Thursday, December 15, 2011

ကျောင်းသား ၃.၅ သန်းရှိသော ယူကျု့ပေါ်မှ Khan Acadmy ကျောင်း

by Hla Shwe on Thursday, December 15, 2011 at 7:59pm
 


Youtube အင်တာနက် စာမျက်နှာတွင် ပညာရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးနေသော Khan Academy ကို လာရောက်ကြည့်ရှုသူမှာ တစ်လလျှင် ၃.၅ သန်း အထိ ရှိသည်။

Khan Academy ကိုတည်ထောင်သူ ဆလမ်း ခန် ( Salman Khan) မှာ ယခင်က ယူကျု့ အင်တာနက် စာမျက်နှာသည် ကျောင်းစာသင်ကြားရေးအတွက် အသုံးမ၀င်နိုင်ဟု အထင်လွဲခဲ့သူဖူးသူ ဖြစ်သည်။
မစ္စတာခန် က ဘော်စတွန်မြို့တွင် နေထိုင်သူဖြစ်ပြီး နယူးအော်လန်တွင် နေထိုင်သော သူ၏ ညီဝမ်းကွဲများကို အွန်လိုင်းမှ စာသင်ကြားပေးရင်း သူ့ရဲ့ ယူကျု့သင်ခန်းစာများ စဖြစ်သွားခဲ့သည်။


ခန် ၏သင်ကြားရေးမှာ အချိန်တိုအတွင်း တိုးတက်လာခဲ့သည်။ အထူးသဖြင့် သားသမီးမျာအား အက္ခရာ သင်္ချာနှင့် တြိကိုနော်မတြီ ကဲ့သို့သော ဘာသာရပ်များကို အိမ်စာ ကူလုပ်မပေးနိုင်သည့် မိဘများ၏ အကူအညီဖြင့် တဟုန်ထိုး တိုးတက်လာခြင်း ဖြစ်သည်။ မစ္စတာခန် ၏ အင်တာနက်စာမျက်နှာမှာ လူသိများလာသော သင်ကြားရေး အထောက်အကူပြု စာမျက်နှာတစ်ခု ဖြစ်လာခဲ့ပြီး၊ နိုင်ငံတကာ ကျောင်းသားများကြား ရေပန်းစားလျက် ရှိသည်။

၂၀၁၀ ခုနှစ်တွင် မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်က သူ့သားသမီးတွေနဲ့အတူ ခန် ၏ ပညာရေးဆိုင်ရာ အင်တာနက် စာမျက်နှာကို တက်ရောက်ကြည့်ရှုကြောင်း ပြောဆိုခဲ့သည်။

ဤကဲ့သို့ မိုက်ခရိုဆော့ဖ် သူဌေးကြီးကိုယ်တိုင် လေ့လာခဲ့ပြီးနောက် သူနှင့် ဂူဂယ်ကုမ္ပဏီတို့ ပေါင်းပြီး မစ္စတာခန်၏ သင်ကြားရေး လုပ်ငန်းများကို အထောက်အကူပေးဖို့ ဒေါ်လာ ၂ သန်း လှူဒါန်းခဲ့သည်။ ခန်က ရရှိသော အလှူငွေများကို ဘာသာရပ် ၁၀ ခုကို ယူကျု့မှ သင်ကြားနိုင်ရေးအတွက် အထောက်အကူပြု ပစ္စည်းများဝယ်ယူဖို့ သုံးစွဲခဲ့သည်။

ခန် ၏ ယူကျု့မှတဆင့် သင်ကြားရေးသည် မူကြိုမှ တက္ကသိုလ်တန်းထိ ပညာရပ်များကို ပို့ချရန် စီစဉ်ဆောင်ရွက်ထားသည်။ ဘာသာရပ်တွေကို အခြေခံမှ စတင်သင်ကြားပို့ချမှုများ၊ အိမ်စာနှင့် စာမေးပွဲစစ်ဆေးမှု အထိပါဝင်သော သင်ခန်းစာများကို စီစဉ်ဆောင်ရွက်ထားသည်။
လက်ရှိတွင် အိမ်ဖြူတော် အကြံပေးအရာရှိ အဖြစ်တာဝန်ထမ်းဆောင်နေသော ရူပဗေဒ နိုဗယ်ဆုရှင် Carl Wieman ၏ သင်ကြားနည်းစနစ်အတိုင်း ခန် က သူ့ရဲ့ အင်တာနက် သင်ကြားရေး စာမျက်နှာတွင် တင်ပြထားသည်။ Rice University တွင် အင်ဂျင်နီယာပါမောက္ခ အဖြစ်တာဝန် ထမ်းဆောင်နေသည့် Baraniuk မှလည်း မစ္စတာခန် ၏ သင်ကြားရေး နည်းစနစ်များကို နှစ်သက်ကြောင်း ပြောဆိုခဲ့သည်။

ရူပဗေဒ ပညာရှင် Carl Wieman က အစဉ်အလာသင်ကြားရေး နည်းစနစ်များသည် ကျောင်းသားတွေကို ဘာသာရပ်ကျွမ်းကျင်သူ ဖြစ်လာနိုင်ရန် အချိန်လုံလောက်စွာ ပေးထားခြင်းမရှိဟု ဝေဖန်ခဲ့သူ ဖြစ်ပေမဲ့၊ ယခု မစ္စတာခန် ရဲ့ ယူကျူ့သင်ကြားရေးကိုတော့ အပြည့်အ၀ ထောက်ခံအားပေးလျှက်ရှိသည်။

http://www.khanacademy.org/ တွင် လက်ရှိ လေ့လာနိုင်သော ဘာသာရပ်များ

Algebra, Algebra I Worked Examples, American Civics, Arithmetic, Art History, Banking and Money Biology, Brain Teasers, CAHSEE Example Problems Calculus, California Standards Test: Algebra I California Standards Test: Algebra II, California Standards Test: Geometry, Chemistry Competition Math Computer Science Cosmology and Astronomy Credit Crisis Currency Current Economics Developmental Math Developmental Math 2 Differential Equations Finance

စောပြည့်ညို
Sources; Web Tutors Become Stars Far From Classroom,

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...