူ ၁၇၇ ဦးကိုဆေးရုံတွေမှာ ကုသပေးနေတယ်။
အဲဒီ့ကြေညာချက်မှာ လူ့အခွင့်အရေး ကော်မရှင်က အခုလို အကြံပြုထား ပါတယ်။
၁။
ကချင်ပြည်နယ် အစိုးရက ပြည်သူ တစ်သောင်းလေးထောင်ကျော် အခြေခံ
လိုအပ်ချက်များ၊ ကျန်းမာရေး၊ ပညာ ရေးဆိုင်ရာ စောင့်ရှောက်ပေးမှုကို အသိအမှတ်
ပြုတယ်။
၂။ ပြည်သူတွေ ထိခိုက်စေတဲ့ မြေမြှုပ်မိုင်း အသုံးပြုခြင်းကို ရှောင်ရှားဖို့လိုတယ်။
၃။
ဒီနေ့အထိ အစိုးရ၊ စေတနာရှင်၊ ကုလသမဂ္ဂ နဲ့ အင်န်ဂျီအိုများက လှုဒါန်းမှု ကျပ်
၁၄၀၇.၈၇ သန်း ရှိတယ်။ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ ကလည်း
လှုဒါန်းသင့်တယ်။
၎။ လက်နက်ကိုင် တပ်ဖွဲ့များအနေနဲ့ ဒေသတွင်း လုံခြုံမှုပြန်လည် ရရှိအောင် ကြိုးပမ်းပေးဖို့ လိုတယ်။
၅။
သမ္မတက တပ်မတော်ကို မိမိကိုယ် မိမိခုခံတာမှ အပ တိုက်ခိုက်ခြင်း မလုပ်ဖို့
အမိန့်ထုတ်ထားပြီးပြီ၊ ကေအိုင်အေ ဘက် ကလည်း အလားတူ လိုက်လုပ်ဖို့
တိုက်တွန်းတယ်။
လူ့အခွင့်အရေး
ကော်မရှင်ဟာ မြစ်ကြီးနား ထောင်ကိုလည်း သွားစစ်ဆေးခဲ့ပြီး ကျန်းမာရေး၊
စားသောက်ရေး၊ ထောင်တွင်း သန့်ရှင်းရေး အခြေအနေများ ကောင်းတယ်၊ အကျဉ်းသားတွေ
စာဖတ်၊ ရုပ်မြင်သံကြား ကြည့်ခွင့်ရတယ်လို့ ဆိုတယ်။ ဒါပေမယ့်
ထောင်တွင်းလူဦးရေက သတ်မှတ် ဦးရေထက် များနေတယ်၊ ဘာသာရေး အစီအစဉ်မှာ
ဘာသာတိုင်း အတွက် လုပ်ပေးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။
အမျိုးသားလူ့အခွင့်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များ
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်ထောင်စု သမ္မတ အစိုးရ တက်လာပြီး
လွတ်ငြိမ်းချမ်းသာခွင့် အပါအ၀င် အပြောင်း အလဲများစွာအား အကောင်
အထည်ဖော်ပြီးသည့် အချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယနေ့ ဒီဇင်ဘာ ၁၃
ရက်တွင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ထုတ်ပြန်ချက် တစ်ရပ်ကို
ထုတ်ပြန်ကြေငြာ လိုက်ပါသည်။ ယင်းသတင်း ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင်
၂၀၁၁ ခုနှစ် ဇွန်လဆန်းမှစ၍ လက်နက်ကိုင် ပဋိပက္ခကြောင့် ရပ်ရွာစွန့်ခွာ
တိမ်းရှောင်လာသော ပြည်သူများအား ကချင်ပြည်နယ် အစိုးရ၏ ကြီးကြပ် ကွပ်ကဲမှု
အောက်တွင် လူမှုရေး ထောက်ပံ့ကူညီမှု ပေးထားသော စခန်းများနှင့် နယ်မြေ
အခြေအနေကို သိရှိနိုင်ရန်နှင့် အကူအညီ ပေးရန် လိုအပ်မှု အခြေအနေ
သိရှိနိုင်ရန် အတွက် ကော်မရှင် အတွင်းရေးမှုး ဦးဆောင်သည့် ကိုယ်စားလှယ်
အဖွဲ့လေးဦး သည် (၈.၁၂.၂၀၁၁ မှ ၁၀.၁၂.၂၀၁၁) အထိ ကချင်ပြည်နယ်သို့
သွားရောက်ခဲ့ပါသည်။
ဆက်လက်ပြီး
ကော်မရှင်က ကချင်ပြည်နယ် အစိုးရ အနေဖြင့် ရပ်ရွာစွန့်ခွာ တိမ်းရှောင်လာသော
ပြည်သူများအနက် လက်လှမ်းမီသော ဒေသများရှိ ပြည်သူ (၁၄၀၀၀) ကျော်၏ အခြေခံ
