အရှင်သုခမိန္ဒ၊ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင်ဓလေ့ထုံးစံများ
by Shwe Aeim Si on Sunday, December 25, 2011 at 9:56pm
အရှင်သုခမိန္ဒ၊ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင်ဓလေ့ထုံးစံများ
.. ရှမ်းတွေ.. နတ်ရှိတယ်.. လို့တော့.. ယုံကြည်ပါတယ်..
ခွန်ဖီ၊ နန်းဖီပေါ့.... ။ ဗမာတွေလို.. နတ်ပူးတယ်.. ဘာညာ.. ၊ နတ်ကနား... ၊ နတ်ပွဲပေးပြီး..နတ်မေးတာတွေ.. မရှိပါဖူး..။ အဲ့ဒါတွေကိုယုံလဲမယုံကြည်ပါဖူး...။ ကိုးမြို့ရှင်
လို့ခေါ်တဲ့ “စ၀်မိုင်း”တော့ရှိပါတယ်..
ဒါပေမဲ့.. တနှစ်မှာ တခါ.. ပူဇော်တာကလွဲပြီး.. ရှောင်လို့တောင်..
အနားသွားမကပ်ပါဖူး...။ လူသူကင်းမဲ့လေ့ရှိပါတယ်..
တောင်ကြီးမှာ.. ဗမာတွေ.. ကားဝယ်လာရင် နတ်ပြရတာနဲ့.. ဘာညာ.. ဆိုတဲ့အယူတွေ..
ရှမ်းလူမျိုးတွေဆီမှာ.. မရှိပါဖူး..
နတ်ပွဲကင်းပတာတွေ.. နတ်နကားပွဲတွေဆိုရင် ပိုဝေးပေါ့...။ နောက်ပြီး.. ဗမာတွေ..
ကိုးကွယ်တဲ့ ရှမ်းနံမည်နဲ့နတ်တွေတောင်
ရှမ်းတွေ... မကိုးကွယ်ကြပါဖူး....။
ဒါပေမဲ့ အိမ်မှာ.. စင်တစင်တော့ရှိပါတယ်.. “ဒေးဝရားဟော်၊ ဒေးဝရားဟိန်း”
(ဗမာလိုဘယ်လိုခေါ်လဲတော့မသိ) လို့ခေါ်တဲ့ ဟော်စောင့်နတ်၊ အိမ်စောင့်နတ်
စင်ပါ...။ ကျတော်သိသလောက်တော့.. အဲ့စင်ကို ကနှုတ်တွေနဲ့ အလှဆင်ထားတယ်...
တနှစ်မှာ.. ၂ခါလောက်တော့.. အဲ့စင်မှာ.. ပန်းတွေ လှုကြပါတယ်..။ ၀ါးတွင်းနဲ့
သင်္ကြန်ပေါ့... ၀ါတွင်း.. မှာဆိုရင် အဲ့စင်မှာ. ဗုဒ္စအလံလေးလွင့်ပါတယ်...။
နောက်.. သင်္ကြန်ပေါ့... သင်္ကြန်ပန်းအိုးလေးကို အဲ့စင်ပေါ်မှာ.. ထားပါတယ်..
ပန်းပင်တွေ... အလံတွေနဲ့ပေါ့..။ ခရီးထွက်ခံနီးဖြစ်ဖြစ်..
အကြောင်းကိတ်စတခုခုဆိုရင် ပန်းကန်ပြား. ထဲမှာ.. ပန်းတခက်
ပေါက်ပေါက်တဆုပ်နဲ့.... အန္တရာယ်ကင်းအောင် ဆုတောင်းပြီး. အဲ့စင်မှာ.
တင်ထားလေ့ရှိကြပါတယ်...။ ဗမာတွေလို.. နတ်စင်မဟုတ်ဖူးနော်.. ဗမာတွေကျတော့..
နတ်စင်ကို အိမ်ဦးခန်းက ထောင့်တထောင့်မှာ.. ထားကြတယ်.. နေ့စဉ်ဆွမ်းကပ်တယ်..
အုန်းသီးကိုရွေအုန်းသီး.. ငွေအုန်းသီးဆိုပြီး
ကပ်လှုကြပါတယ်..။ရှမ်းအိမ်တွေမှာ...အဲ့လိုနတ်စင်မရှိ...။ ရှမ်းနဲ့ဗမာ
ယဉ်လိုက်ရင် ဗမာတွေ.. ကမှ... နတ်ကိုပိုယုံကြည်
ပိုကိုးကွယ်ကြတာကိုတွေ့ရပါတယ်...။ (အိုက်ချီခန့်)*
*ရှမ်းလူမျိုးနဲ့ ဗုဒ္စသာသနာ*
ရှမ်းလူမျိုးများက မိမိတို့သည် ဂေါတမဘုရားလက်ထက်ကပင် ဘုရားကို
ကိုးကွယ်ယုံကြည်ခဲ့ကြသည်ဟုဆိုသည်...။ ဘုရားရှင်လက်ထက်က ကောသမ္ဗီဘုရင်ဥတေနသည်
ရှမ်းဘုရင်တပါးဖြစ်သည်ဟု မောရှမ်းရာဇ၀င်နှင့်သိန္နီရာဇ၀င်တို့က ဆိုသည်..။
“မိုင်းမောဝ်ဟုခေါ်သော.. မောရှမ်းပြည်သည်.. ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည်..။
ထိုဒေသတွင် သာသနာနဲ့ ပက်သက်သော... သမိုင်းဝင်အထောက်ထားများအနေဖြစ်....
