Sunday, December 25, 2011

ထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု နှင့်ပတ်သက်၍

by Aung Lat on Sunday, December 25, 2011 at 7:20pm
  • ဒီဇင်ဘာလ 24, 2011 6:49pmတွင်Kyaw မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်

ကျွန်တော်ဒီအကြောင်းအရာနှင့်ပတ်သက်ပြီး မရေးဖြစ်ရန် မိမိကိုယ်ကို အတန်တန်တားဆီး နေသော်လည်း ရေးဖြစ်ပါတယ်။ ရေးဖြစ်သည့် အကြောင်းမှာ ကျွန်တော့်ထံသို့ mail ပို့၍လည်းကောင်း၊ ကျွန်တော်၏ အိမ်တွင် မှတ်ချက်ရေး၍လည်းကောင်း၊ Chatting တွင်လည်းကောင်း ဖြေရှင်းပေးရန် တောင်းဆိုနေသဖြင့် ရေးသားလိုက်ရပါတယ်။


တကယ်တော့ ရွှေမြို့တော်ဆိုဒ်မှာ ချင်းတွင်းသားလေး တင်ထားတဲ့ ထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု သည် ကျွန်တော် (၂၃-၁၀-၂၀၁၁)ရက်နေ့တွင် တင်ခဲ့သော မိခင်ရုပ်တုပါပုံဖြစ်သော်လည်း မူရင်းစာသားများတော့မဟုတ်ပါ။ ကျွန်တော် ထိုပုံကို မူရင်းစာများနှင့်တကွ ဖော်ပြပြီး တင်ပြပေးခဲ့ပါသည်။ မူရင်းစာတွင် ယခုချင်းတွင်းသားလေး တင်ပြထားသလို
"မြန်မာနိုင်ငံရဲ့ ရှမ်းရိုးမ တောင်တန်းကြီးတွေမှာ ရှိတဲ့ တောနက်တစ်နေရာမှာ ရှိတဲ့ ကန်ကြီးတစ်ကန်အနီးက ကျောက်ဆောင်တွေကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ်" လို့တော့ဖော်ပြထားခြင်းတော့မရှိပါဘူး။
အောက်မှာ ကျွန်တော်တင်ပြထားခဲ့တဲ့အတိုင်း ထပ်မံပြန်လည်တင်ပြပေးလိုက်ပါတယ်-
အောက်မှာတော့မူရင်း အင်္ဂလိပ်လိုရေးသားထားတာကို ဖော်ပြပေးလိုက်ပါတယ်။

ဒီဓာတ်ပုံလေးကတော့ မြန်မာနိုင်ငံက ရေကန်အနီးမှာ တွေ့ရတဲ့ ကျောက်တောင်ကို ဓာတ်ပုံ ရိုက်လိုက်တဲ့အချိန်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
• This is a picture of a rock formation near a lake in Burma. The photo can only be taken on a specific day once a year when the sun rays touch the rocks at a certain angle.
• Tilt your head to the left and then look at it again….




Did you notice anything different?
သင်.....ခြားနားချက် သတိထားမိပါသလား?
Yes or no?
သိတယ် ဒါမှမဟုတ် မသိဘူးဖြေပါ?
Now I will turn the whole scene vertical
အခု ခန္ဓာကိုယ်လေးကို စောင်းပြီး ထောင်လိုက်ကြည့်လိုက်ပါဦး.........




Nature is Great …….. Respect it & Protect …
သဘာဝကသိပ်ထူးဆန်းတာပဲ......... ယုံလိုက်စမ်းပါနော်.......
ဒီပုံလေးနဲ့စာသားကို အင်တာနက်မှာတွေ့ပြီးတာနဲ့ ဆရာကြီး ဒဂုန်တာရာရဲ့
မိခင်ရုပ်တု ကဗျာလေးကို တိုက်တိုက်ဆိုင်ဆိုင် ဖတ်မိသွားပါတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ ကဗျာလေးကို အစအဆုံးဖော်ပြပေးလိုက်ပါတယ်။

ကမ္ဘာ့လူသား
ပေါ်စကပင်၊ ဖိုနှင့်မ ဟု
သဘာဝများ၊ ခြားနားတည်ရှိ
ပကတိသဏ္ဌာန်၊ ကွဲပြားဟန်ကြောင့်
ဖန်တီးမှုချင်း မတူကြ။

မိန်းမတို့က
သားအိမ်ပိုင်သ၊ ထူးခြားပေစွ
ယင်းသဘာဝကြောင့်၊ မိခင်ကဏ္ဍ
သတ္တဗီဇ၊ ဇီဝကမ္မ
ဘ၀ပန်းများ၊ ပွင့်စေသူ။

ချစ်ကြရာမှ၊ မေတ္တာဝတ်မှုန်
မွှေးထုံလေကြော၊ မျောပါလွင့်ပျံ
ဝန်ဆံမျိုးစေ့မှ၊ ဖိုဓာတ် မဓာတ်
ရောစပ်တွေ့ဆုံ၊ စုံမြိုင်ဂန္ဓမာ
နွေချိန်ခါဝယ်၊ သွေးအိမ်သွေးစု
နုရာမှရင့်၊ အဆင့်ဆင့်ထပ်
ကလာပ်စည်းများ၊ တိုးပွားဖြိုးဝေ
ကုဋေကုဋာ၊ ပြည့်တင်းလာသော်
မေတ္တာပန်းပွင့်ရတနာများ။