လိုအပ်ချက်များ ရရှိအောင် ကောင်းစွာ ကူညီ စောင့်ရှောက် ထားခြင်းအား
ကော်မရှင်က အသိအမှတ် ပြုပါကြောင်း၊ မိသားစုဝင်များ၏ အခြေခံပညာ သင်ယူနေသည့်
ကလေးငယ်များ အားလုံး အခြေခံပညာ သင်တန်းတွင် သင်ယူနိုင်ရန်
ဆောင်ရွက်ပေးမှုကိုလည်း ကြည်နူးမိပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ
အဆိုပါ ပြည်သူများ၏ ကျန်းမာရေး၊ ဘာသာရေးနှင့် လူမှုရေးများ အပြင်
ငွေကြေးလှူဒါန်းမှု များအားလည်း အသိအမှတ် ပြုကြောင်း၊ ရပ်ရွာစွန့်ခွာရသော
ပြည်သူများ အနေဖြင့် ၎င်းတို့၏ အိုးအိမ်၊ လယ်ယာမြေ၊
စိုက်ခင်းများ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များ၊ အခြားပိုင်ဆိုင် မှုများကို
စွန့်လွှတ်ရသည့် အတွက် စိတ်ဓာတ် ပိုင်းဆိုင်ရာ ထိခိုက်ရပါ ကြောင်း၊
ထို့ကြောင့် လက်နက်ကိုင် တပ်ဖွဲ့များ၏ ဒေသတွင်း လုံခြုံရေး ရရှိအောင် မေတ္တာ
ရပ်ခံပါကြောင်း သုံးသပ် အကြံပြုခဲ့ပါသည်။
ယခုအခါ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး
ကမ်းလှမ်းချက်အရ ငြိမ်းချမ်းရေး ရရှိရေးအတွက် နှစ်ဦးနှစ်ဖက်
ကြိုးပမ်းခဲ့မှုများ၊ ကြိုးပမ်းနေဆဲ လုပ်ငန်းများကို ကော်မရှင်က
သိရှိထားသည့် အတွက် လက်နက်ကိုင် တိုက်ခိုက်မှုများ ရပ်တန့်၍ ပဋိပက္ခများ
ချုပ်ငြိမ်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ရန် အတွက် ဆက်လက်
တွေ့ဆုံ ဆွေးနွေးခြင်းကို အောင်မြင်စွာ ဖော်ဆောင် ပေးရန်ကိုလည်း အလေးအနက်
ထားလျက်ရှိသည်။ လတ်တလော ကြားသိရသော သတင်းများအရ နိုင်ငံတော် သမ္မတမှ
တပ်မတော်အား ကချင်ပြည်နယ်တွင် ရှိသော မိမိတပ်များ အနေဖြင့် ခုခံကာကွယ်ရုံမှ
အပ ပစ်ခတ် တိုက်ခိုက်ခြင်း၊ KIA တပ်စခန်းများအား ချီတက် ထိုးစစ်ဆင်
တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် ညွှန်ကြားကြောင်း သိရှိရပါသဖြင့်
ကော်မရှင်မှ လှိုက်လှဲစွာ ထောက်ခံ ကြိုဆိုပါကြောင်းနှင့် တစ်ဖက် လက်နက်ကိုင်
အဖွဲ့အစည်း များမှလည်း အလားတူ လိုက်နာဆောင်ရွက်ရန် အလေးအနက် တိုက်တွန်း
နှိုးဆော်ပါကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာ
တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ အခွင့်အရေးများ အားလုံးအတွက် အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်က အလေးအနက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
ဖူးစုံထွေး
လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများပါသည့်
ကော်မရှင်က တည်ဆဲဥပဒေများကို စိစစ်မည်
ရွှေယင်းမာဦး
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)
လွှတ်တော်ဒုတိယပုံမှန် အစည်းအဝေး ပြီးဆုံးခါနီးက ဖွဲ့စည်းခဲ့သည့်
ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး
ကော်မရှင်က စီးပွားရေးပြုပြင်ပြောင်းလဲ မှုကို အကျိုးသက်ရောက်မှုရှိမည့်
