ကျွန်တော်တို့ရဲ့ တက္ကသိုလ်ပညာရေး တွေးကြည်မည်ဆိုလျှင်……
by Phyo Zarni Win on Friday, December 2, 2011 at 12:50am
(ဒီစနစ်ကြီးကို ကျွန်တော်မကြိုက်ပါ။ အကြောင်းကတော့ ၁၀တန်းမှာ အကြောင်းအမျိုးမျိုးကြောင့် အမှတ်နည်းတဲ့သူတွေ၊ မှန်းထားသလောက် အမှတ်များတဲ့သူတွေအတွက် အခွင့်အရေးထပ်မပေးပဲ အမှတ်မီတဲ့တက္ကသိုလ်ကိုပဲ တက်ခွင့်ရှိလို့ပါ။)
ကျွန်တော် ၁၀တန်းအောင်မြင်တဲ့အခါ အမှတ်က အရမ်းလည်းမနည်း အရမ်းလည်းမများပါ။ အလယ်အလတ်အဆင့် လို့ပြောရပေမည်။ သိုသော် ကျွန်တော့်အမေက ကျွန်တော့်ကို အဝေးသင်ပဲတက်ရမည် ဆိုပြီး စရွေးကတည်းက အဝေးသင်နဲ့ ပတ်သက်တဲ့ မေဂျာတွေပဲ ရွေးပြီးတင်လိုက်ပါတယ်။
အဝေးသင်ပဲတက်ရမည် ဆိုသည့်အကြောင်းအရင်းက တခြားမဟုတ်ပေ။ ကျွန်တော့်အမေရဲ့ ပတ်ဝန်းကျင်မှာ ဒေး တက်တဲ့ ကျောင်းသူကျောင်းသား မိဘတွေရှိတော့ သူတို့ရဲ့ပြောစကားတွေကို ကြားပြီး ဒေး မတက်ခိုင်းတော့တာပါပဲ။ အဲ့ဒါက ဘာလဲဆိုရင် ဒေးတက်ရင်း အရက်တွေသောက်ပြီး ကျောင်းဝင်းထဲမှာ မူးပြီးရန်ဖြစ်လို့ ဆိုပြီးကျောင်းတစ်နှစ်နားလိုက်ရတယ် ဆိုတဲ့စကားကို ကြားပြီးတော့ ကျွန်တော်ကိုလည်း ဒေးမတက်ရဆိုပြီးဖြစ်သွားတာပါပဲ။
(ဒါကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဒီရန်ကုန်က တက္ကသိုလ်တွေ ဖွင့်ထားတဲ့နေရာတွေနဲ့ အများကြီးဆိုင်တယ်လို့ပဲ ပြောရမှာပဲ။ ဥပမာပေးရမယ်ဆိုရင် စင်ကာပူတို့ ယူကေတို့မှာ သွားပြီး ပညာသင်လို့ရှိရင် မျက်စိပွင့်နားပွင့်ပြီး ကိုယ့် ကိုယ်ကို တိုးတက်အောင် ကြိုးစာချင်စိတ်ဖြစ်လာတာတော့ အမှန်ပါပဲ။ ဒီကတက္ကသိုလ်တွေဖွင့်ထားတဲနေရာက သန်လျင်၊ ရွာသာကြီး၊ ရွှေပြည်သာ စတဲ့ဝေးလံခေါင်ဖျားပြီး လယ်တောတွေ ထန်းတောတွေ ကွင်းပြင်တွေပဲရှိတဲ့နေရာတွေမှာပါ။ ဘာမှ အားကျချင်စရာမရှိ အားတက်ချင်စရာမရှိတဲ့ အပြင် ရွာသာကြီးဆိုရင် အရူးထောင်တောင်ရှိသေးတယ်ဆိုတော့ တက္ကသိုလ်တက်ပြီးရင် ရွာပြန်ကောက်စိုက်မလား ထန်းရေဆိုင်ဖွင့်ရမလား အရူထောင်ကို သွားမလား ဆိုတဲ့ပုံစံမျိုးကြီးဖြစ်နေတယ်။)
ဟိုးအရင်တုန်းကတော့ တက္ကသိုလ်ဘွဲရဆိုရင် လူတွေကတော်တော်လေး အထင်ကြီး လေးစားကြတယ်။ အခုနောက်ပိုင်း ကျွန်တော်တို့တွေလက်ထက်မှာတော့ ကျွန်တော်တို့နိုင်ငံကဘွဲ့ဆိုတာ ဖိတ်စာမှာ အမှီးရှည်အောင်လို့ပဲသုံးတော့ပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုဖို့နေနေသာသာ ကိုယ်နိုင်ငံတွင်းမှာတောင် အထင်မကြီးကြတော့ပါဘူး။
(ဒါကတော့ တခြားမဟုတ်ပါဘူး။ ပိုက်ဆံပေးဝယ်လို့ရတဲ့ ခုခေတ်ကြီးထဲမှာ မြန်မာပြည်က ဘွဲ့တချို့လည်း ပါလာပါပြီး။ ဒါတင်မကသေးပါဘူး ပိုက်ဆံပေးရင် စာမေးပွဲအောင်ပါတယ်။ စာမေးပွဲဖြေမယ့်မေးခွန်းတောင် နည်းမျိုးစုံနဲ့ အရောင်းအ၀ယ် ဖြစ်နေပါတယ်။ ဒီတော့ အထင်မကြီးတာ မဆန်းပါဘူး။)
အဲ့ဒီတော့ ကျွန်တော်တို့နိုင်ငံရဲ့ တက္ကသိုလ်ပညာရေးဟာ အသက်မွေးဝမ်းကြောင်းဖို့ အတွက်ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ လယ်တွေစိုက်၊ အရက်ဆိုင်၊ ထန်းရေဆိုင်ဖွင့်၊ ဒါမှမဟုတ်ရင် အရူးထောင်သွားတော့ တကယ် ဂုရုကြီးတွေထွက်လာမှာပါဗျာ။
ဖြိုးဇာနည်ဝင်း (ခ) ဇွဲမာန်ဟိန်း
ဟုတ်ပါတယ်ဗျာ ဒါတွေက ကျွန်တော်တို့အတွက်အရန်းကိုနစ်နာပါတယ် နိုင်ငံတော်အစိုးရကလည်း ဒါတွေကို ပြင်သင့်နေပါပြီ တက္ကသိုလ်ကျောင်းတွေကို မြို့ပြင်ထုတ်၊တက္ကသိုလ်ကျောင်းနားလေးမှာ KTVတွေ၊စားသောက်ဆိုင်တွေဖွင့်ရွာတွေဘက်ရောက်ကုန်တော့် ထန်းတောထဲ နေ့တိုင်းရောက်နေကြတာဟာ နိုင်ငံတော်အတွက် အများကြီးနစ်နာပါတယ် ဒါတွေကို အချိန်မှီ လဘ်မစားပဲနဲ့ပြုပြင်ပြောင်းလည်းသင့်ပါပြီ ပြောင်းကိုပြောင်းလည်းရမှာပါ
ReplyDelete