မိခင်သည်ကား
လူသားပုံတု၊ ဖန်တီးပြုသော
ပန်းပုဆရာ၊ မည်ထိုက်စွာတည့်။

မိခင်သည်ကား
ဆေးသားကောက်ကြောင်း၊ ပုံရာလောင်းသည်
ပန်းချီဆရာ၊ မည်ထိုက်စွာတည့်။

မိခင်သည်ကား
စိတ်ထားမြင့်မြတ်၊ သွန်သင်လတ်သော
စိတ်ဓာတ်အင်ဂျင်နီယာ၊ မည်ထိုက်စွာတည့်။

မိခင်သည်ကား
အင်အားသန်စွမ်း၊ ကျန်းမာနို့ကျွေး
သမားဆေးဆရာ၊ မည်ထိုက်စွာတည့်။

ဤမျှကြီးမား၊ တာဝန်များကို
မအားမလပ်၊ ထမ်းဆောင်အပ်သော
ကြီးမြတ်ဝိသေသ၊ စိုးရအရှင်
ဤမိခင်အား၊ ငါလျှင်ကော်ရော်ပါ၏။
ဒဂုန်တာရာ
===========
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၃-၁၀-၂၀၁၁)(၁၃း၄၀)နာရီ
နောက်တစ်ချက်ပြောချင်ပါတယ်။ ဒါကတော့ အခုချင်းတွင်းသားလေးတင်ပြထားတာနဲ့ MM-Flashsongs မှာထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခုဆိုပြီး ဒီဇင်ဘာလ 22, 2011 10:00amတွင်Min Min မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါတယ်။ မင်းမင်းကလည်း သူဘယ်သူ့ဆီကကူးယူတင်ပြထားကြောင်း ဖော်ပြထား တော့ လေးစားသွားပါတယ်။ သူဖော်ပြတာကတော့ ကျွန်တော့နံမည်မဟုတ်ပါဘူး။ ကျွန်တော်ကလည်း အဲဒီအတိုင်း မရေးခဲ့ပါဘူး။
ဒါ့ကြောင့်စာဖတ်သူတို့ ရှင်းရှင်းလင်းဖြစ်သွားအောင် ကျွန်တော်ကြားထဲက ၀င်ရောက်ဖြေရှင်းပေးလိုက်တာပါ။ အင်တာနက်ပေါ်မှာ တင်ထားတဲ့ပုံတွေကို ဘယ်သူမဆိုယူသုံးခွင့်၊ ပြန်လည်မျှဝေခွင့်ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျှဝေပေးတဲ့အခါမှာတော့ အင်္ဂလိပ်လိုရေးထားတာက ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့ရင် ပြန်လည်မျှဝေ ပေးတာဘာမှ အကြောင်းမဟုတ်ဘူးလို့ထင်ရပြီး၊ အခြားတစ်ယောက်က မြန်မာလိုဆိုဒ်တစ်ခုခုမှာ တင်ထားတာကို ပြန်လည်မျှဝေပေးမယ်ဆိုရင်တော့ မူလတင်ပြသူဆီက ခွင့်ပြုချက်တောင်းရင်တောင်း၊ ဒါမှမဟုတ် မူလတင်ပြသူရဲ့အမည်ကို ဖော်ပြပေးခြင်းဟာ တစ်ဦးကိုတစ်ဦးလေးစားရာရောက်ပါတယ်။
အခုကိစ္စလည်း ချင်းတွင်းသားလေး အနေနဲ့ ပို့တင်ပြတဲ့အခါအမှာ စေတနာလွန်ပြီး မထည့်ဖြစ်တာလို့ထင်ပါတယ်။
ကျွန်တော် အက်မင်တစ်ယောက်မဟုတ်ပါဘူး။ ဘလော့ရေးတဲ့သူပါ။ ဒီလိုမဖြစ်အောင် ဆိုဒ်ရဲ့စည်းကမ်းချက်ကလေးကို သေသေချာချာဖတ်ပြီး တင်ပေးမယ်ဆိုရင် အခုလို အပြန်အလှန်ရေးသား ရခြင်းကကင်းဝေးကြမှာဖြစ်ပါတယ်။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၄-၁၂-၂၀၁၁)(၁၈း၂၀)နာရီ

  5 comments:

  1. ဒါ တကယ်ဘဲ မြန်မာနိုင်ငံမှာလား..။ မယုံနိုင်လောက်အောင် ဖြစ်နေလို့ပါ..။

    ReplyDelete
  2. Who the hell told you that it's a photo? And who told you that photo was taken in Myanmar? You all are crazy shithead. It's just painting.

    ReplyDelete
  3. မြန်မာမဟုတ်ပါဘူး..တောင်ကိုရီးယားပုံပြင်စာအုပ်ထဲက ဒီဇိုင်းနာစိတ်ကူးပါ..

    ReplyDelete
  4. ၀ါး ဟား ဟား ဟား ဟား
    ငါတို့ တော်တော်အ တယ်

    ReplyDelete
  5. လင့်လေးခေါက်ကြည့်ကြပြီးမှ ဘယ်သူ့ကိုအသိပေးအကြောင်းကြာရမလဲဆိုတာစဉ်စားကြတာပေါ့...
    http://www.aladin.co.kr/shop/common/wbook_talktalk.aspx?ISBN=898662172X&BranchType=1&CommunityType=PhotoReview&PaperId=841194

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...