Thursday, December 1, 2011

နေရာ




နေရာဆိုတာ နေစရာထိုင်စရာအရပ်လို့ သာမန်အားဖြင့် နားလည်နိုင်ပါတယ်။ နောက်တစ်မျိုးကတော့ တည်ရှိရာ ဌာနလို့လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး ရာထူး အဆင့်အတန်းကိုလည်း နေရာလို့ပဲသုံးကြပါတယ်။ နေရာကျတယ် ဆိုတာကတော့ သင့်လျော်လျောက်ပတ်စွာဖြစ်သည်လို့ နားလည် သိရှိနိုင်ပါလိမ့်မယ်။ နေရာဆ...ိုတာ အဆင့်အတန်း အကြီးအငယ်ကိုလည်း ဖော်ပြနိုင်သလို အနိမ့်အမြင့် ကွဲပြားခြားနားတဲ့ အခင်း အကျင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဘုရင် ဧကရာဇ်တွေခေတ်က ဘုရင့်အပါးမှာ ခစားကြရတဲ့အခါ သင့်လျော်စွာ နေရာချထားတတ်ပါတယ်။
နေရာ ချထားတယ်ဆိုလို့ အရွယ်ရောက်လာတဲ့ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေကို လက်ထပ် ထိမ်းမြားတာ၊ အိမ်ထောင်ပြုစေတာနဲ့ ရောထွေးမသွားစေချင်ပါဘူး။ ဘုရင့် အပါးမှာ ခစားတာကို ပြောတာပါ။ ဘုရင့်အပါးမှာ အထူးသဖြင့် ဘုရင် က ကန်တော့ခံတဲ့ပွဲတွေမှာ နေရာ ငါးသွယ်ကို ခွဲခြားသတ်မှတ် စီစဉ်ပြီး ဆောင်ရွက်လေ့ရှိတယ်။ အဲဒါတွေ ကတော့ ရာထူးကြီးငယ်အလိုက် ဒူး၊ တော်၊ စနည်း၊ အတွင်းဘဝေါ၊ အပြင်ဘဝေါ ဆိုတာတွေပဲ ဖြစ်ပါတယ်။ တစ်ကဒူး၊ နှစ်က တော်၊ သုံးက စနည်း၊ လေးက အတွင်းဘဝေါဖြစ်ပြီး ငါးကတော့ အပြင် ဘဝေါပဲ ဖြစ်ပါတယ်။ နေရာငါးမျိုး သတ်မှတ်ပြီး ခစားကြရပါသတဲ့။
နေရာဆိုတာ အင်မတန်အရေး ကြီးပါတယ်။ နေရာကိုကြည့်ပြီး သူ့ရဲ့ အဆင့်အတန်း၊ လုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေကို ခန့်မှန်းနိုင်ပါတယ်။ ရာထူး အနိမ့်အမြင့်ကို သိနိုင်ပါတယ်။ နေရာ အမြင့်ဆုံးက ပုဂ္ဂိုလ်များကတော့ ဘုရင်က လွဲရင် ပဒေသရာဇ်တွေ၊ အာဏာရှင်တွေပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီအောက်မှာတော့ နယ်စားပယ်စား၊ မြို့စား၊ ရွာစားတွေ ပေါ့လေ။
ရာထူးအဆင့်ဆင့်သတ်မှတ် ခွဲခြား ပြီး တိုင်းပြည်နိုင်ငံကို အုပ်ချုပ်လေ့ ရှိကြတယ်။ နေရာတစ်နေရာရဖို့အတွက် ကြိုးစား လုပ်ေ ဆာင်ရတာ အင်မတန်ခက်ခဲတယ်။ ခရီးကြမ်းကြီးတစ်ခုကို ဖြတ်သန်းပြီး ကျား ကုတ်ကျားခဲ ဆောင်ရွက်ရလေ့ရှိတယ်။ ဒီအ တွက် ဇွဲ၊ လုံ့လ၊ ဝီရိယသာမက တတ် သိပညာ၊ အ တွေ့အကြုံ၊ အပေါင်း အသင်း၊ အကူအညီ၊ ကျောထောက် နောက်ခံနဲ့ အခြေအနေ အချိန်အခါတွေ က ခွင့်ပြုမှသာ နေရာတစ်ခုကို ရောက်ရှိ နိုင်တာဖြစ်ပါတယ်။