(၁) ကောသမ္ဗီသူဌေးကြီး ယောသကလှူဒါန်းထားသော ယောသိကာရုံကျောင်းဟောင်းနေရာ
(ရှမ်းစကားအရ“လွယ်ကျောင်းဆိုင် ” ဟုခေါ်ပြီး.. တရုတ်မြန်မာ
နယ်စပ်ရွှေလီမြစ်၏တရုတ်ဘက်
ကမ်းတွင်တည်ရှိသည်။ ၁၂၊၅ ၊၂၀၀၁ တွင်ကျမ်းပြုသူထိုနေရာသို့ရောက်ခဲ့ပြီး..
စေတီဟောင်းတဆူတွင် ရှေးဟောင်း ရွှေငွေ ကြေး မြေ ဆင်းတုတော် များ
မျးစွာတူဖော်ရရှိ၏)
(၂) ဥတေနမင်း၏ သင်္ချိုင်းအုတ်ဂူ။
(၃) ယေသက သူဌေးကုန်း။
(၄) ပန်ဖေဟို(ခေါ်) ခေါင်းဖြတ်တောင် (မာဂဏမိဘုရားတို့ ခေါင်းဖြတ်ခံရသောနေရာ)
(၅) လွယ်ကျောင်းဆိုင် တောင်ခြေရှီ ဥတေန မင်း၏ ဆင်ချည်ကျောက်တိုင်။
(၆)ပလလဲတော စသည်တို့သည် ယခုတိုင် တရုတ်မြန်မာနယ်စပ် ရွှေလီမြစ်ဒေသ (တရုတ်ပြည်)
တွင် တည်ရှိနေသည်ကိုတွေ့ရသည်.. ။
ဤသီန္နီရာဇ၀င် အဆိုတို့ကိုထောက်ရှု၍ ရှမ်းလူမျိုးက မိမိတို့သည် ဘုရားရှင်လက်ထက်က
ပင်သာသနာတော်ကို ယုံကြည်ကိုးကွယ်လာခဲ့ကြသူများ.. ဖြစ်သည်ဟု
ယူဆကြခြင်းပင်ဖြစ်သည်...။
ဘီစီ ၆ ရညစုတွင် အိန္ဒိယနိုင်ငံ၌ ဘုရားရှင်ပေါ်ပေါက်လာခဲ့သော ကာလတွက်
ရှမ်းလူမျိုးတို့သည် စူနိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်နေသောကာလဖြစ်သည်.. ။
စူနိုင်ငံတော်သည်.. ဘုရင်ခံနိုင်ငံ (၁၂ )နိုင်ငံ ပါဝင်ဖွဲ့စည်းထားသော
ပြည်ထောင်စုနိုင်ငံတော်ဖြစ်သည်....။ ထိုဘုရင်နိုင်ငံတို့တွင် သျှင် Tsen (ခေါ်)
Tien နိုင်ငံသည် ယခု ယူနန်နယ်ဖြစ်သည်။ သျှင်နိုင်ငံ၏ အနာက်တောင်ဘက်၌
သမိုင်းတွင် ထင်ရှားသော.. တကောင်းမြို့ရှိသည်..။ တကောင်းသည်
သကျသာကီနွယ်တို့နှင့် အဆပ်အနွယ်ရှိသဖြစ် ယင်းနှင့်ပက်သတ်သော.. အကြောင်းအရာ
များကို ချန်ထား၍ရမည်မဟုတ်ပေ..။
*တကောင်းနှင့်ရှမ်းလူမျိုးဆက်နွယ်ပုံ*
မဟာရာဇ၀င်၌ တကောင်းသည် ဂေါတမ မြတ်စွာ ဘုရား လက်ထက်ကပင် တကောင်း
ဟုတ်ခေါ်တွင်ကြောင်းဖော်ပြထားသည်။ တကာင်းကိုစတင်တည်ထောင့်သည့်အချိန်က
မြန်မာနိုင်ငံအထက်ပိုင်းတွင် အရှေ့ဘက်၌ ပျုလူမျိုး။ အနောက်ဘက်၌ သက်လူမျိုး၊
ဧရာဝတီ ၊ စစ်တောင်း၊ သံလွင်မြစ်ဝှမ်းတို့တွင် မွန်လူမျိုးများရှိနှင့်ကြပြီ ဟု
သမိုင်းဆရာတို့ယူဆထားကြသည်..။ ထိုအခါက ပြည်မြို့သည်
ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည်ဟုတ်မှတ်ယူကြသည် ။ *တကောင်း*ဟူသော အမည်သည်
ရှမ်းဘာသာဖြင့် *စည့်ကူး *တို့ဟုအစိပ္ပါယ်ရသည်..။
တကောင်းသည် မြန်မာမြို့ဟောင်းဟု မြန်မာ လူမျိုးများက ယူဆခဲ့သော်လည်း..