တည်ဆဲဥပဒေများအား လေ့လာသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရဦးရွှေမန်းက ဒီဇင်ဘာလ ၉ ရက်
နေ့က ပြောသည်။ အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ယုဇန တာဝါတွင် အဆိုပါကော်မရှင်၏ ရန်ကုန် ရုံးခွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ၌ လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အဆိုပါကော်မရှင်တွင် အဖွဲ့ဝင် ၁၅ ဦးရှိသည့် အနက် လွှတ်တော် ကိုယ်စားလှယ် သုံးဦးသာပါဝင်ပြီး ကျန်အဖွဲ့ဝင်များမှာ ဘာသာရပ်အလိုက် ကျွမ်းကျင်သူပညာရှင်များ ဖြစ်ကြ သည်ကို တွေ့ရသည်။
အစိုးရအရာရှိဟောင်းများ အများစု ပါဝင်ပြီး လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ အစိုးရ၀န်ထမ်း သုံးဦးပါဝင်သည့် အနက် တစ်ဦးမှာ စစ်ဥပဒေချုပ်ရုံးမှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသြူ
ကော်မရှင်၏ တာဝန်များမှာ တည်ဆဲ ဥပဒေများအား လေ့လာဆန်းစစ် သုံးသပ်ပြီး ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်နှင့် အသစ်ပြဋ္ဌာန်းနိုင်ရန် တို့ကို လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြ ရန်ဖြစ်ပြီး အထူးကိစ္စများ ပေါ်ပေါက်လာပါက ယင်းကိစ္စများကို ဥပဒေ အမြင် နှင့် ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ကာ အစီရင်ခံရန်တို့ ပါဝင်သည်။
"ကော်မရှင်ရဲ့တာဝန်ထဲမှာ လုပ်ငန်း လိုအပ်ချက်အရ အကြံဉာဏ်တောင်းခံ သည့်အခါ ကော်မရှင်က အကြံပေးဖို့ ပါတယ်။ လိုအပ်မှ မဟုတ်ပါဘူး။ အကြံ ပေးစရာရှိရင် ပေးဖို့ ပြောထားပါတယ်" ဟု သူရဦးရွှေမန်းက ပြောသည်။
အထူးကိစ္စရပ်များဟုဆိုရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောထားကွဲလွဲခဲ့သည့် ကိစ္စမျိုးတွင်လည်း ကော် မရှင်က ဥပဒေအမြင်နှင့် သုံးသပ်ကာ အစီရင်ခံနိုင်ကြောင်း ၎င်းက ဆိုသည်။
ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာအောင်ထွန်းသက်က လွှတ်တော်ရေးရာကော်မရှင်တစ်ရပ်တွ
"ပညာရှင်ဆိုတာ တတ်ထားတဲ့၊ လေ့လာထားတဲ့ ဘာသာရပ်အရ ပြောတာဆိုတော့ နှောင်ကြိုးက သိပ်မရှိဘူးလေ။ ရှိတာကို ရှိတဲ့ အတိုင်းပြောရမယ်။ လွတ်လွတ်လပ်လပ် ပြောဆိုတော့ ပြောရမှာပေါ့"ဟု ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
တည်ဆဲဥပဒေများသည် စီးပွားရေး လုပ်ငန်းများအား အဟန့်အတားဖြစ်နေခြင်းထက် ကူညီပံ့ပိုးပေးသည့်ပုံစံဖြစ်စေ ရန်လိုအပ် ကြောင်း ၎င်းက ဆိုသည်။
"ရှိတဲ့ဥပဒေတွေအားလုံးက စီးပွား ရေးလုပ်တာကို လွယ်အောင်၊ သွက်အောင်၊ မြန်အောင် ဘယ်လိုရှိရမလဲ ဆိုတာကို ၀ိုင်းစဉ်းစား ကြမှာ။ "ဥပဒေဆိုတာ လူတွေလုပ်ချင် ကိုင်ချင်စိတ်ရှိအောင် လုပ်တယ်လို့ နားလည်တယ်။ မလုပ်ချင်၊ မကိုင်ချင်အောင် မလုပ်နိုင်၊ မကိုင်နိုင်ဖြစ်အောင် ချုပ်ထားတာ ဥပဒေမဟုတ်ဘူး" ဟု ၎င်းက ပြောသည်။
စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ၏ အတွေ့အကြုံနှင့် အခက်အခဲများအား သုံးသပ်ကာ ဥပဒေများအား ပြင်ဆင်သင့် မသင့် စဉ်းစားရမည်ဖြစ်ပြီး မကြာမီ လွှတ်တော်တွင်း ဆွေးနွေးကြတော့မည့် ဘတ်ဂျက်ကိစ္စများနှင့် ပတ်သက်၍ လိုအပ်သောအကြံ ဉာဏ်များ ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြော ကြားသည်။
"ဥက္ကဋ္ဌကြီးက ပြောတယ်။ အားလုံးအကြံပေးပါဆိုတော့ ဘတ်ဂျက်ကိစ္စလည်း အကြံပေးရမှာပေါ့။ ဘတ်ဂျက်ကို ကိုယ့်နိုင်ငံ တိုးတက်မှု အတွက် ဘယ်လိုသုံးမလဲ စဉ်းစားရမှာပေါ့။ ဘတ်ဂျက်ကို ဘတ်ဂျက်အနေနဲ့မကြည့်ဘဲ ဦးစားပေးမှုအနေနဲ့ ကြည့်ပါတယ်။ နိုင်ငံတော်ရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေရောက်အောင် ဘာတွေကို ဦးစားပေးလဲဆိုတာ ကြည့်ရမှာပေါ့"ဟု ဒေါက်တာအောင် ထွန်းသက်က ပြောသည်။
မြိုတိုင်းရင်းသားပါတီကို တည်ထောင်လိုကြောင်းလာရောက်လျှော က်ထား

နိုင်ငံရေးပါတီတည်ထောင်လိုသူများက
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ င်သို့ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း
လျှောက်ထားလျက်ရှိကြရာ ဒီဇင်ဘာ ၁၃ ရက်တွင် ဦးအနုအပါအဝင် ပုဂ္ဂိုလ် ၁၉
ဦးက မြိုတိုင်းရင်းသားပါတီကို တည်ထောင်လိုကြောင်း လာရောက်
လျှောက်ထားခဲ့သည်။ ယင်းလျှောက်ထားချက်နှင့်ပတ်သက်ြ ပီး ပါတီတည်ထောင်လိုသူ
ပုဂ္ဂိုလ်များသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ နှင့်
ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ
စိစစ်ပေးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ
ဝန်ကြီးဌာနထံ မေတ္တာရပ်ခံညှိနှိုင်းထားကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၄
ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
နိုင်ငံ၏ အရေးကြီးသော မဏ္ဍိုင်ကြီးသုံးရပ်အား တည့်မတ်အောင် စတုတ္ထမဏ္ဍိုင်က စောင့်ကြည့်ထိန်းသိမ်းပေးရန် လိုအပ် |
ပြန်ကြားရေးဝန်ကြီးဌာနနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း
(မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ နာယက)နှင့် မြန်မာနိုင်ငံစာပေနှင့်
စာနယ်ဇင်းအဖွဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များသည် ဒီဇင်ဘာလ ၁၃
ရက်နေ့တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန၊
ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းတွင် တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
''ဒီမိုကရေစီစနစ်ကြီး အောင်မြင်ဖို့ ဆိုရင် ကျင့်သုံးနေကြတဲ့ ကိစ္စရပ်တွေ
အများကြီးရှိပါတယ်။ နိုင်ငံရဲ့အရေးကြီးတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ကို
တည့်မတ်အောင် စတုတ္ထမဏ္ဍိုင်က စောင့်ကြည့်ထိန်းကျောင်းပေးဖို့ လိုတယ်လို့
