မြန်မာကလေးတွေကို တကယ် ကယ်မှာလား
by ကိုကို သစ္စာ on Tuesday, December 13, 2011 at 1:15pm
၂၀၁၁ဒီဇင်ဘာ ၁၂ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ကလေးများဖွံ့ဖြိုးရေးစင်တာ (Children’s Development Center) တွင် ကျင်းပသော ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့အခမ်းအနား တွင်ဒေါ်အောင်ဆန်းစုကြည်မှ
“နေ့တိုင်းနေ့တိုင်းဟာ ကလေးသူငယ်များ ကူးသန်းရောင်းဝယ်ရေး ဆန့်ကျင်ရေးနေ့ ဆိုပြီးတော့ ကျွန်မတို့ စွဲစွဲမြဲမြဲ မှတ်ထားဖို့ လိုတယ်”
ဟု တိုက်တွန်းပြောဆိုသောဗီဒီယိုမိန့်ခွန်း ပေးပို့ခဲ့ခြင်းသတင်းအား ကို(Zin Thant) မှ comment ပေးထားခြင်းပေါ်မိမိအနေဖြင့် အများပိုမိုသိသင့်ပြီး တာဝန်ရှိသည်ဟုထင်မြင်မိသဖြင့် မိမိNoet မှတဆင့်ထပ်ဆင့်ဖြန်ဝေလိုက်ခြင်းဖြစ်သည်။
သူ၏ comment တွင် ကလေးများအရေးအတွက်အများ၏သိပ်မခက်သောအကူအညီပေးမှု့လိုအပ်ကြောင်း ဖေါ်ညွန်းထားသည်။
Zin Thant
ကလေးတွေကို တကယ်ကယ်မတဲ့လား လုပ်ချင်ရင်လွယ်လွယ်လေးပါ။
၁။ ကိုယ့်အနားက လက်ဘက်ရည်ဆိုင် အထူးသဖြင့်တရုတ်ပိုင်တဲ့ ဆိုင်တွေ ဥပမာရှမ်းတရုတ်ဆိုင်တွေ မှာ နေ့စဉ်စားပွဲထိုးကလေးလေး တွေကိုပေါ်တင်ကြီးမြင်နေရတာရန်ကုန်မှာဆိုမွထနေတာလေ
ဒါကိုအရင်တိုက်ဖျက်သင့်ပါတယ် ဥပမာ၊စာရေးသူ မျက်စေ့ရှေ့တင်လက်ဘက်ရည်ပန်းကန်ကျကွဲတဲ့ကလေးကို
ပါးနားလှိမ့်ရိုက်နေတာ ကိုမြင်ရလို့ စာရေးသူဝင်ဆွဲတာကိုသူကခင်ဗျားနဲ့ဘာဆိုင်လဲဆိုပြီးရန်တွေ့သေးတယ်
ပိုင်ရှင်က တရုတ်ပါ။
၂။ နေ့စဉ်အမှိုက်ပုံအသီးသီးကိုအမှိုက်လာစွန့်ပစ်နေတဲ့ကလေးအိမ်ဖော်မလေးတွေအထူးသဖြင့်ဝင်ဒါမီယာလို သံလွင်လမ်းလို
တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာတောင်တွေ့နိုင်ပါသေးတယ် မေးကြည့်ပါ သူတို့ဘ၀ကစစ်အစိုးရ နိုင်ငံရေးအကျဉ်းသားထက်ဆိုး
ပါတယ်သူတို့ကိုေ၇ာင်းစားဝယ်စားလုပ်နေသူတွေကိုယ်တိုင်ကအမျိုးသမီးရေးရာမှာရာထူးကြီးကြီးယူထားတဲ့ တရုတ်မတွေပါ။
