လူ့လောကသို့ ဘေးဒုက္ခပေါင်းစုံယူဆောင်ခဲ့သော ဒါဝင်ဝါဒ
by Tkyi Ngal on Thursday, December 1, 2011 at 2:15pm
ဟာရွန်ယာယဟ် (အမည်ရင်း Adnan Oktar ) ဟာ ကမ္ဘာမှာထင်ရှားတဲ့ ဖန်ဆင်းရှင်ဝါဒီ တစ်ဦး၊ ဒါဝင်ဝါဒကို အစမှအဆုံး မြေလှန်တော်လှန်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါ တယ် သူရဲ့ ထင်ရှားတဲ့စာအုပ် တစ်အုပ်ဖြစ်တဲ့ ( The Atlas of Creation ) မှာဖန်ဆင်းရှင်ကိုလက်မခံတဲ့ ဒါဝင်ဝါဒီ တွေရဲ့ အီဗော်လူးရှင်းသီအိုရီ မှားယွင်း ကြောင်း အထောက်အထာအခိုင်အမာနဲ့ ရှင်းရှင်းလင်းလင်း သက်သေပြ ထားပါတယ် ။ အစ္စလာမ်နဲ့ကုရ်အာန်အပေါ် ရှုထောင်စုံ က တိုက်ခိုက်လာသူတွေကို နောက် ဆုံးပေါ် သိပ္ပံတွေ့ရှိချက်တွေ နဲ့ ပြန်လည်ချေပနေသူတစ်ဦး လည်းဖြစ်ပါတယ် ။ ဟာရွန်ယာယဟ်အား Spiegel Online က တွေ့ဆုံးမေးမြန်ချက် များကို ဖေါ်ပြပေးလိုက် ပါတယ်။
မေး။ ကမ္ဘာမှာ ရှိတဲ့ဇီဝဗေဒပညာရှင် တွေက အီဗော်လူးရှင်း သီအိုရီ ကို တစ်ကမ္ဘာလုံးတယ်ဆို တဲ့သိပ္ပံတွေရှိချက်နဲ့တတန်းထားနိုင်လောက်အောင် အထောက် အ ထား ခိုင်မာတယ်လို့ ချီးကျူးထားကြတာပဲ ဒါကို ခင်ဗျားက ဘာလို့ မှားတယ်လို့ ဆိုနေတာလဲ
ဖြေ ။ပထမဆုံး ပြောချင်တာက တွေ့ရှိထားတဲ့ ရုပ်ကြွင်းသန်း ၁၀၀ ဟာဖန်ဆင်းမှုကို လဲထောက်ခံနေပါတယ် ။ သူတို့မှာ (အီဗော်လူးရှင်း က ပြောသလို) ကြီးမား တဲ့ ပြောင်း လဲမှု မရှိပါဘုး ။ ဒါကိုဥပမာပြရမယ်ဆိုရင် ငါးဟာ အမြဲငါးဘဲ ဖြစ်နေတယ် (ပြောင်းလဲမသွားဘူး ) ပုဇွနှ်ဆိတ်တို့ ဂဏန်းတို့လည်း ဒီအတိုင်းပဲလေ။ ဒီရုပ်ကြွင်း တွေကို တူရကီမှာလည်း ဒီလို ပြထားတာလူတွေအမြင်ပဲလေ။ ဒါက ပထမဆုံးနဲ့ အရေးပါဆုံး ရှင်းလင်းတဲ့သက်သေပါ ။ ဒုတိယအချက်အနေနဲ့ ဖန်းဆင်းမှုကို ဆန့် ကျင် တဲ့ ဒါဝင်ဝါဒီ တွေအဖို့ သူတို့ရဲ့ အီဗော်လူးရှင်း ကိုသက်သေပြနိုင်တဲ့ရုပ်ကြွင်း တစ်ခုတောင်မရှိပါဘူး
မေး။ မနှစ်က ဥရောပကောင်စီ က အဖွဲ့ဝင်နိုင်ငံတွေမှာ ဖန်ဆင်းရှင် ၀ါဒနဲ့ ဒါဝင်ဝါဒကို ကျောင်းတွေမှာတွဲမသင်ဖို့ မေတ္တာရပ်ခံခဲ့တယ် ။ဒါကို အောင်မြင်မှု တစ်ခု လိုထင်ပါသလား။
ဖြေ။ ဒါဝင်ဝါဒီ တွေကို ကာကွယ် ပေးနေတဲ့ အဖွဲ့တွေလည်းရှိပါသေးတယ် ။ သမိုင်းတစ်လျှောက် ဒီလိုအကာကွယ် ရတဲ့ အခြားဝါဒ မရှိဖူးဘူး။ဘယ်လိုပဲပြောပြော သိပ္ပံဆိုင်ရာ အချက်လက်တွေ အရဒါဝင်ဝါဒီ တွေမှားပြီး ဖန်ဆင်းရှင် ၀ါဒီတွေ မှန်နေပါတယ် ။ ကျွန်တော်ရဲ့ Atlas of Creation စာအုပ်ကိုဖတ်လိုက်ရင် ဒီအကြောင်းသိသွားမှာပါ။ ဒါဝင်ဝါဒီတွေ ဟာ လူသားထု ကိုအများကြီး လိမ်ထားတယ် ။ ဒီလိုလိမ်တာ နှစ်ပေါင်း ၁၅၀ ရှိပြီ