ခံယူထားပါတယ်။ ပြီးတော့ ဒီမိုကရေစီကို အနှစ်သာရရှိရှိ
ဖော်ဆောင်နိုင်ဖို့ဆိုရင် ပြည်သူကလည်း အခရာ ကျပါတယ်။ ဒီမိုကရေစီကို
ဖော်ဆောင်နေတဲ့ ခေါင်းဆောင်တွေကို ပြည်သူကရွေးတာပါ။ ဒါကြောင့် ပြည်သူက
ရွေးချယ်မှုမမှန်ရင် မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့် ပြည်သူကို
ပဉ္စမမဏ္ဍိုင်လို့ တင်စားထားပါတယ်။ ပြည်သူတွေက ဒီမိုကရေစီ ကျင့်သုံးအောင်
လုပ်ပေးကြတဲ့ အရေးကြီးပုဂ္ဂိုလ်က စတုတ္ထမဏ္ဍိုင်ပဲ ဖြစ်ပါတယ်'' ဟု
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက အဆိုပါတွေ့ဆုံပွဲတွင်
ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ''ကမ္ဘာကြီးက Globalization
ပွင့်ဖြစ်လာတဲ့အမျှ Subject အကြောင်းအရာတွေက အရမ်းများလာတယ်။ အဲဒီ
Subject တွေမှာလည်း အစွန်းတရားတွေ ရှိလာတယ်။ အဲဒီထဲမှာ တိုင်းပြည်နဲ့
လူမျိုးကို အကျိုးရှိနိုင်တာတွေလည်း ပါသလို အကျိုးယုတ်စေနိုင်တာတွေလည်း
ပါပါတယ်။ အကြောင်းအရာတွေပေါ်မှာ ရေးသားတိုင်း တစ်ဖက်ထဲက ရေးသားရမယ့်အစား
ထောင့်စုံက ရေးသားဖို့လိုပါတယ်။ ဒါမှ ပြည်သူက အမှန်ကိုမြင်လာမယ်။
သက်ဆိုင်ရာ အဖွဲ့အစည်းကလည်း အမှန်ကိုမြင်လာရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို
ပေးနိုင်မှာဖြစ်ပါတယ်'' ဟု ၀န်ကြီးက ဆက်လက် ပြောကြားခဲ့သည်။ ထို့နောက်
ဝန်ကြီးက စာနယ်ဇင်းလောကရှိ သတင်းစာ၊ ဂျာနယ်များရှိ ပြဿနာများ
ဖြစ်ပွားမှုများအား ဖြေရှင်းနိုင်ရန်အတွက် စာပေနှင့်
စာနယ်ဇင်းအဖွဲ့အောက်တွင် အမှုဆောင်များ ရွေးချယ်ကာ Press Council ကဲ့သို့
အဖွဲ့တစ်ခုခု ထားရှိသင့်ကြောင်းကိုလည်း ပြောကြားခဲ့သည်။ ''စာနယ်ဇင်း
လောကမှာ အခြားပါတီ အဖွဲ့အစည်းတွေက ကိုယ့်ကို အသုံးချမှုတွေရှိမယ်။
ဝိရောဝိတွေ များလာမယ်။ ဒါကြောင့် စတုတ္ထမဏ္ဍိုင် ပီပြင်အောင်
ထိန်းကျောင်းမှုတွေ လုပ်နိုင်ဖို့နဲ့ ပြဿနာတွေ တာဝန်ယူ ဖြေရှင်းပေဖို့
စာပေစာနယ်ဇင်း အသင်းအောက်မှာ Press Council ဆိုတာမျိုးတွေ
ဖွဲ့စည်းသင့်သလား။ မေးရတော့မယ်။ ဒီအသင်းကြီးက ပြဿနာတွေကို
ဖြေရှင်းပေးသွားမယ်။ နောက်ကျင့်ဝတ် အပိုင်းတွေရောပေါ့။
အခြားနိုင်ငံတွေမှာလည်း ဒီလိုအဖွဲ့အစည်းတွေရှိတယ်။ ဒီအချိန်မှာ
အဖွဲ့ဖွဲ့မယ် ဆိုရင်တော့ နိုင်ငံတကာမှာ ဘယ်လိုလုပ်နေသလဲ ဆိုတာကို
လေ့လာရမယ်'' ဟုလည်း ၀န်ကြီးက ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆
ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
|
အင်တာပိုလ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အကြမ်းဖက်နှိမ်နင်းရေး နည်းပညာပေးရန် စီစဉ် |
အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့
အင်တာပိုလ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အကြမ်းဖက်နှိမ်နင်းရေးနှင့်