၃။ ပြီးခဲ့တဲ့တန်ဆောင်တိုင်ပွဲမှာ နိဗာန်ဈေးပွဲတွေမှာ အများဆုံးတိုးကြိတ်နေတာရပ်ကွက်ခံကလေးကနည်းနည်း အားလုံးမြို့ပါတ်
၇ထားစီးပြီးရောက်လာတဲ့ကလေးတွေပါ။ဥပမာ၊နေ့လည် ၁နာရီနောက်ပိုင်းထွက်တဲ့ လက်ပံတန်းလော်ကယ်လိုမျိုးပေါ်မှာ အပုံလိုက်တွေ့နိုင်ပါတယ်...ပြည်တွင်းဂျာနယ်သတင်းထောက်တွေဒေါ်စုအကြောင်းဘဲရောင်းကောင်းနေ စဉ်မှာ ဘယ်မှာလဲ ကလေးတွေ ရန်ကုန်မြို့ပေါ်မှာတင်အပုံလိုက်ပြန်ပေးဆွဲခံနေရပြီး ခိုင်းစားနေတာလေ
၎။ ကလေးတွေကိုဖျာကြမ်းတစ်ချပ်နဲ့သံမံတလင်ပေါ်အိပ်ခိုင်းထားပြီးအားလုံးနမိုးနီးယားဖြစ်နေတဲ့ကလေးတွေရှူနာရှိုက်ကုန်းလေး
တွေကိုရန်ကုန်မြို့က နံမည်ကြီးလက်ဘက်ရည်ဆိုင်ကြိးတစ်ဆိုင်ရဲ့လှို့ဝှက်ထားတဲ့အခန်းကနေ စာရေးသူကိုယ်တိုင်ကယ်ခဲ့ဖူး
ပါတယ် ပိုင်ရှင်ကဂျီအိးတပ်က သူခိုးကြီးကနေ ဖြစ်လာတဲ့ ခေတ်ပျက်သူဌေးတစ်ဦးပါ။
၅။ရန်ကုန်အနီးတစ်ဝိုက်နဲ့ အညာဖက်က ရွာများစွာကနေကလေးတွေကိုကျောင်းထားပေးမယ်ဘာညာဆိုပြီး ရွာလုံးကျွတ်လိုက်မနေတဲ့
ကလေးပွဲစားတွေကို ဘယ်ဂျာနယ်သတင်းထောက်ကမှ အနံ့မခံနိုင်ပါဘူးသူတို့ဂျာနယ်အလုပ်က နံမည်ကြီးပြီးသားသူတွေနဲ့သာ
လုပ်စားမယ်ဆိုတဲ့အညံ့စားအတွေးအခေါ်တွေနဲ့ပါ။ပိုင်ရှင်တွေကလည်း စစ်အာဏာရှင်အသိုင်းအ၀ိုင်းကနေပုံဖျက်ထားတဲ့ ဂျာနယ်တွေများနေလို့ပါ။
.....======ဒီတာဝန်တွေကို ကြေစေချင်တယ်ဆိုတယ်ဆိုရင် တကယ်တန်းအမေစုပြောစကားကိုလက်တွေ့အကောင်အထည် ဖေါ်မယ် ဆိုရင် တွေ့ရာနေရာတိုင်းကကလေးတွေကိုကျွန်ပြုလုပ်စားခိုင်းစားတဲ့
စီးပွားရေးလုပ်ငန်းတိုင်းကိုမိမိတို့ဟမ်းဖုန်းကင်မရာနဲ့တင်ဖေါ်ထုတ်ပြီးတင်ပြနိုင်ပါတယ်.....
ပြီးတော့အဲဒီဆိုင်ကိုလည်းလူငယ်တွေက ၀ိုင်းပြီးကျဉ်ကြဖို့ဆော်အောသင့်ပါတယ် တကယ်လက်တွေ့လုပ်မလုပ်ဆိုတာကို စာရေးသူ နောင်လာမည့် ငါးရက်ဆယ်ရက်အတွင်းဖေ့စ်ဘုတ်ပေါ်မှာမြင်ချင်ပါတယ်
အခုအားလုံးကို စိန်ခေါ်လိုက်ပါတယ် နေ့စဉ်ကလေးတွေကိုစတင်စောင့်ရှောက်တဲ့လုပ်ငန်းတွေ ကို
ဒိဂျစ်တယ်စနစ်နဲ့တော်လှန်ရေးစတင်လိုက်ရကြရအောင် ..နော်
ကိုင်းစလိုက်ကြစို့ရဲ့......ကိုဇင်......
0 comments:
Post a Comment