မေး ။Intelligent design လို ဥရောပနဲ့ အမေရိကမှာတွင်ကျာ်တဲ့ခရစ်ယာန်လှုပ်ရှားမှု က ခင်ဗျားပေါ် ဘယ်လောက်လွမ်းမိုးမှုရှိသလဲ
ဖြေ ။ Intelligent design လှုပ်ရှားမှု မှာအတော်လေး မရိုးသားတဲ့ အချက်တွေကိုတွေ့ရပါတယ် ။ တစ်ယောက်ယောက် ဟာရှင်းရှင်းလင်းလင်း အလ္လဟ်ကို လက်ခံမယ်ဆိုရင် သူဟာ အစ္စလာမ်ထဲကပေါ့။ ဒါမှမဟုတ် ခရစ်ယာန် ဆိုရင်လည်း ခရစ်ယာန်သာသနာ ဘက်ကဘဲ ၇ိုးရိုးသားသား ရပ်တည်သင့်တယ် ။Intelligent Design သီအိုရီ က အရာဝတ္တုတွေမှာ ဖန်ဆင်းခံထားရတဲ့ လက္ခဏာတွေ ရှိတယ် ။ ဒါပေမဲ့ ဖန်ဆင်းခံတွေကို ဘယ်သူဖန်ဆင်းထားတယ်ဆိုတာ မသိဘုးလိုဆိုတယ်။ ဒါဟာ တကယ့်ကို မရိုးသားတဲ့ အချက်ပဲ ။ဒီတော့ ဒီသီအိုရီရဲ့နောက်လိုက်တွေ အနေနဲ့ အလ္လဟ်ရှိကြောင်း အလ္လဟ်ဟာဖန်ဆင်းရှင်ဖြစ်ကြောင်း ပွင်ပွင့်လင်းလင်း ကြေငြာသင့်တယ်။
မေး ။ခေတ်သစ် ဘုရားမဲ့ဝါဒီ တွေထဲမှာ ထင်ရှားတဲ့ ရစ်ချက်ဒေါ့ကင်း ရဲ့မကြာမီက တူရကီလိုဘာသာပြန်ထွက်တဲ့ စာအုပ်ထဲမှာ အကြမ်းဖတ်မှုဖြစ်ရတဲ့အကြောင်း ရင်းတွေထဲမှာဘာသာရေး ကလည်းတစ်ခုအပါအ၀င် ဖြစ်တယ်လို့ေ၇းထားတယ် ။ ဒီစာအုပ်က တူရကီမှာ အုပ်ရေတစ်သိန်းခွဲလောက်ရောင်းရတယ်ဆိုပဲ ဒါနဲ့ပတ်သက်လို့ရော
ဖြေ။ ဒါဝင်ဝါဒီတွေ ဟာ ဟစ်တလာ ရဲ့မူဝါဒ မူဆိုလီနီ ရဲ့ ဖက်ဆစ်ဝါဒ စတာလင်ရဲ့ ကွန်မြူနစ် ၀ါဒတို့ကိုကိုယ်စားပြုပြီး ရှေ့ဆက်သွားမဲ့သဘောရှိတယ် ။ မျက်မှောက်ခေတ် ကိုကြည့်မယ်ဆိုရင် သူတို့ကိုယ် သူတို့ မွတ်စလင်အဖွဲအစည်းပါလို့ပုံတူကူးထားတဲ့ အကြမ်းဖတ်အဖွဲ့တွေအားလုံးဟာဒါဝင်ဝါဒီတွေပါပဲ။ တကယ်လို့ လူတစ်ယောက် ဟာ ဆွလာသ်မြဲပြီး အစ္စလာမ်အပေါ် ယုံကြည်မှုလည်းရှိတဲ့သူဆိုရင်ဟိုနေရာ ဒီနေရာတွေလိုက်ပြီး ဗုံးတွေခွဲနေမှာမဟုတ်ပါဘူး ။ဒီလိုလုပ်နေသူတွေ ဟာမွတ်စလင် ပါလို့ လိမ်လည်ထားသူတွေ မွတ်စလင်ပါလို့ ပါးစပ် ကပြောတဲ့သူတွေပဲဖြစ်တယ် ။ ဒါမှမဟုတ် ရင်လည်း ဒါဝင်ဝါဒီတွေ ကွန်မြူနစ်တွေသာဒီလိုလုပ်ရပ်တွေကိုလုပ်ကြပါတယ်။ ဒါကြောင့် သူတို့အားလုံး က ဒါဝင်ဝါဒီ တွေသာဖြစ်ပါတယ် ။