နှောင်းစာရေးဆရာအဆိုအရ တကောင်းမြို့သည် အိန္နိယမြောက်ပိုင်းမှ
ကျုးကျော်လာသူများက တည်ထောင်ခဲ့သည်ဟုဆိုသည်။ စိတ်ဝင်စားဖွယ်အချက်မှာ
ရှမ်းသမိုင်းစာပေအရ တကောင်းမြို့သည် ရှမ်းလူမျိုး၏ မြို့တောင်ဟောင်းဖြစ်၍
ဌင်းအုပ်ချုပ်သော.. မင်းများသည် အိန္နိယ နှင့်အဆက်သွယ်ရှိခဲ့ကြသည် ဟုဆိုသည်...။
တကောင်းမြို့၏အမည်သည် ရှမ်းစကားအရ “တာကောင်” ဟုတ်ခေါ်ပြီး.. “စည့်ကူးတို့မြို့”
Drum Ferry ဟုအစိပ္ပါယ်ရှိသည်..။ ထိုအမည်မျိုးကို “မိုးကောင်း” ရှမ်းအခေါ်
“မိန်းကောင်” ( အိုးစည်မြို့) နှင့်အခြားရှမ်းနံမည်များကို
နှိုင်းယှဉ်ကြည့်နိုင်သည်..။ ခိုင်လုံသော..
သက်သေအထောက်အထားပြရန်တခြားနည်းလမ်းများလဲ ရှိပါသည်.။။ နန်ချိုနိုင်ငံတော်
၏ကျယ်ပြန့် မှုနှင့် ယင်း၏နိုင်ငံရေး... အဆောက်အဦ စစ်တပ်အင်အား
တို့ကိုကြည့်ရှုခြင်းအားဖြစ်.. တကောင်းမြို့သည် ရှမ်းလူမျိုးများ.. ကျက်စားရာဒေသ
မဟုတ်ဟုငြင်းဆိုနိုင်စရာအကြောင်း မရှိပေ ။
အစောပိုင်းကာလာ၌ မြန်မာပြည်ကိုရှမ်းများကြီးစိုး ချိန်နှင့် ပက်သက်၍
မစ္စတော်ခိုစိန် အဆိုအရ အနော်ရထာမင်း အုပ်စိုးသည့်အချိန် အေဒီ ၁၁ ရာစု အထိ
ဧရာဝတီ အရှေ့ဘက်ကမ်းဒေသ နှင့် ဌင်း၏မြစ်ကမ်းပါးတို့သည်.. ရှမ်းတို့၏အုပ်ချုပ်
မှုအောက်တွင်ရှိသည်...။ အထက်ပါဖော်ပြချက်တို့ကိုထောက်ရှု၍ တကောင်းသည်
ဗမာလူမျိုး(သို့) အိန္ဒိလူမျိုး (သို့) အိန္ဒိယလူမျိုးများ.. တည်ထောင် သည်ထက်
ရှမ်းများ.. တည်ထောင်သည် ဟုဆိုလျှင်ပိုပြီးဖြစ်နိုင်သည်..။
ယခုအချိန်ထိ “တာကောင် =စည့်ကူးမြို့” ဟုရှမ်းစကားဖြစ်ခေါ်ဝေါ် နေခြင်းဖြစ်သည်.. ။
တကောင်း မြို့သည်ရှမ်းတို့ တည်ထောင်ခဲ့သော မြို့ဟုတ်မဟုတ်
ထည့်တွက်စရာမလိုတော့ပေ အဘယ်ကြောင့်ဆိုတော်.. ရှမ်းများ. အခြင်းခြင်း...
စစ်ခင်းသော နေရာဒေသ ဖြစ်သောကြောင့်တည်း..။
ဘုရားရှင်လက်ထက်တွင်.. တကောင်းမြို့တို့ နောက်ဆုံးရောက် လာသောသာကီဝင်တို့
သည်.. ဘုရားရှင်၏ ဆွေတော် မျိုးတော်များ ဖြစ်ကြသည့်အပြင် ဘုရားရှင်ကို
ကြည်ညိုဆည်းကပ်ကြသော.. ဗုဒ္စဘာသာ ဖြစ်ဝင်များဖြစ်ကြသည်..။ ထိုသာကီဝင်တို့မှ
ဗုဒ္စဘာသာကိုးကွယ်မှုသည်.
တကောင်းရှိရှမ်းလူမျိုးတို့ထံရောက်ရှိလာသည်ဟုဆိုရပေမည်...။
ဆက်ရန်..
..(အရှင်သုခမိန္ဒ၊ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့်
ဓလေ့ထုံးစံများ စာအုပ်ထဲမှ ကောက်နှုတ်ချက်)
0 comments:
Post a Comment