အချက်အလက်တွေ အား လုံး ပြည့်စုံနေပေမဲ့ တစ်စုံတစ်ခု ချို့ယွ င်းအားနည်းတာနဲ့ ကိုယ်မျှော်မှန်း ခဲ့တဲ့ နေရာဟာ လွဲချော်သွားလေ့ရှိတယ်။ တချို့လူတွေကတော့ ကိုယ်ရည် ရွယ်ေ မျှာ်လင့်ထားတဲ့ နေရာတစ်ခုကို ရရှိဖို့ အတွက်ဆို ရင် ဘာမဆို လုပ်ရဲ ကြတ ယ်။ လုပ်နိုင်အောင်လည်း ကြိုးစား ကြတ ယ်။ တစ်ခါတစ်ခါ နေရာအတွက် ကိုက်ကိုက် ဘယ် သူသေသေ ငတေမာရင်ပြီးရောဆို တဲ့ စိတ်နဲ့ တုံးတိုက်တိုက်၊ ကျား ကြိုးစားလေ့ရှိကြတယ်။
တရားတာ မတရားတာ၊ နည်းလမ်းကျတာ မကျ ဗြဟ္မစိုရ်တရားတွေထက် ကိုယ်ကျိုးက ရှေ့မှာ ချွန်ထွက်နေလေ့ရှိတယ်။ အချင်းချင်းချောက်ချပြီး ကိုယ့် နေရာလေးမြင့်သထက် မြင့်အောင် လုပ်ချင်တာ၊ နေရာမပျောက်အောင် လုပ်တတ်တာဟာ ဓမ္မတာသဘောလို ဖြစ်နေပါတယ်။ ပိုဆိုးတာက နေရာ အတွက် အဖေကို သားကသတ်၊ ဆရာကို တပည့်ကသတ်၊ ညီအစ်ကို မောင်နှမ အချင်းချင်းသတ်၊ သူငယ်ချင်း မိတ်ဆွေ ချင်း မညှာမတာ သတ်ဖြတ်နေရာယူကြ တာမျိုးပဲဖြစ်ပါတယ်။
ဒါတွေကို မပြောနဲ့၊ ဗုဒ္ဓဝင်ကို လေ့လာကြည့်ရင် ဘုရားသခင် က ဗောဓိပင်နဲ့ ရွှေပလ္လင်ကို အောင်မြင် တော်မူတဲ့အခါ အဲဒီနေရာကို ရယူ သိမ်းပိုက်ချင်တဲ့ မာရ်နတ်ဟာ ဂေါတမ ဘုရားကို ရန်ပြုတိုက်ခိုက်ခဲ့တာကိုတောင် တွေ့ရလိမ့်မယ်။ အဲဒီ နေရာမှာသာ ထိုင်မိ ရင် တစ်လောကလုံးက သူ့ကို ရိုသေ ခန့်ညားသွားလိမ့်မယ်လို့ မာရ်နတ်က ယူဆထားတာကိုး။ နေရာဆိုတာ အမျိုးစုံရှိတတ်တယ်။
အနှံ့အပြား လက္ခဏာ ဆောင်နေတာကို လည်း တွေ့ရလိမ့်မယ်။ နေရာအတွက် လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ မစ္ဆရိယတွေ ဖုံးလွှမ်းမှုကြီးစွာနဲ့ ဆောင်ရွက် နေတာတွေကိုလည်း တွေ့ရလိမ့်မယ်။ ညှာတာမှုထက် ယှဉ်ပြိုင်အနိုင်ယူလိုစိတ် က ပထမနေရာမှာ ရှိနေကြတဲ့ အတွက် ဘယ်သူက ဘယ်သူ့ကိုမှ စာနာသနားကြ မှာ မဟုတ်တာကို တွေ့ရလိမ့်မယ်။ ကမ္ဘာ့သမိုင်းမှာ နေရာအတွက် ယှဉ်ပြိုင်ရင်ဆိုင်ကြရတဲ့ ပွဲတွေကို အများ အသက်ပေးခဲ့ရသူတွေ သာမက နေရာ အတွက် ယုတ်မာကောက်ကျစ်သွားကြတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ရှင်းလင်းပြတ်သား စွာ တွေ့ရလိမ့်မယ်။