မေး ဒါဆိုရင် အိုစမာဘင်လာဒင် လိုလူမျိုးရော သူဆိုရင်ကုရ်အာန်အရ လို့ပြောပြီး အကြမ်းဖတ်လုပ်ရပ် တွေလုပ်ပြီးအနောက်ကမ္ဘာကို အလ္လဟ်မကြိုက် ဘုးလို့လဲ ပြောတယ် ။သူရောဒါဝင်ဝါဒီပဲလား
ဖြေ။ ထင်သလိုမဟုတ်တဲ့ အရာတွေအများကြီးရှိပါတယ် ခင်ဗျားအနေနဲ့ ကဒီလိုလူတွေရဲ့ငယ်ဘ၀ဖြတ်သန်းလာရတဲ့ အခြေနေ တွေကို မသိဘုး။ သူတို့ရဲ့ တကယ့်ယုံကြည်မူကိုသေချာ စစ်ဆေးကြည့်မယ် ဆိုရင် သူတို့ဟာ ရုပ်ဝါဒီ စစ်စစ်၊ ဒါဝင်ဝါဒီ စစ်စစ်တွေချည်းပါပဲ အလ္လဟ်အရှင်မြတ်ကိုကြောက် တဲ့သူတစ်ယောက် အနေနဲ့ အကြမ်းဖတ် လုပ်ငန်းတွေ အတွက်အမိန်ပေး ဖို့ဆိုတာ သူရဲ့ အလ္လဟ်အပေါ်ယုံကြည်ချက်အရ မဖြစ်နိုင်ပါဘုး ဒီအကြမ်းဖတ် မှုတွေကို ကြိုးကိုင်နေတဲ့ သူတွေက တကယ့်ပညာတက် ဒါဝင်ဝါဒီ တွေသာဖြစ်ပါတယ် ။ဒါပေမဲ့နောက်ပိုင်း သူတို့ကိုယ်သူတို့ မွတ်စ်လင်တွေပါလို့ ကြွေးကြော်ကြပါလေရော
မေး ။ နောက်လာမဲ့နှစ်မှာ ကမ္ဘာတစ်ဝှမ်းမှာ ဒါဝင်အနှစ် ၂၀၀ ပြည့် မေးနေ့နဲ့ သူပထမဆုံးစာအုပ် On the Original of Species ထွက်ခဲ့တဲ့ နှစ် ၁၅၀ ပြည့်အခမ်းအနားတွေ လုပ်ကြတော့မယ် ဒီပွဲကို ခင်ဗျားနွဲမှလား
ဖြေ။ ဒီပွဲဟာ ဒါဝင်ဝါဒ ကျဆုံးတဲ့အခမ်းအနား အဖြစ် ကမ္ဘာ ကျင်းပရတဲ့ ပွဲဖြစ်လာပါလိမ်မယ်။ လူတွေက ငါတို့ဘယ်လိုများ ဒါဝင် ၀ါဒကို ယုံကြည်မိတာပါလဲ လလို့ အံအားသင့် ကြပါလိမ်မယ်။ နှစ်ပေါင်းများစွာ ဘယ်လို အလိမ်ခံခဲ့ရတာပါလိမ့်လို အံသြမိကြမယ်။များစွာသောလူတွေ တက္ကသိုလ်ကြီးတွေ ပါမောက္ခ ကြီး တွေဟာ ဒိအမှားလမ်းကြောင်း ပေါ်ကနေ နောက်ကိုပြန်ဆုတ် ကြပါလိမ်မယ်။
မေး ။ ခင်ဗျား ရေးတဲ့စာအုပ်တျွေ က The Atlas of Creation စာအုပ်က ငွေကုန်ကြေးကျ များတဲ့စာအုပ်ကြီးပဲ။ ဒါကို ကမ္ဘာတစ်ဝှမ်းဖြန့်ပြီးမီဒီယာတွေကိုလည်း အခမဲ့ ဝေတယ် ။ ဒါဝင်ဝါဒ ဆန့်ကျင့်ထားတဲ့ခင်ဗျားအတွက် ဒီလိုရင်းနှီးမြုပ်နှံမှု ရတဲ့ငွေကြေးတွေကို ဘယ်ကရလဲ
ဖြေ ။ ကျွန်တော်စာအုပ်တွေအတွက် အုပ်ရေအလိုက်ရတဲ့စာမူခ ကို မယူခင်ကတည်းက ဒီစာအုပ်ထုတ်တဲ့ထုတ်ဝေရေးက အရင်းအနှီးတော်တော်တောင့်တင်းပါတယ် ပြီးတော်ကျွန်တော်စာအုပ်တွေက ပြည်တွင်မှာရောပြည်ပမှာပါ အရောင်းသွက်နေတုန်းပါပဲ ၊ ပြီးခဲ့တဲ့နှစ်တုန်းကဆို တူရကီ မှာ အုပ်ရေ ၁၀လောက်ရောင်းခဲ့ရတယ် ပြည်ပမှာဆိုလဲ အုပ်ရေ ၂သန်းလောက် ရောင်းခဲ့ရတယ်။ တူရကီမှာ ဒီလောက်ရောင်းရတဲ့စာအုပ်မရှိသလောက်ပါပဲ . ဒီနှစ်ရောင်းအားနှစ်ဆတက်လာပါတယ်။ ဒီအခြေနေက စာအုပ်ထုတ်ဝေရေးအတွက် စာအုပ်တွေထပ်ထုတ်နိုင်ဖို့ ပုံမှန်ငွေရှိနေတဲ့အခြေအနေပါပဲ။