သက်ဆိုင်သည့် သင်တန်းများ၊ နည်းပညာအကူအညီ များကို လာမည့်နှစ်တွင်
ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
“မြန်မာနိုင်ငံအနေနဲ့ နိုင်ငံမှာ အကြမ်းဖက် နှိမ်နင်းရေးနဲ့ပတ်သက်တဲ့
သင်တန်းတွေလိုအပ်တယ်ဆိုရင် သူတို့အနေနဲ့ သူတို့စရိတ်နဲ့
သူတိုလာဖွင့်ပေးမယ်လို့ ပြောပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုတွေမှာသုံးတဲ့
ဖောက်ခွဲဖျက်ဆီးမှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အသုံးပြုနိုင်တဲ့ပစ္စည်း၊
အချက်အလက်သတင်းတွေနဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို သိအောင် သင်ပေးမယ်။
ကာကွယ်တားဆီးပုံ စနစ်တွေကို သင်ကြားပေးသွားမှာပါ။ ၂၀၁၂ ခုနှစ်ကစပြီး
အကူအညီပေးသွားမယ်လို့ သိရပါတယ်” ဟု အဆိုပါဌာနမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုအခါ မြန်မာနိုင်ငံအနေဖြင့်
ကမ္ဘာ့နိုင်ငံများနည်းတူ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို
လုပ်ဆောင်နေသော်လည်း ကမ္ဘာ့နိုင်ငံများထံမှ အကြမ်းဖက်မှုဆိုင်ရာ
တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် အကူအညီများ အပြည့်အဝမရရှိမှုကြောင့်
လုပ်ဆောင်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်မှု မရှိသေးကြောင်း သိရသည်။
“အင်တာပိုအနေနဲ့ သင်တန်းတွေအပြင် နည်းပညာနဲ့ပတ်သက်ပြီး
လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ X- rayစက်၊ လက်ဗွေဆော့ဖ်ဝဲနဲ့
လက်နက်ဆော့ဖ်ဝဲတွေလဲ ပေးသွားဖို့ အစီအစဉ်တွေရှိတယ်။ ဒီစက်တွေက
အရမ်းဈေးကြီးတယ်။ အဆင့်မြင့်တယ်။ ကျည်ခွံတစ်ခုဓာတ်ပုံကို
လက်နက်ဆော့ဖ်ဝဲထဲထည့်လိုက်တာနဲ့ ဒါဘယ်နိုင်ငံက ထုတ်တာ၊ ဘယ်လိုလက်နက်တွေမှာ
အများဆုံးအသုံပြုတာ၊ ဘယ်လိုလူတွေ အများဆုံးကိုင်တာစသည်ဖြင့် သိနိုင်တယ်။
ဒီလို အဆင့်မြင့်နည်းပညာတွေသာရရင် အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းတွေကို
နိုင်ငံတကာနည်းတူ လုပ်နိုင်မှာပါ” ဟု ယင်းက ဆက်လက်ပြောသည်။ ယင်းကဲ့သို့
မြန်မာနိုင်ငံအပေါ် အကြမ်းဖက်တိုက်ဖျက်ရေးနှင့် ဆိုင်သည့်
အကူအညီများပေးမည့်ကိစ္စကို ကုလလုံခြုံရေးကောင်စီအောက်တွင် ရှိသည့် CTED
(Counter Terrison Execultive) နိုင်ငံတကာ၏ အကြမ်းဖက်မှုဆိုင်ရာ
တားဆီးနှိမ်နင်းရေးကိစ္စရပ်များ
|
ရန်ကုန် မိုးပျံရထားစီမံကိန်း မလေးလုပ်ငန်း ရှင်များ ရင်းနှီးမြုပ်နှံရန် လာရောက်မည်
စင်ကာပူ နိုင်ငံကဲ့သို့ ခေတ်မီ တိုးတက်
လှပသည့် မြို့တော်တစ်ရပ် ဖြစ်လာရန် စံထား လုပ်ဆောင်မည့် ရန်ကုန် မြို့တော်
ဖွံ့ဖြိုးရေး စီမံကိန်းတွင် တစ်ခု အပါအဝင် ဖြစ်သော မိုးပျံရထား စီမံကိန်း၌
ရင်းနှီး မြုပ်နှံနိုင်ရေး အတွက် မလေးရှား လုပ်ငန်းရှင်များ လာရောက်
လေ့လာမည်
ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များက အတည်ပြု
ပြောကြားသည်။
မကြာခင် ကာလတွင် စင်းလုံးငှား လေယာဉ်ဖြင့်
လာရောက်မည့် မလေးရှား ရင်းနှီး မြုပ်နှံသူများ အဖွဲ့တွင် ရန်ကုန်
မိုးပျံရထား စီမံကိန်း၌ ရင်းနှီး မြုပ်နှံရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်
အဖွဲ့ ပါလာမည် ဖြစ်ကြောင်း၊ ယင်းအဖွဲ့မှာ မြန်မာနိုင်ငံရှိ အခြား ကဏ္ဍများ
တွင်လည်း ရင်းနှီး မြုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စား သဖြင့် လာရောက်မည်
ဖြစ်ကြောင်း၎င်းတို့က ဆိုသည်။
ရန်ကုန် မြို့တော်တွင် မိုးပျံရထား
စီမံကိန်း အကောင်အထည် ဖော်ရန် စင်ကာပူ နိုင်ငံကို ကမ်းလှမ်း ထားကြောင်း
မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက နိုဝင်ဘာလ ၂၈
ရက်နေ့တွင် နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာန၌ ကျင်းပသော မီဒီယာ
တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ယင်းအပြင် မြန်မာ နိုင်ငံတွင် ရင်းနှီး
မြှုပ်နှံမှုများ ပြုလုပ်ရန် လာရောက်သော နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ
ကိုလည်း အသစ် ရေးဆွဲပြီး ဖြစ်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
ဥပဒေနှင့် အညီ ဆွေးနွေး ကမ်းလှမ်းကြောင်း၊ ကားထုတ်လုပ်ရေး လုပ်ငန်းများ
လာရောက် လုပ်ကိုင်ရန်လည်း လမ်းဖွင့် ပေးထားကြောင်း စက်မှု ဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီးလည်း ဖြစ်သူ ဦးစိုးသိန်းက ဆိုသည်။
လတ်တလောတွင် သီလဝါနှင့် ဒလတို့၌
စက်မှုဇုန်များ လုပ်ကိုင်ရန် ကိုးရီးယားနိုင်ငံက ကမ်းလှမ်းထားပြီး ဗီယက်နမ်
နိုင်ငံကလည်း ရန်ကင်း မြို့နယ်ရှိ အမှတ် (၁) စက်မှု ဝန်ကြီး ဌာနပိုင် အဆောက်
အအုံနှင့် ခြံဝင်း ကို ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် ဆွေးနွေးနေကြောင်း၊
ဥရောပနှင့် အမေရိကမှ စီးပွားရေး လုပ်ငန်းရှင်များလည်း လာရောက် လုပ်ကိုင်ရန်
ကမ်းလှမ်းမှုများ ရှိကြောင်း မြန်မာ့ ရင်းနှီးမြုပ် နှံမှု ကော်မရှင် ထံမှ
သိရသည်။
ဆွစ်ဇာလန်မီးပုံးပျံအဖွဲ့ မြန်မာနိုင်ငံတွင် မီးပုံးပျံသရုပ်ပြစီးနင်းပြသမည် |
ဆွစ်ဇာလန်နိုင်ငံမှ
မီးပုံးပျံချန်ပီယံ Mr.Peter Blaser ဦးစီးသော မီးပုံးပျံ အဖွဲ့
တစ်ဖွဲ့သည် မြန်မာနိုင်ငံအတွင်း ၁၅ ရက်ကြာ ခရီးစဉ်ပျံသန်းရန်အတွက် ၂၀၁၂
ခုနှစ် ဇန်နဝါရီလ အတွင်း လာရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့တွင်
ဆွစ်ဇာလန်၊ ပြင်သစ်၊ အီတလီ၊ ဂျပန်နိုင်ငံတို့မှ အဖွဲ့ဝင် ၃၀ ဦးကျော်နှင့်
မီးပုံးပျံခုနစ်လုံးပါဝင်ကြောင်
|
--
နောက်ထပ် သတင်းများအတွက် : http://groups.google.com/
With Best Regards,
မီးပြတိုက်
http://www.mee-pya-tite.com/
0 comments:
Post a Comment