အင်မတန် သင်ခန်းစာ ယူစရာကောင်းလိမ့်မယ်။ နေရာအတွက် တစ်ဦးခေါင်း တစ်ဦးနင်းပြီး တက်သွားရဲ သလို နေရာအတွက် တစ်ဦးနောက်ကျော ကိုလည်း တစ်ဦးက ဓားနဲ့ထိုးရဲကြပါတယ်။ နေရာအတွက် ရှေ့မှာ ပြုံးပြုံးရွှင်ရွှင်နဲ့ ရင်းရင်းနှီးနှီး နေပြတတ်ကြပေမဲ့ ကွယ်ရာ မှာ မျက်မှောင်ကုတ်ပြီး အကောက် ကြံလေ့ရှိကြတယ်။ လူတစ်ယောက်ဟာ နေရာတစ်ခု မရခင်အချိန်မှာ တကယ့်ကို ရိုးသား ကြိုးစားကိုယ်ကျိုးစွန့် အနစ်နာခံပြီး အလုပ်လုပ်တတ်ကြတယ်။
သူ့ရဲ့ ကြိုးစား အားထုတ်မှု အတိုင်းအတာအရသော် လည်းကောင်း၊ ကံတရားရဲ့ မျက်နှာသာ ပေးမှုအရသော်လည်းကောင်း၊ တစ်စုံ တစ်ရာ အောင်မြင်မှု ရလာတတ်တယ်။ တစ်ခါတစ်ခါမှာတော့ မထင်မှတ်တဲ့၊ မျှော်မှန်းမထားတဲ့ အဆင့်နေရာကိုတောင် ရောက်သွားတတ်တယ်။ အီရတ်က တ်သ်ပါတီဝင် ဆဒမ်ဟူစိန်ကိုပဲ ကြည့် ကြည့်၊ လစ်ဗျားက ဗိုလ်မှူးကြီး ကဒါဖီကိုပဲကြည့်ကြည့် သူတို့ဟာ စိုင် ကော်လို့ ခြုံပေါ်ရောက်သလို တိုင်းပြည်ရဲ့ ရာထူးကြီးကြီး နေရာများကို ရောက်ရှိခဲ့ကြ ပါတယ်။
နေရာ တစ်နေရာ၊ အဆင့်မြင့် ရာထူးတစ်ခုကို ဆောင်ရွက်လုပ်ကိုင်ခွင့် ရသွားတဲ့အခါ မူလက သူတို့ရဲ့ ဖြူစင်တဲ့ စိတ်ဓာတ်၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေ ဟာ ကွယ်ပျောက်သွားသလို ကိုယ်ကျိုး တယ်။ ရောက်ရှိနေကြတဲ့ နေရာဟာ သူ့ရဲ့မူလ ရည်မှန်းချက်တွေကို ထမ်း ဆောင်ဖို့ထက် သွေဖည်မှုများရဲ့ ဖျက်ဆီးမှု အရ အာဏာရှင်တွေဖြစ်လာကြတယ်။
နေရာဟာ သူတို့ရဲ့ သန့်ရှင်းတဲ့ စိတ်ဓာတ် ကို အရောင်ပြောင်းသွားစေတယ်။ အဖြူကို အမည်းဖြစ်သွားစေတယ်။ ခေါင်းကနေ ပန်းဖြစ်သွား တတ်တယ်။ အဲဒါတွေရဲ့ အကျိုးဆက် ဒါမှမဟုတ် နိဂုံးချုပ်အချက်ဟာ ဘာလဲလို့ အဖြေ ထုတ်ကြည့်ရင် အားလုံးပဲ သိကြမှာပါ။ တကယ်တော့ နေရာတစ်ခုအတွက် လူတိုင်းဟာ မှန်မှန်ကန်ကန် ကြိုးစား သင့်တာ၊ ကြိုးစားကြတာကတော့ တရားမျှ တပါတယ်။ ဒါပေမဲ့ အဲဒီနေရာအတွက် ကြောင့် မသင့်တာတွေကိုလုပ်ပြီး မကောင်းတဲ့ နိဂုံးချုပ်မျိုးတွေနဲ့ တွေ့ကြုံ သွားကြရတဲ့ အဖြစ်အပျက်တွေကိုလည်း မတွေ့ချင်မြင်လျက်သားဖြစ်နေပါတယ်။
ဒါဟာ ကောင်းတဲ့ကိစ္စလား၊ မကောင်းတဲ့ ကိစ္စလားဆိုတာတော့ အထူးပြောစရာ လိုမယ် မထင်ပါဘူး။ နေရာနဲ့ပတ်သက်ရင် လူတိုင်းဟာ မရှိမကောင်း ရှိမကောင်းဆိုတဲ့ စကား လေးကို ဂရုပြုသင့်တယ်။ လောကမှာ နေရာတစ်ခုမရှိပြန်၊ မရပြန်ရင်လည်း ဘဝဟာ ခက်ခဲနေတတ်သလို နေရာ ကောင်းကောင်း မြင့်မြင့်မားမားမှာ ရောက်နေရပြန်ရင်လည်း အင်မတန် သတိထားရလိမ့်မယ်။

written by ထက်ကျော်
အခွင့်အလမ်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...