< မူရင်း - http://muslimtime.wordpress.com/235-2/%E1%80%9F%E1%80%AC%E1%80%9B%E1%80%BC%E1%80%94%E1%80%B9%E1%80%9A%E1%80%AC%E1%80%9A%E1%80%9F%E1%80%B9/ >
ဝီကီတွင်ရေးသားထားသော ဟာရွန်ယဟ်ယာ သို့မဟုတ် Adan Oktar အကြောင်း
http://en.wikipedia.org/wiki/Adnan_Oktar
ဝီကီတွင်ရေးသားထားသော Atlas Of Creation အကြောင်း
http://en.wikipedia.org/wiki/The_Atlas_of_Creation
Atlas Of Creation ၏ ဖေ့စ်ဘွတ်စာမျက်နှာ
https://www.facebook.com/pages/Atlas-Of-Creation/75762145116
ဟာရွန်ယဟ်ယာ၏ ၀က်ဆိုက်စာမျက်နှာ
http://harunyahya.com/
ဟာရွန်ယဟ်ယာ (သို့) Adan Oktar ရေးသားသောစာအုပ် မြန်မာပြန်
လူ့လောကသို့ ဘေးဒုက္ခပေါင်းစုံယူဆောင်ခဲ့သော ဒါဝင်ဝါဒ (မြန်မာလို) စာအုပ် ကို အောက်ပါလင့်များတွင် ဒေါင်းယူနိုင်ပါသည်။
http://www.mediafire.com/?axq37m0u4rygijx
http://ifile.it/1pr8i03
Atlas of creation မူရင်းစာအုပ်ကို အောက်ပါလင့်ခ်များတွင် ဒေါင်းယူနိုင်ပါသည်။
Atlas of creation (Volume 1) - http://www.mediafire.com/?if734z934otvdpa (or) http://ifile.it/csfb863
Atlas of creation (Volume 2) - http://www.mediafire.com/?c3gp8247mh4d7gr (or) http://ifile.it/p6c5zw4
Atlas of creation (Volume 3) - http://www.mediafire.com/?vqwx6xwu0t48qgj (or) http://ifile.it/u17zoda
________________________________________________________________________________
ကျနော်၏ ၀န်ခံချက်
ဤစာအုပ်အကြောင်းအရာများ၊ အမြင်များ၊ အတွေးအခေါ်များကို ထောက်ခံရန်၊ ကန့်ကွက်ရန်၊ အပြန်အလှန်ဆွေးနွေး၍ ငြင်းခုန်နိုင်ရန် ကျနော်တွင် ဗဟုသုတ၊ အရည်အချင်း မလုံလောက်သေးပါ။
ရေးသားသောသူမှာ မွတ်စလင်တစ်ယောက်ဖြစ်ပြီး ဒါဝင်၏ အီဗော်လူးရှင်း သီအိုရီ၊ ၄င်းမှ ဆက်နွယ်ပြန့်ပွားလာသော ဖက်ဆစ်စနစ်၊ ကွန်မြူနစ်စနစ်၊ အရင်းရှင်စနစ် များကို ဝေဖန်ထားပြီး ဖန်ဆင်းရှင် ၀ါဒဖက်သို့ ဆွဲခေါ်သွားသော အရေးသားမျိုးဖြစ်ပါသည်။
ထောက်ခံရန်၊ ကန့်ကွက်ရန် ဆန္ဒထက် ဝေဖန်တင်ပြပုံ အတွေးခေါ်၊ အချက်အလက်များကို စိတ်ဝင်စားသူများ မြန်မာလိုလေ့လာနိုင်စေရန်အတွက်သာ ရည်ရွယ်ပြီး တင်လိုက်ပါသည်။
0 comments:
Post a Comment